သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Coronavirus ကပ္ေရာဂါထက္ ျပည္တြင္းစစ္ ပိုအေရးႀကီးသလား


Members of the Myanmar Red Cross carry a dead body of a driver from a boat in Sittwe, Rakhine State
တိုက္႐ိုက္ လင့္ခ္

COVID-19 ကာကြယ္တားဆီးေရးအတြက္ တာဝန္ထမ္းေဆာင္ေနတဲ့ WHO ကမာၻ႔က်န္းမာေရးဝန္ထမ္းတဦး ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္မွာ က်ည္ဆံထိမွန္ ေသဆုံးသြားတဲ့ျဖစ္ရပ္ကို ၾကည့္ရင္ ေလာေလာဆယ္ တိုက္ခိုက္ေနၾကတဲ့ ႏွစ္ဘက္စလုံးဟာ၊ သူတို႔တိုက္ပြဲေတြက coronavirus ကပ္ေရာဂါထက္ ပိုအေရးႀကီးတယ္လို႔ ယူဆေနၾကပုံရတယ္ဆိုရင္ ေသာတရွင္မ်ား သေဘာတူၾကပါသလား။ တခ်ိန္တည္းမွာပဲ ဒီတိုက္ပြဲမွာပါဝင္ေနတဲ့ တပ္မေတာ္သားေတြကို တဘက္က ခ်ီးက်ဴးၿပီး၊ က်န္တဘက္မွာ ၿငိမ္းခ်မ္းေရးရေအာင္ မမွိတ္မသုံ ေဆာင္႐ြက္သြားမယ္ဆိုတဲ့ ႏိုင္ငံေတာ္ အတိုင္င္ခံပုဂၢိဳလ္ရဲ႕ေက်ညာခ်က္ကိုေကာ ဘယ္လိုသေဘာရၾကပါသလဲ။ ၁၉၉၀ ျပည့္ေ႐ြးေကာက္ပြဲ ပုလဲၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေဒါက္တာတင့္ေဆြနဲ႔ ကြၽန္ေတာ္ ေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။
WHO ဝန္ထမ္းေသဆုံးရတဲ့ကိစၥနဲ႔ ပတ္သက္လို႔ ေဒါက္တာတင့္ေဆြက အခုလို စေျပာပါတယ္။

ေျဖ ။ ။ ဒီသတင္းဟာ အင္မတန္မွ စိတ္မေကာင္းစရာပါ။ ဒါက ပထမတစ္ခ်င္ေပါ့။ ေနာက္တစ္ခုက ကုလသမဂၢနဲ႔ ပတ္သက္တဲ့ အကူအညီေတြကို ပို႔တဲ့ကိစၥမွာ ပစ္ခတ္ခံရတယ္။ လူေတာင္ အေသအေပ်ာက္ရိွတယ္ဆိုေတာ့ ဒီေန႔ တကမာၻလံုးမွာ ျဖစ္ေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါ ကာလမွာ က်ေနာ္တုိ႔ႏုိင္ငံရဲ ႔ အရည္အေသြး၊ အရည္အခ်င္း၊ အေျခအေန ႏုိင္ငံေရးကို ေဖာ္ျပလိုက္တာပဲ။ တကမာၻလံုးက ဒါကို ဂရုစိုက္ေနၾကတယ္။ ႏုိင္ငံတိုင္းပါပဲ - သူတို႔ႏုိင္ငံ၊ သူတုိ႔ကိစၥေတြ၊ သူတုိ႔ပါတီတြင္း တုိက္ပြဲေတြကို ေဘးခ်ိတ္ၿပီးေတာ့ ဒီကိုရိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ႏုိင္ေရးကို ႀကိဳးစားေနတယ္။ က်ေနာ္တို႔ႏုိင္ငံမွာက ျပည္သူျပည္သားေတြ ဂရုစိုက္တဲ့ထဲက အခုလို လက္နက္ကိုင္အဖြဲ႔ေတြ ဘယ္အဖြဲ႔လဲေတာ့ မသိဘူး။ ဘယ္အဖြဲ႔ျဖစ္ျဖစ္ က်ေနာ္ကေတာ့ ျပစ္တင္တယ္၊ ရႈတ္ခ်တယ္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါကို အေၾကာင္းျပဳၿပီးေတာ့ ေကာင္းရာေကာင္းေၾကာင္းဘက္ ဦးတည္ဖို႔ ထပ္ၿပီးေတာ့ စဥ္းစားၾကဖို႔ ပဏမ ေဆြးေႏြးပါရေစ။

ေမး ။ ။ ဒီႏုိင္ငံေရးျပႆနာေတြ၊ ပဋိပကၡေတြ၊ ျမန္မာႏုိင္ငံမွာ အခုျဖစ္ေနတဲ့ တိုက္ပြဲေတြဟာ အရပ္သားေတြဘက္က စဥ္းစားရင္ေတာ့ မျဖစ္သင့္ဘူး၊ ဒါကိုရပ္ရမယ္ဆိုၿပီးေတာ့ စဥ္းစားပါတယ္။ ဒါေပမဲ့ ဒီဟာက လံုးဝရပ္စဲသြားဖို႔အတြက္ကေတာ့ ႏိုင္ငံေရးသေဘာတူညီမႈအဆင့္ကို သြားရမွာ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာ ဒီဟာကိုရပ္ဆိုင္းၿပီးေတာ့ ေရာဂါကာကြယ္ေရးကို ဦးစားေပးႏိုင္မယ့္ လုပ္ငန္းေတြကို ဘာေၾကာင့္မ်ား မျဖစ္ႏိုင္ဘူးလဲ။ ဒီဟာကို ႏွစ္ဘက္က အဓိကထားၿပီးေတာ့ မစဥ္းစားၾကဘူးလားဆုိတာလဲ ေမးစရာ ျဖစ္လာတယ္။ ကမာၻကလည္း ေတာင္းဆိုၾကတယ္။ ျမန္မာႏုိင္ငံ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြကလည္း ေတာင္းဆိုပါတယ္။ AA အပါအဝင္ သေဘာထားေတြ ထုတ္ျပန္ၿပီးေတာ့ အပစ္အခတ္ရပ္စဲဖို႔ သူတုိ႔တင္ျပတာ ရိွပါတယ္။ တပ္မေတာ္ဘက္က ေျပာတာကေတာ့ ဒါဟာ မျဖစ္ႏုိင္တဲ့ကိစၥမို႔ လက္မခံႏိုင္ဘူးဆိုၿပီး ဆက္တိုက္ေနတာကို ေတြ႔ရပါတယ္။

ေျဖ ။ ။ ဘယ္လိုအေျခအေနပဲျဖစ္ျဖစ္၊ ဘယ္ဘက္ကျဖစ္ျဖစ္၊ အနည္းဆံုး အပစ္အခတ္ရပ္စဲေရးျဖစ္ျဖစ္၊ ေနာက္ဆံုး ၿငိမ္းခ်မ္းေရးျဖစ္ျဖစ္ တင္ျပတယ္။ ေတာင္းဆိုတယ္ဆိုတာကို က်ေနာ္တို႔ ႀကိဳဆိုလက္ခံရမယ့္ကိစၥ။ တပ္မေတာ္ကေျပာေျပာ၊ အစိုးရကေျပာေျပာ၊ လက္နက္ကိုင္ၿပီး တုိက္ေနတဲ့ တုိင္းရင္းသားအဖြဲ႔ေတြကေျပာေျပာ၊ ၾကားကျပည္သူေတြကေျပာေျပာ အပစ္ခတ္ရပ္စဲေရးဆိုတာ ႀကိဳဆိုသင့္တဲ့ကိစၥ။ ေနာက္တခါ လုပ္သင့္တဲ့ကိစၥ။ လိုက္ေလ်ာသင့္တဲ့ကိစၥ။ ဘာမွမလုပ္ရေသးဘူး။ ဒါဟာ ျဖစ္ႏုိင္ေခ် မရိွဘူး။ အက်ဳိးအေၾကာင္း ဆီေလ်ာ္မႈ မရိွဘူးလို႔ ေျပာျခင္းဟာ ေျပာတဲ့အဖြဲ႔အစည္းရဲ ႔ အတြင္းသေဘာကို ေဖာ္ျပတယ္။ ေနာက္တခါ ဘယ္အေၾကာင္းပဲျဖစ္ျဖစ္၊ ဒီလိုပဲ အေၾကာင္းျပန္ခဲ့တယ္လို႔ သမိုင္းေၾကာင္းကိုၾကည့္ရင္ က်ေနာ္ အဲဒီလိုတြက္ၾကည့္တယ္။ တပ္မေတာ္က ဘာေၾကာင့္ဆိုတဲ့ အေၾကာင္းျပခ်က္ သူတုိ႔မွာေတာ့ ရိွေကာင္းရိွမယ္၊ သို႔ေသာ္ က်ေနာ္တို႔ သိပ္မရွင္းၾကဘူး။ ဘာေၾကာင့္လဲ။ ဘာေၾကာင့္ အပစ္ခတ္မရပ္စဲႏိုင္တာလဲ။ ဘာေၾကာင့္ အက်ဳိးအေၾကာင္း မဆီေလ်ာ္ဘူးလို႔ ေျပာႏိုင္တာလဲဆုိတဲ့ အခ်က္ေတြပါ။

အဲဒါကို က်ေနာ္ ေဆြးေႏြးရရင္ေတာ့ တပ္မေတာ္ရဲ ႔ လက္နက္ကိုင္တုိက္ပြဲေတြအေပၚမွာ ထားရိွတဲ့သေဘာထားကို က်ေနာ္တို႔ အခုထိ နားမလည္ေသးဘူး၊ မရွင္းေသးဘူ၊ အားမရေသးဘူးလို႔ပဲ ေျပာပါရေစ။

ေမး ။ ။ က်ေနာ္လည္း တပ္မေတာ္ဘက္ကေန စဥ္းစားၾကည့္တယ္ တပ္မေတာ္ကေျပာတယ္ ၿငိမ္းခ်မ္းေရးကို အလိုခ်င္ဆံုးဟာ ငါတုိ႔စစ္သားေတြပဲ ေသစရာရိွ ငါတို႔ပဲေသရတာလို႔ ေျပာတာ မွန္ပါတယ္။ ဒါဟာ သူတုိ႔ရဲ ႔ ေသဆံုးမႈကိုလဲ က်ေနာ္တို႔ စိတ္မေကာင္း ျဖစ္မိပါတယ္။ ဒါေပမဲ့ အပစ္အခတ္ရပ္စဲထားတဲ့ ကာလမွာ သူ႔နယ္ကိုယ့္နယ္ေတာ့ သတ္မွတ္ထားမွာေပါ့။ အဲဒါကို ေဖာက္ၿပီးေတာ့မ်ား ဒီဘက္ကို တိုးခ်ဲ ႔လာမွာကို ဟန္႔တားရမွာ ခက္မွာမို႔လို႔ ဒီအတြက္ စိုးရိမ္လို႔မ်ား ျဖစ္ေနမလားလို႔ က်ေနာ္ စဥ္းစားမိတယ္။ ဆရာအေနနဲ႔ ဘယ္လိုထင္ပါသလဲ။

ေျဖ ။ ။ ဒီေနရာမွာ က်ေနာ္ ႏွစ္ခ်က္ ေဆြးေႏြးပါရေစ။ ပထမအခ်က္က တပ္မေတာ္ကို ခြဲၿပီးေတာ့ ေျပာဆိုစဥ္းစားေနရာတာက ဒါ အေျခခံမွားယြင္းတဲ့ အခ်က္ ျဖစ္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ တပ္မေတာ္သားေတြက အရပ္သားေတြရဲ ႔ သားေတြ၊ သမီးေတြ၊ မိဘေတြ ပါဝင္ အမႈထမ္းေနၾကတာပါ။ ဆိုေတာ့ က်ေနာ္တို႔နဲ႔သူတုိ႔ ကြာျခားစရာအေၾကာင္း မရိွဘူး။ သူတုိ႔က လက္နက္ကိုင္ထားတယ္၊ ယူနီေဖာင္းဝတ္ထားတယ္၊ စစ္စည္းကမ္းလိုက္ရတာ။ ယူနီေဖာင္းဝတ္လိုက္လို႔ စဥ္းစားခ်က္ မတူရဘူးဆိုတာက ဒါ အေျခခံမွားယြင္းတယ္။ စစ္စည္းကမ္းလုိက္နာရမယ္ဆိုတာကို က်ေနာ္ သေဘာတူတယ္။ သို႔ေသာ္ အဲဒါနဲ႔ ျပည္သူျပည္သားေတြလို၊ သာမန္ေတြလို စဥ္းစားမႈ မတူတာကေတာ့ မွားယြင္းတဲ့အခ်က္ ျဖစ္တယ္လို႔ က်ေနာ္ ျမင္ပါတယ္။ ဒါက ပထမအခ်က္။

ဒုတိယအခ်က္က စစ္ေရးအရကေတာ့ သူတို႔က ပိုသိမယ္။ ပစ္ခတ္ရပ္စဲလိုက္တယ္။ နယ္ေျမသတ္မွတ္လိုက္ၿပီးေတာ့ သူ ဒီဘက္မေက်ာ္နဲ႔၊ ငါ ဒီဘက္မေက်ာ္နဲ႔ ဆိုတဲ့ဟာေတြ ရိွေကာင္းရိွမယ္။ ဒါကေတာ့ အစဥ္အလာ သမိုင္းမွာလဲ ရိွခဲ့ၿပီးသာပါ။ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းလက္ထက္ကတည္းက ရိွခဲ့တဲ့ကိစၥပါ။ အဲဒီေတာ့ သူတုိ႔စဥ္းစားခ်က္က ေနာင္ခက္မွာစိုးလို႔လား သေဘာမ်ဳိးလားကိုေတာ့ က်ေနာ္ကေတာ့ သိပ္ၿပီးေတာ့ ဒါက ခိုင္မာတဲ့ စဥ္းစားခ်က္ မဟုတ္ဘူးလို႔ ထင္တယ္။ အဲဒီေတာ့ က်ေနာ္တုိ႔ ပထမေဆြးေႏြးသလို တပ္မေတာ္မွာ က်ေနာ္တို႔မသိတဲ့ စိုးရိမ္ခ်က္ သို႔မဟုတ္ လိုလားခ်က္ သို႔မဟုတ္ တစ္ခုခု ဘာရိွေနသလဲ မသိေတာ့၊ က်ေနာ္တုိ႔ သံုးသပ္ခ်က္ေတြကလဲ မွားႏိုင္တာေပါ့။

ေမး ။ ။ က်ေနာ္ ဒီေနရာမွာ ၾကားျဖတ္ၿပီးေတာ့ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းလက္ထက္ဆိုတာကို ဆရာေျပာလို႔ တစ္ခုခ်ိတ္ဆက္ၿပီး စဥ္းစားေနတာ ရိွပါတယ္။ အခု ကုလသမဂၢဝန္ထမ္း တုိက္ပြဲမွာညွပ္ၿပီး ေသဆံုးသြားတာ ဘယ္သူဘက္ကဆုိတာ က်ေနာ္တို႔ မသိရေသးပါဘူး။ သိရလိမ့္မယ္လို႔လဲ သိပ္ၿပီးေတာ့ မေမွ်ာ္လင့္ဘူး ဆရာ။ ဘာျဖစ္လုိ႔လဲဆိုေတာ့ အစဥ္အလာမွာလဲ၊ ဟိုတုန္းကလဲ တကသ ကို ဗံုးခြဲဖ်က္ဆီးခဲ့တာ ဘယ္သူလက္ခ်က္လဲဆိုတာ အခုထိ သူ႔ေၾကာင့္ငါ့ေၾကာင့္ဆိုၿပီး တစ္ေယာက္ကိုတစ္ေယာက္ အျပစ္လႊဲခ်သြားတာ၊ ေနာက္ဆံုးအထိ ၾကားလိုက္ရတယ္။ ဆိုေတာ့ ဒီလိုကိစၥေတြမွာလဲ ပစ္တဲ့ခတ္တဲ့လူေတြက သူ႔ေၾကာင့္ပါဆိုၿပီး မွားတယ္လို႔ တာဝန္ယူတယ္၊ ဝန္ခ်ေတာင္းပန္တယ္ဆိုတဲ့ စိတ္ဓါတ္မ်ဳိးလဲ တစ္ခါမွ မၾကားဖူးဘူး။ ဆိုေတာ့ ဒီကိစၥကို သတင္းသမားေတြ၊ ရြာကလူေတြက အမွန္ေျပာရင္လဲ အေရးယူခံရတာေတြ၊ တရားစြဲခံရတာေတြကလဲ ျမန္မာျပည္မွာ ျဖစ္ေနေတာ့ ဒီကိစၥလဲ အမွန္တရား ေပၚေပါက္လာစရာအေၾကာင္း မရိွဘူးလို႔ ဆုိရမလို ျဖစ္ေနတယ္။

ေျဖ ။ ။ က်ေနာ္တို႔ႏုိင္ငံမွာ သမုိင္းေၾကာင္းမေကာင္းခဲ့တဲ့ အခ်က္က အဲဒီအခ်က္ႀကီးတစ္ခုလဲ ပါတယ္။ တကယ့္ကို အမ်ားျပည္သူ စိတ္ဝင္စားတဲ့၊ တကယ့္ထိခိုက္နစ္နာမႈလဲ ႀကီးႀကီးမားမား ျဖစ္တဲ့ကိစၥေတြ။ လူအမ်ားကလဲ ျဖစ္ႏုိင္တယ္လို႔ ထင္ထားတဲ့ တရားခံကို မေဖာ္ႏိုင္တဲ့ သမိုင္းေၾကာင္း၊ က်ေနာ္တုိ႔ႏို္င္ငံမွာ အခုထိ ရိွဆဲပါ။ အရင္စစ္အစိုးရလက္ထက္ကဆိုရင္ စစ္ေထာက္လွမ္းေရးနဲ႔ အမ်ဳိးသားေထာက္လွမ္းေရးတုိ႔က အပ္က်ေတာင္မွ တျပည္လံုးမွာ သိတယ္ဆိုတဲ့ ဂုဏ္ယူခဲ့တဲ့ ေထာက္လွမ္းေရးအဖြဲ႔ႀကီးေတြဟာ တကယ့္ျပည္သူစိတ္ဝင္စားတဲ့၊ ျပည္သူကလဲ ဒီလူဟာ တရားခံလို႔ ထင္ထားတဲ့လူေတြကို မိေအာင္ဖမ္းမျပႏုိင္တဲ့ ညံ့ဖ်င္းတဲ့အရည္အခ်င္းေတြကို သူတို႔စစ္အစိုးရလက္ထက္မွာ ျပခဲ့ပါတယ္။

အခုလဲပဲ အဲဒီလိုပါပဲ ဒါက မျဖစ္သင့္တဲ့ကိစၥ။ တနည္းအားျဖင့္ တရားဥပေဒစိုးမိုးေရး မရိွဘူးဆိုတာကို ထပ္ျပတာျဖစ္တယ္။ အဲဒီတရားဥပေဒ စိုးမိုးေရးမရိွတာက သာမန္လမ္းေပၚက လူမဟုတ္ဘဲနဲ႔ လက္နက္ကိုင္ထားတဲ့ အာဏာတစံုတရာ ႀကီးႀကီးမားမားရိွတဲ့ အဖြဲ႔အစည္းက ျဖစ္ေနရင္ေတာ့ ဒါက အေတာ္ေလးကို က်ေနာ္တုိ႔ႏုိင္ငံရဲ ႔ ဒီကေန ပစၥကၡႏုိ္င္ငံေရးဘဝဟာ ဆိုးဝါးေသးတယ္။ တရားဥပေဒစိုးမိုးမႈ မရိွေသးဘူးဆိုတာကို ထပ္ျပတာ ျဖစ္တယ္။ အဲဒီေတာ့က ဒီသမိုင္းဆိုးေတြကို က်ေနာ္တို႔က အခုက်ေနာ္တို႔ ေဆြးေႏြးေနတဲ့ ကိုရိုနာဗိုိင္းရပ္စ္ ကပ္ေရာဂါႀကီးကာလမွာ ျပင္ႏိုင္ၾကမလား။ ျပင္သင့္ၾကတယ္လို႔ပဲ က်ေနာ္ထပ္ၿပီးေတာ့ ေဆြးေႏြးခ်င္ပါတယ္။

ေမး ။ ။ က်ေနာ္ ေနာက္ေျပာလိုတဲ့ကိစၥကေတာ့ (၂၁) ရက္ေန႔စြြဲနဲ႔ ႏုိင္ငံေတာ္အတုိင္ပင္ခံ ပုဂၢိဳလ္ရံုးကေန ေက်ညာခ်က္ထုတ္ျပန္ပါတယ္။ အဲဒီအထဲမွာ အဓိကေတာ့ ပလက္ဝဘက္မွာ ဒုကၡေရာက္ေနတဲ့ လူေတြဆီကို ကူညီေထာက္ပံ့ေရးပစၥည္းေတြ ပို႔ႏိုင္တဲ့အတြက္ သူ႔အေနနဲ႔ ဝမ္းသာေၾကာင္းကို ေရးထားပါတယ္။ ေနာက္အေရးႀကီးတဲ့ကိစၥကေတာ့ တုိက္ပြဲမွာပါဝင္ေနတဲ့ တပ္မေတာ္သားေတြရဲ ႔ သတိၱကို ခ်ီးက်ဴးတဲ့အေၾကာင္း ေရးထားပါတယ္။ ေနာက္ဆံုးအပိုဒ္မွာေတာ့ ၿငိမ္းခ်မ္းေရးအတြက္ သူတုိ႔ႀကိဳးပမ္းမႈကို မမိွတ္မသုန္ ဆက္လက္ၿပီးေတာ့ ေဆာင္ရြက္သြားမယ္လို႔လည္း ေျပာထားပါတယ္။ ဆိုေတာ့ ဒီဟာကို ေလ့လာၾကည့္ရင္ တိုက္ပြဲဝင္ေနတဲ့ တပ္မေတာ္ဘက္ကိုေတာ့ ခ်ီးက်ဴးထားတယ္။ ဆက္တိုက္ဆိုတဲ့သေဘာမ်ုိး။ ဒါေပမဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကတဆင့္ ၿငိမ္းခ်မ္းေရးရရိွေအာင္ မမိွတ္မသုန္ ႀကိဳးပမ္းသြားမယ္လို႔ ေျပာထားတာကေတာ့ တဘက္က မီးစ၊ တဘက္ကေရမႈတ္ဆိုတဲ့ သေဘာမ်ဳိး ျဖစ္ေနတယ္လို႔ က်ေနာ္ သံုးသပ္လိုပါတယ္။ အဲဒါကို မွားတယ္လုိ႔ ေျပာမလား။

ေျဖ ။ ။ က်ေနာ္လဲ ေတြ႔လိုက္တယ္။ ဆိုရွယ္မီဒီယာမွာ ေတြ႔လိုက္ေတာ့ အခု ဦးေက်ာ္ဇံသာ သံုးသပ္သလို တပ္မေတာ္ကိုပဲ ကြက္ၿပီးေတာ့ ခ်ီးက်ဴးျခင္းဟာ ဘယ္လိုလဲဆိုတဲ့ ေမးခြန္းေတြ ဆိုရွယ္မီဒီယာမွာ ျဖစ္ပါတယ္။ အဲဒီေတာ့ က်ေနာ္က စစ္ေျမျပင္လဲ မသိ၊ ေနာက္ တပ္မေတာ္နဲ႔ လက္ရိွအစိုးရ ဆက္ဆံေရး ဘယ္ေလာက္အထိ ရိွသလဲဆိုတာလဲ က်ေနာ္ ခိုင္ခုိင္မာမာလဲ မသိဘူး။ က်ေနာ္တုိ႔သိတာကေတာ့ --စရာ ဒီေလာက္ေတာ့ မရွားဘူးလို႔ ထင္တယ္။ က်ေနာ့္ ပုဂၢိဳလ္ေရးအျမင္မွာ တပ္မေတာ္သားေတြ၊ က်ေနာ္တုိ႔အရပ္သားေတြမွာ ကြာျခားမႈမရိွတဲ့ စဥ္းစားမႈအေျခခံေပၚကို အစိုးရ၊ စစ္တပ္၊ ျပည္သူတုိ႔က ျပန္ရေအာင္ ႀကိဳးစားရမယ္။ စစ္တပ္ကလဲ က်ေနာ္တို႔၊ က်ေနာ္တုိ႔ကလဲ စစ္တပ္ ျဖစ္လာေအာင္ ဦးတည္တဲ့ ႏုိင္ငံေရးကို လက္ရိွအစိုးရလက္ထက္ကစၿပီးေတာ့ ပ်ဳိးေထာင္ပါ။ လက္ရိွကာကြယ္ေရး ဦးစီးခ်ဳပ္လက္ထက္ကစၿပီးေတာ့ ႀကိဳးစားပါလို႔ပဲ က်ေနာ္ ေဆြးေႏြးပါရေစ။

ေမး ။ ။ က်ေနာ္တို႔ကေတာ့ တုိင္းျပည္ကို ၿငိမ္းခ်မ္းေစခ်င္လို႔ ေကာင္းမြန္တဲ့ဆႏၵနဲ႔ ေဆြးေႏြးၾကတယ္။ က်ေနာ္တုိ႔ဆႏၵေတြ တကယ္တမ္းလက္ေတြ႔ ျဖစ္လာႏုိ္င္တဲ့ အေျခအေနေကာ ဆရာျမင္မိပါသလား။ ႀကိဳတင္ၿပီး ေဗဒင္ေဟာၾကည့္ပါအံုး။
ေျဖ ။ ။ အခုကာလက ျမန္မာ့ႏွစ္ဆန္းဆိုေတာ့ က်ေနာ္တုိ႔ထံုးစံအတိုင္း ေကာင္းတဲ့သတင္းကို ျဖစ္ခ်င္ၾကတာပါ။ ေကာင္းသင့္တယ္။ လာမယ့္ျမန္မာႏွစ္ဆန္းကစၿပီး က်ေနာ္တုိ႔တုိုင္းျပည္အတြက္ ပိုေကာင္းပါေစလုိ႔ ဆုေတာင္းခ်င္ပါတယ္။ သို႔ေသာ္လဲ လက္ေတြ႔မွာေတာ့ က်ေနာ္တုိ႔ အဂၤလိပ္ႏွစ္ကုန္ႏွစ္ဆန္းတိုင္း ႏုိ္င္ငံေရးသံုးသပ္ခ်က္ေတြ မီဒီယာအားလံုး၊ ေရဒီယိုအားလံုးက သံုးသပ္ၾကပါတယ္။ လာမယ့္ ၂၀၂၀ မွာ ဘာျဖစ္မလဲ။ ကမာၻမွာ ဘယ္တစ္ေယာက္ကမွ ကိုရိုနာဗိုင္းရပ္စ္ ျဖစ္လာမယ္လို မေျပာခဲ့ၾကပါဘူး။ အဲဒီေတာ့ က်ေနာ္တုိ႔ဟာ ျမန္မာ့ႏွစ္ဆန္းမွာ အေကာင္းကိုေမွ်ာ္လင့္ၿပီးေတာ့ အဆိုးဆိုတာလဲ ျဖစ္တတ္တယ္လို႔ က်ေနာ္တုိ႔က သတိႀကီးႀကီးနဲ႔ ဆက္သြားရမယ္လို႔ ထင္ပါတယ္။

==Unicode==

COVID-19 ကာကွယ်တားဆီးရေးအတွက် တာဝန်ထမ်းဆောင်နေတဲ့ WHO ကမ္ဘာ့ကျန်းမာရေးဝန်ထမ်းတဦး ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ကျည်ဆံထိမှန် သေဆုံးသွားတဲ့ဖြစ်ရပ်ကို ကြည့်ရင် လောလောဆယ် တိုက်ခိုက်နေကြတဲ့ နှစ်ဘက်စလုံးဟာ၊ သူတို့တိုက်ပွဲတွေက coronavirus ကပ်ရောဂါထက် ပိုအရေးကြီးတယ်လို့ ယူဆနေကြပုံရတယ်ဆိုရင် သောတရှင်များ သဘောတူကြပါသလား။ တချိန်တည်းမှာပဲ ဒီတိုက်ပွဲမှာပါဝင်နေတဲ့ တပ်မတော်သားတွေကို တဘက်က ချီးကျူးပြီး၊ ကျန်တဘက်မှာ ငြိမ်းချမ်းရေးရအောင် မမှိတ်မသုံ ဆောင်ရွက်သွားမယ်ဆိုတဲ့ နိုင်ငံတော် အတိုင်င်ခံပုဂ္ဂိုလ်ရဲ့ကျေညာချက်ကိုကော ဘယ်လိုသဘောရကြပါသလဲ။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲ ပုလဲမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာတင့်ဆွေနဲ့ ကျွန်တော် ကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
WHO ဝန်ထမ်းသေဆုံးရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေါက်တာတင့်ဆွေက အခုလို စပြောပါတယ်။

ဖြေ ။ ။ ဒီသတင်းဟာ အင်မတန်မှ စိတ်မကောင်းစရာပါ။ ဒါက ပထမတစ်ချင်ပေါ့။ နောက်တစ်ခုက ကုလသမဂ္ဂနဲ့ ပတ်သက်တဲ့ အကူအညီတွေကို ပို့တဲ့ကိစ္စမှာ ပစ်ခတ်ခံရတယ်။ လူတောင် အသေအပျောက်ရှိတယ်ဆိုတော့ ဒီနေ့ တကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကာလမှာ ကျနော်တို့နိုင်ငံရဲ့ အရည်အသွေး၊ အရည်အချင်း၊ အခြေအနေ နိုင်ငံရေးကို ဖော်ပြလိုက်တာပဲ။ တကမ္ဘာလုံးက ဒါကို ဂရုစိုက်နေကြတယ်။ နိုင်ငံတိုင်းပါပဲ - သူတို့နိုင်ငံ၊ သူတို့ကိစ္စတွေ၊ သူတို့ပါတီတွင်း တိုက်ပွဲတွေကို ဘေးချိတ်ပြီးတော့ ဒီကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေးကို ကြိုးစားနေတယ်။ ကျနော်တို့နိုင်ငံမှာက ပြည်သူပြည်သားတွေ ဂရုစိုက်တဲ့ထဲက အခုလို လက်နက်ကိုင်အဖွဲ့တွေ ဘယ်အဖွဲ့လဲတော့ မသိဘူး။ ဘယ်အဖွဲ့ဖြစ်ဖြစ် ကျနော်ကတော့ ပြစ်တင်တယ်၊ ရှုတ်ချတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကို အကြောင်းပြုပြီးတော့ ကောင်းရာကောင်းကြောင်းဘက် ဦးတည်ဖို့ ထပ်ပြီးတော့ စဉ်းစားကြဖို့ ပဏမ ဆွေးနွေးပါရစေ။

မေး ။ ။ ဒီနိုင်ငံရေးပြဿနာတွေ၊ ပဋိပက္ခတွေ၊ မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ တိုက်ပွဲတွေဟာ အရပ်သားတွေဘက်က စဉ်းစားရင်တော့ မဖြစ်သင့်ဘူး၊ ဒါကိုရပ်ရမယ်ဆိုပြီးတော့ စဉ်းစားပါတယ်။ ဒါပေမဲ့ ဒီဟာက လုံးဝရပ်စဲသွားဖို့အတွက်ကတော့ နိုင်ငံရေးသဘောတူညီမှုအဆင့်ကို သွားရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ ဒီဟာကိုရပ်ဆိုင်းပြီးတော့ ရောဂါကာကွယ်ရေးကို ဦးစားပေးနိုင်မယ့် လုပ်ငန်းတွေကို ဘာကြောင့်များ မဖြစ်နိုင်ဘူးလဲ။ ဒီဟာကို နှစ်ဘက်က အဓိကထားပြီးတော့ မစဉ်းစားကြဘူးလားဆိုတာလဲ မေးစရာ ဖြစ်လာတယ်။ ကမ္ဘာကလည်း တောင်းဆိုကြတယ်။ မြန်မာနိုင်ငံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း တောင်းဆိုပါတယ်။ AA အပါအဝင် သဘောထားတွေ ထုတ်ပြန်ပြီးတော့ အပစ်အခတ်ရပ်စဲဖို့ သူတို့တင်ပြတာ ရှိပါတယ်။ တပ်မတော်ဘက်က ပြောတာကတော့ ဒါဟာ မဖြစ်နိုင်တဲ့ကိစ္စမို့ လက်မခံနိုင်ဘူးဆိုပြီး ဆက်တိုက်နေတာကို တွေ့ရပါတယ်။

ဖြေ ။ ။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်၊ ဘယ်ဘက်ကဖြစ်ဖြစ်၊ အနည်းဆုံး အပစ်အခတ်ရပ်စဲရေးဖြစ်ဖြစ်၊ နောက်ဆုံး ငြိမ်းချမ်းရေးဖြစ်ဖြစ် တင်ပြတယ်။ တောင်းဆိုတယ်ဆိုတာကို ကျနော်တို့ ကြိုဆိုလက်ခံရမယ့်ကိစ္စ။ တပ်မတော်ကပြောပြော၊ အစိုးရကပြောပြော၊ လက်နက်ကိုင်ပြီး တိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေကပြောပြော၊ ကြားကပြည်သူတွေကပြောပြော အပစ်ခတ်ရပ်စဲရေးဆိုတာ ကြိုဆိုသင့်တဲ့ကိစ္စ။ နောက်တခါ လုပ်သင့်တဲ့ကိစ္စ။ လိုက်လျောသင့်တဲ့ကိစ္စ။ ဘာမှမလုပ်ရသေးဘူး။ ဒါဟာ ဖြစ်နိုင်ချေ မရှိဘူး။ အကျိုးအကြောင်း ဆီလျော်မှု မရှိဘူးလို့ ပြောခြင်းဟာ ပြောတဲ့အဖွဲ့အစည်းရဲ့ အတွင်းသဘောကို ဖော်ပြတယ်။ နောက်တခါ ဘယ်အကြောင်းပဲဖြစ်ဖြစ်၊ ဒီလိုပဲ အကြောင်းပြန်ခဲ့တယ်လို့ သမိုင်းကြောင်းကိုကြည့်ရင် ကျနော် အဲဒီလိုတွက်ကြည့်တယ်။ တပ်မတော်က ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက် သူတို့မှာတော့ ရှိကောင်းရှိမယ်၊ သို့သော် ကျနော်တို့ သိပ်မရှင်းကြဘူး။ ဘာကြောင့်လဲ။ ဘာကြောင့် အပစ်ခတ်မရပ်စဲနိုင်တာလဲ။ ဘာကြောင့် အကျိုးအကြောင်း မဆီလျော်ဘူးလို့ ပြောနိုင်တာလဲဆိုတဲ့ အချက်တွေပါ။

အဲဒါကို ကျနော် ဆွေးနွေးရရင်တော့ တပ်မတော်ရဲ့ လက်နက်ကိုင်တိုက်ပွဲတွေအပေါ်မှာ ထားရှိတဲ့သဘောထားကို ကျနော်တို့ အခုထိ နားမလည်သေးဘူး၊ မရှင်းသေးဘူ၊ အားမရသေးဘူးလို့ပဲ ပြောပါရစေ။

မေး ။ ။ ကျနော်လည်း တပ်မတော်ဘက်ကနေ စဉ်းစားကြည့်တယ် တပ်မတော်ကပြောတယ် ငြိမ်းချမ်းရေးကို အလိုချင်ဆုံးဟာ ငါတို့စစ်သားတွေပဲ သေစရာရှိ ငါတို့ပဲသေရတာလို့ ပြောတာ မှန်ပါတယ်။ ဒါဟာ သူတို့ရဲ့ သေဆုံးမှုကိုလဲ ကျနော်တို့ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကာလမှာ သူ့နယ်ကိုယ့်နယ်တော့ သတ်မှတ်ထားမှာပေါ့။ အဲဒါကို ဖောက်ပြီးတော့များ ဒီဘက်ကို တိုးချဲ့လာမှာကို ဟန့်တားရမှာ ခက်မှာမို့လို့ ဒီအတွက် စိုးရိမ်လို့များ ဖြစ်နေမလားလို့ ကျနော် စဉ်းစားမိတယ်။ ဆရာအနေနဲ့ ဘယ်လိုထင်ပါသလဲ။

ဖြေ ။ ။ ဒီနေရာမှာ ကျနော် နှစ်ချက် ဆွေးနွေးပါရစေ။ ပထမအချက်က တပ်မတော်ကို ခွဲပြီးတော့ ပြောဆိုစဉ်းစားနေရာတာက ဒါ အခြေခံမှားယွင်းတဲ့ အချက် ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ တပ်မတော်သားတွေက အရပ်သားတွေရဲ့ သားတွေ၊ သမီးတွေ၊ မိဘတွေ ပါဝင် အမှုထမ်းနေကြတာပါ။ ဆိုတော့ ကျနော်တို့နဲ့သူတို့ ကွာခြားစရာအကြောင်း မရှိဘူး။ သူတို့က လက်နက်ကိုင်ထားတယ်၊ ယူနီဖောင်းဝတ်ထားတယ်၊ စစ်စည်းကမ်းလိုက်ရတာ။ ယူနီဖောင်းဝတ်လိုက်လို့ စဉ်းစားချက် မတူရဘူးဆိုတာက ဒါ အခြေခံမှားယွင်းတယ်။ စစ်စည်းကမ်းလိုက်နာရမယ်ဆိုတာကို ကျနော် သဘောတူတယ်။ သို့သော် အဲဒါနဲ့ ပြည်သူပြည်သားတွေလို၊ သာမန်တွေလို စဉ်းစားမှု မတူတာကတော့ မှားယွင်းတဲ့အချက် ဖြစ်တယ်လို့ ကျနော် မြင်ပါတယ်။ ဒါက ပထမအချက်။

ဒုတိယအချက်က စစ်ရေးအရကတော့ သူတို့က ပိုသိမယ်။ ပစ်ခတ်ရပ်စဲလိုက်တယ်။ နယ်မြေသတ်မှတ်လိုက်ပြီးတော့ သူ ဒီဘက်မကျော်နဲ့၊ ငါ ဒီဘက်မကျော်နဲ့ ဆိုတဲ့ဟာတွေ ရှိကောင်းရှိမယ်။ ဒါကတော့ အစဉ်အလာ သမိုင်းမှာလဲ ရှိခဲ့ပြီးသာပါ။ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ကိစ္စပါ။ အဲဒီတော့ သူတို့စဉ်းစားချက်က နောင်ခက်မှာစိုးလို့လား သဘောမျိုးလားကိုတော့ ကျနော်ကတော့ သိပ်ပြီးတော့ ဒါက ခိုင်မာတဲ့ စဉ်းစားချက် မဟုတ်ဘူးလို့ ထင်တယ်။ အဲဒီတော့ ကျနော်တို့ ပထမဆွေးနွေးသလို တပ်မတော်မှာ ကျနော်တို့မသိတဲ့ စိုးရိမ်ချက် သို့မဟုတ် လိုလားချက် သို့မဟုတ် တစ်ခုခု ဘာရှိနေသလဲ မသိတော့၊ ကျနော်တို့ သုံးသပ်ချက်တွေကလဲ မှားနိုင်တာပေါ့။

မေး ။ ။ ကျနော် ဒီနေရာမှာ ကြားဖြတ်ပြီးတော့ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်ဆိုတာကို ဆရာပြောလို့ တစ်ခုချိတ်ဆက်ပြီး စဉ်းစားနေတာ ရှိပါတယ်။ အခု ကုလသမဂ္ဂဝန်ထမ်း တိုက်ပွဲမှာညှပ်ပြီး သေဆုံးသွားတာ ဘယ်သူဘက်ကဆိုတာ ကျနော်တို့ မသိရသေးပါဘူး။ သိရလိမ့်မယ်လို့လဲ သိပ်ပြီးတော့ မမျှော်လင့်ဘူး ဆရာ။ ဘာဖြစ်လို့လဲဆိုတော့ အစဉ်အလာမှာလဲ၊ ဟိုတုန်းကလဲ တကသ ကို ဗုံးခွဲဖျက်ဆီးခဲ့တာ ဘယ်သူလက်ချက်လဲဆိုတာ အခုထိ သူ့ကြောင့်ငါ့ကြောင့်ဆိုပြီး တစ်ယောက်ကိုတစ်ယောက် အပြစ်လွှဲချသွားတာ၊ နောက်ဆုံးအထိ ကြားလိုက်ရတယ်။ ဆိုတော့ ဒီလိုကိစ္စတွေမှာလဲ ပစ်တဲ့ခတ်တဲ့လူတွေက သူ့ကြောင့်ပါဆိုပြီး မှားတယ်လို့ တာဝန်ယူတယ်၊ ဝန်ချတောင်းပန်တယ်ဆိုတဲ့ စိတ်ဓါတ်မျိုးလဲ တစ်ခါမှ မကြားဖူးဘူး။ ဆိုတော့ ဒီကိစ္စကို သတင်းသမားတွေ၊ ရွာကလူတွေက အမှန်ပြောရင်လဲ အရေးယူခံရတာတွေ၊ တရားစွဲခံရတာတွေကလဲ မြန်မာပြည်မှာ ဖြစ်နေတော့ ဒီကိစ္စလဲ အမှန်တရား ပေါ်ပေါက်လာစရာအကြောင်း မရှိဘူးလို့ ဆိုရမလို ဖြစ်နေတယ်။

ဖြေ ။ ။ ကျနော်တို့နိုင်ငံမှာ သမိုင်းကြောင်းမကောင်းခဲ့တဲ့ အချက်က အဲဒီအချက်ကြီးတစ်ခုလဲ ပါတယ်။ တကယ့်ကို အများပြည်သူ စိတ်ဝင်စားတဲ့၊ တကယ့်ထိခိုက်နစ်နာမှုလဲ ကြီးကြီးမားမား ဖြစ်တဲ့ကိစ္စတွေ။ လူအများကလဲ ဖြစ်နိုင်တယ်လို့ ထင်ထားတဲ့ တရားခံကို မဖော်နိုင်တဲ့ သမိုင်းကြောင်း၊ ကျနော်တို့နိုင်ငံမှာ အခုထိ ရှိဆဲပါ။ အရင်စစ်အစိုးရလက်ထက်ကဆိုရင် စစ်ထောက်လှမ်းရေးနဲ့ အမျိုးသားထောက်လှမ်းရေးတို့က အပ်ကျတောင်မှ တပြည်လုံးမှာ သိတယ်ဆိုတဲ့ ဂုဏ်ယူခဲ့တဲ့ ထောက်လှမ်းရေးအဖွဲ့ကြီးတွေဟာ တကယ့်ပြည်သူစိတ်ဝင်စားတဲ့၊ ပြည်သူကလဲ ဒီလူဟာ တရားခံလို့ ထင်ထားတဲ့လူတွေကို မိအောင်ဖမ်းမပြနိုင်တဲ့ ညံ့ဖျင်းတဲ့အရည်အချင်းတွေကို သူတို့စစ်အစိုးရလက်ထက်မှာ ပြခဲ့ပါတယ်။

အခုလဲပဲ အဲဒီလိုပါပဲ ဒါက မဖြစ်သင့်တဲ့ကိစ္စ။ တနည်းအားဖြင့် တရားဥပဒေစိုးမိုးရေး မရှိဘူးဆိုတာကို ထပ်ပြတာဖြစ်တယ်။ အဲဒီတရားဥပဒေ စိုးမိုးရေးမရှိတာက သာမန်လမ်းပေါ်က လူမဟုတ်ဘဲနဲ့ လက်နက်ကိုင်ထားတဲ့ အာဏာတစုံတရာ ကြီးကြီးမားမားရှိတဲ့ အဖွဲ့အစည်းက ဖြစ်နေရင်တော့ ဒါက အတော်လေးကို ကျနော်တို့နိုင်ငံရဲ့ ဒီကနေ ပစ္စက္ခနိုင်ငံရေးဘဝဟာ ဆိုးဝါးသေးတယ်။ တရားဥပဒေစိုးမိုးမှု မရှိသေးဘူးဆိုတာကို ထပ်ပြတာ ဖြစ်တယ်။ အဲဒီတော့က ဒီသမိုင်းဆိုးတွေကို ကျနော်တို့က အခုကျနော်တို့ ဆွေးနွေးနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကာလမှာ ပြင်နိုင်ကြမလား။ ပြင်သင့်ကြတယ်လို့ပဲ ကျနော်ထပ်ပြီးတော့ ဆွေးနွေးချင်ပါတယ်။

မေး ။ ။ ကျနော် နောက်ပြောလိုတဲ့ကိစ္စကတော့ (၂၁) ရက်နေ့စွဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးကနေ ကျေညာချက်ထုတ်ပြန်ပါတယ်။ အဲဒီအထဲမှာ အဓိကတော့ ပလက်ဝဘက်မှာ ဒုက္ခရောက်နေတဲ့ လူတွေဆီကို ကူညီထောက်ပံ့ရေးပစ္စည်းတွေ ပို့နိုင်တဲ့အတွက် သူ့အနေနဲ့ ဝမ်းသာကြောင်းကို ရေးထားပါတယ်။ နောက်အရေးကြီးတဲ့ကိစ္စကတော့ တိုက်ပွဲမှာပါဝင်နေတဲ့ တပ်မတော်သားတွေရဲ့ သတ္တိကို ချီးကျူးတဲ့အကြောင်း ရေးထားပါတယ်။ နောက်ဆုံးအပိုဒ်မှာတော့ ငြိမ်းချမ်းရေးအတွက် သူတို့ကြိုးပမ်းမှုကို မမှိတ်မသုန် ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမယ်လို့လည်း ပြောထားပါတယ်။ ဆိုတော့ ဒီဟာကို လေ့လာကြည့်ရင် တိုက်ပွဲဝင်နေတဲ့ တပ်မတော်ဘက်ကိုတော့ ချီးကျူးထားတယ်။ ဆက်တိုက်ဆိုတဲ့သဘောမျိုး။ ဒါပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကတဆင့် ငြိမ်းချမ်းရေးရရှိအောင် မမှိတ်မသုန် ကြိုးပမ်းသွားမယ်လို့ ပြောထားတာကတော့ တဘက်က မီးစ၊ တဘက်ကရေမှုတ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်လို့ ကျနော် သုံးသပ်လိုပါတယ်။ အဲဒါကို မှားတယ်လို့ ပြောမလား။

ဖြေ ။ ။ ကျနော်လဲ တွေ့လိုက်တယ်။ ဆိုရှယ်မီဒီယာမှာ တွေ့လိုက်တော့ အခု ဦးကျော်ဇံသာ သုံးသပ်သလို တပ်မတော်ကိုပဲ ကွက်ပြီးတော့ ချီးကျူးခြင်းဟာ ဘယ်လိုလဲဆိုတဲ့ မေးခွန်းတွေ ဆိုရှယ်မီဒီယာမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်က စစ်မြေပြင်လဲ မသိ၊ နောက် တပ်မတော်နဲ့ လက်ရှိအစိုးရ ဆက်ဆံရေး ဘယ်လောက်အထိ ရှိသလဲဆိုတာလဲ ကျနော် ခိုင်ခိုင်မာမာလဲ မသိဘူး။ ကျနော်တို့သိတာကတော့ --စရာ ဒီလောက်တော့ မရှားဘူးလို့ ထင်တယ်။ ကျနော့် ပုဂ္ဂိုလ်ရေးအမြင်မှာ တပ်မတော်သားတွေ၊ ကျနော်တို့အရပ်သားတွေမှာ ကွာခြားမှုမရှိတဲ့ စဉ်းစားမှုအခြေခံပေါ်ကို အစိုးရ၊ စစ်တပ်၊ ပြည်သူတို့က ပြန်ရအောင် ကြိုးစားရမယ်။ စစ်တပ်ကလဲ ကျနော်တို့၊ ကျနော်တို့ကလဲ စစ်တပ် ဖြစ်လာအောင် ဦးတည်တဲ့ နိုင်ငံရေးကို လက်ရှိအစိုးရလက်ထက်ကစပြီးတော့ ပျိုးထောင်ပါ။ လက်ရှိကာကွယ်ရေး ဦးစီးချုပ်လက်ထက်ကစပြီးတော့ ကြိုးစားပါလို့ပဲ ကျနော် ဆွေးနွေးပါရစေ။

မေး ။ ။ ကျနော်တို့ကတော့ တိုင်းပြည်ကို ငြိမ်းချမ်းစေချင်လို့ ကောင်းမွန်တဲ့ဆန္ဒနဲ့ ဆွေးနွေးကြတယ်။ ကျနော်တို့ဆန္ဒတွေ တကယ်တမ်းလက်တွေ့ ဖြစ်လာနိုင်တဲ့ အခြေအနေကော ဆရာမြင်မိပါသလား။ ကြိုတင်ပြီး ဗေဒင်ဟောကြည့်ပါအုံး။
ဖြေ ။ ။ အခုကာလက မြန်မာ့နှစ်ဆန်းဆိုတော့ ကျနော်တို့ထုံးစံအတိုင်း ကောင်းတဲ့သတင်းကို ဖြစ်ချင်ကြတာပါ။ ကောင်းသင့်တယ်။ လာမယ့်မြန်မာနှစ်ဆန်းကစပြီး ကျနော်တို့တိုင်းပြည်အတွက် ပိုကောင်းပါစေလို့ ဆုတောင်းချင်ပါတယ်။ သို့သော်လဲ လက်တွေ့မှာတော့ ကျနော်တို့ အင်္ဂလိပ်နှစ်ကုန်နှစ်ဆန်းတိုင်း နိုင်ငံရေးသုံးသပ်ချက်တွေ မီဒီယာအားလုံး၊ ရေဒီယိုအားလုံးက သုံးသပ်ကြပါတယ်။ လာမယ့် ၂၀၂၀ မှာ ဘာဖြစ်မလဲ။ ကမ္ဘာမှာ ဘယ်တစ်ယောက်ကမှ ကိုရိုနာဗိုင်းရပ်စ် ဖြစ်လာမယ်လို မပြောခဲ့ကြပါဘူး။ အဲဒီတော့ ကျနော်တို့ဟာ မြန်မာ့နှစ်ဆန်းမှာ အကောင်းကိုမျှော်လင့်ပြီးတော့ အဆိုးဆိုတာလဲ ဖြစ်တတ်တယ်လို့ ကျနော်တို့က သတိကြီးကြီးနဲ့ ဆက်သွားရမယ်လို့ ထင်ပါတယ်။

XS
SM
MD
LG