သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ ခ်က္ခ်င္း အပစ္အခတ္ရပ္စဲေရး လုံၿခံဳေရးေကာင္စီ၀င္ အီးယူႏုိင္ငံေတြေတာင္းဆုိ


လုံၿခံဳေရးေကာင္စီေဆြးေႏြးပြဲအၿပီး ဥေရာပ ၅ ႏုိင္ငံ ေဆြးေႏြး

(Zawgyi/Unicode)

ျမန္မာ့အေရးနဲ႔ပတ္သက္လုိ႔ ကုလသမဂၢလုံၿခံဳေရးေကာင္စီမွာ တံခါးပိတ္ ေဆြးေႏြးခဲ့ၾကတဲ့ အေၾကာင္းကုိ ကိုေဇာ္၀င္းလႈိင္က တင္ျပေပးမွာပါ။

ျမန္မာႏုိင္ငံအတြင္း ျဖစ္ေပၚတုိးတက္မႈေတြနဲ႔ ပတ္သက္လုိ႔ ကုလသမဂၢရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ အထူးကုိယ္စားလွယ္ Christine Schraner Burgener က ေမလ ၁၄ ရက္ေန႔မွာ လုံၿခံဳေရးေကာင္စီ အဖြဲ႔၀င္ေတြကုိ တံခါးပိတ္ တင္ျပခဲ့တာပါ။ ျမန္မာႏုိင္ငံမွာ အားလုံးပါ၀င္တဲ့ အပစ္အခတ္ရပ္စဲေရးကုိ ခ်က္ခ်င္းေဖာ္ေဆာင္ဖုိ႔ အီးယူ ၅ ႏုိင္ငံကုိယ္စား လုံၿခံဳေရးေကာင္စီ၀င္ Belgium ႏုိင္ငံက ကုလသမဂၢဆုိင္ရာ ဒုတိယ အၿမဲတမ္းကုိယ္စားလွယ္ Marc Pecsteen de Buytswerve က ေဆြးေႏြးပြဲအၿပီး ေျပာပါတယ္။

“ရခုိင္နဲ႔ခ်င္းျပည္နယ္ေတြမွာ စစ္ေရးပဋိပကၡေတြ အရွိန္ျမင့္လာတာနဲ႔ပတ္သက္ၿပီး စုိးရိမ္ မကင္းျဖစ္ရေၾကာင္း၊ WHO ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီးရဲ႕ ေမာ္ေတာ္ယာဥ္ကုိ ဧၿပီအတြင္း တုိက္ခုိက္ခဲ့တဲ့ ကိစၥကုိလည္း ျပင္းထန္စြာ ရႈတ္ခ်ၿပီး ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ ေတာင္းဆုိထားတဲ့ ကမၻာ့တ၀ွမ္း အပစ္အခတ္ရပ္စဲေရးကုိ ေထာက္ခံေၾကာင္း”ေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ ဒုကၡသည္ေတြနဲ႔ ျပည္တြင္း ေနရပ္စြန္႔ခြာ ထြက္ေျပးရသူေတြအေရးနဲ႔ ပတ္သက္လုိ႔လည္း အခုလုိ ဆက္ေျပာပါတယ္။

“COVID-19 ကပ္ေရာဂါ တားဆီးကာကြယ္ေရးလုပ္ငန္းမွာ လူ႔အသုိက္အ၀န္း အားလုံး ပါ၀င္ရမွာျဖစ္ၿပီး အကာအကြယ္မဲ့ ဒုကၡသည္ေတြ၊ ျပည္တြင္း အုိးအိမ္စြန္႔ခြာ ထြက္ေျပးေနရသူေတြကုိပါ ထည့္သြင္းဖုိ႔နဲ႔ စာနာမႈဆုိင္ရာ ၀န္ထမ္းေတြနဲ႔ က်န္းမာေရး၀န္ထမ္းေတြအေနနဲ႔ လုိအပ္မႈ အမ်ားဆုံး ျဖစ္ေနတဲ့ လူေတြထံ အတားအဆီးမဲ့ သြားေရာက္ခြင့္ျပဳဖုိ႔ကုိလည္း အေလးအနက္ထား ေတာင္းဆုိေၾကာင္း” ေျပာခဲ့တာပါ။

တခ်ိန္ထဲမွာဘဲ သြားလာမႈ ကန္႔သတ္ခ်က္နဲ႔ အင္တာနက္ ပိတ္ပင္ထားမႈေတြကုိ ျပန္ဖြင့္ေပးဖုိ႔ကိုလည္း ေတာင္းဆုိပါတယ္။

ရုိဟင္ဂ်ာဒုကၡသည္ေတြ သူတုိ႔ဆႏၵအေလွ်ာက္ ဂုဏ္သိကၡာရွိစြာ ျပန္လာႏုိင္ေရးကုိလည္း အေလးအနက္ထား ေျပာၾကားလုိေၾကာင္း Belgium ဒုတိယ အၿမဲတမ္းကုိယ္စားလွယ္က ေျပာပါတယ္။

ပင္လယ္ရပ္ျခားမွာ ခုိလႈံခြင့္ရွာေဖြေနတဲ့ ဒုကၡသည္ေတြအတြက္လည္း စုိးရိမ္မကင္းျဖစ္မိၿပီး အဲဒီအတြက္ ေဒသတြင္းက တံု႔ျပန္ေဆာင္ရြက္ၾကဖုိ႔လည္း ေတာင္းဆုိပါတယ္။ ဒါ့အျပင္ ႏုိင္ငံတကာ ဒုကၡသည္မ်ားဆုိင္ရာ ဥပေဒေတြသာမက ႏုိင္ငံတကာ ဥပေဒကုိလည္း ေလးစားလုိက္နာဖုိ႔လည္း ေတာင္းဆုိပါတယ္။

“ ျမန္မာႏုိင္ငံအေနနဲ႔ ရုိဟင္ဂ်ာ ျပႆနာရဲ႕ အေျခခံအေၾကာင္းရင္းေတြကုိ ေျဖရွင္းဖုိ႔နဲ႔ ရခုိင္အႀကံေပးေကာ္မရွင္ရဲ႕ တင္ျပခ်က္ေတြကုိ အျပည့္အ၀ အေကာင္အထည္ေဖာ္ဖုိ႔ ေတာင္းဆုိေၾကာင္း”ေျပာခဲ့တာပါ။

ICJ ႏုိင္ငံတကာတရားရုံးက ခ်မွတ္ထားတဲ့ Provisional Measures ေခၚ ယာယီလုပ္ေဆာင္ရမယ့္ အေျခအေနေတြကုိ ႏုိင္ငံတကာ ဥပေဒမ်ားနဲ႔အညီ လုိက္နာဖုိ႔ ေတာင္းဆုိၿပီး ေနာက္ဆုံးအေနနဲ႔ ျမန္မာႏုိင္ငံအတြင္း ကုလသမဂၢရဲ႕ လုပ္ေဆာင္ အားထုတ္မႈေတြကုိ ေထာက္ခံ အတည္ျပဳေၾကာင္း လုံၿခံဳေရးေကာင္စီ၀င္ Belgium ႏုိင္ငံက ကုလသမဂၢဆုိင္ရာ ဒုတိယ အၿမဲတမ္းကုိယ္စားလွယ္ Marc Pecsteen de Buytswerve က ေဆြးေႏြးပြဲအၿပီး ေျပာပါတယ္။

လုံၿခံဳေရးေကာင္စီေဆြးေႏြးပြဲအၿပီး ေျပာၾကားခဲ့တဲ့ ဥေရာပ ၅ ႏုိင္ငံကေတာ့ Belgium ၊ Estonia ၊ ဂ်ာမနီ၊ ျပင္သစ္နဲ႔ ပုိလန္ႏုိင္ငံတုိ႔ ျဖစ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........................

မြန်မာနိုင်ငံမှာ ချက်ချင်း အပစ်အခတ်ရပ်စဲရေး လုံခြုံရေးကောင်စီဝင် အီးယူနိုင်ငံတွေတောင်းဆို

(Unicode)

မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးခဲ့ကြတဲ့ အကြောင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးမှာပါ။

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က မေလ ၁၄ ရက်နေ့မှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို တံခါးပိတ် တင်ပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းဖော်ဆောင်ဖို့ အီးယူ ၅ နိုင်ငံကိုယ်စား လုံခြုံရေးကောင်စီဝင် Belgium နိုင်ငံက ကုလသမဂ္ဂဆိုင်ရာ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် Marc Pecsteen de Buytswerve က ဆွေးနွေးပွဲအပြီး ပြောပါတယ်။

“ရခိုင်နဲ့ချင်းပြည်နယ်တွေမှာ စစ်ရေးပဋိပက္ခတွေ အရှိန်မြင့်လာတာနဲ့ပတ်သက်ပြီး စိုးရိမ် မကင်းဖြစ်ရကြောင်း၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ မော်တော်ယာဉ်ကို ဧပြီအတွင်း တိုက်ခိုက်ခဲ့တဲ့ ကိစ္စကိုလည်း ပြင်းထန်စွာ ရှုတ်ချပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တောင်းဆိုထားတဲ့ ကမ္ဘာ့တဝှမ်း အပစ်အခတ်ရပ်စဲရေးကို ထောက်ခံကြောင်း”ပြောကြားခဲ့တာပါ။

ဒါ့အပြင် ဒုက္ခသည်တွေနဲ့ ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေအရေးနဲ့ ပတ်သက်လို့လည်း အခုလို ဆက်ပြောပါတယ်။

“COVID-19 ကပ်ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းမှာ လူ့အသိုက်အဝန်း အားလုံး ပါဝင်ရမှာဖြစ်ပြီး အကာအကွယ်မဲ့ ဒုက္ခသည်တွေ၊ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေကိုပါ ထည့်သွင်းဖို့နဲ့ စာနာမှုဆိုင်ရာ ဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ လိုအပ်မှု အများဆုံး ဖြစ်နေတဲ့ လူတွေထံ အတားအဆီးမဲ့ သွားရောက်ခွင့်ပြုဖို့ကိုလည်း အလေးအနက်ထား တောင်းဆိုကြောင်း” ပြောခဲ့တာပါ။

တချိန်ထဲမှာဘဲ သွားလာမှု ကန့်သတ်ချက်နဲ့ အင်တာနက် ပိတ်ပင်ထားမှုတွေကို ပြန်ဖွင့်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ဆန္ဒအလျှောက် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးကိုလည်း အလေးအနက်ထား ပြောကြားလိုကြောင်း Belgium ဒုတိယ အမြဲတမ်းကိုယ်စားလှယ်က ပြောပါတယ်။

ပင်လယ်ရပ်ခြားမှာ ခိုလှုံခွင့်ရှာဖွေနေတဲ့ ဒုက္ခသည်တွေအတွက်လည်း စိုးရိမ်မကင်းဖြစ်မိပြီး အဲဒီအတွက် ဒေသတွင်းက တုံ့ပြန်ဆောင်ရွက်ကြဖို့လည်း တောင်းဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ ဥပဒေတွေသာမက နိုင်ငံတကာ ဥပဒေကိုလည်း လေးစားလိုက်နာဖို့လည်း တောင်းဆိုပါတယ်။

“ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ ပြဿနာရဲ့ အခြေခံအကြောင်းရင်းတွေကို ဖြေရှင်းဖို့နဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ တင်ပြချက်တွေကို အပြည့်အ၀ အကောင်အထည်ဖော်ဖို့ တောင်းဆိုကြောင်း”ပြောခဲ့တာပါ။

ICJ နိုင်ငံတကာတရားရုံးက ချမှတ်ထားတဲ့ Provisional Measures ခေါ် ယာယီလုပ်ဆောင်ရမယ့် အခြေအနေတွေကို နိုင်ငံတကာ ဥပဒေများနဲ့အညီ လိုက်နာဖို့ တောင်းဆိုပြီး နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂရဲ့ လုပ်ဆောင် အားထုတ်မှုတွေကို ထောက်ခံ အတည်ပြုကြောင်း လုံခြုံရေးကောင်စီဝင် Belgium နိုင်ငံက ကုလသမဂ္ဂဆိုင်ရာ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် Marc Pecsteen de Buytswerve က ဆွေးနွေးပွဲအပြီး ပြောပါတယ်။

လုံၿခံဳေရးေကာင္စီေဆြးေႏြးပြဲအၿပီး ေျပာၾကားခဲ့တဲ့ ဥေရာပ ၅ ႏုိင္ငံကေတာ့ Belgium ၊ Estonia ၊ ဂ်ာမနီ၊ ျပင္သစ္နဲ႔ ပုိလန္ႏုိင္ငံတုိ႔ ျဖစ္ၾကပါတယ္။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG