သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ၂ ရက်ဆက်တိုက် COVID-19 အတည်ပြုသူမရှိ


ရန်ကုန်မြို့ရှိ လမ်းတခုတွင် ပိုးသတ်ဆေးဖြန်းနေကြတဲ့ မီးသတ်ဝန်ထမ်း တချို့ (ဧပြီ ၂၁၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ လမ်းတခုတွင် ပိုးသတ်ဆေးဖြန်းနေကြတဲ့ မီးသတ်ဝန်ထမ်း တချို့ (ဧပြီ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးကူးသူအဖြစ် အတည်ပြုသူ မတွေ့တာ ဒီနေ့နဲ့ပါဆိုရင် ၂ ရက် ဆက်တိုက် ရှိသွားပါပြီ။

ဒီနေ့ ဧပြီလ ၂၇ ရက်နေ့အတွက် COVID-19 ဓါတ်ခွဲနမူနာစစ်ဆေးမှုတွေမှာ ကူးစက်သူမရှိလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီနေ့ ဆေးသုတေသနဦးစီးဌာန (DMR) က ညနေပိုင်းအထိ ဓာတ်ခွဲနမူနာ ၁၁၅ ခုကို စစ်ဆေးခဲ့တာ နောက်ထပ် ပိုးကူးစက်သူ တယောက်မှာ မရှိခဲ့ပါဘူး။

သတင်းဓာတ်ပုံ - Ministry of Health and Sports, Myanmar
သတင်းဓာတ်ပုံ - Ministry of Health and Sports, Myanmar

မနေ့တုန်းက ဓါတ်ခွဲနမူနာ စစ်ဆေးမှုတွေမှာလည်း ကူးစက်သူ တယောက်မှာ မတေ့ွရှိခဲ့ပါဘူး။

လောလောဆယ် မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးကူးစက်တယ်လို့ အတည်ပြုထားသူ ၁၄၆ ယောက်ရှိပါတယ်။ သေဆုံးသူကတော့ ၅ ယောက်ရှိခဲ့ပြီး ရောဂါပိုးကင်းစင်သူ ၁၆ ယောက်နဲ့ အဲဒီထဲက ၉ ယောက်ကတော့ ဆေးရုံတွေက ဆင်းသွားပြီဖြစ်ပါတယ်။

[Unicode Version]






XS
SM
MD
LG