သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈ ေဒသခံအက်ဳိးျဖစ္ဖို႔ တိုင္းရင္းသား ႏုိင္ငံေရးပါတီေခါင္းေဆာင္တခ်ဳိ႕ တိုက္တြန္း


တ႐ုတ္-ျမန္မာဆက္ဆံေရး ႏွစ္(၇၀) ျပည့္ အခမ္အနားအတြင္း တ႐ုတ္သမၼတ Xi Jinping မိန္႔ခြန္းေျပာ (MOI)

(Zawgyi/Unicode)

ျမန္မာျပည္ထဲမွာ တ႐ုတ္ႏုိင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြလုပ္တဲ့အခါ ေဒသခံ တုိင္းရင္းသား ျပည္သူေတြရဲ႕ လူေနမႈဘဝ တုိးတက္ဖြ႔ံၿဖဳိးေရးကို အေလးထား စဥ္းစားေပးေစလုိတယ္လို႔ ႏိုင္ငံေရးပါတီ ေခါင္းေဆာင္တခ်ဳိ႕က တိုက္တြန္းလိုက္ပါတယ္။ တ႐ုတ္သမၼတ Xi Jinping နဲ႔ ေတြ႔ဆံုေဆြးေႏြးခြင့္မရခဲ့ဘဲ တ႐ုတ္ကြန္ျမဴနစ္ပါတီ၊ ဗဟိုအဖြဲ႔ဝင္၊ ႏုိင္ငံတကာေရးရာဝန္ႀကီး မစၥတာ Songtao နဲ႔ပဲ ေတြ႔ဆံုေဆြးေႏြးခြင့္ ရခဲ့ၿပီးတဲ့ေနာက္ အဲဒီလို ေျပာလိုက္တာပါ။ ဒီအေၾကာင္း ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

သမၼတ ဦးဝင္းျမင့္ရဲ႕ဖိတ္ၾကားခ်က္အရ ျမန္မာႏိုင္ငံကို ဇန္နဝါရီ(၁၇-၁၈) ႏွစ္ရက္ၾကာ ႏိုင္ငံေတာ္ခရီးစဥ္အျဖစ္ ေရာက္ေနတဲ့ တ႐ုတ္သမၼတ Xi Jinping ဟာ ေနျပည္ေတာ္မွာ ေသာၾကာေန႔က ႏိုင္ငံေရးပါတီ ေခါင္းေဆာင္ေတြနဲ႔ ေခတၱေတြ႔ဆုံခဲ့ပါတယ္။ ဒီလိုေတြ႔ဆုံမႈဟာ ထူးျခားတယ္ ဆိုႏိုင္ေပမယ့္ အျပန္အလွန္ ေဆြးေႏြးခြင့္ မရခဲ့ဘူးလို႔ SNLD ရွမ္းတုိင္းရင္းသားမ်ား ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ တြဲဖက္အတြင္းေရးမႉး(၁) စိုင္းေက်ာ္ညြန္႔ က ဗြီအုိေအကို ရွင္းျပပါတယ္။
“ သူတို႔ နည္းနည္းထူးျခားတာက တ႐ုတ္သမၼတ Xi Jinping ရဲ႕ ဒီလိုမ်ိဳး ခရီးေတြမွာ ႏိုင္ငံေရးပါတီနဲ႔ ေတြ႔တယ္ဆိုတာ မရွိဖူးဘူးလို႔ ဒီႏိုင္ငံတကာ ဆက္ဆံေရး Department ကေျပာတယ္။ ဒါပထမဦးဆံုးလို႔ ေျပာတယ္။ အဓိက က်ေနာ္တို႔ ျမင္တာက ဘာလဲဆိုေတာ့ တရုတ္စီမံကိန္းေတြ ၀င္လာတယ္ဆိုရင္လည္း က်ေနာ္တို႔ကို တဖက္လွည့္တဲ့နည္းနဲ႔ စည္းရံုးသိမ္းသြင္းတယ္ဆိုတာလည္း ျဖစ္ႏိုင္တာေပါ့ဗ်ာ။ ဒါက ခန္႔မွန္းခ်က္ေပါ့။ ဒါေပမယ့္ ေဆြးေႏြးတဲ့အဆင့္ေတာ့ မေရာက္ဘူးေလ ေတြ႔တယ္ဆိုတဲ့ သေဘာပဲ။ သမၼတ Xi Jinping ဆိုရင္ ၀င္လာတယ္၊ က်ေနာ္တို႔ကို ႏႈတ္ဆက္တယ္၊ ဓါတ္ပံုရိုက္တယ္ ျပန္ထြက္သြားတယ္ ဒီေလာက္ပဲ။”

တ႐ုတ္-ျမန္မာ သံတမန္ဆက္ဆံေရး ႏွစ္(၇၀)ျပည့္ အခမ္အနားကို တက္ေရာက္ဖို႔ ျမန္မာ့ႏိုင္ငံေရးပါတီ(၁၇)ခုက ေခါင္းေဆာင္ေတြကို တ႐ုတ္ ကြန္ျမဴနစ္ပါတီ ႏိုင္ငံတကာဆက္ဆံေရးဌာန အႀကီးအကဲက ဖိတ္ၾကားခဲ့တာပါ။ တ႐ုတ္အစိုးရက OBOR ေခတ္သစ္ပိုးလမ္းမ စီမံကိန္းကို အေကာင္ထည္ေဖၚေနၿပီး ျမန္မာႏိုင္ငံတြင္း အထူးသျဖင့္ ရခိုင္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းနဲ႔ ရခုိင္-ရွမ္းျပည္နယ္ကေန ယူနန္ျပည္နယ္ထဲထိ ေဖာက္လုပ္မယ့္ ရထားလမ္းစီမံကိန္းေတြ ရွိေနပါတယ္။ ဒါေၾကာင့္ တ႐ုတ္ႏုိင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈဟာ ေဒသခံျပည္သူေတြရဲ႕ အက်ဳိးစီးပြားကို ဆန္႔က်င္တာမ်ဳိး မျဖစ္ဖို႔လုိတယ္လို႔ စိုင္းေက်ာ္ညြန္႔က တုိက္တြန္းပါတယ္။

“ သူတို႔ရဲ႕ စီးပြားေရး စီမံကိန္းႀကီးေတြ ျဖစ္ေစ၊ ဒီႏိုင္ငံနဲ႔ ဆက္ဆံေဆြးေႏြးမႈေတြ ျဖစ္ေစ ၊ အေၾကာင္းတစံုတရာေၾကာင့္ ျဖစ္ေပၚခဲ့တဲ့ ကိစၥေတြအားလံုးက က်ေနာ္တို႔ရဲ႕ သက္ဆိုင္ရာေဒသမွာရွိတဲ့ ေဒသခံျပည္သူေတြအက်ိဳးစီးပြားကို ထိခိုက္တာေတြ ျပဳမယ္ဆိုရင္ က်ေနာ္တို႔ လက္ခံမွာမဟုတ္ဘူး။ တကယ္လို႔ အဲလိုမ်ိဳး ကိစၥေတြ ေပၚေပါက္မယ္ဆိုရင္ က်ေနာ္တို႔ ပါတီအေနနဲ႔ကေတာ့ ျပည္သူေတြနဲ႔ တသားထဲ ရပ္တည္သြားမွာ ျဖစ္ပါတယ္။ ဒါျပည္သူေတြရဲ႕ သေဘာထားကိုပဲ က်ေနာ္တို႔က ပိုၿပီးေတာ့ ဦးထိပ္ထားတယ္ဆိုတဲ့ သေဘာေတာ့ ေျပာမိတယ္ထင္ပါတယ္။”

သမၼတ Xi Jinping နဲ႔ေတြ႔ဆုံပြဲကို တက္ေရာက္ခြင့္ရခဲ့တဲ့ထဲမွာပါတဲ့ ရခုိင္အမ်ဳိးသားပါတီ ANP ဥကၠဌျဖစ္သူ ဦးသာထြန္းလွကလည္း တ႐ုတ္ႏုိင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈဟာ ေဒသခံေတြရဲ႕ လူမႈဘဝ တုိးတက္ေရးကို အေလးထား စဥ္းစားဖို႔လုိတယ္လို႔ ေျပာပါတယ္။

“ဒီ ရင္းႏွီးျမွဳပ္ႏွံမႈ လုပ္တဲ့ေနရာမွာ ေဒသခံေတြကို အက်ိဳးရွိတဲ့ လုပ္ငန္းေတြကို လုပ္ဖို႔လိုတယ္။ က်ေနာ္တို႔ ရခိုင္ျပည္နယ္မွာ လူေနမႈ အဆင့္အတန္း နိမ့္က်တာေတြကို လူေနမႈ အဆင့္အတန္း ျမင့္မားေအာင္ အဲဒါေတြကို အလုပ္အကိုင္အခြင့္အလမ္းတို႔ လုပ္ဖို႔လိုတယ္။ က်ေနာ္တို႔ အခုရခိုင္ျပည္မွာက Gas ပိုက္လိုင္းလည္းလုပ္ထားတယ္ ၊ အဲဒီလိုလုပ္ထားလည္း က်ေနာ္တို႔ ရခိုင္ျပည္နယ္ ျပည္သူေတြအေနနဲ႔ အက်ိဳးခံစားခြင့္ မရွိဘူး အဲလိုပံုစံမ်ိဳးရွိတဲ့အတြက္ေၾကာင့္ ရင္းႏွီးျမွဳပ္ႏွံမႈ လုပ္တဲ့ေနရာမွာ ေဒသခံေတြ အက်ိဳးခံစားခြင့္ရွိေအာင္ လုပ္ဖို႔လိုတယ္ဆိုတာကို အရင္တုန္းကလည္း တရုတ္ကြန္ျမဴနစ္ပါတီ ကိုယ္စားလွယ္ေတြကို ေျပာဖူးတာရွိပါတယ္။”

တ႐ုတ္နဲ႔ ျမန္မာႏိုင္ငံတုိ႔ဟာ ၁၉၅၀ ခုႏွစ္ ဇြန္လ(၈)ရက္ေန႔မွာ သံတမန္ဆက္ဆံေရး စတင္ထူေထာင္ခဲ့ၾကတာေၾကာင့္ လာမယ့္ဇြန္လထဲ က်ရင္ အႏွစ္(၇၀)ျပည့္မွာျဖစ္ပါတယ္။

သမၼတ Xi Jinping နဲ႔ေတြ႔ဆုံၾကတဲ့ ႏိုင္ငံေရးပါတီေတြထဲမွာ အထူးသျဖင့္ တ႐ုတ္ရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လုပ္ထားတဲ့ ၊ လုပ္ဖုိ႔ရွိတဲ့ တုိင္းရင္းသား ေဒသက ပါတီေခါင္းေဆာင္ေတြကို အဓိကထား ဖိတ္ၾကားခဲ့ပုံရတယ္လို႔ ႏိုင္ငံေရးပါတီေခါင္းေဆာင္တခ်ဳိ႕က သုံးသပ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

တရုတ်ရင်းနှီးမြှုပ်နှံမှု ဒေသခံအကျိုးဖြစ်ဖို့ တိုင်းရင်းသား နိုင်ငံရေးပါတီခေါင်းဆောင်တချို့ တိုက်တွန်း

(Unicode)

မြန်မာပြည်ထဲမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့အခါ ဒေသခံ တိုင်းရင်းသားပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်ဖွံ့ဖြိုးရေးကို အလေးထား စဉ်းစားပေးစေ လိုတယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့က တိုက်တွန်းလိုက်ပါတယ်။ တရုတ်-မြန်မာဆက်ဆံရေး နှစ်(၇၀) ပြည့် အခမ်အနားအတွင်း တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံအပြီး အဲဒီလို ပြောလိုက်တာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

သမ္မတ ဦးဝင်းမြင့်ရဲ့ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို ဇန်နဝါရီ(၁၇-၁၈) နှစ်ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်နေတဲ့ တရုတ်သမ္မတ Xi Jinping ဟာ နေပြည်တော်မှာ သောကြာနေ့က နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ ခေတ္တတွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံမှုဟာ ထူးခြားတယ် ဆိုနိုင်ပေမယ့် အပြန်အလှန် ဆွေးနွေးခွင့် မရခဲ့ဘူးလို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့် က ဗွီအိုအေကို ရှင်းပြပါတယ်။
“ သူတို့ နည်းနည်းထူးခြားတာက တရုတ်သမ္မတ Xi Jinping ရဲ့ ဒီလိုမျိုး ခရီးတွေမှာ နိုင်ငံရေးပါတီနဲ့ တွေ့တယ်ဆိုတာ မရှိဖူးဘူးလို့ ဒီနိုင်ငံတကာ ဆက်ဆံရေး Department ကပြောတယ်။ ဒါပထမဦးဆုံးလို့ ပြောတယ်။ အဓိက ကျနော်တို့ မြင်တာက ဘာလဲဆိုတော့ တရုတ်စီမံကိန်းတွေ ဝင်လာတယ်ဆိုရင်လည်း ကျနော်တို့ကို တဖက်လှည့်တဲ့နည်းနဲ့ စည်းရုံးသိမ်းသွင်းတယ်ဆိုတာလည်း ဖြစ်နိုင်တာပေါ့ဗျာ။ ဒါက ခန့်မှန်းချက်ပေါ့။ ဒါပေမယ့် ဆွေးနွေးတဲ့အဆင့်တော့ မရောက်ဘူးလေ တွေ့တယ်ဆိုတဲ့ သဘောပဲ။ သမ္မတ Xi Jinping ဆိုရင် ဝင်လာတယ်၊ ကျနော်တို့ကို နှုတ်ဆက်တယ်၊ ဓါတ်ပုံရိုက်တယ် ပြန်ထွက်သွားတယ် ဒီလောက်ပဲ။”

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အခမ်အနားကို တက်ရောက်ဖို့ မြန်မာ့နိုင်ငံရေးပါတီ(၁၇)ခုက ခေါင်းဆောင်တွေကို တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲက ဖိတ်ကြားခဲ့တာပါ။ တရုတ်အစိုးရက OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကို အကောင်ထည်ဖေါ်နေပြီး မြန်မာနိုင်ငံတွင်း အထူးသဖြင့် ရခိုင် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ရခိုင်-ရှမ်းပြည်နယ်ကနေ ယူနန်ပြည်နယ်ထဲထိ ဖောက်လုပ်မယ့် ရထားလမ်းစီမံကိန်းတွေ ရှိနေပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားကို ဆန့်ကျင်တာမျိုး မဖြစ်ဖို့လိုတယ်လို့ စိုင်းကျော်ညွန့်က တိုက်တွန်းပါတယ်။


“ သူတို့ရဲ့ စီးပွားရေး စီမံကိန်းကြီးတွေ ဖြစ်စေ၊ ဒီနိုင်ငံနဲ့ ဆက်ဆံဆွေးနွေးမှုတွေ ဖြစ်စေ ၊ အကြောင်းတစုံတရာကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စတွေအားလုံးက ကျနော်တို့ရဲ့ သက်ဆိုင်ရာဒေသမှာရှိတဲ့ ဒေသခံပြည်သူတွေအကျိုးစီးပွားကို ထိခိုက်တာတွေ ပြုမယ်ဆိုရင် ကျနော်တို့ လက်ခံမှာမဟုတ်ဘူး။ တကယ်လို့ အဲလိုမျိုး ကိစ္စတွေ ပေါ်ပေါက်မယ်ဆိုရင် ကျနော်တို့ ပါတီအနေနဲ့ကတော့ ပြည်သူတွေနဲ့ တသားထဲ ရပ်တည်သွားမှာ ဖြစ်ပါတယ်။ ဒါပြည်သူတွေရဲ့ သဘောထားကိုပဲ ကျနော်တို့က ပိုပြီးတော့ ဦးထိပ်ထားတယ်ဆိုတဲ့ သဘောတော့ ပြောမိတယ်ထင်ပါတယ်။”

သမ္မတ Xi Jinping နဲ့တွေ့ဆုံပွဲကို တက်ရောက်ခွင့်ရခဲ့တဲ့ထဲမှာပါတဲ့ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌဖြစ်သူ ဦးသာထွန်းလှကလည်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဒေသခံတွေရဲ့ လူမှုဘဝ တိုးတက်ရေးကို အလေးထား စဉ်းစားဖို့လိုတယ်လို့ ပြောပါတယ်။

“ဒီ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့နေရာမှာ ဒေသခံတွေကို အကျိုးရှိတဲ့ လုပ်ငန်းတွေကို လုပ်ဖို့လိုတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်မှာ လူနေမှု အဆင့်အတန်း နိမ့်ကျတာတွေကို လူနေမှု အဆင့်အတန်း မြင့်မားအောင် အဲဒါတွေကို အလုပ်အကိုင်အခွင့်အလမ်းတို့ လုပ်ဖို့လိုတယ်။ ကျနော်တို့ အခုရခိုင်ပြည်မှာက Gas ပိုက်လိုင်းလည်းလုပ်ထားတယ် ၊ အဲဒီလိုလုပ်ထားလည်း ကျနော်တို့ ရခိုင်ပြည်နယ် ပြည်သူတွေအနေနဲ့ အကျိုးခံစားခွင့် မရှိဘူး အဲလိုပုံစံမျိုးရှိတဲ့အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့နေရာမှာ ဒေသခံတွေ အကျိုးခံစားခွင့်ရှိအောင် လုပ်ဖို့လိုတယ်ဆိုတာကို အရင်တုန်းကလည်း တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်တွေကို ပြောဖူးတာရှိပါတယ်။”

တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ ၁၉၅၀ ခုနှစ် ဇွန်လ(၈)ရက်နေ့မှာ သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ကြတာကြောင့် လာမယ့်ဇွန်လထဲ ကျရင် အနှစ်(၇၀)ပြည့်မှာဖြစ်ပါတယ်။

သမ္မတ Xi Jinping နဲ့တွေ့ဆုံကြတဲ့ နိုင်ငံရေးပါတီတွေထဲမှာ အထူးသဖြင့် တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတဲ့ ၊ လုပ်ဖို့ရှိတဲ့ တိုင်းရင်းသား ဒေသက ပါတီခေါင်းဆောင်တွေကို အဓိကထား ဖိတ်ကြားခဲ့ပုံရတယ်လို့ နိုင်ငံရေးပါတီခေါင်းဆောင်တချို့က သုံးသပ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG