သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူ႔အခြင့္အေရး ၿငိမ္းခ်မ္းစြာလႈပ္ရွားသူေတြ ေထာင္ကလႊတ္ေပးဖို႔ AI တိုက္တြန္း


သတင္းလြတ္လပ္ခြင့္အတြက္ ဆႏၵျပေနၾကတဲ့ လူတခ်ိဳ႕ (စက္တင္ဘာ ၁၆၊ ၂၀၁၈)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ လူ႔အခြင့္အေရးကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေတာင္းဆိုလို႔ ေထာင္ခ်ခံရသူေတြကို ျခြင္းခ်က္မ႐ွိ ခ်က္ခ်င္းလႊတ္ေပးဖုိ႔ Amnesty International လူ႔အခြင့္အေရးအဖဲြ႔ ယာယီအေထြေထြ အတြင္းေရးမွဴးက သမၼတဦးဝင္းျမင့္ကို အိတ္ဖြင့္ေပးစာ ေပးပို႔ၿပီး တိုက္တြန္းလိုက္ပါတယ္။

လူ႔အခြင့္အေရးကာကြယ္ ေစာင့္ေ႐ွာက္သူေတြ၊ တက္ၾကြလႈပ္႐ွားသူေတြ သတင္းသမားေတြအားလံုးကို ျပန္လႊတ္ေပးဖို႔ ယာယီအေထြေထြ အတြင္းေရးမွဴး Julie Verhaar က ဧၿပီ ၉ ရက္ေန႔ ေန႔စြဲနဲ႔ စာေရးသားေပးပို႔ခဲ့ပါတယ္။

ဖမ္းဆီး တရားစြဲ ေထာင္ခ်ခံရသူ တခ်ိဳ႕ဟာ မတရားမႈေတြ၊ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြကို ဆန္႔က်င္ေျပာလို႔ ပစ္မွတ္ထား အေရးယူခံရသလို တခ်ဳိ႕ကေတာ့ စစ္တပ္အပါအဝင္ အာဏာပိုင္ေတြကို Online ေပၚမွာ ေဝဖန္မႈေတြလုပ္ခဲ့လို႔ျဖစ္တယ္လို႔ စာထဲမွာေရးသားထားပါတယ္။

ႏိုင္ငံေရးအရ ရည္႐ြယ္ခ်က္နဲ႔ ဖမ္းဆီး အက်ဥ္းခ်မႈေတြကို ျမန္မာ့ဥပေဒေဘာင္က ခြင့္ျပဳထားတယ္လို႔လည္းဆိုၿပီး လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္၊ ဖြဲစည္းခြင့္၊ စုေဝးခြင့္ အခြင့္အေရးေတြကို ထင္သလို ကန္႔သတ္ႏိုင္တဲ့ ဥပေဒေတြ ႐ွိေနတာကို ေထာက္ျပထားပါတယ္။ ဒါေၾကာင့္ ဒီဖိႏွိပ္တဲ့ ဥပေးေတြကို ႏိုင္ငံတကာလူ႔အခြင့္အေရး စံႏႈန္းေတြန႔ဲ ကိုက္ညီေအာင္ ျပင္ဆင္ဖုိ႔ တိုက္တြန္းသလို၊ မျပင္ဆင္ႏိုင္ခင္ လူ႔အခြင့္အေရးက်င့္သံုးသူေတြကို ဒီဥပေဒေတြနဲ႔ အေရးယူ ေထာင္ခ်ေနတာ ရပ္ဖုိ႔ စာထဲမွာ ပန္ၾကားထားပါတယ္။

COVID-19 ကပ္ေရာဂါျဖစ္ေနခ်ိန္မွာ အာဏာပိုင္ေတြဟာ သတင္းသမားနဲ႔ တက္ၾကြလႈပ္႐ွားသူေတြကို ႏိုင္ငံေရးရည္႐ြယ္ခ်က္နဲ႔လုပ္တ့ဲ စြဲခ်က္ေတြနဲ႔ ပစ္မွတ္ထားလာသလုိ၊ လူထုအတြက္ အက်ဳိး႐ွိေစတဲ့သတင္းေတြကို ဟန္႔တားတဲ့အေနနဲ႔ သတင္း Website ေတြကို ပိတ္တာ၊ အင္တာနက္ျဖတ္တာေတြ လုပ္ေနတာကိုလည္း Amnesty International အဖဲြက စိုးရိမ္တယ္လို႔ ယာယီအေထြေထြ အတြင္းေရးမွဴး Julie Verhaar က သမၼတဦးဝင္းျမင့္ကို ေပးပို႔တဲ့ စာထဲမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လူ့အခွင့်အရေး ငြိမ်းချမ်းစွာလှုပ်ရှားသူတွေ ထောင်ကလွှတ်ပေးဖို့ AI တိုက်တွန်း

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို ငြိမ်းငြိမ်းချမ်းချမ်းတောင်းဆိုလို့ ထောင်ချခံရသူတွေကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ ယာယီအထွေထွေ အတွင်းရေးမှူးက သမ္မတဦးဝင်းမြင့်ကို အိတ်ဖွင့်ပေးစာ ပေးပို့ပြီး တိုက်တွန်းလိုက်ပါတယ်။

လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေ သတင်းသမားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ယာယီအထွေထွေ အတွင်းရေးမှူး Julie Verhaar က ဧပြီ ၉ ရက်နေ့ နေ့စွဲနဲ့ စာရေးသားပေးပို့ခဲ့ပါတယ်။

ဖမ်းဆီး တရားစွဲ ထောင်ချခံရသူ တချို့ဟာ မတရားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆန့်ကျင်ပြောလို့ ပစ်မှတ်ထား အရေးယူခံရသလို တချို့ကတော့ စစ်တပ်အပါအဝင် အာဏာပိုင်တွေကို Online ပေါ်မှာ ဝေဖန်မှုတွေလုပ်ခဲ့လို့ဖြစ်တယ်လို့ စာထဲမှာရေးသားထားပါတယ်။

နိုင်ငံရေးအရ ရည်ရွယ်ချက်နဲ့ ဖမ်းဆီး အကျဉ်းချမှုတွေကို မြန်မာ့ဥပဒေဘောင်က ခွင့်ပြုထားတယ်လို့လည်းဆိုပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဖွဲစည်းခွင့်၊ စုဝေးခွင့် အခွင့်အရေးတွေကို ထင်သလို ကန့်သတ်နိုင်တဲ့ ဥပဒေတွေ ရှိနေတာကို ထောက်ပြထားပါတယ်။ ဒါကြောင့် ဒီဖိနှိပ်တဲ့ ဥပေးတွေကို နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့ တိုက်တွန်းသလို၊ မပြင်ဆင်နိုင်ခင် လူ့အခွင့်အရေးကျင့်သုံးသူတွေကို ဒီဥပဒေတွေနဲ့ အရေးယူ ထောင်ချနေတာ ရပ်ဖို့ စာထဲမှာ ပန်ကြားထားပါတယ်။

COVID-19 ကပ်ရောဂါဖြစ်နေချိန်မှာ အာဏာပိုင်တွေဟာ သတင်းသမားနဲ့ တက်ကြွလှုပ်ရှားသူတွေကို နိုင်ငံရေးရည်ရွယ်ချက်နဲ့လုပ်တဲ့ စွဲချက်တွေနဲ့ ပစ်မှတ်ထားလာသလို၊ လူထုအတွက် အကျိုးရှိစေတဲ့သတင်းတွေကို ဟန့်တားတဲ့အနေနဲ့ သတင်း Website တွေကို ပိတ်တာ၊ အင်တာနက်ဖြတ်တာတွေ လုပ်နေတာကိုလည်း Amnesty International အဖွဲက စိုးရိမ်တယ်လို့ ယာယီအထွေထွေ အတွင်းရေးမှူး Julie Verhaar က သမ္မတဦးဝင်းမြင့်ကို ပေးပို့တဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG