သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

COVID-19 ကာကြယ္ေရး ျမန္မာအစုိးရနဲ႔ အပစ္ရပ္အဖဲြ႔ေတြ ေဆြးေႏြး


COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားလက္နက္ကိုင္ အဖဲြ႔အစည္းမ်ားႏွင့္ ညွိႏႈိင္းပူးေပါင္းေရးေကာ္မတီအဖဲြနဲ႔ NCAS-EAO အဖဲြ႔တို႔ရဲ႕ ညိွႏိႈင္းအစည္းအေ၀းကို ရန္ကုန္ၿမိဳ႕ NRPC ရံုးမွာ က်င္းပ (သတင္းဓာတ္ပံု - Hla Maung Shwe's Facebook - ေမ ၅၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးနဲ႔ ပတ္သက္ၿပီး အစိုးရနဲ႔ NCA လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြရဲ႕ ကိုယ္စားလွယ္အဖဲြ႕တို႔ဟာ ဒီကေန႔ ရန္ကုန္ၿမိဳ႕မွာ အလြတ္သေဘာ ေဆြးေႏြးတဲ့ သတင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပေပးပါမယ္။

အစိုးရက COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေတြနဲ႔ ညွိႏိႈင္းပူးေပါင္းေရးေကာ္မတီကို ဧၿပီ ၂၇ ရက္ေန႔က စတင္ဖဲြ႕စည္းခဲ့တာပါ။

COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားလက္နက္ကိုင္ အဖဲြ႔အစည္းမ်ားႏွင့္ ညွိႏႈိင္းပူးေပါင္းေရးေကာ္မတီအဖဲြနဲ႔ NCAS-EAO အဖဲြ႔တို႔ရဲ႕ ညိွႏိႈင္းအစည္းအေ၀းကို ရန္ကုန္ၿမိဳ႕ NRPC ရံုးမွာ က်င္းပ (သတင္းဓာတ္ပံု - Hla Maung Shwe's Facebook - ေမ ၅၊ ၂၀၂၀)
COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားလက္နက္ကိုင္ အဖဲြ႔အစည္းမ်ားႏွင့္ ညွိႏႈိင္းပူးေပါင္းေရးေကာ္မတီအဖဲြနဲ႔ NCAS-EAO အဖဲြ႔တို႔ရဲ႕ ညိွႏိႈင္းအစည္းအေ၀းကို ရန္ကုန္ၿမိဳ႕ NRPC ရံုးမွာ က်င္းပ (သတင္းဓာတ္ပံု - Hla Maung Shwe's Facebook - ေမ ၅၊ ၂၀၂၀)

ၿပီးခဲ့တဲ့ တနလၤာေန႔ကေတာ့ ဒီေကာ္မတီနဲ႔ တႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA လက္မွတ္ ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕၁၀ ဖဲြ႔အၾကား online ကေန တစ္ဆင့္ေဆြးေႏြးခဲ့ၿပီး ဒီကေန႔မွာေတာ့ ႏွစ္ဘက္ကိုယ္စားလွယ္ေတြဟာ ရန္ကုန္ၿမိဳ႕ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာန NRPC ရံုးမွာ ေတြ႕ဆံုေဆြးေႏြးခဲ့ပါတယ္။

ဒီေဆြးေႏြးပဲြမွာ အဓိက ေဆြးေႏြးျဖစ္တာေတြကို တိုင္းရင္းသားကိုယ္စားလွယ္အဖဲြ႕က ပါ၀င္တက္ေရာက္ခဲ့တဲ့ ဦးမ်ိဳး၀င္းက အခုလို ေျပာပါတယ္။

“အဓိကကေတာ့ COVID-19 နဲ႔ ပတ္သက္ၿပီးကာကြယ္ ထိန္းခ်ဳပ္ေရးအပိုင္းေတြ ရွိမယ္၊ ကုသေရးအပိုင္းေတြ ရွိမယ္။ ဒါေတြကို ဘယ္လိုပံုစံမ်ိဳးနဲ႔ ပူးေပါင္းေဆာင္ရြက္ႏိုင္မလဲေပါ့။ အဲဒါေတြ လုပ္ႏိုင္ဖို႔အတြက္ ဒီ အခု အလြတ္သေဘာ ေဆြးေႏြးပဲြကေန ႏွစ္ဘက္ ေဆြးေႏြးပဲြေတြ စီစဥ္မယ္။ ၿပီးေတာ့မွ ဒီသူတို႔ ေကာ္မတီနဲ႔ EAO တစ္ဖဲြ႕ခ်င္းစီနဲ႔ ေဆြးေႏြးၿပီးေတာ့မွ တစ္ဖဲြ႕ခ်င္းစီရဲ႕ ထူးျခားမႈ အေျခအေနအေပၚ မူတည္ၿပီးေတာ့မွ သူတို႔ဘက္က ဘာလုပ္ႏိုင္မလဲ၊ EAO ဘက္က အေကာင္အထည္ေဖာ္ရာမွာ အျပန္အလွန္ပူးေပါင္းေဆာင္ရြက္မယ့္ဟာေတြ ေဆြးေႏြးရမွာေပါ့။ အခုကေတာ့ အျပန္အလွန္ ဖလွယ္ၿပီးေတာ့မွ ေဆြးေႏြးပဲြေတြ ျဖစ္ေအာင္ စီစဥ္တဲ့အပိုင္းပါပဲ။”

ေနာက္ပိုင္းေဆြးေႏြးပဲြေတြကိုေတာ့ ဒီလ ၈ ရက္ေန႔ေလာက္မွာ Online ကေန ေဆြးေႏြးသြားဖို႔အတြက္ ျပင္ဆင္ထားေၾကာင္း ဆက္ေျပာပါတယ္။

ဒီကေန႔ ေဆြးေႏြးပဲြကို အစိုးရကိုယ္စားလွယ္အဖဲြ႕ဘက္က ေကာ္မတီ ဒုဥကၠ႒ ဒုဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး (ၿငိမ္း) နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ ကိုယ္စားလွယ္အဖဲြ႕ဘက္က ဦးမ်ိဳး၀င္းတို႔ ဦးေဆာင္တက္ေရာက္ခဲ့တာပါ။

ေဆြးေႏြးပဲြကို ပါ၀င္တက္ေရာက္ခဲ့တဲ့ NRPC ရဲ႕ အႀကီးတန္းအၾကံေပးအဖဲြ႕၀င္ ဦးလွေမာင္ေရႊက အစိုးရရဲ႕ ညွိႏိႈင္းပူးေပါင္းေရးေကာ္မတီက အဓိက ေဆြးေႏြးတဲ့အခ်က္ေတြကို အခုလို ေျပာပါတယ္။

“အဓိက ရွင္းျပတာကေတာ့ EAO ၁၈ ဖဲြ႕ကို ဆက္သြယ္ၿပီး စာပို႔ထားတာေပါ့။ ဒီထဲမွာေတာ့ NCA ထိုးထားတဲ့ ၁၀ ဖဲြ႕ေရာ၊ မထိုးရေသးတဲ့ ၈ ဖဲြ႕ေရာ၊ ၁၄ ဖဲြ႕ကေတာ့ သူ႔ကို ျပန္လည္ ဆက္သြယ္ေနတယ္။ အဲေတာ့ သူ႔အေနနဲ႔ေတာ့ သမၼတရံုးရဲ႕ အမိန္႔ေၾကာ္ျငာစာမွာ တာ၀န္ ၇ ရပ္ပါတယ္။ အဲဒီ ၇ ရပ္ကို ဒီေကာ္မတီက ေအာင္ျမင္ေအာင္ ေဆာင္ရြက္ဖို႔ ကိစၥရပ္ေတြကို ရွင္းျပတယ္ေပါ့။”

ေကာ္မတီရဲ႕ တာ၀န္ ၇ ရပ္မွာ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအတြက္ သတင္းဖလွယ္ဖို႔၊ နယ္စပ္က ၀င္ေရာက္လာသူေတြကို စစ္ေဆးေစာင့္ၾကည့္ေရး၊ သံသယလူနာေတြကို ၫႊန္းပို႔ကုသေရး၊၊ သူတို႔နဲ႔ ထိစပ္သူေတြကို ရွာေဖြေဖာ္ထုတ္ေရး စတာေတြ ပူးေပါင္းေဆာင္ရြက္ဖို႔၊ နည္းပညာပိုင္းအရ ပူးေပါင္းေဆာင္ရြက္ဖို႔နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ နယ္ေျမေတြမွာ COVID-19 နဲ႔ ပတ္သက္ၿပီး အေရးေပၚေဆာင္ရြက္ရမယ့္ ကိစၥေပၚေပါက္လာရင္ NRPC လမ္းၫႊန္ခ်က္နဲ႔အညီ ညွိႏိႈင္းပူးေပါင္းေဆာင္ရြက္ဖို႔ ဆိုတာေတြ ပါ၀င္တာျဖစ္ပါတယ္။

NCA လက္မွတ္ မေရးထိုးေသးတဲ့ ၀၊ မိုင္းလား၊ ကခ်င္၊ ကိုးကန္႔၊ တအန္း(ပေလာင္)၊ AA ရခိုင္၊ SSPP ရွမ္းေျမာက္နဲ႔ KNPP ကရင္နီအဖဲြ႕ေတြကိုေတာ့ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖဲြ႕ PCG ကေန တဆင့္ စာေပးပို႔အေၾကာင္း ၾကားထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 ကာကွယ်ရေး မြန်မာအစိုးရနဲ့ အပစ်ရပ်အဖွဲ့တွေဆွေးနွေး

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ အလွတ်သဘော ဆွေးနွေးတဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

အစိုးရက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းပူးပေါင်းရေးကော်မတီကို ဧပြီ ၂၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာပါ။

ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ ဒီကော်မတီနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၁၀ ဖွဲ့အကြား online ကနေ တစ်ဆင့်ဆွေးနွေးခဲ့ပြီး ဒီကနေ့မှာတော့ နှစ်ဘက်ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးဖြစ်တာတွေကို တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့က ပါဝင်တက်ရောက်ခဲ့တဲ့ ဦးမျိုးဝင်းက အခုလို ပြောပါတယ်။

“အဓိကကတော့ COVID-19 နဲ့ ပတ်သက်ပြီးကာကွယ် ထိန်းချုပ်ရေးအပိုင်းတွေ ရှိမယ်၊ ကုသရေးအပိုင်းတွေ ရှိမယ်။ ဒါတွေကို ဘယ်လိုပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မလဲပေါ့။ အဲဒါတွေ လုပ်နိုင်ဖို့အတွက် ဒီ အခု အလွတ်သဘော ဆွေးနွေးပွဲကနေ နှစ်ဘက် ဆွေးနွေးပွဲတွေ စီစဉ်မယ်။ ပြီးတော့မှ ဒီသူတို့ ကော်မတီနဲ့ EAO တစ်ဖွဲ့ချင်းစီနဲ့ ဆွေးနွေးပြီးတော့မှ တစ်ဖွဲ့ချင်းစီရဲ့ ထူးခြားမှု အခြေအနေအပေါ် မူတည်ပြီးတော့မှ သူတို့ဘက်က ဘာလုပ်နိုင်မလဲ၊ EAO ဘက်က အကောင်အထည်ဖော်ရာမှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မယ့်ဟာတွေ ဆွေးနွေးရမှာပေါ့။ အခုကတော့ အပြန်အလှန် ဖလှယ်ပြီးတော့မှ ဆွေးနွေးပွဲတွေ ဖြစ်အောင် စီစဉ်တဲ့အပိုင်းပါပဲ။”

COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားလက္နက္ကိုင္ အဖဲြ႔အစည္းမ်ားႏွင့္ ညွိႏႈိင္းပူးေပါင္းေရးေကာ္မတီအဖဲြနဲ႔ NCAS-EAO အဖဲြ႔တို႔ရဲ႕ ညိွႏိႈင္းအစည္းအေ၀းကို ရန္ကုန္ၿမိဳ႕ NRPC ရံုးမွာ က်င္းပ (သတင္းဓာတ္ပံု - Hla Maung Shwe's Facebook - ေမ ၅၊ ၂၀၂၀)
COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားလက္နက္ကိုင္ အဖဲြ႔အစည္းမ်ားႏွင့္ ညွိႏႈိင္းပူးေပါင္းေရးေကာ္မတီအဖဲြနဲ႔ NCAS-EAO အဖဲြ႔တို႔ရဲ႕ ညိွႏိႈင္းအစည္းအေ၀းကို ရန္ကုန္ၿမိဳ႕ NRPC ရံုးမွာ က်င္းပ (သတင္းဓာတ္ပံု - Hla Maung Shwe's Facebook - ေမ ၅၊ ၂၀၂၀)

နောက်ပိုင်းဆွေးနွေးပွဲတွေကိုတော့ ဒီလ ၈ရက်နေ့လောက်မှာ Online ကနေ ဆွေးနွေးသွားဖို့အတွက် ပြင်ဆင်ထားကြောင်း ဆက်ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို အစိုးရကိုယ်စားလှယ်အဖွဲ့ဘက်က ကော်မတီ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) နဲ့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့ဘက်က ဦးမျိုးဝင်းတို့ ဦးဆောင်တက်ရောက်ခဲ့တာပါ။

ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့တဲ့ NRPC ရဲ့ အကြီးတန်းအကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက အစိုးရရဲ့ ညှိနှိုင်းပူးပေါင်းရေးကော်မတီက အဓိက ဆွေးနွေးတဲ့အချက်တွေကို အခုလို ပြောပါတယ်။

“အဓိက ရှင်းပြတာကတော့ EAO ၁၈ ဖွဲ့ကို ဆက်သွယ်ပြီး စာပို့ထားတာပေါ့။ ဒီထဲမှာတော့ NCA ထိုးထားတဲ့ ၁၀ ဖွဲ့ရော၊ မထိုးရသေးတဲ့ ၈ ဖွဲ့ရော၊ ၁၄ ဖွဲ့ကတော့ သူ့ကို ပြန်လည် ဆက်သွယ်နေတယ်။ အဲတော့ သူ့အနေနဲ့တော့ သမ္မတရုံးရဲ့ အမိန့်ကြော်ငြာစာမှာ တာဝန်၇ရပ်ပါတယ်။ အဲဒီ ၇ ရပ်ကို ဒီကော်မတီက အောင်မြင်အောင် ဆောင်ရွက်ဖို့ ကိစ္စရပ်တွေကို ရှင်းပြတယ်ပေါ့။ ”

ကော်မတီရဲ့ တာဝန် ၇ရပ်မှာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် သတင်းဖလှယ်ဖို့၊ နယ်စပ်က ဝင်ရောက်လာသူတွေကို စစ်ဆေးစောင့်ကြည့်ရေး၊ သံသယလူနာတွေကို ညွှန်းပို့ကုသရေး၊၊ သူတို့နဲ့ ထိစပ်သူတွေကို ရှာဖွေဖော်ထုတ်ရေး စတာတွေ ပူးပေါင်းဆောင်ရွက်ဖို့၊ နည်းပညာပိုင်းအရ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေတွေမှာ COVID-19နဲ့ ပတ်သက်ပြီး အရေးပေါ်ဆောင်ရွက်ရမယ့် ကိစ္စပေါ်ပေါက်လာရင် NRPC လမ်းညွှန်ချက်နဲ့အညီ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ ဆိုတာတွေ ပါဝင်တာဖြစ်ပါတယ်။

NCA လက်မှတ် မရေးထိုးသေးတဲ့ ဝ၊ မိုင်းလား၊ ကချင်၊ ကိုးကန့်၊ တအန်း(ပလောင်)၊ AA ရခိုင်၊ SSPP ရှမ်းမြောက်နဲ့ KNPP ကရင်နီအဖွဲ့တွေကိုတော့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကနေ တဆင့် စာပေးပို့အကြောင်း ကြားထားတာဖြစ်ပါတယ်။

XS
SM
MD
LG