သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမစ္ဆုံျပန္စေရး တ႐ုတ္သမၼတ တြန္းအားေပးမလား


မွတ္တမ္းဓာတ္ပံု - ၂၀၁၇ ခုႏွစ္က တရုတ္မွာ က်င္းပတဲ႔ ခါးပတ္လမ္း စီမံကိန္းဖိုရမ္။

မနက္ျဖန္ ဇန္နဝါရီလ (၁၇) ရက္ေန႔မွာ ျမန္မာႏိုင္ငံကို ေရာက္လာေတာ့မယ့္ တ႐ုတ္သမၼတ ရွီက်င္ဖ်င္ရဲ႕ ခရီးစဥ္ဟာ ႏွစ္ႏိုင္ငံ ဆက္ဆံေရး အားေကာင္း ခိုင္မာေစဖို႔ ရည္႐ြယ္တဲ့ ခရီးစဥ္ျဖစ္ေပမယ့္ သမၼတရွီ တြန္းအားေပးမယ့္ ျမန္မာႏိုင္ငံ အတြင္း တ႐ုတ္ရဲ႕ ႀကီးမားလွတဲ့ စီမံကိန္းႀကီးေတြ အေပၚမွာ ေဒသခံျပည္သူေတြဘက္က အႏၲရာယ္အျဖစ္ စိုးရိမ္မကင္း ျဖစ္ေနၾကပါတယ္။ AFP ေဆာင္းပါးကို အေျခခံၿပီး မအင္ၾကင္းႏိုင္က တင္ျပမွာပါ။

တ႐ုတ္ႏိုင္ငံမွာ သမၼတ အာဏာယူၿပီးေနာက္ ျမန္မာႏိုင္ငံကို ပထမဆုံးအႀကိမ္ လာမယ့္ ရွီရဲ႕ ႏွစ္ရက္ၾကာ ခရီးစဥ္အတြင္း တ႐ုတ္က ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ ေဒၚလာ ဘီလ်ံေပါင္းမ်ားစြာ ကုန္က်မယ့္ အေျခခံ အေဆာက္အဦ စီမံကိန္း သေဘာတူညီခ်က္ေတြ အေကာင္အထည္ေဖၚေရး ႀကိဳးစားရွာေဖြ ဖို႔ရွိပါတယ္။ တ႐ုတ္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈဟာ ျမန္မာႏိုင္ငံမွာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ စုစုေပါင္းရဲ႕ ၄၀ ရာခိုင္ႏႈန္း ဒါမွမဟုတ္ ေဒၚလာ ၄ ဘီလ်ံ ပမာဏရွိေနတာပါ။ ဒါ့အျပင္ ျမန္မာဟာ တ႐ုတ္အတြက္ မဟာဗ်ဴဟာ အရလည္း အေရးပါတဲ့ မိတ္ဖက္ျဖစ္ေနပါတယ္။

အခရာ က်တဲ့ တ႐ုတ္-ျမန္မာ စီးပြားေရးစၾကၤန္လမ္း CMEC ရဲ႕ ရည္႐ြယ္ခ်က္က တ႐ုတ္ ကုန္းတြင္းပိုင္း ယူနန္ျပည္နယ္ကေန အိႏၵိယ သမုဒၵရာထိ ေပါက္ဖို႔ျဖစ္ပါတယ္။ တ႐ုတ္အစိုးရရဲ႕ ခါးပတ္လမ္း စီမံကိန္းႀကီးမွာ ျမန္မာႏိုင္ငံက တစိတ္တပိုင္း အေရးပါေနတယ္ ဆိုတာကလည္း ဒီလမ္းေၾကာင္း ေဖာက္ဖို႔ျဖစ္ပါတယ္။

အကဲခတ္သုေတသီ Richard Horsey ကေတာ့ တ႐ုတ္သမၼတရဲ႕ ခရီးစဥ္ဟာ အခြင့္အလမ္းေတြကိုေရာ၊ ႀကီးမားလွတဲ့ အႏၲရာယ္ေတြကိုေရာ ႏွစ္ခုစလုံးကို ယူလာမွာျဖစ္တယ္လို႔ သုံးသပ္ပါတယ္။

တ႐ုတ္နဲ႔ နယ္စပ္ခ်င္း ထိေနတဲ့ ကခ်င္ျပည္နယ္မွာ ရပ္ဆိုင္းထားတဲ့ ျမစ္ဆုံဆည္ စီမံကိန္းရဲ႕ အနာဂတ္ဟာ တ႐ုတ္သမၼတ ရွီရဲ႕ ခရီးစဥ္ကို ဆက္လက္လႊမ္းမိုးေနမလားဆိုတာကလည္း စိုးရိမ္ဖြယ္ရာ ျဖစ္ေနပါတယ္။

၂၀၀၉ ခုႏွစ္က ဒုသမၼတ ရာထူးတာဝန္ယူထားတဲ့ ရွီဟာ ျမစ္ဆုံဆည္ စီမံကိန္းကို အဲဒီအခ်ိန္က စစ္အစိုးရနဲ႔ သေဘာတူ လက္မွတ္ေရးထိုးခဲ့သူ ျဖစ္ပါတယ္။ ဒါေပမယ့္ ၂ ႏွစ္အၾကာမွာ ဒီစီမံကိန္းအေပၚ ျမန္မာျပည္သူေတြရဲ႕ ကန႔္ကြက္မႈေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚခဲ့ပါတယ္။

စကၤာပူႏိုင္ငံ ပမာဏ ေလာက္ႀကီးမားၿပီး ေဒၚလာ ၃ ဒသမ ၆ ဘီလ်ံ တန္ဖိုး ကုန္က်မယ့္ ျမစ္ဆုံဆည္စီမံကိန္းဟာ ဧရာဝတီျမစ္ေၾကာင္း စီးဆင္းမႈကို ထိခိုက္မွာျဖစ္သလို၊ ေဒသခံေတြ အတြက္လည္း ေဘးအႏၲရာယ္ ရွိေနတာျဖစ္ပါတယ္။

ဒီႏွစ္ အကုန္ပိုင္းေလာက္မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲ အႀကိဳကာလအတြင္း တကယ္လို႔မ်ား ျမစ္ဆုံဆည္ စီမံကိန္းကို ျပန္စမယ္ဆိုရင္ေတာ့ ေ႐ြးေကာက္ပြဲမွာ လူႀကိဳက္မ်ားမႈ မရတဲ့အျပင္ ဆန႔္က်င္ဘက္ေတြ ရင္ဆိုင္ရမွာျဖစ္သလို ဆုံးရႈံးမႈ ႀကီးႀကီးမားမားကို ရင္ဆိုင္ရမွာျဖစ္တယ္လို႔ အကဲခတ္ Richard Horsey ကဆိုပါတယ္။

တ႐ုတ္ ဒုတိယ ႏိုင္ငံျခားေရးဝန္ႀကီး Luo Zhaohui က ၿပီးခဲ့တဲ့ သတင္းပတ္ သတင္းစာရွင္းလင္းပြဲမွာလည္း ဒီျမစ္ဆုံဆည္ကိစၥကို ေျဖဆိုရာမွာ ႏွစ္ႏိုင္ငံ အနီးကပ္ ဆက္သြယ္ ေဆးေႏြးေနေၾကာင္း မရွင္းမလင္းေျပာသြားပါတယ္။

ေဒသခံ ကခ်င္ျပည္သူေတြ ၾကားမွာေတာ့ အမ်က္ေဒါသေတြက ပ်ံ႕ႏွံ႔ေနဆဲပါ။ အသက္ (၆၀)ႏွစ္ အ႐ြယ္ အမ်ိဳးသမီးႀကီး နာဒု ပရီ ဆိုရင္ လြန္ခဲ့တဲ့ ၁၀ ႏွစ္ ျမစ္ဆုံဆည္ စီမံကိန္း စတင္ေဆာက္လုပ္ခ်ိန္ အေစာပိုင္းကာလမွာ သူတို႔ အိမ္ရာေျမေတြကေန ဖယ္ေပးခဲ့ရၿပီး စီမံကိန္း ရပ္ဆိုင္းလိုက္ေပမဲ့လည္း အခုခ်ိန္ထိ ကိုယ့္အိမ္ကိုယ္ယာ မျပန္ႏိုင္ေသးပါဘူး။

ဒီစီမံကိန္းကို လုံးဝသေဘာမတူတဲ့ အေၾကာင္း၊ ဒါေပမယ့္ အာဏာပိုင္ေတြေရာ၊ တ႐ုတ္ကပါ သူတို႔ရဲ႕ အသံေတြကို နားေထာင္မယ္လို႔ မထင္ေၾကာင္း သူမက ေျပာပါတယ္။ သူ႔႐ြာျဖစ္တဲ့ ေအာင္ျမင္သာကေန ဖယ္ရွားခံရၿပီးေနာက္ သူတို႔အတြက္ ေနထိုင္စားေသာက္ေရးဟာ အလြန္ခက္ခဲတယ္လို႔လည္း နာဒုပရီက ေျပာပါတယ္။

ကခ်င္ျပည္သူပါတီ ဒုဥကၠဌ ဒူဝါ ဂရမ္ဂေရာ ေအာင္ခမ္း ရဲ႕ အျမင္ကလည္း အခုလို ႀကီးမားလွတဲ့ စီမံကိန္းႀကီးေတြကို အေကာင္အထည္ေဖၚရာမွာ ဘက္ေပါင္းစုံကေန စဥ္းစားဆုံးျဖတ္သင့္ေၾကာင္း အခုလိုေျပာပါတယ္။

" အလုပ္တခု လုပ္ရင္ ေရရွည္ အတြက္ ၾကည့္ရမယ္။ ဒါေၾကာင့္ အကုန္လုံး ၾကည့္ဖို႔ ဆိုတာကေတာ့ ဖယ္ဒရယ္ ႏိုင္ငံတခု တည္ေဆာက္ၿပီးမွဘဲ က်ေနာ္တို႔ ပေရာဂ်က္ (စီမံကိန္း) ေတြကို ေဆြးေႏြးၿပီးမွ ညႇိႏႈိင္းၿပီးမွ လုပ္စရာ ရွိတာေတြ လုပ္ဖို႔ လိုအပ္တယ္ ဆိုတာကို တင္ျပလိုပါတယ္။ "

အခု တ႐ုတ္သမၼတရဲ႕ ခရီးစဥ္မွာ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ရဖို႔ အဓိကအေလးထားမယ့္ အခ်က္ေတြကေတာ့ အလြန္ႀကီးမားတဲ့ စက္မႈဇုံ တည္ေဆာက္ေရး စီမံကိန္းနဲ႔ ရခိုင္ျပည္နယ္က ေက်ာက္ျဖဴေရနက္ ဆိပ္ကမ္း စီမံကိန္းပဲျဖစ္ပါလိမ့္မယ္။

ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္း ကုန္က်မယ့္ စရိတ္ကို ေဒၚလာ ၇ ဘီလီယံေက်ာ္ကေန ၁ ဘီလီယံေက်ာ္ထိ ျမန္မာဘက္က ေလွ်ာ့ခ်ႏိုင္ငံခဲ့ပါတယ္။ ဒါေပမယ့္လည္း ျမန္မာႏိုင္ငံတြင္းက တ႐ုတ္ ဦးေဆာင္တဲ့ စီမံကိန္း သေဘာတူညီခ်က္ေတြနဲ႔ ပတ္သက္ရင္ အမ်ားျပည္သူသိေအာင္ ထုတ္ျပန္ဖို႔ ကန႔္သတ္ထားပါတယ္။

ဇန္နဝါရီလ (၁၇)ရက္ေန႔မွာ ေရာက္လာမယ့္ တ႐ုတ္သမၼတ ရွီက်င္ဖ်င္ဟာ ေနျပည္ေတာ္မွာ သမၼတ ဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔နဲ႔ ေတြ႕ဆုံဖို႔ရွိသလို၊ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔လည္း ေတြ႕ဆုံမွာျဖစ္ပါတယ္။ ဒါအျပင္ ႏိုင္ငံေရးပါတီ ၂၀ က ေခါင္းေဆာင္ေတြကိုလည္း သမၼတ ရွီက ေတြ႕ဆုံေဆြးေႏြးဖို႔ရွိပါတယ္။

ျမစ္ဆုံျပန္စေရး တ႐ုတ္သမၼတ တြန္းအားေပးမလား
please wait

No media source currently available

0:00 0:04:18 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

မြစ်ဆုံပြန်စရေး တရုတ်သမ္မတ တွန်းအားပေးမလား

မနက်ဖြန် ဇန်နဝါရီလ (၁၇)ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်လာတော့မယ့် တရုတ်သမ္မတ ရှီကျင်ဖျင်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး အားကောင်း ခိုင်မာစေဖို့ ရည်ရွယ်တဲ့ ခရီးစဉ်ဖြစ်ပေမယ့် သမ္မတရှီ တွန်းအားပေးမယ့် မြန်မာနိုင်ငံအတွင်း တရုတ်ရဲ့ ကြီးမားလှတဲ့ စီမံကိန်းကြီးတွေ အပေါ်မှာ ဒေသခံပြည်သူတွေဘက်က အန္တရာယ်အဖြစ် စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ AFP ဆောင်းပါးကို အခြေခံပြီး မအင်ကြင်းနိုင်က တင်ပြမှာပါ။

တရုတ်နိုင်ငံမှာ သမ္မတ အာဏာယူပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာမယ့် ရှီရဲ့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း တရုတ်က ရင်းနှီးမြှုပ်နှံထားတဲ့ ဒေါ်လာ ဘီလျံပေါင်းများစွာ ကုန်ကျမယ့် အခြေခံ အဆောက်အဦ စီမံကိန်း သဘောတူညီချက်တွေ အကောင်အထည်ဖေါ်ရေး ကြိုးစားရှာဖွေ ဖို့ရှိပါတယ်။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဒေါ်လာ ၄ ဘီလျံ ပမာဏရှိနေတာပါ။ ဒါ့အပြင် မြန်မာဟာ တရုတ်အတွက် မဟာဗျူဟာ အရလည်း အရေးပါတဲ့ မိတ်ဖက်ဖြစ်နေပါတယ်။

အခရာ ကျတဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း CMEC ရဲ့ ရည်ရွယ်ချက်က တရုတ် ကုန်းတွင်းပိုင်း ယူနန်ပြည်နယ်ကနေ အိန္ဒိယ သမုဒ္ဒရာထိ ပေါက်ဖို့ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ခါးပတ်လမ်း စီမံကိန်းကြီးမှာ မြန်မာနိုင်ငံက တစိတ်တပိုင်း အရေးပါနေတယ် ဆိုတာကလည်း ဒီလမ်းကြောင်း ဖောက်ဖို့ဖြစ်ပါတယ်။

အကဲခတ်သုတေသီ Richard Horsey ကတော့ တရုတ်သမ္မတရဲ့ ခရီးစဉ်ဟာ အခွင့်အလမ်းတွေကိုရော၊ ကြီးမားလှတဲ့ အန္တရာယ်တွေကိုရော နှစ်ခုစလုံးကို ယူလာမှာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

တရုတ်နဲ့ နယ်စပ်ချင်း ထိနေတဲ့ ကချင်ပြည်နယ်မှာ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံဆည် စီမံကိန်းရဲ့ အနာဂတ်ဟာ တရုတ်သမ္မတ ရှီရဲ့ ခရီးစဉ်ကို ဆက်လက်လွှမ်းမိုးနေမလားဆိုတာကလည်း စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။

၂၀၀၉ ခုနှစ်က ဒုသမ္မတ ရာထူးတာဝန်ယူထားတဲ့ ရှီဟာ မြစ်ဆုံဆည် စီမံကိန်းကို အဲဒီအချိန်က စစ်အစိုးရနဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ၂ နှစ်အကြာမှာ ဒီစီမံကိန်းအပေါ် မြန်မာပြည်သူတွေရဲ့ ကန့်ကွက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

စင်္ကာပူနိုင်ငံ ပမာဏ လောက်ကြီးမားပြီး ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ တန်ဖိုး ကုန်ကျမယ့် မြစ်ဆုံဆည်စီမံကိန်းဟာ ဧရာဝတီမြစ်ကြောင်း စီးဆင်းမှုကို ထိခိုက်မှာဖြစ်သလို၊ ဒေသခံတွေ အတွက်လည်း ဘေးအန္တရာယ် ရှိနေတာဖြစ်ပါတယ်။

ဒီနှစ် အကုန်ပိုင်းလောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အကြိုကာလအတွင်း တကယ်လို့များ မြစ်ဆုံဆည် စီမံကိန်းကို ပြန်စမယ်ဆိုရင်တော့ ရွေးကောက်ပွဲမှာ လူကြိုက်များမှု မရတဲ့အပြင် ဆန့်ကျင်ဘက်တွေ ရင်ဆိုင်ရမှာဖြစ်သလို ဆုံးရှုံးမှု ကြီးကြီးမားမားကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ အကဲခတ် Richard Horsey ကဆိုပါတယ်။

တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Luo Zhaohui က ပြီးခဲ့တဲ့ သတင်းပတ် သတင်းစာရှင်းလင်းပွဲမှာလည်း ဒီမြစ်ဆုံဆည်ကိစ္စကို ဖြေဆိုရာမှာ နှစ်နိုင်ငံ အနီးကပ် ဆက်သွယ် ဆေးနွေးနေကြောင်း မရှင်းမလင်းပြောသွားပါတယ်။

ဒေသခံ ကချင်ပြည်သူတွေ ကြားမှာတော့ အမျက်ဒေါသတွေက ပျံ့နှံ့နေဆဲပါ။ အသက် (၆၀)နှစ် အရွယ် အမျိုးသမီးကြီး နာဒု ပရီ ဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ် မြစ်ဆုံဆည် စီမံကိန်း စတင်ဆောက်လုပ်ချိန် အစောပိုင်းကာလမှာ သူတို့ အိမ်ရာမြေတွေကနေ ဖယ်ပေးခဲ့ရပြီး စီမံကိန်း ရပ်ဆိုင်းလိုက်ပေမဲ့လည်း အခုချိန်ထိ ကိုယ့်အိမ်ကိုယ်ယာ မပြန်နိုင်သေးပါဘူး။

ဒီစီမံကိန်းကို လုံးဝသဘောမတူတဲ့ အကြောင်း၊ ဒါပေမယ့် အာဏာပိုင်တွေရော၊ တရုတ်ကပါ သူတို့ရဲ့ အသံတွေကို နားထောင်မယ်လို့ မထင်ကြောင်း သူမက ပြောပါတယ်။ သူ့ရွာဖြစ်တဲ့ အောင်မြင်သာကနေ ဖယ်ရှားခံရပြီးနောက် သူတို့အတွက် နေထိုင်စားသောက်ရေးဟာ အလွန်ခက်ခဲတယ်လို့လည်း နာဒုပရီက ပြောပါတယ်။

ကချင်ပြည်သူပါတီ ဒုဥက္ကဌ ဒူဝါ ဂရမ်ဂရော အောင်ခမ်း ရဲ့ အမြင်ကလည်း အခုလို ကြီးမားလှတဲ့ စီမံကိန်းကြီးတွေကို အကောင်အထည်ဖေါ်ရာမှာ ဘက်ပေါင်းစုံကနေ စဉ်းစားဆုံးဖြတ်သင့်ကြောင်း အခုလိုပြောပါတယ်။

" အလုပ်တခု လုပ်ရင် ရေရှည် အတွက် ကြည့်ရမယ်။ ဒါကြောင့် အကုန်လုံး ကြည့်ဖို့ ဆိုတာကတော့ ဖယ်ဒရယ် နိုင်ငံတခု တည်ဆောက်ပြီးမှဘဲ ကျနော်တို့ ပရောဂျက် (စီမံကိန်း) တွေကို ဆွေးနွေးပြီးမှ ညှိနှိုင်းပြီးမှ လုပ်စရာ ရှိတာတွေ လုပ်ဖို့ လိုအပ်တယ် ဆိုတာကို တင်ပြလိုပါတယ်။ "

အခု တရုတ်သမ္မတရဲ့ ခရီးစဉ်မှာ နှစ်နိုင်ငံ သဘောတူညီချက်ရဖို့ အဓိကအလေးထားမယ့် အချက်တွေကတော့ အလွန်ကြီးမားတဲ့ စက်မှုဇုံ တည်ဆောက်ရေး စီမံကိန်းနဲ့ ရခိုင်ပြည်နယ်က ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်းပဲဖြစ်ပါလိမ့်မယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ကုန်ကျမယ့် စရိတ်ကို ဒေါ်လာ ၇ ဘီလီယံကျော်ကနေ ၁ ဘီလီယံကျော်ထိ မြန်မာဘက်က လျှော့ချနိုင်ငံခဲ့ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံတွင်းက တရုတ် ဦးဆောင်တဲ့ စီမံကိန်း သဘောတူညီချက်တွေနဲ့ ပတ်သက်ရင် အများပြည်သူသိအောင် ထုတ်ပြန်ဖို့ ကန့်သတ်ထားပါတယ်။

ဇန်နဝါရီလ (၁၇)ရက်နေ့မှာ ရောက်လာမယ့် တရုတ်သမ္မတ ရှီကျင်ဖျင်ဟာ နေပြည်တော်မှာ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဖို့ရှိသလို၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ ဒါအပြင် နိုင်ငံရေးပါတီ ၂၀ က ခေါင်းဆောင်တွေကိုလည်း သမ္မတ ရှီက တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

XS
SM
MD
LG