(Zawgyi/Unicode)
ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ဦးေဆာင္ၿပီး ဖြဲ႕စည္းလိုက္တဲ့ အမ်ိဳးသားအဆင့္ ေစတနာဝန္ထမ္း ဦးေဆာင္အဖြဲ႕မွာ အစိုးရ အာဏာပိုင္ အဖြဲ႕အစည္းေတြ ပါဝင္ေနတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ေစတနာ့ ဝန္ထမ္းေတြရဲ႕ အျမင္ကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပေပးပါမယ္။
အမ်ိဳးသားအဆင့္ ေစတနာ့ ဝန္ထမ္း ဦးေဆာင္အဖြဲ႔ ဖြဲ႕စည္း တာဝန္ေပးအပ္ျခင္း အမိန႔္စာတေစာင္ကို ဧၿပီလ ၂၅ ရက္ေန႔က ႏိုင္ငံေတာ္သမၼတ႐ုံးက ထုတ္ျပန္လိုက္တာပါ။
ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဥကၠ႒အျဖစ္ဦးေဆာင္တဲ့ ဒီအဖြဲ႕ဟာ COVID-19 ေရာဂါ အေရးေပၚ တုံ႔ျပန္ႏိုင္ေရးအတြက္ ႏိုင္ငံေတာ္ အစိုးရရဲ႕ မူဝါဒေတြနဲ႔ အညီ ေဆာင္႐ြက္ ႏိုင္ဖို႔အတြက္ ေစတနာ့ ဝန္ထမ္းေတြကို ေလ့က်င့္ပါဝင္ႏိုင္ေစဖို႔ ရည္႐ြယ္ၿပီး ဖြဲ႕စည္း လိုက္တာျဖစ္ပါတယ္။ ဒီအဖြဲ႔မွာ ျပည္ေထာင္စုဝန္ႀကီးေတြ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲ႕က ဝန္ႀကီးခ်ဳပ္ေတြ အၿမဲတမ္း အတြင္းဝန္ေတြႏွင့္ လူမႈဝန္ထမ္း ဦးစီးဌာနက အရာရွိေတြ ပါဝင္ပါတယ္။
လိုအပ္ခ်က္ေတြ မ်ားလာတဲ့အတြက္ လူထုအင္အား လိုအပ္လာတာေၾကာင့္ ဖဲြ႔စည္းရတာျဖစ္ၿပီး ဒါက လူတိုင္းကို စစ္မွန္တဲ့ ပရဟိတ လုပ္လာႏိုင္ေအာင္ လမ္းဖြင့္ေပးလိုက္တာျဖစ္တယ္လို႔ We Love Yangon အဖြဲ႕ရဲ႕ ဥကၠ႒ ဆရာမ ေဒၚသန္းျမင့္ေအာင္က ဗြီအိုေအကို ခုလိုေျပာျပပါတယ္။
“ဒီအစိုးရ အဖြဲ႕အစည္းေတြ အာဏာပိုင္ေတြ ပါဝင္ၿပီးေတာ့မွ ဒီလုပ္ငန္းေတြ လုပ္မယ္ဆိုရင္လည္း ပရဟိတ ပုံစံနဲ႔ပဲ လုပ္သြားမယ္လို႔ က်မ ထင္ပါတယ္။ ဒီပုံစံနဲ႔ပဲ လုပ္ရမွာပါ။ အာဏာသက္ေရာက္မႈနဲ႔ လုပ္ရင္ေတာ့ အဆင္မေျပပါဘူးရွင့္။ အဲ့ဒီလို ပရဟိတ ေဘာင္ထဲကေန လုပ္ေဆာင္သြားမယ္လို႔ပဲ က်မတို႔ ယုံၾကည္ပါတယ္။ ၿပီးေတာ့ ဒါဟာ လူအမ်ားကို လြတ္လြတ္လပ္လပ္ လုပ္ႏိုင္ကိုင္ႏိုင္ေအာင္ ဖြင့္ေပးလိုက္တယ္လို႔လည္း က်မ ယူဆပါတယ္။ လူတိုင္းလူတိုင္း ပရဟိတ လုပ္ႏိုင္ေအာင္ စစ္မွန္တဲ့ ပရဟိတ ေပါ့ေႏွာ္၊ လူတိုင္းလူတိုင္း ကိုယ္က်ိဳး မရွာဘဲနဲ႔ စစ္မွန္တဲ့ ပရဟိတ လုပ္ႏိုင္ေအာင္လို႔ လမ္းဖြင့္ေပးလိုက္တယ္လို႔ က်မကေတာ့ ယုံၾကည္ပါတယ္။”
ဒီလို လူမႈကူညီေရးလုပ္ငန္းေတြ ေဆာင္႐ြက္တာမွာ အစိုးရရဲ႕ ပါဝင္ပတ္သက္မႈကို မႏွစ္သက္တဲ့ အဖြဲ႕ေတြလည္း ရွိပါတယ္။
လူမႈကူညီေရး ပရဟိတအသင္းေတြက အစိုးရလက္ေအာက္ခံအဖြဲ႕ေတြ မဟုတ္တာေၾကာင့္ အစိုးရရဲ႕ ၫႊန္ၾကားခ်က္ေတြနဲ႔ ေဆာင္႐ြက္ရင္ အဆင္ေျပႏိုင္မွာ မဟုတ္သလို ဒီ အမ်ိဳးသားအဆင့္ ေစတနာ့ ဝန္ထမ္း ဦးေဆာင္အဖြဲ႔နဲ႔ ပူးေပါင္းေဆာင္႐ြက္မွာ မဟုတ္ဘူးလို႔ အေဝရာ လူမႈကူညီေရးအသင္း ဥကၠ႒ ဦးေအာင္ၾကည္ၿမိဳင္က ေျပာပါတယ္။
“ပရဟိတဆိုတာ Non-Government Organization ဆိုတဲ့ အတိုင္းပဲ က်ေနာ္တို႔က အစိုးရရဲ႕ အစိုးရအဖြဲ႕အစည္းက ပါဝင္လာမွာကို မႏွစ္သက္ဘူးေပါ့ ပြင့္ပြင့္လင္းလင္း ေျပာရရင္ အစိုးရအဖြဲ႕က ဦးေဆာင္ၿပီးေတာ့ သူတို႔ရဲ႕ လမ္းၫႊန္မႈ တစ္နည္းအားျဖင့္ ဗဟိုဦးစီးစနစ္နဲ႔ ခိုင္းလာမွာကို ၫႊန္ၾကားလာမႈေတြကို က်ေနာ္တို႔က ကိုယ္တိုင္လည္း လိုက္နာႏိုင္မွ လိုက္နာႏိုင္မယ္။ ကိုယ့္အဖြဲ႕အစည္း အသင္းဝင္ေတြကိုလည္း အဲ့ဒီအတိုင္း အမိန႔္ေပးခ်င္မွ ေပးႏိုင္မယ္၊ မေပးႏိုင္ဘူးေပါ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့။ အဲ့ေတာ့ Organization တခုအေနနဲ႔ ဗဟိုဦးစီးစနစ္နဲ႔ လာမယ္ဆိုရင္ က်ေနာ္တို႔က ဘယ္လိုမွ အဆင္မေျပဘူေပါ့ဗ်ာေနာ္။ အဲ့ဒါေၾကာင့္မို႔ က်ေနာ္တို႔ ဒါကိုေတာ့ လုံးဝကန႔္ကြက္တယ္ေပါ့ဗ်ာ ရွင္းရွင္းေျပာရရင္ေတာ့ အဲ့ဒီအဖြဲ႕အစည္းကို ဝင္ေရာက္ဖို႔အတြက္ စာရင္းေပးပါ ဘာညာဆိုရင္ေတာ့ က်ေနာ္တို႔ အဖြဲ႕ေတြ ပရဟိတ အဖြဲ႕ေတြ ေတာ္ေတာ္မ်ားမ်ားက စာရင္းေပးမယ္ေတာ့ မထင္ဘူးဗ်။ က်ေနာ္တို႔ကေတာ့ မေပးဘူး ေသခ်ာေပါက္။”
အဖြဲ႕အစည္းကို ဝင္ေရာက္ၿပီး ပူးေပါင္းေဆာင္႐ြက္တာမ်ိဳး မလုပ္ဘူးလို႔ ဆိုေပမဲ့ အေဝရာ လူမႈကူညီေရး အသင္းအေနနဲ႔ လူမႈဝန္ထမ္းဦးစီးဌာနနဲ႔ သဘာဝေဘးအႏၲရာယ္ ကာကြယ္ေရးဦးစီးဌာနတို႔နဲ႔ ပူးေပါင္းၿပီး COVID-19 ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ကူညီလုပ္ကိုင္ေပးေနပါတယ္။
အမ်ိဳးသားအဆင့္ ေစတနာ့ဝန္ထမ္း ဦးေဆာင္အဖြဲ႔အေနနဲ႔ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ လူမႈေရးဝန္ႀကီးေတြက ဦးေဆာင္ၿပီး ၿမိဳ႕နယ္အလိုက္ လက္ရွိ Quarantine Center ေတြမွာ လက္ရွိ ေဆာင္႐ြက္ေနၾကတဲ့ ေစတနာ့ဝန္ထမ္းေတြရဲ႕ စာရင္း ပါဝင္လုပ္ေဆာင္ဖို႔ ဆႏၵျပဳထားၾကတဲ့ ေစတနာ့ဝန္ထမ္းေတြရဲ႕ စာရင္း Quarantine Center တခုခ်င္းရဲ႕ လိုအပ္မႈစာရင္းေတြ စတာေတြကို စာရင္းေကာက္ယူၾကရမွာ ျဖစ္ပါတယ္။
ေစတနာ့ဝန္ထမ္းေတြအတြက္ လုပ္ငန္းတာဝန္ေတြ ၿပီးဆုံးတဲ့အခါ အလွည့္က်စနစ္နဲ႔ အနားယူႏိုင္မယ့္ ေနရာေတြ စီစဥ္ေပးေရး ညႇိႏႈိင္းေဆာင္႐ြက္တာ အခမဲ့က်န္းမာေရး စစ္ေဆးေပးတာႏွင့္ လိုအပ္ရင္ ေဆးကုသမႈေပးတာ လိုအပ္တဲ့ လုံၿခဳံေရး အကာကြယ္နဲ႔ ေဆးဝါး ပံ့ပိုးေပးႏိုင္ေရး ေဆာင္႐ြက္ေပးတာႏွင့္ ကူညီေရးတာဝန္ေတြကို စနစ္တက် ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ လိုအပ္တဲ့ သင္တန္းေတြ ဖြင့္လွစ္ႏိုင္ဖို႔ ညႇိႏႈိင္းေဆာင္႐ြက္ေပးတာ စတာေတြကို လုပ္ေဆာင္ေပးမွာ ျဖစ္ပါတယ္ရွင္။
[Unicode Version]
စေတနာ့ဝန်ထမ်းအဖွဲ့ အစိုးရက ဦးဆောင်သင့်-မသင့်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး ဖွဲ့စည်းလိုက်တဲ့ အမျိုးသားအဆင့် စေတနာဝန်ထမ်း ဦးဆောင်အဖွဲ့မှာ အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေ ပါဝင်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စေတနာ့ ဝန်ထမ်းတွေရဲ့ အမြင်ကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။
အမျိုးသားအဆင့် စေတနာ့ ဝန်ထမ်း ဦးဆောင်အဖွဲ့ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း အမိန့်စာတစောင်ကို ဧပြီလ ၂၅ ရက်နေ့က နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်တာပါ။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ ဒီအဖွဲ့ဟာ COVID-19 ရောဂါ အရေးပေါ် တုံ့ပြန်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရရဲ့ မူဝါဒတွေနဲ့ အညီ ဆောင်ရွက် နိုင်ဖို့အတွက် စေတနာ့ ဝန်ထမ်းတွေကို လေ့ကျင့်ပါဝင်နိုင်စေဖို့ ရည်ရွယ်ပြီး ဖွဲ့စည်း လိုက်တာဖြစ်ပါတယ်။ ဒီအဖွဲ့မှာ ပြည်ထောင်စုဝန်ကြီးတွေ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးချုပ်တွေ အမြဲတမ်း အတွင်းဝန်တွေနှင့် လူမှုဝန်ထမ်း ဦးစီးဌာနက အရာရှိတွေ ပါဝင်ပါတယ်။
လိုအပ်ချက်တွေ များလာတဲ့အတွက် လူထုအင်အား လိုအပ်လာတာကြောင့် ဖွဲ့စည်းရတာဖြစ်ပြီး ဒါက လူတိုင်းကို စစ်မှန်တဲ့ ပရဟိတ လုပ်လာနိုင်အောင် လမ်းဖွင့်ပေးလိုက်တာဖြစ်တယ်လို့ We Love Yangon အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဆရာမ ဒေါ်သန်းမြင့်အောင်က ဗွီအိုအေကို ခုလိုပြောပြပါတယ်။
“ဒီအစိုးရ အဖွဲ့အစည်းတွေ အာဏာပိုင်တွေ ပါဝင်ပြီးတော့မှ ဒီလုပ်ငန်းတွေ လုပ်မယ်ဆိုရင်လည်း ပရဟိတ ပုံစံနဲ့ပဲ လုပ်သွားမယ်လို့ ကျမ ထင်ပါတယ်။ ဒီပုံစံနဲ့ပဲ လုပ်ရမှာပါ။ အာဏာသက်ရောက်မှုနဲ့ လုပ်ရင်တော့ အဆင်မပြေပါဘူးရှင့်။ အဲ့ဒီလို ပရဟိတ ဘောင်ထဲကနေ လုပ်ဆောင်သွားမယ်လို့ပဲ ကျမတို့ ယုံကြည်ပါတယ်။ ပြီးတော့ ဒါဟာ လူအများကို လွတ်လွတ်လပ်လပ် လုပ်နိုင်ကိုင်နိုင်အောင် ဖွင့်ပေးလိုက်တယ်လို့လည်း ကျမ ယူဆပါတယ်။ လူတိုင်းလူတိုင်း ပရဟိတ လုပ်နိုင်အောင် စစ်မှန်တဲ့ ပရဟိတ ပေါ့နှော်၊ လူတိုင်းလူတိုင်း ကိုယ်ကျိုး မရှာဘဲနဲ့ စစ်မှန်တဲ့ ပရဟိတ လုပ်နိုင်အောင်လို့ လမ်းဖွင့်ပေးလိုက်တယ်လို့ ကျမကတော့ ယုံကြည်ပါတယ်။”
ဒီလို လူမှုကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အစိုးရရဲ့ ပါဝင်ပတ်သက်မှုကို မနှစ်သက်တဲ့ အဖွဲ့တွေလည်း ရှိပါတယ်။
လူမှုကူညီရေး ပရဟိတအသင်းတွေက အစိုးရလက်အောက်ခံအဖွဲ့တွေ မဟုတ်တာကြောင့် အစိုးရရဲ့ ညွှန်ကြားချက်တွေနဲ့ ဆောင်ရွက်ရင် အဆင်ပြေနိုင်မှာ မဟုတ်သလို ဒီ အမျိုးသားအဆင့် စေတနာ့ ဝန်ထမ်း ဦးဆောင်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ အဝေရာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးအောင်ကြည်မြိုင်က ပြောပါတယ်။
“ပရဟိတဆိုတာ Non-Government Organization ဆိုတဲ့ အတိုင်းပဲ ကျနော်တို့က အစိုးရရဲ့ အစိုးရအဖွဲ့အစည်းက ပါဝင်လာမှာကို မနှစ်သက်ဘူးပေါ့ ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရအဖွဲ့က ဦးဆောင်ပြီးတော့ သူတို့ရဲ့ လမ်းညွှန်မှု တစ်နည်းအားဖြင့် ဗဟိုဦးစီးစနစ်နဲ့ ခိုင်းလာမှာကို ညွှန်ကြားလာမှုတွေကို ကျနော်တို့က ကိုယ်တိုင်လည်း လိုက်နာနိုင်မှ လိုက်နာနိုင်မယ်။ ကိုယ့်အဖွဲ့အစည်း အသင်းဝင်တွေကိုလည်း အဲ့ဒီအတိုင်း အမိန့်ပေးချင်မှ ပေးနိုင်မယ်၊ မပေးနိုင်ဘူးပေါ့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့။ အဲ့တော့ Organization တခုအနေနဲ့ ဗဟိုဦးစီးစနစ်နဲ့ လာမယ်ဆိုရင် ကျနော်တို့က ဘယ်လိုမှ အဆင်မပြေဘူပေါ့ဗျာနော်။ အဲ့ဒါကြောင့်မို့ ကျနော်တို့ ဒါကိုတော့ လုံးဝကန့်ကွက်တယ်ပေါ့ဗျာ ရှင်းရှင်းပြောရရင်တော့ အဲ့ဒီအဖွဲ့အစည်းကို ဝင်ရောက်ဖို့အတွက် စာရင်းပေးပါ ဘာညာဆိုရင်တော့ ကျနော်တို့ အဖွဲ့တွေ ပရဟိတ အဖွဲ့တွေ တော်တော်များများက စာရင်းပေးမယ်တော့ မထင်ဘူးဗျ။ ကျနော်တို့ကတော့ မပေးဘူး သေချာပေါက်။”
အဖွဲ့အစည်းကို ဝင်ရောက်ပြီး ပူးပေါင်းဆောင်ရွက်တာမျိုး မလုပ်ဘူးလို့ ဆိုပေမဲ့ အဝေရာ လူမှုကူညီရေး အသင်းအနေနဲ့ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဦးစီးဌာနတို့နဲ့ ပူးပေါင်းပြီး COVID-19 ထိန်းချုပ်နိုင်ရေးအတွက် ကူညီလုပ်ကိုင်ပေးနေပါတယ်။
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အနေနဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လူမှုရေးဝန်ကြီးတွေက ဦးဆောင်ပြီး မြို့နယ်အလိုက် လက်ရှိ Quarantine Center တွေမှာ လက်ရှိ ဆောင်ရွက်နေကြတဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ စာရင်း ပါဝင်လုပ်ဆောင်ဖို့ ဆန္ဒပြုထားကြတဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ စာရင်း Quarantine Center တခုချင်းရဲ့ လိုအပ်မှုစာရင်းတွေ စတာတွေကို စာရင်းကောက်ယူကြရမှာ ဖြစ်ပါတယ်။
စေတနာ့ဝန်ထမ်းတွေအတွက် လုပ်ငန်းတာဝန်တွေ ပြီးဆုံးတဲ့အခါ အလှည့်ကျစနစ်နဲ့ အနားယူနိုင်မယ့် နေရာတွေ စီစဉ်ပေးရေး ညှိနှိုင်းဆောင်ရွက်တာ အခမဲ့ကျန်းမာရေး စစ်ဆေးပေးတာနှင့် လိုအပ်ရင် ဆေးကုသမှုပေးတာ လိုအပ်တဲ့ လုံခြုံရေး အကာကွယ်နဲ့ ဆေးဝါး ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ပေးတာနှင့် ကူညီရေးတာဝန်တွေကို စနစ်တကျ ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ သင်တန်းတွေ ဖွင့်လှစ်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်ပေးတာ စတာတွေကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်ရှင်။