သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္သမၼတခရီးစဥ္အေပၚ ကခ်င္ႏိုင္ငံေရးေခါင္းေဆာင္တဦးအျမင္


 ကခ်င္ျပည္နယ္ဒီမိုကေရစီပါတီ KSPD ( Kachin State Democracy Party) ဥကၠ႒ ေဒါက္တာတူးဂ်ာ

(Zawgyi / Unicode)

ေဒသတြင္းမွာေရာ ကမာၻမွာပါ ၾသဇာႀကီးမားတဲ့ အင္အားႀကီးႏိုင္ငံျဖစ္တဲ့ တရုတ္ႏုိင္ငံရဲ႕သမၼတကိုယ္တုိင္လာေရာက္မယ့္ ျမန္မာႏုိင္ငံခရီးစဥ္ အတြင္း ေတြ႔ဆံုမႈေတြမွာ ျမန္မာအစိုးရဘက္က အခြင့္အလမ္းေကာင္းေတြ ရလဒ္ေကာင္းေတြ ဖန္တီးဖို႔လိုတယ္လို႔ ကခ်င္ႏုိင္ငံေရးပါတီ ေခါင္းေဆာင္တဦးက သံုးသပ္ပါတယ္။ ျမန္မာႏုိင္ငံရဲ႕ ၿငိမ္းခ်မ္းေရး စီးပြားေရးနဲ႔ေဒသတြင္းလံုျခံဳေရးကိစၥေတြအတြက္ အလားအလာေကာင္းတဲ့ ခရီးစဥ္အျဖစ္လည္း ေနျပည္ေတာ္မွာ ႏိုင္ငံေရးပါတီေခါင္းေဆာင္ေတြနဲ႔ တ႐ုတ္သမၼတနဲ႔ေတြ႔ဆံုပြဲမွာ ကိုယ္တုိင္ တက္ေရာက္ဖို႔ရွိတဲ့ ကခ်င္ျပည္နယ္ဒီမိုကေရစီပါတီဥကၠ႒က ရႈ႕ျမင္ပါတယ္။ မဆုမြန္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ျမန္မာႏုိင္ငံဘက္က ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္ရဲ႕ ဖိတ္ၾကားခ်က္အရ တရုတ္သမၼတ Xi Jinping ဟာ ျမန္မာႏုိင္ငံကုိ လာမယ့္ ေသာၾကာေန႔ ဇန္န၀ါရီလ ၁၇ ကေန ဇန္နဝါရီ ၁၈ ရက္ေန႔အထိ ၂ ရက္ၾကာ ႏုိင္ငံေတာ္ခရီးစဥ္အျဖစ္ သြားေရာက္လည္ပတ္မယ့္အေၾကာင္း တရုတ္ႏုိင္ငံျခားေရးဌာနက ၿပီးခဲ့တဲ့ သီတင္းပတ္ေသာၾကာေန႔က တရား၀င္ ေၾကညာလိုက္တာပါ။

တ႐ုတ္သမၼတဟာ သူ႔ခရီးစဥ္အတြင္း ျမန္မာသမၼတ ဦး၀င္းျမင့္၊ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္တုိ႔အျပင္ အစုိးရနဲ႔ တပ္မေတာ္ ထိပ္တန္းအရာရွိေတြကုိလည္း ေတြ႔ဆုံမွာ ျဖစ္ေၾကာင္း တရုတ္ ဒုတိယ ႏုိင္ငံျခားေရး၀န္ႀကီး Luo Zhaohui က ေျပာဆိုထားပါတယ္။

တ႐ုတ္သမၼတ လာေရာက္တဲ့ေန႔ ဇန္နဝါရီလ ၁၇ရက္ေန႔ ညေနမွာပဲ ေနျပည္ေတာ္မွာ တ႐ုတ္သမၼတ နဲ႔ ႏုိင္ငံေရးပါတီ (၂၀) ေတြ႔ဆံုၾကဖို႔ စီစဥ္ထားတယ္လို႔ ဒီေတြ႔ဆံုပြဲမွာ ဖိတ္ၾကားခံထားရတဲ့ ကခ်င္ျပည္နယ္ဒီမိုကေရစီပါတီ KSPD ( Kachin State Democracy Party) ဥကၠ႒ ေဒါက္တာတူးဂ်ာက ေျပာပါတယ္။ တ႐ုတ္သမၼတရဲ႕ခရီးစဥ္ဟာ ျမန္မာ့စီးပြားေရးနဲ႔ၿငိမ္းခ်မ္းေရး ေဒသတြင္းလံုျခံဳေရးအတြက္ အလားအလာရလဒ္ေကာင္းေတြရဖို႔ကိုလည္း ေဒါက္တာတူးဂ်ာက ေမွ်ာ္လင့္ပါတယ္။

“သူက ၁၇ ရက္ေန႔ေရာက္မယ္ ။ ေရာက္ၿပီးရင္ ႏိုင္ငံေရးပါတီ ေခါင္းေဆာင္တခ်ိဳ႕နဲ႔ ေတြ႔မယ္။ ေနျပည္ေတာ္မွာပါပဲ အဲဒီမွာ က်ေနာ္တို႔ ပါတီလည္း ပါတယ္။ အားလံုးပါတီ ၂၀ ဆိုေတာ့ အဲဒီမွာ က်ေနာ္လည္း ေတြ႔ဖို႔ ပါပါတယ္။ ဒါကေတြ႔ဆံုတယ္ဆိုတဲ့ သေဘာသပ္သပ္ေလာက္ပဲ ျဖစ္ပါတယ္။ သူ႔ခရီးစဥ္မွာေတာ့ အစိုးရကေန တပ္မေတာ္ကေနပဲ ၁၈ ရက္ေန႔မွာ ေဆြးေႏြးဖို႔ ရွိတယ္လို႔ ၾကားသိရတယ္။ က်ေနာ္ကေတာ့ ဒီခရီးစဥ္ကို အေကာင္းျမင္ေပးတာရွိပါတယ္။ အျပဳသေဘာေဆာင္တဲ့ ခရီးစဥ္လို႔ထင္ပါတယ္။ သူက ၿငိမ္းခ်မ္းေရးရရွိႏိုင္ဖို႔ ဘယ္ေလာက္ပံ႔ပိုးကူညီႏိုင္မလဲဆိုတာကို နည္းလမ္းရွာမယ္လို႔ ထင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ ျမန္မာႏိုင္ငံ မၿငိမ္းမခ်မ္းျဖစ္ေနတာ သူတို႔လည္း မသက္မသာ ေစာင့္ၾကည့္ေနတဲ့အေနအထားမ်ိဳးလို႔ က်ေနာ္ယူဆတယ္ေလ။ ၿငိမ္းခ်မ္းေရးတည္ေဆာက္တဲ့ေနရာမွာ သူ႔ခရီးစဥ္က အေထာက္အကူျပဳႏိုင္မယ္လို႔ က်ေနာ္ကေတာ့ အေကာင္းျမင္ဘက္က ရႈျမင္သံုးသပ္ပါတယ္။”

တရုတ္သမၼတ ရွီက်င့္ဖ်င္ ျမန္မာႏိုင္ငံကိုလာမယ့္ခရီးစဥ္မတိုင္မီ မၾကာေသးခင္ရက္ပိုင္းတုန္းကလည္း ျမန္မာဆိုင္ရာ တ႐ုတ္အထူးကိုယ္စားလွယ္ Sun Guoxiang ဟာ KIA ကခ်င္ေဒသမွာ ျမန္မာအစိုးရနဲ႔စစ္မက္ရင္ဆိုင္ေနတဲ့ ေျမာက္ပိုင္းမဟာမိတ္တပ္ဖဲြ႕ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆံုပါတယ္။ ျမန္မာႏုိင္ငံရဲ႕ ျပည္တြင္းၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ တ႐ုတ္အစိုးရဘက္က ၾကားဝင္ေစ့စပ္ညွိႏိႈင္းေပးမႈက ရလဒ္ေကာင္းေတြ ဖန္တီးႏုိင္ပါ့မလားဆိုတဲ့အျမင္ကိုလည္း ေဒါက္တာတူးဂ်ာက အခုလိုေျပာပါတယ္။

“ တရုတ္ေခါင္းေဆာင္ႀကီးခရီးစဥ္မွာ အက်ိဳးသက္ေရာက္မႈ ရွိႏိုင္ပါတယ္။ အဓိကေတာ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔မ်ားနဲ႔ အစိုးရတပ္မေတာ္ၾကားမွာ အပစ္အခတ္ရပ္စဲေရးကို တတ္ႏိုင္သမွ် ကူညီလိမ့္မယ္လို႔ ေမွ်ာ္လင့္တယ္ေလ။ ေနာက္ၿပီးေတာ့ စီးပြားေရးထက္ ၿငိမ္းခ်မ္းေရးကိစၥကို အေလးထားလိမ့္မယ္။ OBOR ကိစၥလည္း ရွိတာကို ဒါေၾကာင့္ ၿငိမ္းခ်မ္းေရးကို ပထမဦးဆံုး ႀကိဳးစားလိမ့္မယ္ဗ် ၿပီးရင္ စီးပြားေရးျဖစ္ႏိုင္တယ္။ အဓိကေတာ့ ဒါကို ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရး ရရွိဖို႔ဆိုရင္ အပစ္အခတ္ရပ္စဲေရးသေဘာတူလက္မွတ္ေရးထိုးရမယ္။ အခုလည္း ေျမာက္ပိုင္း ၄ ဖြဲ႔အေပၚမွာလည္း သက္ေရာက္မႈရွိႏိုင္တယ္ ၿပီးရင္ ရခိုင္ျပည္နယ္တိုက္ပြဲေတြမွာလည္း သက္ေရာက္မႈရွိႏိုင္တယ္။”

ေဒသတြင္း စီးပြားေရးလမ္းေၾကာင္းေတြ ပိုဖြ႔ံၿဖိဳးလာႏုိင္ဖို႔ ေဆြးေႏြးၾကမယ့္ တရုတ္-ျမန္မာႏုိင္ငံဒီခရီးစဥ္အတြင္း ျမန္မာအစိုးရဘက္က ႏိုင္ငံအတြက္ ရလဒ္ေကာင္းေတြရဖို႔ အခြင့္အေကာင္းေတြကို ဖန္တီးဖို႔လိုတယ္လို႔လည္း ေဒါက္တာတူးဂ်ာကေျပာပါတယ္။

“ဒီဘက္ကလည္း ဆက္ဆံေရးပိုမိုခိုင္ျမဲေအာင္၊ ပိုမိုေခ်ာေမြ႔ေအာင္ သူတို႔ စဥ္းစားမွာပါ ျမန္မာေခါင္းေဆာင္ေတြအေနနဲ႔။ အဲလိုဆိုရင္ သူ႔ရဲ႕ လာေရာက္တဲ့ ခရီးစဥ္မွာေတာ့ က်ေနာ္တို႔ႏိုင္ငံအတြက္ ေကာင္းက်ိဳးရလဒ္ေတြျဖစ္ေပၚလာႏိုင္မယ္လို႔ ျမင္ပါတယ္။ အခုဆိုရင္ ၿငိမ္းခ်မ္းေရးပါမယ္၊ စီးပြားေရးပါမယ္၊ လံုၿခံဳေရးပါမယ္။ ဒါေတြ ႏိုင္ငံတကာ ဆက္ဆံေရးေတြ ဒါ့အျပင္ အိမ္နီးခ်င္းႏို္င္ငံေကာင္းတခုအေနနဲ႔ တရုတ္ဘက္က ရပ္တည္ျပမယ္လို႔ ထင္ပါတယ္။”

တ႐ုတ္-ျမန္မာ သံတမန္ေရးထူးေထာင္တဲ့ ႏွစ္ ၇၀ျပည့္ႏွစ္မွာပဲ ထူးထူးျခားျခား ကမာၻမွာေရာ ေဒသတြင္းမွာပါ ၾသဇာၾကီးမားတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ သမၼတအေနနဲ႔ ၂၀၂၀ျပည့္ႏွစ္အတြက္ ပထမဆံုး ျပည္ပခရီးစဥ္ကို ေဒသတြင္းက ျမန္မာႏိုင္ငံကို သြားေရာက္ဖို႔ ေရြးခ်ယ္လိုက္တာဟာ တ႐ုတ္-ျမန္မာႏွစ္ႏုိင္ငံၾကား သံတမန္ေရးဆိုင္ရာ ထူးျခားမႈအျဖစ္ တ႐ုတ္-ျမန္မာအေရး အကဲခတ္ေတြကလည္း သံုးသပ္တဲ့အေၾကာင္း ဗီြအိုေအျမန္မာပိုင္းကိုေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

တရုတ်သမ္မတခရီးစဉ်အပေါ် ကချင်နိုင်ငံရေးခေါင်းဆောင်တဦးအမြင်

(Unicode)

ဒေသတွင်းမှာရော ကမ္ဘာမှာပါ သြဇာကြီးမားတဲ့ အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့သမ္မတကိုယ်တိုင်လာရောက်မယ့် မြန်မာနိုင်ငံခရီးစဉ် အတွင်း တွေ့ဆုံမှုတွေမှာ မြန်မာအစိုးရဘက်က အခွင့်အလမ်းကောင်းတွေ ရလဒ်ကောင်းတွေ ဖန်တီးဖို့လိုတယ်လို့ ကချင်နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးက သုံးသပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး စီးပွားရေးနဲ့ဒေသတွင်းလုံခြုံရေးကိစ္စတွေအတွက် အလားအလာကောင်းတဲ့ ခရီးစဉ်အဖြစ်လည်း နေပြည်တော်မှာ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ တရုတ်သမ္မတနဲ့တွေ့ဆုံပွဲမှာ ကိုယ်တိုင် တက်ရောက်ဖို့ရှိတဲ့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌက ရှု့မြင်ပါတယ်။ မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံဘက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ တရုတ်သမ္မတ Xi Jinping ဟာ မြန်မာနိုင်ငံကို လာမယ့် သောကြာနေ့ ဇန်နဝါရီလ ၁၇ ကနေ ဇန်နဝါရီ ၁၈ ရက်နေ့အထိ ၂ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ပြီးခဲ့တဲ့ သီတင်းပတ်သောကြာနေ့က တရားဝင် ကြေညာလိုက်တာပါ။

တရုတ်သမ္မတဟာ သူ့ခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပြင် အစိုးရနဲ့ တပ်မတော် ထိပ်တန်းအရာရှိတွေကိုလည်း တွေ့ဆုံမှာ ဖြစ်ကြောင်း တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Luo Zhaohui က ပြောဆိုထားပါတယ်။

တရုတ်သမ္မတ လာရောက်တဲ့နေ့ ဇန်နဝါရီလ ၁၇ရက်နေ့ ညနေမှာပဲ နေပြည်တော်မှာ တရုတ်သမ္မတ နဲ့ နိုင်ငံရေးပါတီ (၂၀) တွေ့ဆုံကြဖို့ စီစဉ်ထားတယ်လို့ ဒီတွေ့ဆုံပွဲမှာ ဖိတ်ကြားခံထားရတဲ့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSPD ( Kachin State Democracy Party) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောပါတယ်။ တရုတ်သမ္မတရဲ့ခရီးစဉ်ဟာ မြန်မာ့စီးပွားရေးနဲ့ငြိမ်းချမ်းရေး ဒေသတွင်းလုံခြုံရေးအတွက် အလားအလာရလဒ်ကောင်းတွေရဖို့ကိုလည်း ဒေါက်တာတူးဂျာက မျှော်လင့်ပါတယ်။

“သူက ၁၇ ရက်နေ့ရောက်မယ် ။ ရောက်ပြီးရင် နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့နဲ့ တွေ့မယ်။ နေပြည်တော်မှာပါပဲ အဲဒီမှာ ကျနော်တို့ ပါတီလည်း ပါတယ်။ အားလုံးပါတီ ၂၀ ဆိုတော့ အဲဒီမှာ ကျနော်လည်း တွေ့ဖို့ ပါပါတယ်။ ဒါကတွေ့ဆုံတယ်ဆိုတဲ့ သဘောသပ်သပ်လောက်ပဲ ဖြစ်ပါတယ်။ သူ့ခရီးစဉ်မှာတော့ အစိုးရကနေ တပ်မတော်ကနေပဲ ၁၈ ရက်နေ့မှာ ဆွေးနွေးဖို့ ရှိတယ်လို့ ကြားသိရတယ်။ ကျနော်ကတော့ ဒီခရီးစဉ်ကို အကောင်းမြင်ပေးတာရှိပါတယ်။ အပြုသဘောဆောင်တဲ့ ခရီးစဉ်လို့ထင်ပါတယ်။ သူက ငြိမ်းချမ်းရေးရရှိနိုင်ဖို့ ဘယ်လောက်ပံ့ပိုးကူညီနိုင်မလဲဆိုတာကို နည်းလမ်းရှာမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ မငြိမ်းမချမ်းဖြစ်နေတာ သူတို့လည်း မသက်မသာ စောင့်ကြည့်နေတဲ့အနေအထားမျိုးလို့ ကျနော်ယူဆတယ်လေ။ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ သူ့ခရီးစဉ်က အထောက်အကူပြုနိုင်မယ်လို့ ကျနော်ကတော့ အကောင်းမြင်ဘက်က ရှုမြင်သုံးသပ်ပါတယ်။”

တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကိုလာမယ့်ခရီးစဉ်မတိုင်မီ မကြာသေးခင်ရက်ပိုင်းတုန်းကလည်း မြန်မာဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် Sun Guoxiang ဟာ KIA ကချင်ဒေသမှာ မြန်မာအစိုးရနဲ့စစ်မက်ရင်ဆိုင်နေတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်အစိုးရဘက်က ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုက ရလဒ်ကောင်းတွေ ဖန်တီးနိုင်ပါ့မလားဆိုတဲ့အမြင်ကိုလည်း ဒေါက်တာတူးဂျာက အခုလိုပြောပါတယ်။

“ တရုတ်ခေါင်းဆောင်ကြီးခရီးစဉ်မှာ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ အဓိကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ အစိုးရတပ်မတော်ကြားမှာ အပစ်အခတ်ရပ်စဲရေးကို တတ်နိုင်သမျှ ကူညီလိမ့်မယ်လို့ မျှော်လင့်တယ်လေ။ နောက်ပြီးတော့ စီးပွားရေးထက် ငြိမ်းချမ်းရေးကိစ္စကို အလေးထားလိမ့်မယ်။ OBOR ကိစ္စလည်း ရှိတာကို ဒါကြောင့် ငြိမ်းချမ်းရေးကို ပထမဦးဆုံး ကြိုးစားလိမ့်မယ်ဗျ ပြီးရင် စီးပွားရေးဖြစ်နိုင်တယ်။ အဓိကတော့ ဒါကို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ရရှိဖို့ဆိုရင် အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးရမယ်။ အခုလည်း မြောက်ပိုင်း ၄ ဖွဲ့အပေါ်မှာလည်း သက်ရောက်မှုရှိနိုင်တယ် ပြီးရင် ရခိုင်ပြည်နယ်တိုက်ပွဲတွေမှာလည်း သက်ရောက်မှုရှိနိုင်တယ်။”

ဒေသတွင်း စီးပွားရေးလမ်းကြောင်းတွေ ပိုဖွံ့ဖြိုးလာနိုင်ဖို့ ဆွေးနွေးကြမယ့် တရုတ်-မြန်မာနိုင်ငံဒီခရီးစဉ်အတွင်း မြန်မာအစိုးရဘက်က နိုင်ငံအတွက် ရလဒ်ကောင်းတွေရဖို့ အခွင့်အကောင်းတွေကို ဖန်တီးဖို့လိုတယ်လို့လည်း ဒေါက်တာတူးဂျာကပြောပါတယ်။

“ဒီဘက်ကလည်း ဆက်ဆံရေးပိုမိုခိုင်မြဲအောင်၊ ပိုမိုချောမွေ့အောင် သူတို့ စဉ်းစားမှာပါ မြန်မာခေါင်းဆောင်တွေအနေနဲ့။ အဲလိုဆိုရင် သူ့ရဲ့ လာရောက်တဲ့ ခရီးစဉ်မှာတော့ ကျနော်တို့နိုင်ငံအတွက် ကောင်းကျိုးရလဒ်တွေဖြစ်ပေါ်လာနိုင်မယ်လို့ မြင်ပါတယ်။ အခုဆိုရင် ငြိမ်းချမ်းရေးပါမယ်၊ စီးပွားရေးပါမယ်၊ လုံခြုံရေးပါမယ်။ ဒါတွေ နိုင်ငံတကာ ဆက်ဆံရေးတွေ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံကောင်းတခုအနေနဲ့ တရုတ်ဘက်က ရပ်တည်ပြမယ်လို့ ထင်ပါတယ်။”

တရုတ်-မြန်မာ သံတမန်ရေးထူးထောင်တဲ့ နှစ် ၇၀ပြည့်နှစ်မှာပဲ ထူးထူးခြားခြား ကမ္ဘာမှာရော ဒေသတွင်းမှာပါ သြဇာကြီးမားတဲ့ တရုတ်နိုင်ငံရဲ့ သမ္မတအနေနဲ့ ၂၀၂၀ပြည့်နှစ်အတွက် ပထမဆုံး ပြည်ပခရီးစဉ်ကို ဒေသတွင်းက မြန်မာနိုင်ငံကို သွားရောက်ဖို့ ရွေးချယ်လိုက်တာဟာ တရုတ်-မြန်မာနှစ်နိုင်ငံကြား သံတမန်ရေးဆိုင်ရာ ထူးခြားမှုအဖြစ် တရုတ်-မြန်မာအရေး အကဲခတ်တွေကလည်း သုံးသပ်တဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းကိုပြောဆိုထားပါတယ်။

XS
SM
MD
LG