သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကာလအတြက္ တပ္မေတာ္ရဲ႕ ပစ္ခတ္တိုက္ခုိက္မႈ ရပ္စဲေရး စတင္သက္ေရာက္


ရခုိင္ျပည္နယ္ ေမာင္ေတာၿမိဳ႕တြင္ လုံၿခဳံေရးယူေနသည့္ ျမန္မာ့တပ္မေတာ္သားအခ်ဳိ႕။ (ေအာက္တိုဘာ ၂၁၊ ၂၀၁၆)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံတြင္းမွာ COVID-19 ပ်ံ႕ႏွံ႔ကူးစက္မႈကို ထိန္းခ်ဳပ္ေဆာင္ရြက္ေရး ကာလအတြင္း တပ္မေတာ္ဘက္က အခု တနဂၤေႏြေန႔ကစၿပီး ၄ လနီးပါးၾကာ အပစ္အခတ္ ရပ္စဲလိုက္ပါတယ္။ တပ္မေတာ္ရဲ႕ ပစ္ခတ္တိုက္ခုိက္မႈ ရပ္စဲေၾကာင္း ေၾကညာခ်က္ကို သံုးသပ္သူတခ်ိဳ႕က သတိနဲ႔ ႀကိဳဆိုပါတယ္။ အျပည့္အစုံကို ကုိဉာဏ္ဝင္းေအာင္က ဆက္သြယ္ေမးျမန္းၿပီး တင္ျပေပးထားပါတယ္။

COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းေတြ ပိုၿပီး ထိေရာက္ေစဖို႔နဲ႔ ထာ၀ရ ၿငိမ္းခ်မ္းေရးအတြက္ ရည္ရြယ္တယ္လို႔ သံုးႏႈန္းၿပီး ဒီကေန႔ တနဂၤေႏြေန႔ကစလို႔ မိုးရာသီကာလအတြင္း ပစ္ခတ္တိုက္ခုိက္မႈ ရပ္စဲေၾကာင္း တပ္မေတာ္က ေၾကညာထားတာပါ။

ဒီလို အပစ္ရပ္တဲ့ ေၾကညာခ်က္အေပၚ ႀကဳိဆိုရမွာျဖစ္ေပမယ့္ တပ္မေတာ္နဲ႔ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြၾကား အပစ္ရပ္ေၾကညာခ်က္ေတြ အျပန္အလွန္ ထုတ္ေနၾကတဲ့အေပၚ သံသယဝင္မိေၾကာင္း ျမန္မာ့အေရး ေလ့လာသုံးသပ္သူ ေဒါက္တာတင့္ေဆြက ေျပာပါတယ္။

"လက္နက္ကိုင္ တိုက္ပြဲေတြကို အပစ္အခတ္ရပ္စဲေရး ဆိုတဲ့ဟာက ဘယ္သူကလုပ္လုပ္ ဒါဟာ အင္မတန္မွေကာင္းလို႔ က်ေနာ္တို႔ ႀကဳိဆိုရမယ့္အခ်က္ ျဖစ္ပါတယ္။ သို႔ေသာ္လည္းပဲ စစ္တပ္ဘက္ကေရာ လက္နက္ကိုင္ တုိက္ေနတဲ့ တုိင္းရင္းသား အဖြဲ႔အစည္းေတြဘက္ကေရာေပါ့ေနာ္ တကယ္ပဲ လက္ေတြ႔ အပစ္အခတ္ ရပ္ၾကမလား၊ ၿငိမ္းခ်မ္းေရးကို ဦးတည္ၾကမလား ဆိုတဲ့ အခ်က္ကေတာ့ က်ေနာ္ သံသယရွိပါတယ္။ ပြင့္ပြင့္လင္းလင္းနဲ႔ အားမနာတမ္း ေဝဖန္ေထာက္ျပရရင္ တပ္မေတာ္ဘက္ကေရာ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႔ေတြကပါ ႏိုင္ငံေရးလုပ္ေနၾကတယ္လို႔ က်ေနာ္ျမင္ပါတယ္။"

တပ္မေတာ္က အခုေၾကညာခ်က္ မထုတ္ခင္ ၿပီးခဲ့တဲ့တပတ္ ေမလ ၃ ရက္ေန႔တုန္းကလည္း AA ရခုိင္၊ TNLA တေအာင္းပေလာင္နဲ႔ MNDAA ကိုးကန္႔ လက္နက္ကိုင္ ညီေနာင္ ၃ ဖြဲ႔ကလည္း ျမန္မာ့တပ္မေတာ္နဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အဆင္ေျပ ေခ်ာေမြ႔ေစေရးနဲ႔ COVID-19 ကပ္ေရာဂါ ထိန္းခ်ဳပ္တားဆီးႏုိင္ေရးအတြက္ ေမလ ၃ ရက္ကေန ေမလ ၃၁ ရက္အထိ တဖက္သတ္ အပစ္ရပ္ထားမယ္လို႔ ေၾကညာထားခဲ့တာပါ။

ဂ်ာမနီအေျခစိုက္ တိုင္းရင္းသားနဲ႔ လက္နက္ကိုင္ ပဋိပကၡအေရး ကၽြမ္းက်င္သူ စိုင္းဝမ္စိုင္းကေတာ့ ျမန္မာစစ္တပ္ရဲ႕ အခုလုပ္ရပ္ကို သံသယ ရွိေနပါတယ္။

"အေရးႀကီးဆုံး အခ်က္ကေတာ့ အဲဒီ AA နဲ႔ ညီေနာင္ ၃ ဖြဲ႔ရဲ႕ ႏိုင္ငံေရးကစားကြက္ကို သူတို႔က ျပန္ၿပီး တန္ျပန္ခ်င္တဲ့သေဘာလို႔ ျမင္ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ညီေနာင္ မဟာမိတ္ ၃ ဖြဲ႔ဟာ ေၾကညာခ်က္ေတြဘာေတြ သူတို႔က ထုတ္ထားၿပီးၿပီဗ်ာ၊ ကိုဗစ္နဲ႔ပတ္သက္ၿပီး ထိထိေရာက္ေရာက္ လုပ္ႏိုင္ေအာင္လို႔ သူတို႔အေနနဲ႔ ေမလကုန္အထိ အပစ္ရပ္ထားမယ္လို႔ သူတုိ႔က ေၾကညာထားတာကိုး။ အဲလို ေၾကညာတဲ့အခါက်ေတာ့ စစ္တပ္ဘက္ကလည္း သူတို႔ မေၾကညာျပန္ရင္ သူတို႔က တကယ့္လူမိုက္ႀကီးလို သူတို႔ အျဖစ္မခံႏိုင္ဘူးေလ။ အဲဒါေၾကာင့္မို႔ စစ္တပ္က ေကာက္ခါငင္ခါ ေၾကညာခ်က္တေစာင္ကို ဒီေန႔ ေကာက္ထုတ္လုိက္တာ။"

တပ္မေတာ္ရဲ႕ အခု ပစ္ခတ္တိုက္ခုိက္မႈ ရပ္စဲမယ့္ ေၾကညာခ်က္အရ ဆိုရင္ေတာ့ အၾကမ္းဖက္အဖြဲ႔အျဖစ္ ေၾကညာထားတဲ့ အဖြဲ႔ေတြရွိရာ ေဒသေတြ မပါပါဘူး။ ဘယ္ေဒသေတြလို႔ေတာ့ ေၾကညာခ်က္မွာ အတိအက် ေျပာဆိုမထားေပမယ့္လည္း လက္ရွိ အၾကမ္းဖက္အဖြဲ႔အျဖစ္ ေၾကညာခံထားရတဲ့ ရခုိင္လက္နက္ကိုင္တပ္ AA နဲ႔ တိုက္ပြဲေတြရွိရာ ရခုိင္နဲ႔ ခ်င္းျပည္နယ္တြင္းက ေဒသေတြ တိုက္ခိုက္မႈ ေလ်ာ့သြားဖို႔ေတာ့ မေသခ်ာပါဘူး။ ဒါ႔အျပင္ AA ရခုိင္လက္နက္ကိုင္တပ္ကို အေၾကာင္းျပဳၿပီး ကခ်င္နဲ႔ ရွမ္းျပည္တြင္းမွာလည္း တပ္မေတာ္ရဲ႕ စစ္ေရးလႈပ္ရွားမႈ ရွိလာႏုိင္တယ္လို႔ စိုင္း၀မ္စိုင္းက ႐ႈျမင္ပါတယ္။

"AA ဆိုတာကလည္း အဲဒီ ရွမ္းျပည္ေျမာက္ပိုင္းမွာလည္း သူတို႔က က်က္စားတာ၊ ကခ်င္ျပည္မွာလည္း သူကရွိတယ္၊ ေနာက္ ရခုိင္ျပည္မွာလည္း သူကရွိတယ္။ ဆိုေတာ့ ရွမ္းျပည္ေျမာက္ပိုင္းေပါ့ ညီေနာင္သုံးဖြဲ႔ လႈပ္ရွားတဲ့ေနရာက အဲဒီေနရာေတြကို ပိုေနၿမဲ က်ားေနၿမဲ သူတို႔ တုိက္မယ္ဆိုတဲ့သေဘာမ်ဳိး ေျပာထားတာကိုး။ ဆိုေတာ့ အဲဒီ တေနရာမွာ ျဖစ္မယ္ဗ်ာ။ ေနာက္ၿပီး လြန္ခဲ့တဲ့ သုံးေလးပတ္ေလာက္က KIA ကိုလည္း သူတို႔က ေျပာထားၿပီးၿပီေလ။ AA ေနတဲ့ ေနရာေတြ သူတို႔ကို ေမာင္းထုတ္ပါ၊ မေမာင္းထုတ္လို႔ အဲဒီေနရာေတြကို ဝင္တုိက္ခဲ့ရင္ ခင္ဗ်ားတုိ႔ဧရိယာကို က်ေနာ္တို႔ ဝင္မိလိမ့္မယ္လို႔ ေျပာထားတာလည္း ရွိတယ္။ ဆိုေတာ့ ကခ်င္ဧရိယာရယ္၊ ရွမ္းေျမာက္ပိုင္းရယ္၊ ရခုိင္ေဒသ အားလုံးရယ္ကို သူက အပစ္ခတ္ရပ္စဲေရးအရ အက်ဳံးမဝင္ဘူးလို႔ သူတို႔ ေျပာထားတဲ့သေဘာ ျဖစ္ေနတယ္။"

တကယ္ေတာ့ အခုလို ကို႐ိုနာဗုိင္းရပ္စ္ ကပ္ေရာဂါဆိုး ႀကဳံေနရတာကို အခြင့္ေကာင္းယူၿပီး ျပည္သူေတြ လိုလားေတာင့္တေနတဲ့ ၿငိမ္းခ်မ္းေရးကို ဦးစားေပး ေဖာ္ေဆာင္ၾကေစလိုေၾကာင္း ေဒါက္တာတင့္ေဆြက တိုက္တြန္းပါတယ္။

"က်ေနာ္တို႔ႏိုင္ငံမွာ ျပည္တြင္းစစ္ႀကီးကလည္း ၾကာေနၿပီ။ အခု ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါကလည္း ႀကီးမားေနတယ္။ အဆိုးထဲက အေကာင္း သင္ခန္းစာယူႏိုင္ၾကဖို႔ ဦးတည္ေစခ်င္တယ္။ ဒါဟာ တုိင္းသူျပည္သား အားလုံးရဲ႕ လိုအင္ဆႏၵလည္း ျဖစ္ေတာ့ကာ ဒီအေျခအေနကို အခြင့္ေကာင္းတရပ္အေနနဲ႔ အသုံးခ်ၿပီးေတာ့ ႏိုင္ငံေရးလုပ္ေနတာေတြ နည္းၾကပါလို႔ စစ္တပ္ဘက္ကိုေရာ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္း အားလုံးကိုပါ အေလးအနက္ အႏူးအညြတ္ ေမတၱာရပ္ခံလုိပါတယ္ခင္ဗ်ာ။"

စေနေန႔က ထုတ္ျပန္လုိက္တဲ့ တပ္မေတာ္ရဲ႕ ပစ္ခတ္တိုက္ခုိက္မႈ ရပ္စဲေၾကာင္း ေၾကညာခ်က္ထဲမွာေတာ့ ဒီ အပစ္ရပ္ကာလအတြင္း ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ ၿငိမ္းခ်မ္းေရးမူဝါဒ ၆ ခ်က္ထဲက ၄ ခ်က္ကို လိုက္နာၾကဖို႔ လက္နက္ကုိင္ တုိင္းရင္းသားအဖြဲ႔ေတြကို တိုက္တြန္းထားပါတယ္။ ဒီထဲမွာေတာ့ တိုင္းရင္းသား လက္နက္ကိုင္ေတြ အခ်င္းခ်င္း မတိုက္ခုိက္ဖို႔၊ ေနာက္ လမ္းပန္းဆက္သြယ္ေရး မထိခိုက္ေစဖို႔ စတဲ့အခ်က္ေတြလည္း ပါ၀င္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

COVID-19 ကာလအတွက် တပ်မတော်ရဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စတင်သက်ရောက်

မြန်မာနိုင်ငံတွင်းမှာ COVID-19 ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်ဆောင်ရွက်ရေး ကာလအတွင်း တပ်မတော်ဘက်က အခု တနင်္ဂနွေနေ့ကစပြီး ၄ လနီးပါးကြာ အပစ်အခတ် ရပ်စဲလိုက်ပါတယ်။ တပ်မတော်ရဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေညာချက်ကို သုံးသပ်သူတချို့က သတိနဲ့ ကြိုဆိုပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေ ပိုပြီး ထိရောက်စေဖို့နဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်တယ်လို့ သုံးနှုန်းပြီး ဒီကနေ့ တနင်္ဂနွေနေ့ကစလို့မိုးရာသီကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း တပ်မတော်က ကြေညာထားတာပါ။

ဒီလို အပစ်ရပ်တဲ့ ကြေညာချက်အပေါ် ကြိုဆိုရမှာဖြစ်ပေမယ့် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား အပစ်ရပ်ကြေညာချက်တွေ အပြန်အလှန် ထုတ်နေကြတဲ့အပေါ် သံသယဝင်မိကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

"လက်နက်ကိုင် တိုက်ပွဲတွေကို အပစ်အခတ်ရပ်စဲရေး ဆိုတဲ့ဟာက ဘယ်သူကလုပ်လုပ် ဒါဟာ အင်မတန်မှကောင်းလို့ ကျနော်တို့ ကြိုဆိုရမယ့်အချက် ဖြစ်ပါတယ်။ သို့သော်လည်းပဲ စစ်တပ်ဘက်ကရော လက်နက်ကိုင် တိုက်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေဘက်ကရောပေါ့နော် တကယ်ပဲ လက်တွေ့ အပစ်အခတ် ရပ်ကြမလား၊ ငြိမ်းချမ်းရေးကို ဦးတည်ကြမလား ဆိုတဲ့ အချက်ကတော့ ကျနော် သံသယရှိပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ အားမနာတမ်း ဝေဖန်ထောက်ပြရရင် တပ်မတော်ဘက်ကရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကပါ နိုင်ငံရေးလုပ်နေကြတယ်လို့ ကျနော်မြင်ပါတယ်။"

တပ်မတော်က အခုကြေညာချက် မထုတ်ခင် ပြီးခဲ့တဲ့တပတ်မေလ ၃ ရက်နေ့တုန်းကလည်း AA ရခိုင်၊ TNLA တအောင်းပလောင်နဲ့ MNDAA ကိုးကန့် လက်နက်ကိုင် ညီနောင် ၃ ဖွဲ့ကလည်း မြန်မာ့တပ်မတော်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စေရေးနဲ့ COVID-19 ကပ်ရောဂါ ထိန်းချုပ်တားဆီးနိုင်ရေးအတွက် မေလ ၃ ရက်ကနေ မေလ ၃၁ ရက်အထိ တဖက်သတ် အပစ်ရပ်ထားမယ်လို့ ကြေညာထားခဲ့တာပါ။

ဂျာမနီအခြေစိုက် တိုင်းရင်းသားနဲ့ လက်နက်ကိုင် ပဋိပက္ခအရေး ကျွမ်းကျင်သူ စိုင်းဝမ်စိုင်းကတော့ မြန်မာစစ်တပ်ရဲ့ အခုလုပ်ရပ်ကို သံသယ ရှိနေပါတယ်။

"အရေးကြီးဆုံး အချက်ကတော့ အဲဒီ AA နဲ့ ညီနောင် ၃ ဖွဲ့ရဲ့ နိုင်ငံရေးကစားကွက်ကို သူတို့က ပြန်ပြီး တန်ပြန်ချင်တဲ့သဘောလို့ မြင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ညီနောင် မဟာမိတ် ၃ ဖွဲ့ဟာ ကြေညာချက်တွေဘာတွေ သူတို့က ထုတ်ထားပြီးပြီဗျာ၊ ကိုဗစ်နဲ့ပတ်သက်ပြီး ထိထိရောက်ရောက် လုပ်နိုင်အောင်လို့ သူတို့အနေနဲ့ မေလကုန်အထိ အပစ်ရပ်ထားမယ်လို့ သူတို့က ကြေညာထားတာကိုး။ အဲလို ကြေညာတဲ့အခါကျတော့ စစ်တပ်ဘက်ကလည်း သူတို့ မကြေညာပြန်ရင် သူတို့က တကယ့်လူမိုက်ကြီးလို သူတို့ အဖြစ်မခံနိုင်ဘူးလေ။ အဲဒါကြောင့်မို့ စစ်တပ်က ကောက်ခါငင်ခါကြေညာချက်တစောင်ကို ဒီနေ့ ကောက်ထုတ်လိုက်တာ။"

တပ်မတော်ရဲ့ အခု ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲမယ့် ကြေညာချက်အရ ဆိုရင်တော့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ အဖွဲ့တွေရှိရာ ဒေသတွေ မပါပါဘူး။ ဘယ်ဒေသတွေလို့တော့ ကြေညာချက်မှာ အတိအကျ ပြောဆိုမထားပေမယ့်လည်း လက်ရှိ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရတဲ့ ရခိုင်လက်နက်ကိုင်တပ် AA နဲ့ တိုက်ပွဲတွေရှိရာ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက ဒေသတွေ တိုက်ခိုက်မှု လျော့သွားဖို့တော့ မသေချာပါဘူး။ ဒါ့အပြင် AA ရခိုင်လက်နက်ကိုင်တပ်ကို အကြောင်းပြုပြီး ကချင်နဲ့ ရှမ်းပြည်တွင်းမှာလည်း တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှု ရှိလာနိုင်တယ်လို့ စိုင်းဝမ်စိုင်းက ရှုမြင်ပါတယ်။

"AAဆိုတာကလည်း အဲဒီ ရှမ်းပြည်မြောက်ပိုင်းမှာလည်း သူတို့က ကျက်စားတာ၊ ကချင်ပြည်မှာလည်း သူကရှိတယ်၊ နောက် ရခိုင်ပြည်မှာလည်း သူကရှိတယ်။ ဆိုတော့ ရှမ်းပြည်မြောက်ပိုင်းပေါ့ ညီနောင်သုံးဖွဲ့ လှုပ်ရှားတဲ့နေရာက အဲဒီနေရာတွေကို ပိုနေမြဲ ကျားနေမြဲ သူတို့ တိုက်မယ်ဆိုတဲ့သဘောမျိုး ပြောထားတာကိုး။ ဆိုတော့ အဲဒီ တနေရာမှာ ဖြစ်မယ်ဗျာ။ နောက်ပြီး လွန်ခဲ့တဲ့ သုံးလေးပတ်လောက်က KIA ကိုလည်း သူတို့က ပြောထားပြီးပြီလေ။ AA နေတဲ့ နေရာတွေ သူတို့ကို မောင်းထုတ်ပါ၊ မမောင်းထုတ်လို့ အဲဒီနေရာတွေကို ဝင်တိုက်ခဲ့ရင် ခင်ဗျားတို့ဧရိယာကို ကျနော်တို့ ဝင်မိလိမ့်မယ်လို့ ပြောထားတာလည်း ရှိတယ်။ ဆိုတော့ ကချင်ဧရိယာရယ်၊ ရှမ်းမြောက်ပိုင်းရယ်၊ ရခိုင်ဒေသ အားလုံးရယ်ကို သူက အပစ်ခတ်ရပ်စဲရေးအရ အကျုံးမဝင်ဘူးလို့ သူတို့ ပြောထားတဲ့သဘော ဖြစ်နေတယ်။"

တကယ်တော့ အခုလို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုး ကြုံနေရတာကို အခွင့်ကောင်းယူပြီး ပြည်သူတွေ လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးကို ဦးစားပေး ဖော်ဆောင်ကြစေလိုကြောင်း ဒေါက်တာတင့်ဆွေက တိုက်တွန်းပါတယ်။

"ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ်ကြီးကလည်း ကြာနေပြီ။ အခု ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကလည်း ကြီးမားနေတယ်။ အဆိုးထဲက အကောင်း သင်ခန်းစာယူနိုင်ကြဖို့ ဦးတည်စေချင်တယ်။ ဒါဟာ တိုင်းသူပြည်သား အားလုံးရဲ့ လိုအင်ဆန္ဒလည်း ဖြစ်တော့ကာ ဒီအခြေအနေကို အခွင့်ကောင်းတရပ်အနေနဲ့ အသုံးချပြီးတော့ နိုင်ငံရေးလုပ်နေတာတွေ နည်းကြပါလို့ စစ်တပ်ဘက်ကိုရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကိုပါ အလေးအနက် အနူးအညွတ် မေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ။"

စနေနေ့က ထုတ်ပြန်လိုက်တဲ့ တပ်မတော်ရဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်းကြေညာချက်ထဲမှာတော့ ဒီ အပစ်ရပ်ကာလအတွင်း ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်ထဲက ၄ ချက်ကို လိုက်နာကြဖို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို တိုက်တွန်းထားပါတယ်။ ဒီထဲမှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ အချင်းချင်း မတိုက်ခိုက်ဖို့၊ နောက် လမ်းပန်းဆက်သွယ်ရေး မထိခိုက်စေဖို့ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

XS
SM
MD
LG