သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော် အပစ်ရပ်ကြေညာချက် COVID-19 ကာကွယ်တားဆီးရေး တကယ်လုပ်နိုင်မလား …


COVID-19 ကူးစက်သူမတွေ့ရသေးချိန်ကတည်းက နှာခေါင်းစည်းဖြင့် လွှတ်တော်တက်သည့် တပ်မတော်သားကိုယ်စားလှယ်များ။ (မတ် ၁၀၊ ၂၀၂၀)
COVID-19 ကူးစက်သူမတွေ့ရသေးချိန်ကတည်းက နှာခေါင်းစည်းဖြင့် လွှတ်တော်တက်သည့် တပ်မတော်သားကိုယ်စားလှယ်များ။ (မတ် ၁၀၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ရောဂါ ထိန်းချုပ် ကာကွယ် ကုသရေးလုပ်ငန်းတွေ ပိုပြီး ထိရောက်လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ဖို့နဲ့ ထာဝရငြိမ်းချမ်းရေးအတွက်ဆိုပြီး မေလ ၁၀ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့အထိ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲထားမယ်လို့ တပ်မတော်က မေလ ၉ ရက်နေ့မှာ ကြေညာပါတယ်။

အပစ်ရပ်ထားမယ့်ဒေသတွေထဲမှာ တပ်မတော်အဆိုအားဖြင့် နိုင်ငံတော်က အကြမ်းဖက်လို့ သတ်မှတ်ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ ရှိတဲ့နေရာတွေတော့မပါပါဘူး။

ဒီအပစ်ရပ် ကြေညာချက်မှာ ဖော်ပြထားသလို COVID-19 ရောဂါ ထိန်းချုပ် ကာကွယ် ကုသရေး ထိထိရောက်ရောက် လုပ်နိုင်မှာပါလား၊ ဒီလို အပစ်အခတ်ရပ်စဲတာက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တိုက်တွန်းထားတာနဲ့ကော ကိုက်ညီပါရဲ့လား၊ အပစ်ရပ်ထားတဲ့ကာလအတွင်း နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်ခြေရှိပါသလဲ စတာတွေနဲ့ပတ်သက်ပြီး အမေရိကန်အခြေစိုက် Stimson Center က Non-Resident Fellow သုတေသီတစ်ဦးဖြစ်သူ ကိုအမရသီဟ၊ ပြည်ထောင်စုအင်စတီကျူက သုတေသီတစ်ဦးဖြစ်သူ ကိုစိုင်းထွန်းအောင်လွင်တို့နဲ့ သုံးသပ် ဆွေးနွေးထားပါတယ်။

-----------------------------





တိုက်ရိုက် လင့်ခ်


XS
SM
MD
LG