သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

KNU ၿငိမ္းခ်မ္းေရးေကာင္စီဥကၠဌ ကြယ္လြန္တဲ့အေပၚ အတုိင္ပင္ခံပုဂၢဳိလ္ ၀မ္းနည္းေၾကာင္းသ၀ဏ္လႊာပုိ႔


KNU ၿငိမ္းခ်မ္းေရးေကာင္စီဥကၠဌ ကြယ္လြန္တဲ့အေပၚ အတုိင္ပင္ခံပုဂၢဳိလ္ ၀မ္းနည္းေၾကာင္းသ၀ဏ္လႊာပုိ႔ (ဓါတ္ပံု-myanmar state counsellor office)

(Zawgyi/Unicode)

ျမန္မာ အစိုးရရဲ႕ တႏိုင္ငံလုံး အပစ္ခတ္ရပ္စဲေရး စာခ်ဳပ္ NCA မွာ လက္မွတ္ထုိးထားတဲ့ KNU/KNLA ၿငိမ္းခ်မ္းေရးေကာင္စီရဲ႕ ဥကၠဌ ျဖစ္သူ ဗုိလ္ခ်ဳပ္ႀကီး ေစာေဌးေမာင္ဟာ ေမလ(၃)ရက္ တနဂၤေႏြေန႔ ညေနပုိင္း (၆)နာရီ မိနစ္(၂၀)မွာကြယ္လြန္သ ြားၿပီျဖစ္ပါတယ္။က ြယ္လြန္ခ်ိန္မွာ အသက္(၉၃)ႏွစ္ရွိပါၿပီ။

ဗုိလ္ခ်ဳပ္ႀကီး ေစာေဌးေမာင္ ကြယ္လြန္ျခင္းဟာ ေခါင္းေဆာင္တဦး ၊ ရဲေဘာ္ ရဲဘက္တဦး ၊ မိသားစုဝင္တဦးအျဖစ္ ဆုံး႐ႈံးခဲ့ရသူေတ ြနဲ႔ ထပ္တူ လ ြန္စ ြာ ဝမ္းနည္းမိေၾကာင္း ႏိုင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဝမ္းနည္းေၾကာင္း သဝဏ္လႊာကို ေမလ(၄)ရက္ တနလၤာေန႔ရက္စ ြဲနဲ႔ ထုတ္ျပန္ပါတယ္။

သူ ကြယ္လြန္သ ြားေပမယ့္လည္း ၿငိမ္းခ်မ္းေရးေကာင္စီ KNU/KNLA အေနနဲ႔ ဥကၠဌ ဗုိလ္ခ်ဳပ္ႀကီး ေစာေဌးေမာင္ ေမွ်ာ္မွန္းခဲ့တဲ့ ဒီမုိကေရစီနဲ႔ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး ခရီးလမ္းကို အစိုးရနဲ႔အတူ ဆက္ၿပီး လက္တ ြဲေဆာင္ရြက္ၾကလိမ့္မယ္လို႔ အခုိင္အမာ ယုံၾကည္ေၾကာင္းလည္း ႏိုင္ငံေတာ္ အတုိင္ပင္ခံရဲ႕ ေၾကညာခ်က္မွာ ေဖၚျပပါတယ္။

ဧရာဝတီတုိင္း သာေပါင္းၿမဳိ႕ ေပါက္ေက်ာ္ရြာသားတဦးျဖစ္ၿပီး ခရစ္ယာန္ ဘာသာဝင္ တဦးျဖစ္တဲ့ ဗုိလ္ခ်ဳပ္ႀကီး ေစာေဌးေမာင္ကို ဗိုလ္ထိန္ေမာင္လို႔ လူသိမ်ားခဲ့တာပါ။ သူဟာ ၁၉၄၉ ခုႏွစ္ကစလို႔ ကရင့္ေတာ္လွန္ေရးမွာ ပါဝင္လာသူျဖစ္ၿပီး က ြယ္လြန္သ ြားၿပီျဖစ္တဲ့ KNU ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ေစာဘုိျမနဲ႔လည္း မယားညီအစ္ကို ေတာ္စပ္သူ ျဖစ္သလို စစ္တိုက္ေကာင္းသူအျဖစ္လည္း ထင္ရွားပါတယ္။

တခ်ိန္က KNU တပ္မဟာ (၇)ရဲ႕ တပ္မႉးအျဖစ္ ဗိုလ္မႉးခ်ဳပ္ အဆင့္နဲ႔ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဗိုလ္ထိန္ေမာင္ဟာ ၂၀၀၆ ဝန္းက်င္မွာ KNU က ေန ၿငိမ္းခ်မ္းေရးေကာင္စီအျဖစ္ ခြဲထြက္ခဲ့ၿပီး ယခင္ နဝတ စစ္အစိုးရနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ေစ့စပ္ခဲ့ပါတယ္။ ၂၀၁၅ မွာေတာ့ KNU/KNLA ၿငိမ္းခ်မ္းေရးေကာင္စီ အေနနဲ႔ NCA အပစ္ခတ္ရပ္စာခ်ဳပ္ မွာ လက္မွတ္ထုိးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

KNU ငြိမ်းချမ်းရေးကောင်စီဥက္ကဌ ကွယ်လွန်တဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ် ဝမ်းနည်းကြောင်းသဝဏ်လွှာပို့

(Unicode)

မြန်မာ အစိုးရရဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီရဲ့ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး စောဌေးမောင်ဟာ မေလ(၃)ရက် တနင်္ဂနွေနေ့ ညနေပိုင်း (၆)နာရီ မိနစ်(၂၀)မှာကွယ်လွန်သ ွားပြီဖြစ်ပါတယ်။က ွယ်လွန်ချိန်မှာ အသက်(၉၃)နှစ်ရှိပါပြီ။

ဗိုလ်ချုပ်ကြီး စောဌေးမောင် ကွယ်လွန်ခြင်းဟာ ခေါင်းဆောင်တဦး ၊ ရဲဘော် ရဲဘက်တဦး ၊ မိသားစုဝင်တဦးအဖြစ် ဆုံးရှုံးခဲ့ရသူတေ ွနဲ့ ထပ်တူ လ ွန်စ ွာ ဝမ်းနည်းမိကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝမ်းနည်းကြောင်း သဝဏ်လွှာကို မေလ(၄)ရက် တနင်္လာနေ့ရက်စ ွဲနဲ့ ထုတ်ပြန်ပါတယ်။

သူ ကွယ်လွန်သ ွားပေမယ့်လည်း ငြိမ်းချမ်းရေးကောင်စီ KNU/KNLA အနေနဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောဌေးမောင် မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ခရီးလမ်းကို အစိုးရနဲ့အတူ ဆက်ပြီး လက်တ ွဲဆောင်ရွက်ကြလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဧရာဝတီတိုင်း သာပေါင်းမြို့ ပေါက်ကျော်ရွာသားတဦးဖြစ်ပြီး ခရစ်ယာန် ဘာသာဝင် တဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စောဌေးမောင်ကို ဗိုလ်ထိန်မောင်လို့ လူသိများခဲ့တာပါ။ သူဟာ ၁၉၄၉ ခုနှစ်ကစလို့ ကရင့်တော်လှန်ရေးမှာ ပါဝင်လာသူဖြစ်ပြီး က ွယ်လွန်သ ွားပြီဖြစ်တဲ့ KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြနဲ့လည်း မယားညီအစ်ကို တော်စပ်သူ ဖြစ်သလို စစ်တိုက်ကောင်းသူအဖြစ်လည်း ထင်ရှားပါတယ်။

တချိန်က KNU တပ်မဟာ (၇)ရဲ့ တပ်မှူးအဖြစ် ဗိုလ်မှူးချုပ် အဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ထိန်မောင်ဟာ ၂၀၀၆ ဝန်းကျင်မှာ KNU က နေ ငြိမ်းချမ်းရေးကောင်စီအဖြစ် ခွဲထွက်ခဲ့ပြီး ယခင် နဝတ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးအတွက် စေ့စပ်ခဲ့ပါတယ်။ ၂၀၁၅ မှာတော့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အနေနဲ့ NCA အပစ်ခတ်ရပ်စာချုပ် မှာ လက်မှတ်ထိုးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG