သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကူတူပါလောင်ဒုက္ခသည်စခန်း ရိုဟင်ဂျာတွေ နဲ့ NGO ဝန်ထမ်းတွေကြား ခိုက်ရန်ဖြစ်ပွား


ကူတူပါလောင်ဒုက္ခသည်စခန်း ရိုဟင်ဂျာတွေ နဲ့ NGO ဝန်ထမ်းတွေကြား ခိုက်ရန်ဖြစ်ပွား (ukhiyanews)
ကူတူပါလောင်ဒုက္ခသည်စခန်း ရိုဟင်ဂျာတွေ နဲ့ NGO ဝန်ထမ်းတွေကြား ခိုက်ရန်ဖြစ်ပွား (ukhiyanews)

ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့စ်ဘဇားခရိုင်၊ ကူတူပါလောင် ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို BRAC လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းကြား လူသားအရင်းမြစ် တည်ဆောက်ပေးရေး NGO အဖွဲ့က စာရင်းကောက်ယူပြီးအပြန်မှာ ကား၂စီးပေါ်ပါလာတဲ့ အမျိုးသမီးဝန်ထမ်းတွေ အောက်ဆင်း လမ်းလျှောက်စဉ်- ဒုက္ခသည်တချို့က ဝိုင်းဝန်းနောက်ပြောင်ရာက NGO တွေနဲ့ ဒုက္ခသည်တွေကြား အပြန်လှန် ခိုက်ရန်ဖြစ်ပွားပြီး NGO ဝန်ထမ်း ၅ဦးနဲ့ ဒုက္ခသည်တချို့ပါ ဒဏ်ရာရရှိသွားတယ်လို့ နယ်စပ်အခြေစိုက် နိရဉ္စရာ သတင်းဌာနကပြောပါတယ်။ ခိုက်ရန်ဖြစ်တဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားအာဏာပိုင် တွေက လိုက်လံရှာဖွေနေပေးမယ့် တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ဒီအခြေအနေတွေ သိရအောင် အဲဒီစခန်းထဲက ဒုက္ခသည် ဦးမောင်မောင်ကို မသိဂီထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အဖြစ်အပျက်လေးအရင်ပြောပြပေးပါ။ ဘယ်လိုများဖြစ်ပါသလဲ

ဖြေ။ ။ BRAC ဝန်ထမ်းအမျိုးသမီးတယောက်ကနေ လမ်းလျောက်လာတဲ့အချိန်မှာ သူတို့ကနေ အဲဒီနေရာက လူတွေက တအားစီတယ် သွားဖို့ ခက်တယ်ဆိုတော့ အဲဒီအမျိုးသမီးဘေးနားကို ဖြတ်သွားခဲ့တယ်လို့ သူတို့ပြောတယ်။ နောက်ပြီး အမျိုးသမီးတွေနဲ့ နည်းနည်းစကားများသွားတယ်လို့ ပြောတယ်။ များပြီးတော့ အဲဒီအမျိုးသမီးတွေက BRAC ဝန်ထမ်းအမျိုးသမီးတွေပေ့ါနော် ။ အဲဒါ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ပထမပိုင်းမှာ လာပြီးတော့ ရိုက်တယ်လို့ပြောတယ် နောက်ပိုင်းမှာ အဲဒီ ဒုက္ခသည်စခန်းက လူတွေထွက်လာပြီးတော့ သူတို့ဘက်ကလည်း ၁၀ ယောက်လောက်ရှိမယ် အဲဒီဝန်ထမ်းတွေကို ဝိုင်းပြီးတော့ လုပ်တယ်လို့ ပြောတယ်။

မေး။ ။ အဲဒီတော့ ဘယ်နှစ်ယောက် ဒဏ်ရာရပါသလဲ။

ဖြေ။ ။ ဟိုဘက်က NGO ဝန်ထမ်းတွေဘက်က ၅ ယောက်လို့ ပြောတယ် ဒါပေမယ့် ဒီဘက်မှာလည်း ၄-၅ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ပြောတယ်။

မေး။ ။ ဆိုတော့ ဒဏ်ရာရတဲ့ သူတို့ရဲ့အခြေအနေဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဒဏ်ရာရတဲ့ သူတွေအခြေအနေက အခုလောလောဆည် စိုးရိမ်စရာအနေအထား မရှိဘူးလို့ပြောတယ်။ သူတို့ နည်းနည်းသက်သာလာပြီလို့ပြောတယ်။

မေး။ ။ NGO ဝန်ထမ်းတွေက အဲဒီဒုက္ခသည်စခန်းမှာ အကူအညီပေးဖို့သွားတာလား ဒါမှမဟုတ် ဘယ်လိုပုံစံမျိုးရောက်ပြီးတော့ တိုက်ခိုက်ခံရတာပါလဲ။

ဖြေ။ ။ NGO ဝန်ထမ်းတွေက အဲဒီဒုက္ခသည်စခန်းကို ဝင်လာတဲ့ လမ်းကနေ ဝင်လာတာပါ။

မေး။ ။ သူတို့ ကားနဲ့ ဖြတ်လာတဲ့ ခရီးတထောက်ပေါ့နော်

ဖြေ။ ။ ကားနဲ့ ဖြတ်လာတယ် အဲဒီဒုက္ခသည်စခန်းမှာ ကားလမ်းရှိတယ် အဲဒီ လမ်းကနေ လာတာပါ။

မေး။ ။ လမ်းမှာလာတဲ့အချိန်မှာ သူတို့တားခံရတာလား ၊ ဒါမှမဟုတ် သူတို့ ခရီးတထောက်နားကြတာလား။

ဖြေ။ ။သူတို့အဲဒီ ကားနားတဲ့နေရာရှိတယ် အဲဒီမှာ ကားရပ်နားပြီးတော့ အဲဒီ နေရာကနေ လမ်းလျောက်သွားတာပါ။

မေး။ ။ အဲဒီလို လမ်းလျောက်သွားတဲ့အချိန်မှာ ဖြစ်ခဲ့တာပေါ့နော်။

ဖြေ။ ။ဟုတ်ပါတယ် အဲဒီလို လမ်းလျောက်ရင်းနဲ့ တယောက်နဲ့ တယောက်ရန်ဖြစ်တာပါ။ အဲဒီက လူအရမ်းများတယ် လမ်းကလည်း သိပ်မကြီးဘူး။

မေး။ ။ အဲဒီလို ရန်ဖြစ်ကြတဲ့လူတွေထဲက ဖမ်းထားတဲ့ လူတွေရောရှိပါသလား ဘယ်လိုကြားပါသလဲ။

ဖြေ။ ။ အခုလောလောဆည် ဖမ်းထားတဲ့ လူတွေတော့ မကြားသေးပါဘူး။ ဒါပေမယ့် ပထမပိုင်းမှာ တိုက်ခိုက်တဲ့အတွင်း ပါတဲ့လူတွေကို ဖမ်းဖို့ဆိုပြီးတော့ အာဏာပိုင်တွေဆီက လာပြီးတော့ ဖမ်းဖို့ ပြောတယ် ဒါပေမယ့် သူတို့ တိမ်းရှောင်နေရတယ်လို့ ပြောတယ်။

မေး။ ။ အဲဒီတော့ ကုတုပလောင် ၊ Cox bazar ဘက်က လာတဲ့သတင်းတွေမှာ အခင်းဖြစ်တဲ့နေရာကို အာဏာပိုင်တွေသွားပြီးတော့ ထိန်းရတယ်လို့ ပြောပါတယ်။ အဲဒါရော ဦးမောင်မောင်တို့ ဘာသိထားပါသလဲ

ဖြေ။ ။ ပထမတော့ ရဲတွေကို ညှိနိုှုင်းခိုင်းထားတယ်။ အခုလောလောဆည် ၂ ဖက်စလုံးကိုပဲ ညှိနှိုင်းပြီးတော့ အဲဒီက အာဏာပိုင်တွေ စခန်းတာဝန်ရှိသူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ သူတို့လုပ်တယ်လို့ပြောပါတယ်။

မေး။ ။ အဲဒီမှာရော အထူးလုံခြုံရေး ၊ အခုအခင်းဖြစ်ပြီးမှ ထပ်ပြီးတော့ လုံခြုံရေး ချထားပါသလား။

ဖြေ။ ။ လုံခြုံရေးကတော့ လောလောဆည် ၂၄ နာရီရှိပြီးသားပါ အဲဒီလမ်းမှာ။ သူတို့က ဒုက္ခသည်အဟောင်း ကျနော်တို့ကတော့ ဒုက္ခသည်အသစ်တွေပါ။

မေး။ ။ ဦးမောင်မောင်ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ဟုတ်ကဲ့ပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG