သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူ ၁၄၆ ေယာက္ရွိၿပီ


ရန္ကုန္ၿမိဳ႕ရွိ လမ္းမ်ားတြင္ ပုိးသတ္ေဆးဖ်န္းေနသည့္ မီးသတ္တပ္ဖြဲ႔ဝင္မ်ား။ (ဧၿပီ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 လို႔ေခၚတဲ့ ကို႐ုိနာဗုိင္းရပ္စ္ပိုး ကူးစက္ခံထားရသူ ၂ ေယာက္ ထပ္မံေတြ႔ရွိခဲ့တဲ့အတြက္ အခုဆုိရင္ ေရာဂါကူးစက္ခံရသူ ၁၄၆ ေယာက္ ရွိသြားၿပီျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ေျပာလိုက္ပါတယ္။

ဒီကေန႔မနက္ ၇ နာရီက ထုတ္ျပန္ခ်က္အရ မေန႔ ဧၿပီလ ၂၅ ရက္ေန႔က ဓာတ္ခဲြနမူနာ ၄၂၆ ခုကို စစ္ေဆးခဲ့တာမွာ ၂ ဦးမွာ ကို႐ုိနာဗုိင္းရပ္စ္ပုိး ေတြ႔ရွိခဲ့ၿပီး က်န္တဲ့ ၄၂၄ ေယာက္မွာေတာ့ ေရာဂါပုိး မေတြ႔ရွိခဲ့ဘူးလို႔ ေဖာ္ျပထားပါတယ္။

ေရာဂါပိုး ကူးစက္ခံလိုက္ရသူ ၂ ေယာက္ကေတာ့ စစ္ကိုင္းတုိင္း စစ္ကိုင္းၿမိဳ႕က အသက္ ၄၈ ႏွစ္အရြယ္ အမ်ိဳးသားတဦးနဲ႔ ရန္ကုန္တုိင္း ကမာရြတ္ၿမိဳ႕နယ္က အသက္ ၃၂ ႏွစ္အရြယ္ အမ်ဳိးသားတဦးတုိ႔ျဖစ္တယ္လို႔ ေျပာပါတယ္။

အခုခ်ိန္ထိေတာ့ ျမန္မာႏုိင္ငံမွာ ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၅ ေယာက္ရွိပါတယ္။

တခ်ိန္တည္းမွာပဲ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ေရာဂါကူးစက္မႈေတြကို ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ ပန္ၾကားခ်က္တရပ္ကို ဒီကေန႔ ထုတ္ျပန္လိုက္ၿပီး လက္ရွိလုပ္ေဆာင္ေနတဲ့ ေရာဂါထိန္းခ်ဳပ္ေရး လုပ္ငန္းေတြကို ေလွ်ာ့ခ်လုိ႔ မရႏုိင္တဲ့အတြက္ ေမလလယ္ထိ ဆက္လက္လုပ္ေဆာင္သြားရမွာျဖစ္ၿပီး ေရာဂါကာကြယ္ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ ျပည္သူေတြအေနနဲ႔လည္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ေရာဂါကာကြယ္ေရး နည္းလမ္းေတြကို လိုက္နာဖို႔ အထူးအေရးႀကီးတယ္လို႔ ေျပာၾကားထားပါတယ္။

ဒါ့အျပင္ ထုိင္းနဲ႔ စင္ကာပူႏုိင္ငံေတြကေန ျမန္မာႏုိင္ငံကို ျပန္လာခ်င္တဲ့ သူေတြအတြက္ ကယ္ဆယ္ေရးေလယာဥ္ (Relief Flight) ေတြကို စီစဥ္ေပးသြားမယ့္အေၾကာင္း သက္ဆုိင္ရာသံ႐ုံးေတြက မေန႔က သတင္းေတြ ထုတ္ျပန္ထားပါတယ္။

ျမန္မာႏုိင္ငံကို ျပန္ခ်င္တဲ့သူေတြအေနနဲ႔ သံ႐ုံးေတြကို အျမန္ဆက္သြယ္ၾကဖို႔ ေလယာဥ္လက္မွတ္ ကုန္က်စရိတ္ကို ကိုယ့္ဘာသာ က်ခံရမွာျဖစ္တယ္လို႔ ေျပာထားပါတယ္။

စင္ကာပူကေန ျပန္ခ်င္သူေတြအေနနဲ႔ ဧၿပီလ ၂၈ ရက္ေန႔ ေနာက္ဆုံးထားၿပီး သံ႐ုံးကို အေၾကာင္းၾကားဖို႔ ေျပာထားပါတယ္။ ဒါ့အျပင္ ျမန္မာႏုိင္ငံကို ျပန္လာတဲ့ အခါမွာလည္း အစုိးရက သတ္မွတ္ထားတဲ့ Facility Quarantine ၂၁ ရက္နဲ႔ Home Quarantine လို႔ေခၚတဲ့ ေနအိမ္မွာ သီးသန္႔ခဲြေနတာ ၇ ရက္ မျဖစ္မေန လုပ္ရမွာျဖစ္တယ္လို႔ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ ၁၄၆ ယောက်ရှိပြီ

မြန်မာနိုင်ငံမှာ COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၂ ယောက် ထပ်မံတွေ့ရှိခဲ့တဲ့အတွက် အခုဆိုရင် ရောဂါကူးစက်ခံရသူ ၁၄၆ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

ဒီကနေ့မနက် ၇ နာရီက ထုတ်ပြန်ချက်အရ မနေ့ ဧပြီလ ၂၅ ရက်နေ့က ဓာတ်ခွဲနမူနာ ၄၂၆ ခုကို စစ်ဆေးခဲ့တာမှာ ၂ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီး ကျန်တဲ့ ၄၂၄ ယောက်မှာတော့ ရောဂါပိုး မတွေ့ရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ရောဂါပိုး ကူးစက်ခံလိုက်ရသူ ၂ ယောက်ကတော့ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့က အသက် ၄၈ နှစ်အရွယ် အမျိုးသားတဦးနဲ့ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က အသက် ၃၂ နှစ်အရွယ် အမျိုးသားတဦးတို့ဖြစ်တယ်လို့ ပြောပါတယ်။

အခုချိန်ထိတော့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅ ယောက်ရှိပါတယ်။

တချိန်တည်းမှာပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ရောဂါကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ပန်ကြားချက်တရပ်ကို ဒီကနေ့ ထုတ်ပြန်လိုက်ပြီး လက်ရှိလုပ်ဆောင်နေတဲ့ ရောဂါထိန်းချုပ်ရေး လုပ်ငန်းတွေကို လျှော့ချလို့ မရနိုင်တဲ့အတွက် မေလလယ်ထိ ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ပြီး ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ရောဂါကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာဖို့ အထူးအရေးကြီးတယ်လို့ ပြောကြားထားပါတယ်။

ဒါ့အပြင် ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေကနေ မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ သူတွေအတွက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) တွေကို စီစဉ်ပေးသွားမယ့်အကြောင်း သက်ဆိုင်ရာသံရုံးတွေက မနေ့က သတင်းတွေ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံကို ပြန်ချင်တဲ့သူတွေအနေနဲ့ သံရုံးတွေကို အမြန်ဆက်သွယ်ကြဖို့ လေယာဉ်လက်မှတ် ကုန်ကျစရိတ်ကို ကိုယ့်ဘာသာ ကျခံရမှာဖြစ်တယ်လို့ ပြောထားပါတယ်။

စင်ကာပူကနေ ပြန်ချင်သူတွေအနေနဲ့ ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး သံရုံးကို အကြောင်းကြားဖို့ ပြောထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို ပြန်လာတဲ့ အခါမှာလည်း အစိုးရက သတ်မှတ်ထားတဲ့ Facility Quarantine ၂၁ ရက်နဲ့ Home Quarantine လို့ခေါ်တဲ့ နေအိမ်မှာ သီးသန့်ခွဲနေတာ ၇ ရက် မဖြစ်မနေ လုပ်ရမှာဖြစ်တယ်လို့ ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG