Zawgyi/Unicode
ျမန္မာႏိုင္ငံမွာCOVID-19 ကူးစက္ေနသူ ေနာက္ထပ္ ၁ ဦး စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဧၿပီလ ၂၄ ရက္၊ ည ၁၁ နာရီမွာ ထုတ္ျပန္ ေၾကညာလုိက္ပါတယ္။ အေစာပုိင္း ည ၈ နာရီမွာ ထုတ္ျပန္ခ်က္အရ ေနာက္တုိး လူနာ ၄ ဦး ေတြ႔ရွိခဲ့ေၾကာင္း ေၾကညာခဲ့ၿပီးျဖစ္တာေၾကာင့္ ဧၿပီလ ၂၄ ရက္ တေန႔ထဲမွာတင္ ေနာက္တုိးလူနာ စုစုေပါင္း ၅ ဦး ရွိခဲ့ၿပီး အခုခ်ိန္ထိ ေရာဂါပုိးကူးစက္ေနသူ ၁၄၄ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။
ဧၿပီလ ၂၄ ရက္ေန႔ ည ၈ နာရီ ထုန္ျပန္ခ်က္မွာ ပါရွိတဲ့ လူနာ ၄ ဦးထဲမွာ ၃ ဦးဟာ ရန္ကုန္ကျဖစ္ၿပီး က်န္တဦးကေတာ့ ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕ကျဖစ္တယ္လုိ႔ ဆုိပါတယ္။ ည ၁၁ နာရီမွာ ထုတ္ျပန္တဲ့ လူနာအမွတ္ ၁၄၄ ဟာ ကခ်င္ျပည္နယ္၊ မုိးညႇင္းၿမိဳ႕ အမ်ဳိးသားတဦးျဖစ္ၿပီး ႏုိင္ငံျခား ခရီးသြားရာဇ၀င္မရွိဘူးလုိ႔ ဆုိပါတယ္။ သူ႔ကုိ လက္ရွိမွာ ျမစ္ႀကီးနားၿမိဳ႕ ျပည္သူ႔ေဆးရုံႀကီးမွာ ကုသမႈေပးေနတယ္လုိ႔ ဆုိပါတယ္။
လက္႐ွိ ျမန္မာႏိုင္ငံထဲမွာ COVID-19 ေရာဂါပိုးကူးစက္ေနသူ အမ်ားစုက ရန္ကုန္တိုင္းထဲက ျဖစ္ၾကပါတယ္။
ဒီေန႔အထိ COVID-19 ေၾကာင့္ ေသဆံုးသူ ၅ ေယာက္၊ ေရာဂါသက္သာလို႔ ေဆး႐ံုက ဆင္းသြားသူ ၉ ေယာက္႐ွိပါတယ္။
.................
[[Unicode]]
မြန်မာနိုင်ငံမှာCOVID-19 ကူးစက်နေသူ နောက်ထပ် ၁ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီလ ၂၄ ရက်၊ ည ၁၁ နာရီမှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အစောပိုင်း ည ၈ နာရီမှာ ထုတ်ပြန်ချက်အရ နောက်တိုး လူနာ ၄ ဦး တွေ့ရှိခဲ့ကြောင်း ကြေညာခဲ့ပြီးဖြစ်တာကြောင့် ဧပြီလ ၂၄ ရက် တနေ့ထဲမှာတင် နောက်တိုးလူနာ စုစုပေါင်း ၅ ဦး ရှိခဲ့ပြီး အခုချိန်ထိ ရောဂါပိုးကူးစက်နေသူ ၁၄၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ဧပြီလ ၂၄ ရက်နေ့ ည ၈ နာရီ ထုန်ပြန်ချက်မှာ ပါရှိတဲ့ လူနာ ၄ ဦးထဲမှာ ၃ ဦးဟာ ရန်ကုန်ကဖြစ်ပြီး ကျန်တဦးကတော့ ရှမ်းပြည်နယ်၊ မူဆယ်မြို့ကဖြစ်တယ်လို့ ဆိုပါတယ်။ ည ၁၁ နာရီမှာ ထုတ်ပြန်တဲ့ လူနာအမှတ် ၁၄၄ ဟာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အမျိုးသားတဦးဖြစ်ပြီး နိုင်ငံခြား ခရီးသွားရာဇဝင်မရှိဘူးလို့ ဆိုပါတယ်။ သူ့ကို လက်ရှိမှာ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုပေးနေတယ်လို့ ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံထဲမှာ COVID-19 ရောဂါပိုးကူးစက်နေသူ အများစုက ရန်ကုန်တိုင်းထဲက ဖြစ်ကြပါတယ်။
ဒီနေ့အထိ COVID-19 ကြောင့် သေဆုံးသူ ၅ ယောက်၊ ရောဂါသက်သာလို့ ဆေးရုံက ဆင်းသွားသူ ၉ ယောက်ရှိပါတယ်။