သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

COVID-19 ကန္႔သတ္မိန္႔ေတြ ႏုိင္ငံအမ်ားအျပား ေျဖေလွ်ာ့


ဂ်ာမနီႏုိင္ငံ Leipzig ၿမိဳ႕က ႏွာေခါင္းစည္းတပ္ထားတဲ့ အမ်ိဳးသားတဦးနဲ႔ အမ်ိဳးသမီးတဦး (ဧၿပီ ၂၀၊ ၂၀၂၀)

(Zawgyi/Unicode)

Coronavirus ပိုးကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ဖုိ႔ အျပင္မထြက္ရ ကန္႔သတ္မိန္႔ေတြကို ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ စတင္ေျဖေလ်ာ့ေပးေနပါတယ္။

ဂ်ာမနီႏိုင္ငံမွာ ဆိုင္အေသးစားတခ်ဳိ႕ကုိ အာဏာပိုင္ေတြက ျပန္ဖြင့္ခြင့္ျပဳခဲ့ပါတယ္။ ဒါေပမဲ့လည္း လူစုလူေဝးေရွာင္ၿပီး လူခဲြေနၾကဖုိ႔ ညႊန္ၾကားခ်က္ကုိေတာ့ ဆက္လက္ လုိက္နာၾကရမွာ ျဖစ္ပါတယ္။

ေနာ္ေဝးႏုိင္ငံမွာေတာ့ ဒီကေန႔ ေက်ာင္းေတြ ျပန္ဖြင့္ပါတယ္။ ဒိန္းမတ္ႏိုင္ငံမွာလည္း ဗုဒၼဟူးေန႔က်ရင္ ေက်ာင္းရင္ ျပန္ဖြင့္မွာျဖစ္ပါတယ္။

Albania ႏိုင္ငံမွာလည္း ဆိုင္အငယ္စားရာနဲ႔ခ်ီု တလအတြင္း ပထမဆံုးအႀကိမ္ ျပန္ဖြင့္ခဲ့ၾကပါတယ္။ ငါးဖမ္းေလွေတြနဲ႔ အစားအေသာက္ စည္သြပ္လုပ္ငန္းေတြလည္း လုပ္ငန္းေတြ ျပန္လည္စတင္ႏိုင္ၾကပါၿပီ။

သီရိလကၤာႏိုင္ငံမွာေတာ့ ညမထြက္ရအမိန္႔ကို ႏိုင္ငံရဲ႕ ၃ ပံု ၂ ပံုေနရာေတြမွာ ဖယ္႐ွားေပးခဲ့ပါတယ္။ မလိုအပ္ရင္မထြက္ရ ကန္႔သတ္မိန္႔ကိုလည္း ဗုဒၼဟူးေန႔မွာ ေျဖေလ်ာ့ေပးဖုိ႔ စီစဥ္ေနပါတယ္။

ႏိုင္ငံေတြအေနနဲ႔ လူစုလူေဝးလုပ္တာကန္႔သတ္ထားတဲ့ တားျမစ္ခ်က္ေတြ ေျဖေလွ်ာ့ေပးဖို႔ အစီအစဥ္ေတြလုပ္တာ အားရေပမဲ့ တဆင့္ခ်င္းစီ ေျဖေလွ်ာ့ေပးသြားဖုိ႔ အေရးႀကီးတယ္လို႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ အႀကီးအကဲ Tedros Adhanom Ghebreyesus ကေျပာၾကားခဲ့ပါတယ္။

New Zealand ႏိုင္ငံေတာ့ တလၾကာၿပီးျဖစ္တဲ့ အိမ္ျပင္မထြက္ဖုိ႔ ကန္႔သတ္ခ်က္ကို ဧၿပီ ၂၇ ကစၿပီး အဆင့္လိုက္ ေျဖေလွ်ာ့ေပးသြားမယ္လို႔ ဒီကေန႔ ေၾကညာပါတယ္။

တခ်ဳိ႕ေျဖေလ်ာ့မႈေတြကို သီတင္း ၂ ပါတ္သတ္မွတ္ခ်က္နဲ႔ ေလ်ာ့ခ်ၿပီး ေနာက္ထပ္ ေလ်ာ့ခ်သင့္ မသင့္ အစိုးရက သံုးသပ္သြားမယ္လို႔ ဝန္ႀကီးခ်ဳပ္ Jacinda Ardern ကေျပာၾကားခဲ့ပါတယ္။

ေတာင္ကိုရီးယားမွာလည္း ေရာဂါကူးစက္မႈ ဆက္တိုက္က်ဆင္းေနတဲ့အတြက္ တခ်ဳိ႕ အသြားအလာ ကန္႔သတ္ခ်က္ေတြကို ဖယ္႐ွားေပးခဲ့ၿပီးေနာက္ လူေတြကို သတိထားသြားလာၾကဖုိ႔ တာဝန္႐ွိသူေတြက တိုက္တြန္းေနပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ စီးပြားေရးလုပ္ငန္းေတြ၊ ေက်ာင္းေတြအမ်ားစုဆက္ ပိတ္ထားပါတယ္။ တခ်ဳိ႕ျပည္နယ္ေတြမွာ လူေတြအိမ္ျပင္မထြက္ဖုိ႔ လူစုလူေဝး မလုပ္ၾကဖို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြ ထုတ္ျပန္ထားတဲ့ အမိန္႔ကို မေက်နပ္လို႔ ဆႏၵျပမႈေတြ ႐ွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 ကန့်သတ်မိန့်တွေ နိုင်ငံအများအပြားဖြေလျှော့

Coronavirus ပိုးကူးစက်မှု ထိန်းချုပ်နိုင်ဖို့ အပြင်မထွက်ရ ကန့်သတ်မိန့်တွေကို နိုင်ငံတော်တော်များများမှာ စတင်ဖြေလျော့ပေးနေပါတယ်။

ဂျာမနီနိုင်ငံမှာ ဆိုင်အသေးစားတချို့ကို အာဏာပိုင်တွေက ပြန်ဖွင့်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့လည်း လူစုလူဝေးရှောင်ပြီး လူခွဲနေကြဖို့ ညွှန်ကြားချက်ကိုတော့ ဆက်လက် လိုက်နာကြရမှာ ဖြစ်ပါတယ်။

နော်ဝေးနိုင်ငံမှာတော့ ဒီကနေ့ ကျောင်းတွေ ပြန်ဖွင့်ပါတယ်။ ဒိန်းမတ်နိုင်ငံမှာလည်း ဗုဒ္မဟူးနေ့ကျရင် ကျောင်းရင် ပြန်ဖွင့်မှာဖြစ်ပါတယ်။

Albania နိုင်ငံမှာလည်း ဆိုင်အငယ်စားရာနဲ့ချီု တလအတွင်း ပထမဆုံးအကြိမ် ပြန်ဖွင့်ခဲ့ကြပါတယ်။ ငါးဖမ်းလှေတွေနဲ့ အစားအသောက် စည်သွပ်လုပ်ငန်းတွေလည်း လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ကြပါပြီ။

သီရိလင်္ကာနိုင်ငံမှာတော့ ညမထွက်ရအမိန့်ကို နိုင်ငံရဲ့ ၃ ပုံ ၂ ပုံနေရာတွေမှာ ဖယ်ရှားပေးခဲ့ပါတယ်။ မလိုအပ်ရင်မထွက်ရ ကန့်သတ်မိန့်ကိုလည်း ဗုဒ္မဟူးနေ့မှာ ဖြေလျော့ပေးဖို့ စီစဉ်နေပါတယ်။

ကမာၻ႔က်န္းမာေရးအဖဲြ႔ အႀကီးအကဲ Tedros Adhanom Ghebreyesus
ကမာၻ႔က်န္းမာေရးအဖဲြ႔ အႀကီးအကဲ Tedros Adhanom Ghebreyesus

နိုင်ငံတွေအနေနဲ့ လူစုလူဝေးလုပ်တာကန့်သတ်ထားတဲ့ တားမြစ်ချက်တွေ ဖြေလျှော့ပေးဖို့ အစီအစဉ်တွေလုပ်တာ အားရပေမဲ့ တဆင့်ချင်းစီ ဖြေလျှော့ပေးသွားဖို့ အရေးကြီးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus ကပြောကြားခဲ့ပါတယ်။

New Zealand နိုင်ငံတော့ တလကြာပြီးဖြစ်တဲ့ အိမ်ပြင်မထွက်ဖို့ ကန့်သတ်ချက်ကို ဧပြီ ၂၇ ကစပြီး အဆင့်လိုက် ဖြေလျှော့ပေးသွားမယ်လို့ ဒီကနေ့ ကြေညာပါတယ်။

တချို့ဖြေလျော့မှုတွေကို သီတင်း ၂ ပါတ်သတ်မှတ်ချက်နဲ့ လျော့ချပြီး နောက်ထပ် လျော့ချသင့် မသင့် အစိုးရက သုံးသပ်သွားမယ်လို့ ဝန်ကြီးချုပ် Jacinda Ardern ကပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားမှာလည်း ရောဂါကူးစက်မှု ဆက်တိုက်ကျဆင်းနေတဲ့အတွက် တချို့ အသွားအလာ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးခဲ့ပြီးနောက် လူတွေကို သတိထားသွားလာကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ စီးပွားရေးလုပ်ငန်းတွေ၊ ကျောင်းတွေအများစုဆက် ပိတ်ထားပါတယ်။ တချို့ပြည်နယ်တွေမှာ လူတွေအိမ်ပြင်မထွက်ဖို့ လူစုလူဝေး မလုပ်ကြဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ ထုတ်ပြန်ထားတဲ့ အမိန့်ကို မကျေနပ်လို့ ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG