သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ျပည္နယ္မွာ ဖမ္းဆီးထားသူ ၃၃ ဦး ျမန္မာစစ္တပ္ ျပန္လႊတ္


ရခိုင္ျပည္နယ္မွာ တပ္စဲြထားတဲ့ ျမန္မာ့တပ္မေတာ္မွ တပ္သား ႏွစ္ဦး (ေအာက္တိုဘာ ၂၁၊ ၂၀၁၆)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္၊ ပုဏၰားကၽြန္းၿမိဳ႕နယ္၊ ေက်ာက္ဆိပ္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမွဴးအပါအဝင္ ႐ြာသား ၃၈ ဦးကို သံသယနဲ႔ တပ္မေတာ္က ဖမ္းဆီးထိန္းသိမ္းထားရာကေန တနလၤာေန႕ညမွာ ၃၃ ဦးကို ျပန္လည္လႊတ္ေပးခဲ့တဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ႏိုင္ကြန္းအိန္က တင္ဆက္ေပးပါမယ္။

ဧၿပီလ ၁၉ ရက္ေန႔က ေက်ာက္ဆိပ္ေက်း႐ြာအတြင္း ျမန္မာစစ္တပ္က ၀င္ေရာက္စစ္ေဆးခဲ့ျပီး ရြာသား ၃၈ ဦးကို AA ရခိုင္လက္နက္ကိုင္အဖြဲ႕နဲ႔ ဆက္စပ္တယ္ဆိုတဲ့ သံသယနဲ႔ ဖမ္းဆီးထိန္းသိမ္းရာကေန ဒီအထဲက ၃၃ ဦးကို ျပန္လည္ လႊတ္ေပးခဲ့တယ္လို႔ ပုဏၰားကၽြန္းၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

“ဟုတ္တယ္။ ၃၃ ဦးျပန္လြတ္လာျပီး။ ၅ ဦးေတာ့ အခ်ဳပ္ခံေနရဆဲဘဲ။ သူတို႔ တညေပါ့။ ၁၉ ရက္ေန႕ မြန္းလႊဲ ၂ နာရီ ေလာက္က ေခၚသြားတယ္ဆိုေတာ့ တညအိပ္ျပီးေနာက္တရက္ ၂၀ ရက္ေန႕မွာလြတ္လာတာ။ တခ်ိဳ႕မွာေတာ့ ဒဏ္ရာေတြ ပါလာတယ္လို႔ေတာ့ ေျပာတယ္။"

က်န္တဲ့ ၅ ဦးကိုေတာ့ တပ္မေတာ္ကေန စီစစ္ေနဆဲအေျခအေနေၾကာင့္ ျပန္လည္လြတ္ေျမာက္တာ မရွိေသးပါဘူး။

နယ္ေျမခံျမန္မာစစ္တပ္ကေန မသကၤာရြာသားေတြကို စစ္ေဆးမႈအတြင္း ညွဥ္းပန္းႏွိပ္စက္မႈ တခ်ိဳ႕ရွိခဲ့တယ္လို႔ ျပန္လည္လြတ္ေျမာက္လာသူ ရြာသားတဦးက ဆိုပါတယ္။

“တခ်ိဳ႕ဆိုရင္ ရင္ေအာင့္တာတို႔ တခ်ိဳ႕ဆိုရင္ညွပ္တျခမ္းေယာင္ေနတာတို႔ ၾကိဳးတုတ္သြားကတည္းက လက္ဖ်ံေတြမွာ ဒဏ္ရာေတြနဲ႕အကုန္လုံးပြန္းပဲ့ျပီးေတာ့ ျပီးရင္သူတို႕ေနပူထဲမွာလွန္းထားျပီးေတာ့ေရမတိုက္ဘူး။ အစာမေကြ်းဘူး။ အဲဒီလို ညွဥ္းပန္းႏွိပ္စက္မႈေတြလုပ္ၾကတယ္။”

တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ တပ္မေတာ္က ထိန္းသိမ္းထားတဲ့က်န္ရွိတဲ့သူေတြဟာ AA အဖြဲ႕နဲ႔ ဆက္စပ္မႈ ရွိ၊ မရွိကို ဥပေဒနဲ႔အညီ စုံစမ္းေဖၚထုတ္သြားမယ္လို႔ ေျပာဆိုပါတယ္။

“က်ေနာ္တို႔ ထိန္းသိမ္းထားတာအဓိကေတာ့ AA ေသာင္းက်န္းသူေတြနဲ႔ ပတ္သက္ျပီး ဆက္စပ္ေဖၚထုတ္လို႕အရ ျဖစ္တယ္။ ဥပေဒနဲ႕အညီ စုံစမ္းစစ္ေဆးမႈေတြ က်ေနာ္တို႔ဆက္လက္ေဆာင္ရြက္သြားပါမယ္။”

ေက်ာက္ဆိပ္ေက်း႐ြာမွာ ဧၿပီလ ၁၃ ရက္ နံနက္က လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲမႈေၾကာင့္ အရပ္သား ၈ ဦး ေသဆံုးကာ ၁၃ ဦးမွာ ျပင္းထန္ဒဏ္ရာ ရ႐ွိသြားခဲ့ပါတယ္။ ဘယ္အဖြဲ႕က ပစ္ခတ္တယ္ဆိုတာ ထုတ္ေဖၚေျပာၾကားတာ မရွိေပမဲ့ ေဒသခံေတြကေတာ့ ျမန္မာစစ္တပ္ကေန ပစ္ခတ္တာလို႔ စြပ္စြဲမႈေတြ ရွိေနပါတယ္။

လက္ရွိ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသနဲ႕ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္အတြင္းမွာေတာ့ ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ စစ္ေရးပဋိပကၡျဖစ္ပြါးေနဆဲျဖစ္ပါတယ္။

အထူးသျဖင့္ ေက်ာက္ေတာ္နဲ႕ပလက္၀ကိုဆက္သြယ္ထားတဲ့ ကုလားတန္ျမစ္ေၾကာင္းသြားလာမႈ ပိတ္ဆို႕ထားဆဲ အေျခအေနေၾကာင့္ ကုန္စည္သယ္ေဆာင္ေရး အခက္ေတြ႕ေနလို႕ပလက္၀ၿမိဳ႕နယ္အတြင္း ရိကၡာအခက္ခဲနဲ႔ ရင္ဆိုင္ေနရတာပါ။

ဒီရက္ပိုင္းအတြင္း ပလက္၀ၿမိဳ႕အတြက္ ဆမီးၿမိဳ႕နယ္ခြဲကေနတဆင့္ ဆန္ရိကၡာေတြ သယ္ေဆာင္လာႏိုင္ခဲ့တယ္လို႔ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“လုံျခံဳေရးအရေတာ့ က်ေနာ္တို႔က ၁၀၀ ရာခိုင္ႏႈန္း အာမခံခ်က္က ဘယ္ေနရာမွ မရွိဘူး။ သို႕ေသာ္ ေရလမ္းေၾကာင္း ကုန္းလမ္းေၾကာင္း ဟိုဘက္မွာရွိတဲ့ ပလက္၀နဲ႔ ဆမီးလမ္းေၾကာင္းပြင့္တာေပါ့။ အဲေန႔ကပဲ က်ေနာ္တို႔ တပ္ကေန လုံျခံဳေရးယူျပီးေတာ့ ပလက္၀ကို ဆန္အိတ္ ၈၃၀၊ ဆီ၊ ဆားေပါ့ေနာ္။ ျပီးရင္ က်ေနာ္တို႔ ေဆးပစၥည္းေတြ ေရာက္ရွိပါတယ္။ ပလက္၀ရဲ႕ အေရွ႕ေျမာက္ဘက္မွာရွိတဲ့ ေနရာေတြမွာေတာ့ တိုက္ပြဲအနည္းငယ္ျဖစ္ေနတုန္းဘဲရွိပါေသးတယ္။”

ပလက္၀ၿမိဳ႕နယ္အတြင္းမွာေတာ့ AA နဲ႔ ျမန္မာစစ္တပ္တို႔အၾကား တိုက္ပြဲျဖစ္ပြါးေနဆဲလို႔ သူကဆိုပါတယ္။

ပလက္ဝၿမိဳ႕အတြက္ သယ္ေဆာင္လာတဲ့ ဆန္အိတ္ ၈၃၀ အိတ္ကို ဆမီးျမိဳ႕ကတဆင့္ ကင္ဝရြာစက္ေလွေတြနဲ႕ ဧၿပီလ ၂၀ ရက္ေန႔မွာ ပလက္ဝၿမိဳ႕ကို ေရာက္ရွိလာတဲ့အတြက္ စစ္ေရွာင္ေတြနဲ႔ ျမိဳ႕ခံေတြအတြက္ အခိုက္အတန္႔အားျဖင့္ ေျပလည္မႈရွိလာတယ္လို႕ ပလက္၀ မဲဆႏၵနယ္က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဆလိုင္းမ်ိဳးထိုက္က ဆိုပါတယ္။

“ဆန္အိတ္က ၈၃၀ ဆိုေတာ့ အဓိကကေတာ့ အဲဒီမွာ ဒုကၡသည္ေတြက ၃,၇၀၀ နဲ႔ အဲဒီၿမိဳ႕ေပၚေန တခ်ိဳ႕လူထုေတြလဲဘဲ ဆန္ကျပတ္လတ္မႈေတြရွိလို႔ ၾကားရတာေပါ့ေနာ္။ ေလာေလာဆယ္ေတာ့ သူတို႕ကို တရက္ကို တေယာက္တဗူးဆိုရင္ေတာ့ မနက္ညဆို အဲဒီ ၈၃၀ အိတ္က ဘယ္ႏွစ္ရက္သာခံမလဲဆိုတာ စိတ္ထင္ေတာ့ရမွာေပါ့။”

တိုက္ပြဲေတြေၾကာင့္ ပလက္၀ၿမိဳ႕မွာ စစ္ေရွာင္ ၃,၇၀၀ ေက်ာ္ ဆမီးၿမိဳ႕မွာ စစ္ေရွာင္ ၃,၀၀၀ ေက်ာ္ တိမ္းေရွာင္ေရာက္ရွိေနပါတယ္။

AA နဲ႕ျမန္မာစစ္တပ္တို႔အၾကား တႏွစ္ေက်ာ္အၾကာ တိုက္ပြဲစဥ္အတြင္း ရခိုင္ျပည္နယ္အတြင္းမွာလဲ စစ္ေရွာင္ဦးေရ ၁၅၀,၀၀၀ ေက်ာ္တိုးပြါးေနျပီး တိုက္ပြဲအတြင္း အရပ္သားေတြေသဆုံးထိခိုက္ဒဏ္ရာရရွိမႈ သံသယနဲ႕အဖမ္းဆီးခံရမႈေတြလည္း မ်ားျပားလာေနပါတယ္။

AA ရခိုင္လက္နက္ကိုင္အဖြဲ႕ကိုေတာ့ မတရားအသင္းနဲ႔ အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ အစိုးရကေန မတ္လမွာ တရား၀င္ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်ပြည်နယ်မှာ ဖမ်းဆီးထားသူ ၃၃ ဦး မြန်မာစစ်တပ် ပြန်လွှတ်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား ၃၈ ဦးကို သံသယနဲ့ တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားရာကနေ တနင်္လာနေ့ညမှာ ၃၃ ဦးကို ပြန်လည်လွှတ်ပေးခဲ့တဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က တင်ဆက်ပေးပါမယ်။

ဧပြီလ ၁၉ ရက်နေ့က ကျောက်ဆိပ်ကျေးရွာအတွင်း မြန်မာစစ်တပ်က ဝင်ရောက်စစ်ဆေးခဲ့ပြီး ရွာသား ၃၈ ဦးကို AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းရာကနေ ဒီအထဲက ၃၃ ဦးကို ပြန်လည် လွှတ်ပေးခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

“ဟုတ်တယ်။ ၃၃ ဦးပြန်လွတ်လာပြီး။ ၅ ဦးတော့ အချုပ်ခံနေရဆဲဘဲ။ သူတို့ တညပေါ့။ ၁၉ ရက်နေ့ မွန်းလွှဲ ၂ နာရီ လောက်က ခေါ်သွားတယ်ဆိုတော့ တညအိပ်ပြီးနောက်တရက် ၂၀ ရက်နေ့မှာလွတ်လာတာ။ တချို့မှာတော့ ဒဏ်ရာတွေ ပါလာတယ်လို့တော့ ပြောတယ်။"

ကျန်တဲ့ ၅ ဦးကိုတော့ တပ်မတော်ကနေ စီစစ်နေဆဲအခြေအနေကြောင့် ပြန်လည်လွတ်မြောက်တာ မရှိသေးပါဘူး။

နယ်မြေခံမြန်မာစစ်တပ်ကနေ မသင်္ကာရွာသားတွေကို စစ်ဆေးမှုအတွင်း ညှဉ်းပန်းနှိပ်စက်မှု တချို့ရှိခဲ့တယ်လို့ ပြန်လည်လွတ်မြောက်လာသူ ရွာသားတဦးက ဆိုပါတယ်။

“တချို့ဆိုရင် ရင်အောင့်တာတို့ တချို့ဆိုရင်ညှပ်တခြမ်းယောင်နေတာတို့ ကြိုးတုတ်သွားကတည်းက လက်ဖျံတွေမှာ ဒဏ်ရာတွေနဲ့အကုန်လုံးပွန်းပဲ့ပြီးတော့ ပြီးရင်သူတို့နေပူထဲမှာလှန်းထားပြီးတော့ရေမတိုက်ဘူး။ အစာမကျွေးဘူး။ အဲဒီလို ညှဉ်းပန်းနှိပ်စက်မှုတွေလုပ်ကြတယ်။”

တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်က ထိန်းသိမ်းထားတဲ့ကျန်ရှိတဲ့သူတွေဟာ AA အဖွဲ့နဲ့ ဆက်စပ်မှု ရှိ၊ မရှိကို ဥပဒေနဲ့အညီ စုံစမ်းဖေါ်ထုတ်သွားမယ်လို့ ပြောဆိုပါတယ်။

“ကျနော်တို့ ထိန်းသိမ်းထားတာအဓိကတော့ AA သောင်းကျန်းသူတွေနဲ့ ပတ်သက်ပြီး ဆက်စပ်ဖေါ်ထုတ်လို့အရ ဖြစ်တယ်။ ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးမှုတွေ ကျနော်တို့ဆက်လက်ဆောင်ရွက်သွားပါမယ်။”

ကျောက်ဆိပ်ကျေးရွာမှာ ဧပြီလ ၁၃ ရက် နံနက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၈ ဦး သေဆုံးကာ ၁၃ ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ ထုတ်ဖေါ်ပြောကြားတာ မရှိပေမဲ့ ဒေသခံတွေကတော့ မြန်မာစစ်တပ်ကနေ ပစ်ခတ်တာလို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာတော့ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

အထူးသဖြင့် ကျောက်တော်နဲ့ပလက်ဝကိုဆက်သွယ်ထားတဲ့ ကုလားတန်မြစ်ကြောင်းသွားလာမှု ပိတ်ဆို့ထားဆဲ အခြေအနေကြောင့် ကုန်စည်သယ်ဆောင်ရေး အခက်တွေ့နေလို့ပလက်ဝမြို့နယ်အတွင်း ရိက္ခာအခက်ခဲနဲ့ ရင်ဆိုင်နေရတာပါ။

ဒီရက်ပိုင်းအတွင်း ပလက်ဝမြို့အတွက် ဆမီးမြို့နယ်ခွဲကနေတဆင့် ဆန်ရိက္ခာတွေ သယ်ဆောင်လာနိုင်ခဲ့တယ်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“လုံခြုံရေးအရတော့ ကျနော်တို့က ၁၀၀ ရာခိုင်နှုန်း အာမခံချက်က ဘယ်နေရာမှ မရှိဘူး။ သို့သော် ရေလမ်းကြောင်း ကုန်းလမ်းကြောင်း ဟိုဘက်မှာရှိတဲ့ ပလက်ဝနဲ့ ဆမီးလမ်းကြောင်းပွင့်တာပေါ့။ အဲနေ့ကပဲ ကျနော်တို့ တပ်ကနေ လုံခြုံရေးယူပြီးတော့ ပလက်ဝကို ဆန်အိတ် ၈၃၀၊ ဆီ၊ ဆားပေါ့နော်။ ပြီးရင် ကျနော်တို့ ဆေးပစ္စည်းတွေ ရောက်ရှိပါတယ်။ ပလက်ဝရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ နေရာတွေမှာတော့ တိုက်ပွဲအနည်းငယ်ဖြစ်နေတုန်းဘဲရှိပါသေးတယ်။”

ပလက်ဝမြို့နယ်အတွင်းမှာတော့ AA နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွါးနေဆဲလို့ သူကဆိုပါတယ်။

ပလက်ဝမြို့အတွက် သယ်ဆောင်လာတဲ့ ဆန်အိတ် ၈၃၀ အိတ်ကို ဆမီးမြို့ကတဆင့် ကင်ဝရွာစက်လှေတွေနဲ့ ဧပြီလ ၂၀ ရက်နေ့မှာ ပလက်ဝမြို့ကို ရောက်ရှိလာတဲ့အတွက် စစ်ရှောင်တွေနဲ့ မြို့ခံတွေအတွက် အခိုက်အတန့်အားဖြင့် ပြေလည်မှုရှိလာတယ်လို့ ပလက်၀ မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က ဆိုပါတယ်။

“ဆန်အိတ်က ၈၃၀ ဆိုတော့ အဓိကကတော့ အဲဒီမှာ ဒုက္ခသည်တွေက ၃,၇၀၀ နဲ့ အဲဒီမြို့ပေါ်နေ တချို့လူထုတွေလဲဘဲ ဆန်ကပြတ်လတ်မှုတွေရှိလို့ ကြားရတာပေါ့နော်။ လောလောဆယ်တော့ သူတို့ကို တရက်ကို တယောက်တဗူးဆိုရင်တော့ မနက်ညဆို အဲဒီ ၈၃၀ အိတ်က ဘယ်နှစ်ရက်သာခံမလဲဆိုတာ စိတ်ထင်တော့ရမှာပေါ့။”

တိုက်ပွဲတွေကြောင့် ပလက်ဝမြို့မှာ စစ်ရှောင် ၃,၇၀၀ ကျော် ဆမီးမြို့မှာ စစ်ရှောင် ၃,၀၀၀ ကျော် တိမ်းရှောင်ရောက်ရှိနေပါတယ်။

AA နဲ့မြန်မာစစ်တပ်တို့အကြား တနှစ်ကျော်အကြာ တိုက်ပွဲစဉ်အတွင်း ရခိုင်ပြည်နယ်အတွင်းမှာလဲ စစ်ရှောင်ဦးရေ ၁၅၀,၀၀၀ ကျော်တိုးပွါးနေပြီး တိုက်ပွဲအတွင်း အရပ်သားတွေသေဆုံးထိခိုက်ဒဏ်ရာရရှိမှု သံသယနဲ့အဖမ်းဆီးခံရမှုတွေလည်း များပြားလာနေပါတယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့ကိုတော့ မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရကနေ မတ်လမှာ တရားဝင်ကြေညာချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG