သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ပူးေပါင္းေဆာင္ရြက္ေရးေကာ္မတီကုိ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ေတြ ႀကိဳဆုိ


Karen National Union (KNU) တပ္သားမ်ား

(Zawgyi/Unicode)

နိုင္ငံေတာ္သမၼတရံုးကေန COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးႏွင့္ စပ္လ်ဥ္းျပီး တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႔အစည္းမ်ားႏွင့္ ညႇိႏႈိင္းပူးေပါင္းေဆာင္ရြက္ေရးေကာ္မတီကုိ ဖြဲ႔စည္းလုိက္တဲ့အေပၚ နယ္စပ္အေျချပဳ လက္နက္ကိုင္အဖြဲ႕ေတြရဲ႕ အျမင္သေဘာထားကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးမွာပါ။

COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးဆုိင္ရာ လုပ္ငန္းေတြကုိ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႔အစည္းေတြ အေျချပဳရာေဒသေတြမွာ ထိထိေရာက္ေရာက္ ေဆာင္ရြက္ႏုိင္ေရးအတြက္ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႔ အစည္းမ်ားႏွင့္ ညႇိႏႈိင္းပူးေပါင္းေဆာင္ရြက္ေရးေကာ္မတီကုိ ဖြဲ႔စည္းလုိက္တဲ့အေပၚ ေကာင္းမြန္တဲ့လကၡဏာတရပ္ လို႕ ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS/SSA ေျပာခြင့္ရ ဗိုလ္မွဴးၾကီးစိုင္းအုမ္ေခးက voa ကို ေျပာပါတယ္။

“အဲတာက သိပ္ေကာင္းတဲ့လကၡဏာပဲေလေနာ္။ ပူးေပါင္းေဆာင္ရြက္ရမွာပဲေလေနာ္။ နိုင္ငံေတာ္အစိုးရအစီစဥ္နဲ႕ဆိုေတာ့ လိုအပ္တဲ့ ဆက္စပ္ပစၥည္းေတြအားလုံးေရာ လိုအပ္တဲ့စား၀တ္ေနေရးေတြေရာ ပိုျပီးေတာ့ေထာက္ပံ့နိုင္မလားေပါ့ေနာ္။

ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းပန္ၿမိဳ႕နယ္အတြင္း NCA အပစ္ရပ္ အဖြဲ႕ျဖစ္တဲ့ RCSS/ SSA အဖြဲ႕ရဲ႕ COVID-19 ေရာဂါ ကာကြယ္တားဆီးေနတဲ့ က်န္းမာေရးအဖြဲ႕၀င္ေတြကို ျပီးခဲ့တဲ့ဧျပီလလယ္ေလာက္မွာ နယ္ေျမခံတပ္မေတာ္ကေန တားဆီးမႈေတြလုပ္ေဆာင္ေနေပမဲ့ ေနာက္ပိုင္းညိွႏိႈင္းမႈ ေျပလည္သြားၿပီးလို႔ သူကဆိုပါတယ္။

RCSS အဖြဲ႕အေနနဲ႕ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေတာင္ပိုင္းနဲ႔ အေရွ႕ပိုင္းၿမိဳ႕နယ္ ၂၆ ၿမိဳ႕နယ္မွာ တတ္နိုင္သေလာက္ COVID-19 ေရာဂါကာကြယ္ပညာေပးလုပ္ငန္းေတြ လုပ္ေဆာင္ေနတယ္လို႕ ဗိုလ္မွဴးၾကီးစိုင္းအုမ္ေခးက ေျပာပါတယ္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU အေနနဲ႔က သူတို႔နယ္ေျမေဒသအတြင္း COVID-19 ေရာဂါကာကြယ္ပညာေပး လုပ္ငန္းေတြ လုပ္ေဆာင္ေနေပမဲ့ ကရင္ျပည္နယ္ လုံျခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးကေန ကန႔္ကြက္မႈနဲ႔ ၾကံဳေနရတယ္လို႔ KNU ျပည္ထဲေရးႏွင့္ သာသနာေရးဌာနတာ၀န္ခံ ပဒိုေစာအာတိုးက ေျပာပါတယ္။

“က်ေနာ္တို႔ KNU အေနနဲ႔ အဲဒီ COVID-19 ကိစၥေဆာင္ရြက္ဖို႔အတြက္ က်ေနာ္တို႔ KNU ဗဟိုကေနျပီးေတာ့ ဖြဲ႔ထားလိုက္ျပီး ေနာက္ျပီးေတာ့ လက္တြဲလုပ္ေဆာင္ေနတာလည္း ရွိျပီ။ သက္ဆိုင္ရာ ခရိုင္ၿမိဳ႕နယ္နဲ႕လည္း ပူးေပါင္းျပီးေတာ့ လုပ္ထားတာ ရွိတယ္။ က်ေနာ္တို႔ တပ္မဟာ ၁ က သထုံခရိုင္က အဲဒီမွာ COVID-19 ကာကြယ္ဖို႕အတြက္ လုပ္ေဆာင္ေနတယ္။ ဒါေပမဲ့လို႔ အဲဒီကရင္ျပည္နယ္နယ္စပ္ေရးရာ ၀န္ၾကီးကေနျပီးေတာ့ ကန္႔ကြက္စာထုတ္တယ္ေလ။ ၀န္ၾကီးခ်ဳပ္ကေတာ့ က်ေနာ္တို႔ အဲဒီလိုလုပ္တာေတာ့ သူတို႔ ခ်ီးက်ဴးဂုဏ္ျပဳတယ္ေနာ္။ ဘယ္လိုလဲ တေယာက္နဲ႔ တေယာက္နားမလည္လို႔လား ဘယ္လိုလဲမေျပာတတ္ဘူးေနာ္။”

KNU လက္ေအာက္ခံ တပ္မဟာ-၁ သထုံၿမိဳ႕နယ္ ထုံးဘိုႀကီးေလးေက သြားတဲ့ လမ္းမေပၚမွာ COVID-19 ကာကြယ္ ထိန္းခ်ဳပ္ေရး လုပ္ေဆာင္ခ်က္နဲ႔ ပတ္သက္ၿပီး နယ္ဘက္အုပ္ခ်ဳပ္ေရးဆိုင္ရာ ကိစၥရပ္ေတြမွာ ဝင္ေရာက္စြက္ဖက္မႈေတြ မျပဳလုပ္ဖို႔ တပ္ဖြဲ႕ဝင္ေတြကို ထိန္းသိမ္းၾကပ္ မတ္ေပးဖို႔ ဧၿပီ ၁၇ ရက္ ေန႔စြဲနဲ႔ ကရင္ျပည္နယ္ လုံျခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးက ကန႔္ကြက္မႈေတြရွိခဲ့ပါတယ္။

တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႔ အစည္းေတြနဲ႔ ညႇိႏႈိင္းပူးေပါင္းေဆာင္ရြက္ေရးေကာ္မတီကုိ ဖြဲ႔စည္းလုိက္တဲ့ အေပၚ ၾကိဳဆိုတယ္လို႕ KIO ေခါင္းေဆာင္တဦးျဖစ္သူ ဂ်ိမ္းလြန္ေတာင္ကဆိုပါတယ္။

“အဲဒီေကာ္မီတီဖြဲ႕တဲ့ေနရာ သူ႕ရဲ႕ရည္ရြယ္ခ်က္က အင္မတန္မွ ေကာင္းပါတယ္။ အင္မတန္မွအေရးၾကီးတဲ့ အခ်က္ျဖစ္ပါတယ္။”

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO အေနနဲ႕ကေတာ့ KIA ဌာနခ်ဳပ္ လိုင္ဇာၿမိဳ႕က တ႐ုတ္နယ္စပ္ဂိတ္ကို ဧၿပီလ ၂၇ ရက္ကစၿပီး ရက္အကန႔္သတ္ မရွိ ပိတ္လိုက္ၿပီးျဖစ္ပါတယ္။

လက္ရွိ KIO ထိန္းခ်ဳပ္ေဒသမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကာကြယ္ေရးေတြလုပ္ေဆာင္ေနတယ္လို႕ ကခ်င္ျငိမ္းခ်မ္းေရး အက်ိဳးေတာ္ေဆာင္ ဦးဆမ္ေအာင္ကေျပာပါတယ္။

“နယ္စပ္ဂိတ္ေတြကေတာ့ အရင္ကနဲ႕သူတို႕ကေတာ့ တင္းတင္းၾကပ္ၾကပ္လုပ္ေနတာ ရွိပါတယ္။ အခုကေတာ့ ပိတ္ေလာက္ျပီ။ အဲတရုတ္ကုန္ကားေတြကေတာ့ သူတို႔က မ၀င္ခိုင္းေတာ့ပိတ္ထားတယ္လို႕ေျပာပါတယ္။ အခုလြယ္က်ယ္တို႕ ကန္ပိုင္တီတို႔ လမ္းပဲ ၀င္ထြက္ေနတာ။ ဒီလိုင္ဇာလမ္းကေတာ့ ကားၾကီးေတြ၀င္ထြက္ မရွိတာနည္းနည္းၾကာျပီ။ သူတို႕လဲ ေနရာတကာမွာအသိပညာေပးမႈေတြ လက္ေတြ႕မွာ ဒီ မ်က္ႏွာဖုံးျဖန္႕ေ၀မႈေတြ ျပီးရင္လက္ေဆးဖို႔ ေနာက္အဖ်ားတိုင္း တာတို႕ဘာတို႔။ ဟိုမသကၤာတဲ့သူရွိရင္လည္း သူတို႕ေစာင့္ၾကည့္ quarantine လုပ္တဲ့အပိုင္းေတြ ရွိတယ္လို႕ သိရပါတယ္ ခင္ဗ်။

COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးတုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔အစည္းေတြနဲ႕ ညႇိႏႈိင္းပူးေပါင္းေဆာင္ရြက္ေရးေကာ္မတီဟာ ေရာဂါနဲ႔ ပက္သက္တဲ့ သတင္းခ်က္လက္ဖလွယ္တာ နယ္စပ္က၀င္လာသူေတြကို စစ္ေဆးတာ ကုသေပးတာ ေရာဂါဆုိင္ရာ အေရးေပးေဆာင္ရြက္ေရးကိစၥရပ္ေတြ ေပၚေပါက္လာရင္ အမ်ဳိးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟုိဌာနရဲ႕ လမ္းညြန္ခ်က္နဲ႔အညီ ပူးေပါင္းေဆာင္ရြက္ျခင္း စတာေတြ ပါ၀င္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

[Unicode Version]

COVID-19 ပူးပေါင်းဆောင်ရွက်ရေးကော်မတီကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြိုဆို


နိုင်ငံတော်သမ္မတရုံးကနေ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်းပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းလိုက်တဲ့အပေါ် နယ်စပ်အခြေပြု လက်နက်ကိုင်အဖွဲ့တွေရဲ့ အမြင်သဘောထားကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးမှာပါ။

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အခြေပြုရာဒေသတွေမှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းလိုက်တဲ့အပေါ် ကောင်းမွန်တဲ့လက္ခဏာတရပ် လို့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းအုမ်ခေးက voa ကို ပြောပါတယ်။

“အဲတာက သိပ်ကောင်းတဲ့လက္ခဏာပဲလေနော်။ ပူးပေါင်းဆောင်ရွက်ရမှာပဲလေနော်။ နိုင်ငံတော်အစိုးရအစီစဉ်နဲ့ဆိုတော့ လိုအပ်တဲ့ ဆက်စပ်ပစ္စည်းတွေအားလုံးရော လိုအပ်တဲ့စားဝတ်နေရေးတွေရော ပိုပြီးတော့ထောက်ပံ့နိုင်မလားပေါ့နော်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း NCA အပစ်ရပ် အဖွဲ့ဖြစ်တဲ့ RCSS/ SSA အဖွဲ့ရဲ့ COVID-19 ရောဂါ ကာကွယ်တားဆီးနေတဲ့ ကျန်းမာရေးအဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ဧပြီလလယ်လောက်မှာ နယ်မြေခံတပ်မတော်ကနေ တားဆီးမှုတွေလုပ်ဆောင်နေပေမဲ့ နောက်ပိုင်းညှိနှိုင်းမှု ပြေလည်သွားပြီးလို့ သူကဆိုပါတယ်။

RCSS အဖွဲ့အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တောင်ပိုင်းနဲ့ အရှေ့ပိုင်းမြို့နယ် ၂၆ မြို့နယ်မှာ တတ်နိုင်သလောက် COVID-19 ရောဂါကာကွယ်ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီးစိုင်းအုမ်ခေးက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့က သူတို့နယ်မြေဒေသအတွင်း COVID-19 ရောဂါကာကွယ်ပညာပေး လုပ်ငန်းတွေ လုပ်ဆောင်နေပေမဲ့ ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကနေ ကန့်ကွက်မှုနဲ့ ကြုံနေရတယ်လို့ KNU ပြည်ထဲရေးနှင့် သာသနာရေးဌာနတာဝန်ခံ ပဒိုစောအာတိုးက ပြောပါတယ်။

“ကျနော်တို့ KNUအနေနဲ့ အဲဒီ COVID-19 ကိစ္စဆောင်ရွက်ဖို့အတွက် ကျနော်တို့ KNU ဗဟိုကနေပြီးတော့ ဖွဲ့ထားလိုက်ပြီး နောက်ပြီးတော့ လက်တွဲလုပ်ဆောင်နေတာလည်း ရှိပြီ။ သက်ဆိုင်ရာ ခရိုင်မြို့နယ်နဲ့လည်း ပူးပေါင်းပြီးတော့ လုပ်ထားတာ ရှိတယ်။ ကျနော်တို့ တပ်မဟာ ၁ က သထုံခရိုင်က အဲဒီမှာ COVID-19 ကာကွယ်ဖို့အတွက် လုပ်ဆောင်နေတယ်။ ဒါပေမဲ့လို့ အဲဒီကရင်ပြည်နယ်နယ်စပ်ရေးရာ ဝန်ကြီးကနေပြီးတော့ ကန့်ကွက်စာထုတ်တယ်လေ။ ဝန်ကြီးချုပ်ကတော့ ကျနော်တို့ အဲဒီလိုလုပ်တာတော့ သူတို့ ချီးကျူးဂုဏ်ပြုတယ်နော်။ ဘယ်လိုလဲ တယောက်နဲ့ တယောက်နားမလည်လို့လား ဘယ်လိုလဲမပြောတတ်ဘူးနော်။”

KNU လက်အောက်ခံ တပ်မဟာ-၁ သထုံမြို့နယ် ထုံးဘိုကြီးလေးကေ သွားတဲ့ လမ်းမပေါ်မှာ COVID-19 ကာကွယ် ထိန်းချုပ်ရေး လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး နယ်ဘက်အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်မှုတွေ မပြုလုပ်ဖို့ တပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းကြပ် မတ်ပေးဖို့ ဧပြီ ၁၇ ရက် နေ့စွဲနဲ့ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ကန့်ကွက်မှုတွေရှိခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းလိုက်တဲ့ အပေါ် ကြိုဆိုတယ်လို့ KIO ခေါင်းဆောင်တဦးဖြစ်သူ ဂျိမ်းလွန်တောင်ကဆိုပါတယ်။

“အဲဒီကော်မီတီဖွဲ့တဲ့နေရာ သူ့ရဲ့ရည်ရွယ်ချက်က အင်မတန်မှ ကောင်းပါတယ်။ အင်မတန်မှအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။”

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့ကတော့ KIA ဌာနချုပ် လိုင်ဇာမြို့က တရုတ်နယ်စပ်ဂိတ်ကို ဧပြီလ ၂၇ ရက်ကစပြီး ရက်အကန့်သတ် မရှိ ပိတ်လိုက်ပြီးဖြစ်ပါတယ်။

လက်ရှိ KIO ထိန်းချုပ်ဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးတွေလုပ်ဆောင်နေတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးဆမ်အောင်ကပြောပါတယ်။

“နယ်စပ်ဂိတ်တွေကတော့ အရင်ကနဲ့သူတို့ကတော့ တင်းတင်းကြပ်ကြပ်လုပ်နေတာ ရှိပါတယ်။ အခုကတော့ ပိတ်လောက်ပြီ။ အဲတရုတ်ကုန်ကားတွေကတော့ သူတို့က မဝင်ခိုင်းတော့ပိတ်ထားတယ်လို့ပြောပါတယ်။ အခုလွယ်ကျယ်တို့ ကန်ပိုင်တီတို့ လမ်းပဲ ဝင်ထွက်နေတာ။ ဒီလိုင်ဇာလမ်းကတော့ ကားကြီးတွေဝင်ထွက် မရှိတာနည်းနည်းကြာပြီ။ သူတို့လဲ နေရာတကာမှာအသိပညာပေးမှုတွေ လက်တွေ့မှာ ဒီ မျက်နှာဖုံးဖြန့်ဝေမှုတွေ ပြီးရင်လက်ဆေးဖို့ နောက်အဖျားတိုင်း တာတို့ဘာတို့။ ဟိုမသင်္ကာတဲ့သူရှိရင်လည်း သူတို့စောင့်ကြည့် quarantine လုပ်တဲ့အပိုင်းတွေ ရှိတယ်လို့ သိရပါတယ် ခင်ဗျ။

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီဟာ ရောဂါနဲ့ ပက်သက်တဲ့ သတင်းချက်လက်ဖလှယ်တာ နယ်စပ်ကဝင်လာသူတွေကို စစ်ဆေးတာ ကုသပေးတာ ရောဂါဆိုင်ရာ အရေးပေးဆောင်ရွက်ရေးကိစ္စရပ်တွေ ပေါ်ပေါက်လာရင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနရဲ့ လမ်းညွန်ချက်နဲ့အညီ ပူးပေါင်းဆောင်ရွက်ခြင်း စတာတွေ ပါဝင်ပါတယ်။

XS
SM
MD
LG