သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

KNU ရဲ႕ COVID-19 စစ္ေဆးေရးဂိတ္ တပ္မေတာ္ဖယ္ရွားတဲ့ကိစၥ သီးျခားေဆြးေႏြးဖို႔ရွိ


COVID -19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားနဲ႔ ညႇိႏွိုင္းပူးေပါင္းေရးေကာ္မတီနဲ႔ NCA-S EAO ကိုယ္စားလွယ္မ်ားရဲ႕ ညိွႏိႈင္းအစည္းအေဝး (သတင္းဓာတ္ပံု - Hla Maung Shwe's Facebook ေမ ၈၊ ၂၀၂၀)

(Zawgyi/Unicode)

အပစ္ရပ္ေဒသေတြမွာ COVID-19 ျပန္႔ပြားမႈ တားဆီးေရးေတြကို ဘယ္လိုပူးတဲြေဆာင္ရြက္ၾကမလဲဆိုတာ COVID-19 တုိက္ဖ်က္ေရးအတြက္ အစိုးရရဲ႕ ညိွႏိႈင္းပူးေပါင္းေရးေကာ္မတီနဲ႔ အပစ္ရပ္လက္မွတ္ထိုး တိုင္းရင္းသားလက္နက္ကိုင္ EAO အဖဲြ႔ကိုယ္စားလွယ္ေတြ ေဆြးေႏြးခဲ့တဲ့သတင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က ေျပာျပပါမယ္။

အပစ္ရပ္ထားတဲ့ ကရင္ျပည္နယ္တြင္းမွာ KNU နဲ႔ ေဒသခံျမန္မာတပ္အၾကား COVID-19 ေရာဂါေစာင့္ၾကည့္ေရးလုပ္ငန္းကိုအေျခခံၿပီး နယ္ေျမအျငင္းပြားမႈျဖစ္ေနတဲ့အခ်ိန္ွမွာပဲ အခုလို အပစ္ရပ္္အဖဲြ႔ေတြနဲ႔ အစိုးရဖဲြ႔ထားတဲ့ ေရာဂါတားဆီးေရးပူးေပါင္းအဖဲြ႔တို႔အၾကား အြန္လိုင္းကေန ပထမဆံုးအႀကိမ္ ေဆြးေႏြးခဲ့ၾကပါတယ္။ လာမယ့္အပတ္မွာေတာ့ ကရင္အမ်ိဳးသားအစည္းအရံုး KNU အေသးစိတ္လုပ္ငန္းေတြကို ဆက္လက္ေဆြးေႏြးဖို႔ ရိွေနၿပီး လက္ရိွ ဖာပြန္ခရုိင္အတြင္းျဖစ္ပြားတဲ့ တုိက္ပဲြေတြနဲ႔ ပတ္သက္လုိ႔လည္း ေဆြးေႏြးဖုိ႔ ရိွေနပါတယ္။

COVID -19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားနဲ႔ ညႇိႏွိုင္းပူးေပါင္းေရးေကာ္မတီနဲ႔ NCA-S EAO ကိုယ္စားလွယ္မ်ားရဲ႕ ညိွႏိႈင္းအစည္းအေဝး (သတင္းဓာတ္ပံု - Hla Maung Shwe's Facebook ေမ ၈၊ ၂၀၂၀)
COVID -19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားနဲ႔ ညႇိႏွိုင္းပူးေပါင္းေရးေကာ္မတီနဲ႔ NCA-S EAO ကိုယ္စားလွယ္မ်ားရဲ႕ ညိွႏိႈင္းအစည္းအေဝး (သတင္းဓာတ္ပံု - Hla Maung Shwe's Facebook ေမ ၈၊ ၂၀၂၀)

ဒီကေန႔ က်င္းပတဲ့ Video Conferencing ေဆြးေႏြးပဲြမွာ အစိုးရရဲ့ COVID-19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရးနဲ႔ စပ္လ်ဥ္းၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔မ်ားနဲ႔ ညိွႏိႈင္းပူးေပါင္းေရးေကာ္မတီဘက္က ေကာ္မတီ ဥကၠ႒ ေဒါက္တာတင္မ်ိဳး၀င္းက ဦးေဆာင္ေဆြးေႏြးၿပီး NCA လက္မွတ္ထိုး တုိင္းရင္းသားလက္နက္ကိုင္ အဖဲြ႔ေတြကေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အလုပ္အဖဲြ႔ PPWT ေခါင္းေဆာင္ ဆလိုင္းတလာေဟးက ဦးေဆာင္ေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။

ေဆြးေႏြးပဲြမွာ သေဘာတူညီခ်က္ ၇ ခ်က္ရခဲ့ေၾကာင္း ေဆြးေႏြးပဲြကို ပါ၀င္တက္ေရာက္ခဲ့တဲ့ ဦးလွေမာင္ေရႊ အခုလို ေျပာပါတယ္။

“အဲဒီမွာေတာ့ က်ေနာ္တုိ႔ ေခါင္းစဥ္ ၆ ခုကို က်ေနာ္တုိ႔ ေဆြးေႏြးတယ္။ အဲဒီ ၆ ခုေပၚမွာ စုစုေပါင္း ၇ ခ်က္ သေဘာတူညီမႈရခဲ့တာ ရိွတယ္။ အဲဒီ သေဘာတူညီခ်က္ေတြကို အေျခခံၿပီးေတာ့ တစ္ဖဲြ႔ခ်င္းကိုလည္း ဆက္ၿပီးေတာ့ ေဆြးေႏြးဖု႔ိရိွတယ္ေပါ့။ ”

သေဘာတူညီခ်က္မွာ COVID ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္နည္းပညာနဲ႔ လုိအပ္ပစၥည္းေတြ ညိွႏိႈင္းေဆာင္ရြက္ဖို႔၊ ကုသေရးမွာ လိုအပ္ရင္ အစိုးရေဆးရံုေတြကို ပို႔ေဆာင္ကုသဖို႔၊ တဘက္ႏိုင္ငံမွ ျပန္လာသူေတြနဲ႔ ပတ္သက္လုိ႔ ပူးေပါင္းေဆာင္ရြက္ဖို႔၊ ေရာဂါတုိက္ဖ်က္ေရးအတြက္ အစိုးရဘက္က ကူညီေရးနဲ႔ ႏိုင္ငံတကာအကူအညီေတြရလာရင္ ႏွစ္ဘက္ညိွႏိႈင္းေဆာင္ရြက္ဖို႔၊ ထိေတြ႔လူနာေတြကို ပူးေပါင္းရွာေဖြဖုိ႔ စတာေတြ ပါ၀င္တာျဖစ္ပါတယ္။

ဒီရက္ပိုင္းေတြအတြင္း ဖာပြန္ခရိုင္အတြင္းက ကရင္အမ်ိဳးသားအစည္းအရံုး KNU ရဲ့ COVID-19 က်န္းမာေရးစစ္ေဆးေရးဂိတ္ ၂ ခုကို အစိုးရတပ္မေတာ္က ဖယ္ရွားခဲ့ေၾကာင္းနဲ႔ အဲဒီေနာက္မွာ တုိက္ပဲြျဖစ္ပြားၿပီး စစ္ေရးတင္းမာတာေတြျဖစ္ခဲ့ပါတယ္။

ဒီလို တုိက္ပဲြျဖစ္ပြားတာနဲ႔ ပတ္သက္လုိ႔ေတာ့ တနလၤာေန႔မွာ KNU နဲ႔ တစ္ဖဲြ႔ခ်င္းေတြ႔ဆံုခ်ိန္မွာအေသးစိတ္ ေဆြးေႏြးဖုိ႔ ရိွေၾကာင္း ဦးလွေမာင္ေရႊက ေျပာပါတယ္။

“ဒီကိစၥရပ္ေတြလည္း ဒီဘက္က ဒုဥကၠ႒ ဗိုလ္ခ်ဳပ္ၾကီးခင္ေဇာ္ဦးနဲ႔ ပဒိုထာဒိုမူးတို႔လည္းေဆြးေႏြးတာရိွတယ္။ ဒါေတြကို အေသးစိတ္ေတြကိုေတာ့ တနလၤာေန႔ Bilateral ေဆြးေႏြးတဲ့အခါ ထပ္ေဆြးေႏြးဖို႔ က်ေနာ္တုိ႔ သိရတယ္။”

NCA လက္မွတ္ထိုး တုိင္းရင္းသားလက္နက္ကိုင္ အဖဲြ႔ေတြကေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အလုပ္အဖဲြ႔ PPWT ေခါင္းေဆာင္ ဆလိုင္းတလာေဟးကလည္း KNU နဲ႔ျဖစ္တဲ့ တုိက္ပဲြနဲ႔ပတ္သက္ၿပီး တစ္ဖဲြ႔ခ်င္းအလုိက္ ေဆြးေႏြးဖုိ႔ ရိွေၾကာင္း ေျပာပါတယ္။

“တစ္ဖဲြ႔ခ်င္းနဲ႔ သက္ဆုိင္တဲ့ ကိစၥေတြကိုေတာ့ တစ္ဖဲြ႔ခ်င္းအလုိက္ပဲ ဆက္လက္ေဆြးေႏြးဖို႔ပဲ။ အေသးစိတ္အပိုင္းေတာ့ မေဆြးေႏြးျဖစ္ဘူး။ အားလံုးလႊမ္းၿခံဳၿပီးေတာ့ ဒီေန႔ကေတာ့ ေဆြးေႏြးျဖစ္ပါတယ္။”

ဒီကေန႔ က်င္းပတဲ့ ေဆြးေႏြးပဲြ အဖြင့္အမွာ စကားေျပာၾကားရာမွာေတာ့ ဆလိုင္း တလာေဟးက COVID-19 ကာကြယ္ေရးအတြက္ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြအေနနဲ႔ မိမိတို႔ေဒသေတြမွာ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးကို ေဆာင္ရြက္ေနေၾကာင္းနဲ႔ NCA စာခ်ဳပ္ အခန္း ၆ အပိုဒ္ ၂၅နဲ႔ အညီ အစိုးရ ေကာ္မတီနဲ႔ ပူးေပါင္းေဆာင္ရြက္ဖုိ႔လည္း ျပင္ဆင္ထားေၾကာင္း ေျပာဆုိထားပါတယ္။

COVID-19 တုိက္ဖ်က္ေရးလုပ္ငန္းနဲ႔ ပတ္သက္ၿပီးၿပီးခဲ့တဲ့ ဧၿပီလကုန္ပိုင္းကလည္း သထံုခရိုင္အတြင္းက KNU ရဲ့ က်န္းမာေရးစစ္ေဆးဂိတ္တစ္ခုကို တပ္မေတာ္က ကန္႔ကြက္တာေၾကာင့္ ဖ်က္သိမ္းခဲ့ရသလို ရွမ္းျပည္နယ္အတြင္းမွာလည္း က်န္းမာေရးစစ္ေဆးခဲ့တဲ့ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS တပ္နဲ႔ တပ္မေတာ္အၾကားမွာ မေျပလည္မႈေတြ ရိွခဲ့ပါတယ္။

ဒီလို မေျပမလည္ျဖစ္ရတာေတြဟာ တပ္မေတာ္နဲ႔ လက္နက္ကိုင္အဖဲြ႔ေတြအၾကား နယ္ေျမသတ္မွတ္မႈဆိုင္ရာ သေဘာတူညီခ်က္ မရေသးတာနဲ႔ ေရာဂါ တုိက္ဖ်က္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္မႈဆုိင္ရာ ယႏၱရားတစ္ခု မသတ္မွတ္ႏိုင္ေသးတာေၾကာင့္လို႔ သံုးသပ္တာေတြ ရိွေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

KNU ရဲ့ COVID-19 စစ်ဆေးရေးဂိတ် တပ်မတော်ဖယ်ရှားတဲ့ကိစ္စ သီးခြားဆွေးနွေးဖို့ရှိ

အပစ်ရပ်ဒေသတွေမှာ COVID-19 ပြန့်ပွားမှု တားဆီးရေးတွေကို ဘယ်လိုပူးတွဲဆောင်ရွက်ကြမလဲဆိုတာ COVID-19 တိုက်ဖျက်ရေးအတွက် အစိုးရရဲ့ ညှိနှိုင်း ပူးပေါင်းရေးကော်မတီနဲ့ အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့တဲ့သတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပါမယ်။

အပစ်ရပ်ထားတဲ့ ကရင်ပြည်နယ်တွင်းမှာ KNU နဲ့ ဒေသခံမြန်မာတပ်အကြား COVID-19 ရောဂါစောင့်ကြည့်ရေးလုပ်ငန်းကိုအခြေခံပြီး နယ်မြေအငြင်းပွားမှုဖြစ်နေတဲ့အချိန်ှမှာပဲ အခုလို အပစ်ရပ်အဖွဲ့တွေနဲ့ အစိုးရဖွဲ့ထားတဲ့ ရောဂါတားဆီးရေးပူးပေါင်းအဖွဲ့တို့အကြား အွန်လိုင်းကနေ ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြပါတယ်။ လာမယ့်အပတ်မှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU အသေးစိတ်လုပ်ငန်းတွေကို ဆက်လက်ဆွေးနွေးဖို့ ရှိနေပြီး လက်ရှိ ဖာပွန်ခရိုင်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးဖို့ ရှိနေပါတယ်။

COVID -19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားနဲ႔ ညႇိႏွိုင္းပူးေပါင္းေရးေကာ္မတီနဲ႔ NCA-S EAO ကိုယ္စားလွယ္မ်ားရဲ႕ ညိွႏိႈင္းအစည္းအေဝး (သတင္းဓာတ္ပံု - Hla Maung Shwe's Facebook ေမ ၈၊ ၂၀၂၀)
COVID -19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားနဲ႔ ညႇိႏွိုင္းပူးေပါင္းေရးေကာ္မတီနဲ႔ NCA-S EAO ကိုယ္စားလွယ္မ်ားရဲ႕ ညိွႏိႈင္းအစည္းအေဝး (သတင္းဓာတ္ပံု - Hla Maung Shwe's Facebook ေမ ၈၊ ၂၀၂၀)

ဒီကနေ့ ကျင်းပတဲ့ Video Conferencing ဆွေးနွေးပွဲမှာ အစိုးရရဲ့ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးနဲ့ စပ်လျဉ်းပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ညှိနှိုင်းပူးပေါင်းရေးကော်မတီဘက်က ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ဦးဆောင်ဆွေးနွေးပြီး NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ PPWT ခေါင်းဆောင် ဆလိုင်းတလာဟေးက ဦးဆောင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ သဘောတူညီချက် ၇ ချက်ရခဲ့ကြောင်း ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့တဲ့ ဦးလှမောင်ရွှေ အခုလို ပြောပါတယ်။

“အဲဒီမှာတော့ ကျနော်တို့ ခေါင်းစဉ် ၆ ခုကို ကျနော်တို့ ဆွေးနွေးတယ်။ အဲဒီ ၆ ခုပေါ်မှာ စုစုပေါင်း ၇ ချက် သဘောတူညီမှုရခဲ့တာ ရှိတယ်။ အဲဒီ သဘောတူညီချက်တွေကို အခြေခံပြီးတော့ တစ်ဖွဲ့ချင်းကိုလည်း ဆက်ပြီးတော့ ဆွေးနွေးဖု့ိရှိတယ်ပေါ့။ ”

သဘောတူညီချက်မှာ COVID ရောဂါ ထိန်းချုပ်ရေးအတွက်နည်းပညာနဲ့ လိုအပ်ပစ္စည်းတွေ ညှိနှိုင်းဆောင်ရွက်ဖို့၊ ကုသရေးမှာ လိုအပ်ရင် အစိုးရဆေးရုံတွေကို ပို့ဆောင်ကုသဖို့၊ တဘက်နိုင်ငံမှ ပြန်လာသူတွေနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်ဖို့၊ ရောဂါတိုက်ဖျက်ရေးအတွက် အစိုးရဘက်က ကူညီရေးနဲ့ နိုင်ငံတကာအကူအညီတွေရလာရင် နှစ်ဘက်ညှိနှိုင်းဆောင်ရွက်ဖို့၊ ထိတွေ့လူနာတွေကို ပူးပေါင်းရှာဖွေဖို့ စတာတွေ ပါဝင်တာဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ဖာပွန်ခရိုင်အတွင်းက ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ COVID-19 ကျန်းမာရေးစစ်ဆေးရေးဂိတ် ၂ ခုကို အစိုးရတပ်မတော်က ဖယ်ရှားခဲ့ကြောင်းနဲ့ အဲဒီနောက်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာတာတွေဖြစ်ခဲ့ပါတယ်။

ဒီလို တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်လို့တော့ တနင်္လာနေ့မှာ KNU နဲ့ တစ်ဖွဲ့ချင်းတွေ့ဆုံချိန်မှာအသေးစိတ် ဆွေးနွေးဖို့ ရှိကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။

“ဒီကိစ္စရပ်တွေလည်း ဒီဘက်က ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးခင်ဇော်ဦးနဲ့ ပဒိုထာဒိုမူးတို့လည်းဆွေးနွေးတာရှိတယ်။ ဒါတွေကို အသေးစိတ်တွေကိုတော့ တနင်္လာနေ့ Bilateral ဆွေးနွေးတဲ့အခါ ထပ်ဆွေးနွေးဖို့ ကျနော်တို့ သိရတယ်။”

NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ PPWT ခေါင်းဆောင် ဆလိုင်းတလာဟေးကလည်း KNU နဲ့ဖြစ်တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး တစ်ဖွဲ့ချင်းအလိုက် ဆွေးနွေးဖို့ ရှိကြောင်း ပြောပါတယ်။

“တစ်ဖွဲ့ချင်းနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကိုတော့ တစ်ဖွဲ့ချင်းအလိုက်ပဲ ဆက်လက်ဆွေးနွေးဖို့ပဲ။ အသေးစိတ်အပိုင်းတော့ မဆွေးနွေးဖြစ်ဘူး။ အားလုံးလွှမ်းခြုံပြီးတော့ ဒီနေ့ကတော့ ဆွေးနွေးဖြစ်ပါတယ်။”

ဒီကနေ့ ကျင်းပတဲ့ ဆွေးနွေးပွဲ အဖွင့်အမှာ စကားပြောကြားရာမှာတော့ ဆလိုင်း တလာဟေးက COVID-19 ကာကွယ်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မိမိတို့ဒေသတွေမှာ ရောဂါကာကွယ်ထိန်းချုပ်ရေးကို ဆောင်ရွက်နေကြောင်းနဲ့ NCA စာချုပ် အခန်း ၆ အပိုဒ် ၂၅နဲ့ အညီ အစိုးရ ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ပြင်ဆင်ထားကြောင်း ပြောဆိုထားပါတယ်။

COVID-19 တိုက်ဖျက်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီးပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကလည်း သထုံခရိုင်အတွင်းက KNU ရဲ့ ကျန်းမာရေးစစ်ဆေးဂိတ်တစ်ခုကို တပ်မတော်က ကန့်ကွက်တာကြောင့် ဖျက်သိမ်းခဲ့ရသလို ရှမ်းပြည်နယ်အတွင်းမှာလည်း ကျန်းမာရေးစစ်ဆေးခဲ့တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တပ်နဲ့ တပ်မတော်အကြားမှာ မပြေလည်မှုတွေ ရှိခဲ့ပါတယ်။

ဒီလို မပြေမလည်ဖြစ်ရတာတွေဟာ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား နယ်မြေသတ်မှတ်မှုဆိုင်ရာ သဘောတူညီချက် မရသေးတာနဲ့ ရောဂါ တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ယန္တရားတစ်ခု မသတ်မှတ်နိုင်သေးတာကြောင့်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

XS
SM
MD
LG