သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မေတာ္ရဲ႕ အပစ္ရပ္ေရးေၾကညာခ်က္မွာ ရခုိင္နဲ႔ ခ်င္းျပည္နယ္ေတြပါ ထည့္သြင္းဖုိ႔ ၿဗိတိန္တုိက္တြန္း


(Zawgyi/Unicode)

ေမလ ၁၄ ရက္ေန႔က ကုလသမဂၢ လုံျခဳံေရးေကာင္စီမွာ ျမန္မာႏိုင္ငံကိစၥ တံခါးပိတ္ အစည္းအေဝးျပဳလုပ္ ခဲ့တာကို ယူေကနိုင္ငံက ႀကိဳဆိုေၾကာင္း ယူေက နိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ပါတယ္။ COIVD-19 ကမၻာ့ကပ္ေရာဂါ က်ေရာက္ေနခ်ိန္ ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္တပ္ AAတို႔အၾကား ပဋိပကၡေတြအရွိန္ျမင့္တက္ေနၿပီး အရပ္သားေတြ ထိခိုက္ေနတာေၾကာင့္ ယူေကနိုင္ငံက အဲဒီ အစည္း အေဝးကို ေခၚယူဖို႔ ေတာင္းဆိုခဲ့တာျဖစ္တယ္လို႔လည္း ယူေကနိုင္ငံျခားေရးဝန္ႀကီး ဌာနက ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ဦးေဆာင္ၿပီး COVID-19 ေရာဂါအေၾကာင္း လူထု အသိပညာေပး လုပ္ငန္းေတြ လုပ္ေနတာေတြ၊ စီးပြားေရး ကုစားဖို႔ COVID- 19 Economic relief plan ေတြ လုပ္ေဆာင္တာေတြ အပါအဝင္ COVID-19 ကပ္ေရာဂါ တု႔ံျပန္ေရးလုပ္ငန္းေတြ ျမန္မာနိုင္ငံမွာ လုပ္ေဆာင္ ေနတာကို ယူေကနိုင္ငံက အသိအမွတ္ျပဳၿပီး ေကာင္းမြန္တဲ့ လုပ္ေဆာင္ခ်က္ေတြအျဖစ္ ျမင္ေပမဲ့ ရခိုင္ျပည္နယ္က ပဋိပကၡေတြကေတာ့ အကာအကြယ္မဲ့ေနသူေတြကို COVID- 19 အႏၲရာယ္ ပိုၿပီး ရွိေစလာတယ္လို႔လည္း ဆိုပါတယ္။

တိုက္ပြဲေတြေၾကာင့္ ပဋိပကၡ ျဖစ္ရတဲ့ အေၾကာင္း ရင္းေတြကို ရွာေဖြေျဖရွင္းဖို႔ မလြယ္ကူသလို ေရရွည္လုပ္ငန္းတစ္ခုျဖစ္တဲ့ ရိုဟင္ဂ်ာ ဒုကၡသည္ေတြ မိမိဆႏၵအေလ်ာက္ ဂုဏ္ သိကၡာ ရွိရွိ ေနရပ္ျပန္နိုင္ေရး ပတ္ဝန္းက်င္ေကာင္း ဖန္တီးေပးဖို႔ကိုလည္း ခက္ခဲသြားေစတယ္လို႔ လည္း ေၾကညာခ်က္မွာ ေဖာ္ပါထားပါတယ္။

ဒါေၾကာင့္ ျမန္မာ့တပ္မေတာ္က ေမလ ၉ ရက္ေန႔က ေၾကညာထားတဲ့ တစ္နိုင္ငံလုံး အပစ္ရပ္စဲေရး နယ္ပယ္အတြင္း ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြကိုလည္း တိုးခ်ဲ႕ ထည့္သြင္းဖို႔ ျမန္မာ့ တပ္မေတာ္ကိုတိုက္တြန္းထားၿပီး အဲဒီျပည္နယ္ေတြထဲ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ထားတာ ျပန္ဖြင့္ေပးဖို႔လည္း ယူေကႏိုင္ငံက ေတာင္းဆိုထားပါတယ္။ လူသားခ်င္း စာနာမႈ အေထာက္ အကူ ပစၥည္းေတြ စစ္ေဘးေရွာင္စခန္းေတြ အပါအဝင္ ရခိုင္နဲ႔ခ်င္းျပည္နယ္အတြင္းက ေနရာအားလုံးဆီကို ေရာက္ရွိဖို႔ လုပ္ေဆာင္ေပးဖို႔ကို လည္း ျမန္မာ အာဏာပိုင္ေတြကို တိုက္တြန္းထားပါတယ္။

ယူေကႏိုင္ငံအေနနဲ႔ ကုလသမဂၢ၊ အာဆီယံနဲ႔ ျမန္မာနိုင္ငံကို အကူအညီေပးေနတဲ့ အလႉရွင္ႏိုင္ငံေတြ နဲ႔ ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို ေနရပ္ျပန္ႏိုင္ခ်ိန္အထိတိုင္ ကာကြယ္ေစာင့္ေရွာက္ေပးထားတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔ကို ေက်းဇူးတင္ေၾကာင္းလည္း ယူေက နိုင္ငံျခားေရး႐ုံးရဲ႕ ေၾကညာခ်က္ထဲ ေဖာ္ျပထားပါတယ္။

ယူေကနိုင္ငံျခားေရးဝန္ႀကီးဌာနရဲ့ ေၾကညာခ်က္အေပၚ ျမန္မာအစိုးရရဲ့ တုံ႔ျပန္ခ်က္ကို မသိရွိရေသးပါဘူး။ ျမန္မာအစိုးရက ရိုဟင္ဂ်ာ အသုံးအႏႈန္းကို လက္မခံေပမဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး လက္ခံေဆာင္ရြက္ေပးမယ္ လို႔ ကတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

တပ်မတော်ရဲ့ အပစ်ရပ်ရေးကြေညာချက်မှာ ရခိုင်နဲ့ ချင်းပြည်နယ်တွေပါ ထည့်သွင်းဖို့ ဗြိတိန်တိုက်တွန်း

(Unicode)

မေလ ၁၄ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံကိစ္စ တံခါးပိတ် အစည်းအဝေးပြုလုပ် ခဲ့တာကို ယူကေနိုင်ငံက ကြိုဆိုကြောင်း ယူကေ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ COIVD-19 ကမ္ဘာ့ကပ်ရောဂါ ကျရောက်နေချိန် ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ် AAတို့အကြား ပဋိပက္ခတွေအရှိန်မြင့်တက်နေပြီး အရပ်သားတွေ ထိခိုက်နေတာကြောင့် ယူကေနိုင်ငံက အဲဒီ အစည်း အဝေးကို ခေါ်ယူဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း ယူကေနိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး COVID-19 ရောဂါအကြောင်း လူထု အသိပညာပေး လုပ်ငန်းတွေ လုပ်နေတာတွေ၊ စီးပွားရေး ကုစားဖို့ COVID- 19 Economic relief plan တွေ လုပ်ဆောင်တာတွေ အပါအဝင် COVID-19 ကပ်ရောဂါ တုံ့ပြန်ရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ လုပ်ဆောင် နေတာကို ယူကေနိုင်ငံက အသိအမှတ်ပြုပြီး ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေအဖြစ် မြင်ပေမဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကတော့ အကာအကွယ်မဲ့နေသူတွေကို COVID- 19 အန္တရာယ် ပိုပြီး ရှိစေလာတယ်လို့လည်း ဆိုပါတယ်။ တိုက်ပွဲတွေကြောင့် ပဋိပက္ခ ဖြစ်ရတဲ့ အကြောင်း ရင်းတွေကို ရှာဖွေဖြေရှင်းဖို့ မလွယ်ကူသလို ရေရှည်လုပ်ငန်းတစ်ခုဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ မိမိဆန္ဒအလျောက် ဂုဏ် သိက္ခာ ရှိရှိ နေရပ်ပြန်နိုင်ရေး ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးဖို့ကိုလည်း ခက်ခဲသွားစေတယ်လို့ လည်း ကြေညာချက်မှာ ဖော်ပါထားပါတယ်။

ဒါကြောင့် မြန်မာ့တပ်မတော်က မေလ ၉ ရက်နေ့က ကြေညာထားတဲ့ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး နယ်ပယ်အတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေကိုလည်း တိုးချဲ့ ထည့်သွင်းဖို့ မြန်မာ့ တပ်မတော်ကိုတိုက်တွန်းထားပြီး အဲဒီပြည်နယ်တွေထဲ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ပြန်ဖွင့်ပေးဖို့လည်း ယူကေနိုင်ငံက တောင်းဆိုထားပါတယ်။ လူသားချင်း စာနာမှု အထောက် အကူ ပစ္စည်းတွေ စစ်ဘေးရှောင်စခန်းတွေ အပါအဝင် ရခိုင်နဲ့ချင်းပြည်နယ်အတွင်းက နေရာအားလုံးဆီကို ရောက်ရှိဖို့ လုပ်ဆောင်ပေးဖို့ကို လည်း မြန်မာ အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

ယူကေနိုင်ငံအနေနဲ့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ မြန်မာနိုင်ငံကို အကူအညီပေးနေတဲ့ အလှူရှင်နိုင်ငံတွေ နဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ပြန်နိုင်ချိန်အထိတိုင် ကာကွယ်စောင့်ရှောက်ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို ကျေးဇူးတင်ကြောင်းလည်း ယူကေ နိုင်ငံခြားရေးရုံးရဲ့ ကြေညာချက်ထဲ ဖော်ပြထားပါတယ်။

ယူကေနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်အပေါ် မြန်မာအစိုးရရဲ့ တုံ့ပြန်ချက်ကို မသိရှိရသေးပါဘူး။ မြန်မာအစိုးရက ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး လက်ခံဆောင်ရွက်ပေးမယ် လို့ ကတိပေးထားပါတယ်။

XS
SM
MD
LG