သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



ရန်ကုန်မြို့တွင်း လမ်းတခုတွင် COVID-19 ကာကွယ်ဆေးဖြန်းနေသည့် မီးသတ်တပ်ဖွဲ့ဝင်များနဲ့ စေတနာ့ဝန်ထမ်းများ။ (ဧပြီ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)







[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ ၁၄၃ ဦးရှိပြီ

မြန်မာနိုင်ငံမှာ ဒီနေ့ည၈ နာရီအထိဆိုရင် COVID-19 ရောဂါကူးစက်သူ ၁၄၃ ယောက်ရှိသွားပါပြီ။

ရောဂါရှိမရှိ နမူနာဓာတ်ခွဲစစ်ဆေးမှုအရ ရောဂါပိုးရှိသူ ဒီကနေ့အတွက် နောက်ထပ် ၄ ယောက်တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့ည ၈နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနက်ပိုင်းထုတ်ပြန်ချက်မှာ ဗိုင်းရပ်စ်ပိုးကူးစက်သူ ၇ ဦးစာရင်းကို ဖော်ပြ ခဲ့တာကြောင့် ဒီကနေ့ညဘက်အထိဆိုရင် တရက်ထဲမှာ ရောဂါပိုး ကူးစက်သူ ၁၁ယောက် ရှိထားပါပြီ။ ဒီကနေ့ညဘက်မှာ နောက်ထပ် ထုတ်ပြန်ချက် ထွက်လာဦးမလားဆိုတာတော့ အတိအကျမသိရပါဘူး။

ဒီကနေ့အတွက် အခုချိန်ထိ ထုတ်ပြန်ထားပြီးသမ ျှနောက်ထပ် ပိုးကူးစက်သူ ၁၁ ဦးထဲမှာ ၁၀ဦးက ရန်ကုန်တိုင်းဒေသကြီးကဖြစ်ပြီး တစ်ဦးက ရှမ်းပြည်နယ်မြောက်ပိုင်းက ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး လက်ရှိကူးစက်ခံထားရသူ အများစုဟာ ရန်ကုန်တိုင်းထဲက ဖြစ်ကြပါတယ်။

ဒီနေ့အထိ COVID-19 ကြောင့် သေဆုံးသူ ၅ယောက်၊ ရောဂါသက်သာလို့ ဆေးရုံကဆင်းသွားသူ ၉ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG