သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သတင္းဝက္ဘ္ဆိုက္တ္ေတြ ပိတ္ပင္တဲ့အေပၚ ျမန္မာအစိုးရ ေဝဖန္ခံရ


သတင္းလြတ္လပ္ခြင့္အတြက္ ဆႏၵျပေနတဲ့ ျပည္သူတခ်ိဳ႕ (မွတ္တမ္းဓာတ္ပံု - ဇြန္ ၃၀၊ ၂၀၁၇)

(Zawgyi/Unicode)

ျမန္မာနိင္ငံမွာ COVID-19 ကပ္ေရာဂါနဲ႔ ပတ္သက္လို႔ မမွန္မကန္ေဖာ္ျပေနတယ္ဆိုၿပီး သတင္း website ေတြကို ပိတ္ဖုိ႔ အစုိးရက ၫႊန္ၾကားတဲ့အေပၚ ဒစ္ဂ်စ္တယ္အခြင့္အေရးေဆာင္႐ြက္ေနတဲ့အဖဲြ႔ေတြ သတင္းလြတ္လပ္ခြင့္ေဆာင္႐ြက္ေနတဲ့ အဖဲြ႔ေတြက ေဝဖန္လိုက္ၾကပါတယ္။

တိုင္းရင္းသား သတင္းမီဒီယာေတြရဲ႕ အင္တာနက္ စာမ်က္ႏွာေတြ အပါအဝင္ အင္တာနက္ စာမ်က္ႏွာ ၂၂၁ ခုကို မတ္လထဲမွာ ပိတ္ခဲ့တဲ့အေပၚ ျမန္မာႏိုင္ငံ ဒစ္ဂ်စ္တယ္အခြင့္အေရးေဆာင္႐ြက္ေနၾကတဲ့ အဖဲြ႔အစည္း ၂၅၀ က စုေပါင္း ကန္႔ကြက္တဲ့ ေၾကညာခ်က္ထုတ္ခဲ့ပါတယ္။

တယ္လီဖုန္း ဆက္သြယ္ေရးကုမၸဏီ ၄ ခု ကို အစိုးရဲ႕ ၫႊန္ၾကားခ်က္အရ တယ္လီေနာျမန္မာက အဲဒီသတင္း website ေတြကို Mobile လက္ကိုင္ဖုန္းေတြကေန ဝင္ဖတ္လို႔ မရေအာင္ ပိတ္ခဲ့တာပါ။ အလားတူ MPT နဲ႔ MyTel တို႔ကလည္း ရခိုင္၊ ကရင္စတဲ့ တိုင္းရင္းသားေဒသေတြနဲ႔ ပတ္သက္တဲ့ သတင္းေတြ ပိတ္ခဲ့တာကိုလည္း ဒစ္ဂ်စ္တယ္အခြင့္အေရးေဆာင္႐ြက္ေနတဲ့ အဖဲြ႔ေတြရဲ႕ထုတ္ျပန္ခ်က္မွာ ေရးထားပါတယ္။ ဒီလိုပိတ္ဖုိ႔ ၫႊန္ၾကားတာဟာ ႏိုင္ငံတကာလူ႔အခြင့္အေရးကို ခ်ဳိးေဖာက္တာျဖစ္တယ္လို႔ေထာက္ျပပါတယ္။

အစိုးရအေနနဲ႔ COVID-19 ကပ္ေရာဂါကို အသံုးခ်ၿပီး သတင္းအခ်က္အလက္ေတြကို ပိတ္ပင္တာနဲ႔ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ပိုမိုတားဆီးတဲ့အေပၚ စိုးရိမ္တယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြထဲက ျပည္တြင္းစစ္ျဖစ္ေနတဲ့ ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္မွာ အင္တာနက္ျဖတ္ထားတာ ၉ လေက်ာ္ေနၿပီျဖစ္လို႔ အဲဒီေဒသေတြက ျပည္သူေတြအေနနဲ႔ သတင္းအခ်က္အလက္ ရယူပိုင္ခြင့္နဲ႔ လြတ္လပ္စြာေျပာဆိုႏိုင္ခြင့္ ထိခိုက္ေနတာမို႔ အင္တာနက္ ျပန္လည္ဖြင့္ေပးဖို႔လည္း ေတာင္းဆိုထားပါတယ္။

အေရးေပၚ အေျခအေနေတြမွာ သတင္းေတြကို အခ်ိန္န႔ဲ တေျပးညီသိႏိုင္ဖုိ႔ အစိုးရအေနနဲ႔ Website ေတြ၊ သီးသန္႔ဖုန္းလိုင္းေတြ ဖြင့္ထားသင့္တယ္လို႔လည္း အၾကံျပဳပါတယ္။ သတင္းမွား တိုက္ဖ်က္ေနတဲ့ တခ်ိန္ထဲမွာ သတင္းမီဒီယာလြတ္လပ္ခြင့္ကိုလည္း ေဖာ္ေဆာင္ေပးဖို႔ အဖဲြ႔အစည္း ၂၅၀ ပါတဲ့ ဒစ္ဂ်စ္တယ္အခြင့္အေရးေဆာင္႐ြက္ေနတဲ့ အဖဲြ႔အစည္းေတြက စုေပါင္းေတာင္းဆိုၾကပါတယ္။

COVID-19 နဲ႔ ပတ္သက္တဲ့ သတင္းမွားေတြ တိုက္ဖ်က္ဖုိ႔အတြက္ဆိုၿပီး ခုလို သတင္း website ေတြကို ပိတ္ခိုင္းတာဟာ ျမန္မာအစိုးရရဲ႕ အာဏာရွင္ဆန္တဲ့လုပ္ရပ္ျဖစ္တယ္လို႔ ျပင္သစ္ႏိုင္ငံ အေျခစိုက္ နယ္စည္းမထားသတင္းေထာက္မ်ားအဖဲြ႔ (RSF) ကလည္း ဒီကေန႔ ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

ရခိုင္တိုက္ပြဲသတင္းေတြ ထုတ္ျပန္တာနဲ႔ ပတ္သက္လို႔ ဖမ္းဆီးခံရတဲ့ Voice of Myanmar အြန္လိုင္းသတင္းဌာန တည္ေထာင္သူနဲ႔ အယ္ဒီတာခ်ဳပ္ ကိုေနမ်ဳိးလင္းအပါအဝင္ သတင္းသမား ၅ ေယာက္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဆိုင္ရာ စြပ္စြဲခ်က္ေတြနဲ႔ ရင္ဆိုင္ေနၾကတယ္လို႔လည္း RSF ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သတင်းဝက်ဘ်ဆိုက်တ်တွေ ပိတ်ပင်တဲ့အပေါ် မြန်မာအစိုးရ ဝေဖန်ခံရ

မြန်မာနိင်ငံမှာ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်လို့ မမှန်မကန်ဖော်ပြနေတယ်ဆိုပြီး သတင်း website တွေကို ပိတ်ဖို့ အစိုးရက ညွှန်ကြားတဲ့အပေါ် ဒစ်ဂျစ်တယ်အခွင့်အရေးဆောင်ရွက်နေတဲ့အဖွဲ့တွေ သတင်းလွတ်လပ်ခွင့်ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ဝေဖန်လိုက်ကြပါတယ်။

တိုင်းရင်းသား သတင်းမီဒီယာတွေရဲ့ အင်တာနက် စာမျက်နှာတွေ အပါအဝင် အင်တာနက် စာမျက်နှာ ၂၂၁ ခုကို မတ်လထဲမှာ ပိတ်ခဲ့တဲ့အပေါ် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်အခွင့်အရေးဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း ၂၅၀ က စုပေါင်း ကန့်ကွက်တဲ့ ကြေညာချက်ထုတ်ခဲ့ပါတယ်။

တယ်လီဖုန်း ဆက်သွယ်ရေးကုမ္ပဏီ ၄ ခု ကို အစိုးရဲ့ ညွှန်ကြားချက်အရ တယ်လီနောမြန်မာက အဲဒီသတင်း website တွေကို Mobile လက်ကိုင်ဖုန်းတွေကနေ ဝင်ဖတ်လို့ မရအောင် ပိတ်ခဲ့တာပါ။ အလားတူ MPT နဲ့ MyTel တို့ကလည်း ရခိုင်၊ ကရင်စတဲ့ တိုင်းရင်းသားဒေသတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ ပိတ်ခဲ့တာကိုလည်း ဒစ်ဂျစ်တယ်အခွင့်အရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေရဲ့ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ ဒီလိုပိတ်ဖို့ ညွှန်ကြားတာဟာ နိုင်ငံတကာလူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်လို့ထောက်ပြပါတယ်။

အစိုးရအနေနဲ့ COVID-19 ကပ်ရောဂါကို အသုံးချပြီး သတင်းအချက်အလက်တွေကို ပိတ်ပင်တာနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိုမိုတားဆီးတဲ့အပေါ် စိုးရိမ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရခိုင်နဲ့ ချင်းပြည်နယ်တွေထဲက ပြည်တွင်းစစ်ဖြစ်နေတဲ့ မြို့နယ် ၉ မြို့နယ်မှာ အင်တာနက်ဖြတ်ထားတာ ၉ လကျော်နေပြီဖြစ်လို့ အဲဒီဒေသတွေက ပြည်သူတွေအနေနဲ့ သတင်းအချက်အလက် ရယူပိုင်ခွင့်နဲ့ လွတ်လပ်စွာပြောဆိုနိုင်ခွင့် ထိခိုက်နေတာမို့ အင်တာနက် ပြန်လည်ဖွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ ​

အရေးပေါ် အခြေအနေတွေမှာ သတင်းတွေကို အချိန်နဲ့ တပြေးညီသိနိုင်ဖို့ အစိုးရအနေနဲ့ Website တွေ၊ သီးသန့်ဖုန်းလိုင်းတွေ ဖွင့်ထားသင့်တယ်လို့လည်း အကြံပြုပါတယ်။ သတင်းမှား တိုက်ဖျက်နေတဲ့ တချိန်ထဲမှာ သတင်းမီဒီယာလွတ်လပ်ခွင့်ကိုလည်း ဖော်ဆောင်ပေးဖို့ အဖွဲ့အစည်း ၂၅၀ ပါတဲ့ ဒစ်ဂျစ်တယ်အခွင့်အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက စုပေါင်းတောင်းဆိုကြပါတယ်။

COVID-19 နဲ့ ပတ်သက်တဲ့ သတင်းမှားတွေ တိုက်ဖျက်ဖို့အတွက်ဆိုပြီး ခုလို သတင်း website တွေကို ပိတ်ခိုင်းတာဟာ မြန်မာအစိုးရရဲ့ အာဏာရှင်ဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမထားသတင်းထောက်များအဖွဲ့ (RSF) ကလည်း ဒီကနေ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ရခိုင်တိုက်ပွဲသတင်းတွေ ထုတ်ပြန်တာနဲ့ ပတ်သက်လို့ ဖမ်းဆီးခံရတဲ့ Voice of Myanmar အွန်လိုင်းသတင်းဌာန တည်ထောင်သူနဲ့ အယ်ဒီတာချုပ် ကိုနေမျိုးလင်းအပါအဝင် သတင်းသမား ၅ ယောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေကြတယ်လို့လည်း RSF ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG