သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္သမၼတခရီးအတြင္း ႏွစ္ဖက္သေဘာတူညီခ်က္ေတြထိုးဖို႔ ျမန္မာေမွ်ာ္လင့္


Myanmar's State Counsellor Aung San Suu Kyi

(Zawgyi/Unicode)

မၾကာခင္ ျမန္မာႏုိင္ငံကုိ အလည္အပတ္လာမယ္လုိ႔ သတင္းေတြထြက္ေနတဲ့ တ႐ုတ္သမၼတ Xi Jinping ရဲ႕ ခရီးစဥ္အတြင္း ၂ ႏုိင္ငံၾကား သေဘာတူညီခ်က္ေတြကုိ လက္မွတ္ေရးထုိးဖုိ႔ ေမွ်ာ္လင့္ထားေၾကာင္း ျမန္မာကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီး ေဒါက္တာသန္းျမင့္က ေနျပည္ေတာ္မွာ သတင္းေထာက္ေတြကုိ ေျပာဆုိလုိက္ပါတယ္။

ေရွ႕သီတင္းပတ္ေသာၾကာနဲ႔ စေနေန႔ေတြမွာ ျမန္မာႏုိင္ငံကုိလာမယ့္အေၾကာင္း သတင္းေတြ ထြက္ေနေပမဲ့ ၂ ႏုိင္ငံ တာ၀န္ရွိသူေတြ ဖက္ကေတာ့ အေသးစိတ္ ထုတ္ေဖာ္ေျပာဆုိတာမ်ဳိးေတာ့ မရွိေသးပါဘူး။ သတင္းေတြ ထြက္ေနတဲ့အတုိင္းသာ မွန္မယ္ဆုိရင္ေတာ့ တ႐ုတ္ႏုိင္ငံရဲ႕ သမၼတအျဖစ္ ၂၀၁၃ ခုႏွစ္မွာ တာ၀န္ယူခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္ ျမန္မာႏုိင္ငံကုိ လာေရာက္မယ့္ ခရီးစဥ္အျဖစ္ ထူးျခားလိမ့္မယ္လုိ႔လည္း အကဲခတ္ေတြက ေမွ်ာ္လင့္ေနၾကတာပါ။

အခုခရီးစဥ္အတြင္း ၂ ႏုိင္ငံ နယ္စပ္ေဒသက လက္နက္ကုိင္ ပဋိပကၡေတြ အပါအ၀င္ ျမန္မာႏုိင္ငံရဲ႕ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္၊ တ႐ုတ္ႏုိင္ငံက အေကာင္အထည္ေဖာ္ဖုိ႔ ႀကိဳးပမ္းေနတဲ့ ခါးပတ္လမ္းစီမံကိန္း၊ ရပ္ဆုိင္းထားတဲ့ ျမစ္ဆုံေရအားလွ်ပ္စစ္ စီမံကိန္းအပါအ၀င္ ျမန္မာႏုိင္ငံမွာ တ႐ုတ္ႏုိင္ငံရဲ႕ စီးပြားေရး လုပ္ငန္းေတြနဲ႔ ပတ္သက္တာေတြကုိ ေဆြးေႏြးေကာင္း ေဆြးေႏြးျဖစ္မယ္လုိ႔လည္း ခန္႔မွန္းေနၾကပါတယ္။ Xi Jinping ဟာ တ႐ုတ္ႏုိင္ငံရဲ႕ ဒုသမၼတတာ၀န္ယူထားစဥ္ ၂၀၀၉ ခုႏွစ္တုန္းကလည္း ျမန္မာႏုိင္ငံကုိ ပထမဆုံးအႀကိမ္ လာခဲ့ဖူးပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၇ ရက္ေန႔တုန္းက တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီး Wang Yi ျမန္မာႏုိင္ငံကုိ လာေရာက္ခ်ိန္မွာေတာ့ ဒီႏွစ္ ၂၀၂၀ ျပည့္ႏွစ္ဟာ တ႐ုတ္နဲ႔ ျမန္မာႏုိင္ငံတုိ႔ၾကား သံတမန္ဆက္ဆံေရး ထူေထာင္တဲ့ အႏွစ္ ၇၀ ျပည့္အျဖစ္ အေရးႀကီးတဲ့ ႏွစ္တႏွစ္ျဖစ္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။

******

(Unicode)

မကြာခင် မြန်မာနိုင်ငံကို အလည်အပတ်လာမယ်လို့ သတင်းတွေထွက်နေတဲ့ တရုတ်သမ္မတ Xi Jinping ရဲ့ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးဖို့ မျှော်လင့်ထားကြောင်း မြန်မာကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာသန်းမြင့်က နေပြည်တော်မှာ သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။

ရှေ့သီတင်းပတ်သောကြာနဲ့ စနေနေ့တွေမှာ မြန်မာနိုင်ငံကိုလာမယ့်အကြောင်း သတင်းတွေ ထွက်နေပေမဲ့ ၂ နိုင်ငံ တာဝန်ရှိသူတွေ ဖက်ကတော့ အသေးစိတ် ထုတ်ဖော်ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။ သတင်းတွေ ထွက်နေတဲ့အတိုင်းသာ မှန်မယ်ဆိုရင်တော့ တရုတ်နိုင်ငံရဲ့ သမ္မတအဖြစ် ၂၀၁၃ ခုနှစ်မှာ တာဝန်ယူခဲ့ပြီးနောက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်အဖြစ် ထူးခြားလိမ့်မယ်လို့လည်း အကဲခတ်တွေက မျှော်လင့်နေကြတာပါ။

အခုခရီးစဉ်အတွင်း ၂ နိုင်ငံ နယ်စပ်ဒေသက လက်နက်ကိုင် ပဋိပက္ခတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ တရုတ်နိုင်ငံက အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့ ခါးပတ်လမ်းစီမံကိန်း၊ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအပါအဝင် မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်တာတွေကို ဆွေးနွေးကောင်း ဆွေးနွေးဖြစ်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ Xi Jinping ဟာ တရုတ်နိုင်ငံရဲ့ ဒုသမ္မတတာဝန်ယူထားစဉ် ၂၀၀၉ ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့တုန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi မြန်မာနိုင်ငံကို လာရောက်ချိန်မှာတော့ ဒီနှစ် ၂၀၂၀ ပြည့်နှစ်ဟာ တရုတ်နဲ့ မြန်မာနိုင်ငံတို့ကြား သံတမန်ဆက်ဆံရေး ထူထောင်တဲ့ အနှစ် ၇၀ ပြည့်အဖြစ် အရေးကြီးတဲ့ နှစ်တနှစ်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG