သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာဇဝတ်ကြောင်းနောက်ခံနဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ကရင်ပြည်တွင်းစီမံကိန်းများ အစီရင်ခံစာသစ် ထောက်ပြ


ကရင်ပြည်နယ်အတွင်းက ရွှေကုက္ကိုမြို့သစ် (Photo credit: RFA)
ကရင်ပြည်နယ်အတွင်းက ရွှေကုက္ကိုမြို့သစ် (Photo credit: RFA)

(Zawgyi/Unicode)

ကရင်ပြည်နယ်အတွင်း တရုတ်မြို့သစ်တွေ တည်ဆောက်နေတဲ့အကြောင်းကို ဦးကျော်ဇံသာ ပြောပြမှာပါ။

နောက်ကြောင်းမရှင်းတဲ့ တရုတ်ကုမ္ပဏီတွေက ကရင်ပြည်နယ်အတွင်း ရွှေကုက္ကိုမြို့သစ်အပြင် နောက်ထပ် အလားတူ မြို့သစ် ၂ ခုကို တည်ဆောက်နေတဲ့အတွက် စိုးရိမ်စရာဖြစ်တယ်ဆိုတဲ့ စမ်းစစ်ချက် စာတမ်းတစောင်ကို USIP လို့ခေါ်တဲ့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျူက ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

မကြာသေးခင် ကာလအထိ မြန်မာနိုင်ငံ အစိုးရနဲ့ ကရင်အမျိုးသားလက်နက်ကိုင် အင်အားစုတို့အကြား တိုက်ပွဲ ပြင်းထန်တဲ့ ထိုင်းမြန်မာနယ်စပ် သောင်းရင်းမြစ်တလျှောက်မှာ အခုအခါ ဟိုတယ်တွေ၊ ကာစီနို လောင်းကစားတွေ၊ ကွန်ဒိုတိုက်ခန်းတွေ အပြိုင်အရိုင်ပေါ်ထွက်လာနေပါတယ်။

ဒီနေရာတွေဟာ ရာဇဝတ်နောက်ကျောင်းမကင်းတဲ့ တရုတ်ကုမ္ပဏီတွေက အဓိက ပါဝင်လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေဖြစ်ပြီး နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် မြန်မာစစ်တပ်ရဲ့ လက်အောက်ခံဖြစ်နေတဲ့ ယခင် DKBA နဲ့လည်း ညှိနှိုင်းဆောင်ရွက်နေတာလို့လည်း ဆိုပါတယ်။

စိုးရိမ်စရာကောင်းတာက ဒီမြို့သစ် တည်ဆောက်နေတဲ့ တရုတ်လူမျိုးတွေဟာ ဥပဒေနဲ့ မကိုက်ညီတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်နေတဲ့ လူဆိုးဂိုဏ်းတွေ ဖြစ်နေပြီး အဲဒီအထဲက အကြီးအကဲ တဦးရဲ့ နောက်ကျောင်းကိုတော့ စာတမ်းပါဝင်ရေးသားသူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အကြီးတန်း သံတမန်ဟောင်း တဦးဖြစ်တဲ့ Priscilla Clapp က VOA ကို အခုလို ရှင်းပြပါတယ်။

“ကမ္ဘောဒီးယားနိုင်ငံမှာ သီဟာနုမြို့သစ်ထောင်တုန်းက သူခေါင်းဆောင်ပြီး ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ခဲ့ဖူးပါတယ်။ နောက်ဆုံး ဝန်ကြီးချုပ် ဟွန်ဆန်က တရုတ်ရဲတပ်ဖွဲ့အကူအညီနဲ့ နှိမ်နင်း ခဲ့ရတဲ့အထိပါဘဲ။ တရုတ်ရာဇဝတ်ဂိုဏ်းတွေလက်ချက်နဲ့ ကမ္ဘောဒီးယားရဲတွေ လမ်းမတွေပေါ်မှာ သေဆုံးခဲ့ရတဲ့ပုံတွေ အင်တာနက် မှာတွေ့နိုင်ပါတယ်။ ကမ္ဘောဒီးယားကနေ တပ်ခေါက်ပြေးလာတဲ့ တရုတ်တွေက အခု ကရင်ပြည်နယ်မှာ မြို့သစ်ထောင်နေကြတာပေါ့။”

ဒီအထဲက မြို့သစ်တခုဟာဆိုရင် မြဝတီမြို့နယ်က KNU ထိန်းချုပ်တဲ့ နယ်မြေထဲမှာ ရှိပေမယ့် KNU က ဘာကြောင့် ဒါကို မဟန့်တားရသလဲဆိုတာဟာ ဝေစုရနေလို့လား စတဲ့ မေးခွန်းတွေအများကြီး မေးစရာရှိနေသလို တရုတ်စီးပွားရေး သမားတွေနောက်ကြောင်းကို KNU မသိလို့လည်း ဖြစ်နိုင်တယ်လို့ ရေးထားပါတယ်။

တကယ်တော့ နယ်ခြားစောင့်ဆိုတာဟာ တပ်မတော်ရဲ့ လက်အောက်ခံဖြစ်တဲ့အတွက် ဒီမြို့သစ် တည်ဆောက်ရေးလုပ်ငန်းတွေမှာ တပ်မတော်နဲ့လည်း ပတ်သက်နေတယ်လို့ Priscilla Clapp က VOA ကို အခုလို ရှင်းပြပါတယ်။

“နယ်ခြားစောင့်တပ်က တပ်မတော် လက်အောက်ခံ ပြည်သူ့စစ် ဖြစ်သလို နယ်စပ်လုံခြုံရေးဝန်ကြီးဌာန လက်အောက်ခံပါဘဲ။ နယ်ခြားစောင့်တပ် လုပ်သမျှ တပ်မတော်နဲ့ ဆက်စပ်နေတယ်လို့ အဓိပ္ပါယ်ဖွင့်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီ မြို့သစ်ကြီး ၂ မြို့တည်ဆောက်တဲ့ KNU ရဲ့ လှုပ်ရှားမှုတွေမှာ စစ်တပ်က တနည်းမဟုတ် တနည်း ပတ်သက်နေမှာပါဘဲ။ ဥပဒေဘောင်ပြင်ပက KNU ကို လုပ်ပိုင်ခွင့်ပေးနိုင်တာ စစ်တပ်ဘဲ ရှိပါတယ်။”

ဒါတွေဟာ ရာဇဝတ်မှု မကင်းနိုင်တဲ့ လုပ်ရပ်တွေဖြစ်ပေမယ့် အခုမြန်မာနိုင်ငံအစိုးရက ထိထိရောက်ရောက် မကိုင်တွယ်နိုင်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံအတွင်းမှာ အုပ်ချုပ်တဲ့ အစိုးရ ၂ ရပ် ဖြစ်နေတဲ့အတွက်ကြောင့်လို့ Priscilla Clapp က သုံးသပ်ပါတယ်။ ဒီလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်ဟာ တရုတ်နဲ့အပြိုင် မြန်မာနိုင်ငံအပေါ် မဟာဗြူဟာအရ လွှမ်းမိုးရေးဆိုတဲ့ ရည်မှန်းချက်မရှိပဲ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ရာဇဝတ်မှု မကင်းတဲ့ လုပ်ရပ်တွေဖြစ်တဲ့အတွက် အမေရိကန် အစိုးရအတွက်လည်း ဒါဟာ စိုးရိမ်စရာဖြစ်တယ်လို့ ပြောပါတယ်။

“ ဒီစီမံကိန်းတွေဟာ နိုင်ငံတည်ငြိမ်ရေးအတွက် အကျိုးမရှိသလို ဒီမိုကရေစီရေးအတွက်လည်း အသုံးမကျပါဘူး။ လက်နက်နဲ့ ဗိုလ်ကျစိုးမိုးတဲ့ အာဏာရှင်စနစ်ကို အားဖြည့်ပေးနေတဲ့ သဘောပါဘဲ။ အမေရိကန်အနေနဲ့လည်း ဒီကိစ္စကို သူ့အကျိုးစီးပွားလို့ သဘောထားစရာ အကြောင်းမရှိပါဘူး။ နောက်တချက်က မြန်မာပြည်ထဲမှာ တရုတ်ရာဇဝတ်ဂိုဏ်းတွေ အခြေစိုက်ပြီး လှုပ်ရှားမှာကို အမေရိကန်က စိုးရိမ်နေတာပါ။ အဲဒီလို တရုတ်ရာဇဝတ်ဂိုဏ်း လှုပ်ရှားမှုတွေက အမေရိကန်ပြည်ထောင်စုမှာလည်း ရှိနေလို့ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ကျူးလွန်တဲ့ ရာဇဝတ်မှု တော်တော်များများဟာ သူတို့လက်ချက်ပါ။”

တရုတ်တို့က ဒီမြို့သစ်တွေဟာ တရုတ်ပြည်ရဲ့ ခါးပတ်လမ်း စီမံကိန်းနဲ့ ဆက်စပ်နေတယ်လို့ပြောထားပြီး ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံတွင်းနဲ့ နိုင်ငံတကာမှာပါ တရုတ်အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာဖြစ်ပါတယ်။

တရုတ်တို့ရဲ့ BRI ခါးပတ်လမ်း စီမံကိန်းအပေါ် ရာဇဝတ်မှုအရိပ် ထင်ဟပ်လာနိုင်ပြီး မြန်မာနိုင်ငံက ဒီစီမံကိန်းတွေကို အခု မဟန့်တားနိုင်ဘူးဆိုရင်တော့ တရုတ်အစိုးရသည် မြန်မာနိုင်ငံမှာ အနောက်နိုင်ငံတွေ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် တမင်ဖန်တီးနေတယ်လို့ ယူဆစရာဖြစ်နေကြောင်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)














XS
SM
MD
LG