သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္သမၼတ Xi Jinping ျမန္မာခ်စ္ၾကည္ေရးခရီး တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးဌာန အတည္ျပဳ


(Zawgyi/ Unicode)

တ႐ုတ္သမၼတ Xi Jinping ဟာ ေရွ႕သီတင္းပတ္ေႏွာင္းပုိင္း ျမန္မာႏုိင္ငံကုိ သြားေရာက္မွာျဖစ္ေၾကာင္း တ႐ုတ္ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ဒီကေန႔ပဲ အတည္ျပဳလုိက္ပါတယ္

သမၼတ ဦး၀င္းျမင့္ရဲ႕ ဖိတ္ၾကားခ်က္အရ ႏုိင္ငံေတာ္ ခရီးစဥ္အျဖစ္ ေရွ႕သီတင္းပတ္ ေသာၾကာနဲ႔ စေနေန႔ေတြမွာ ျမန္မာႏုိင္ငံကုိ သြားေရာက္မွာျဖစ္ေၾကာင္း တ႐ုတ္ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရသူ Hua Chunying ကုိ ကုိးကားၿပီး ျမန္မာႏုိင္ငံဆုိင္ရာ တ႐ုတ္သံ႐ုံး Facebook စာမ်က္ႏွာမွာ ေဖာ္ျပခဲ့တာပါ။

ဒါဟာဆုိရင္ ၂၀၂၀ ႏွစ္သစ္မွာ တ႐ုတ္သမၼတရဲ႕ ပထမဆုံး ႏုိင္ငံေတာ္ ခရီးစဥ္ျဖစ္သလုိ၊ ျမန္မာႏုိင္ငံကုိ ၁၉ ႏွစ္အတြင္း ပထမဆုံး တ႐ုတ္သမၼတ တဦးရဲ႕ ခရီးစဥ္လည္း ျဖစ္ပါတယ္။ ကခ်င္ျပည္နယ္မွာ တ႐ုတ္ႏုိင္ငံက တည္ေဆာက္မယ့္ ျမစ္ဆုံေရအားလွ်ပ္စစ္ စီမံကိန္းကုိ ကန္႔ကြက္မႈေတြေၾကာင့္ ရပ္ဆုိင္းထားရတဲ့အတြက္ ၂ ႏုိင္ငံၾကား အဖုအထစ္ ႀကံဳေနရသလုိ၊ တခ်ိန္တည္းမွာပဲ ျမန္မာႏုိင္ငံအေပၚ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ စြပ္စဲြခ်က္ေတြနဲ႔ ႏုိင္ငံတကာမွာ အေရးယူဖုိ႔ ႀကိဳးပမ္းမႈေတြ ေပၚေပါက္ေနခ်ိန္မွာ သံတမန္ေရးအရ အဓိကမဟာမိတ္ျဖစ္တဲ့ တ႐ုတ္ႏုိင္ငံက ထိပ္တန္းေခါင္းေဆာင္ ျမန္မာႏုိင္ငံကုိ လာေရာက္မွာပါ။

တ႐ုတ္အစုိးရအာေဘာ္ Global Times သတင္းစာကေတာ့ ၂၀၂၀ ျပည့္ႏွစ္ဟာ တ႐ုတ္နဲ႔ ျမန္မာ သံတမန္ဆက္ဆံေရး ထူေထာင္တဲ့ အႏွစ္ ၇၀ ျပည့္ ျဖစ္တဲ့အတြက္ တ႐ုတ္ႏုိင္ငံက အကဲခတ္ေတြ စီးပြားေရး လုပ္ငန္းရွင္ေတြက အခုခရီးစဥ္ဟာ အေရးပါလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနေၾကာင္းလည္း ေဖာ္ျပပါတယ္။

တ႐ုတ္ႏုိင္ငံက အေကာင္အထည္ေဖာ္ဖုိ႔ ႀကိဳးပမ္းေနတဲ့ ခါးပတ္လမ္း စီမံကိန္းနဲ႔ ဆက္စပ္ေနတဲ့ ျမန္မာႏုိင္ငံက စီမံကိန္းေတြ အပါအ၀င္ ဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြ သံတမန္ဆက္ဆံေရးေတြမွာ ပူးေပါင္းေဆာင္ရြက္မႈေတြ ပုိမုိအားေကာင္းလာႏုိင္တယ္လုိ႔လည္း ခန္႔မွန္းေနၾကတာပါ။ ခရီးစဥ္အတြင္း ၂ ႏုိင္ငံၾကား ဖြံ႔ၿဖိဳးေရးဆုိင္ရာ နားလည္မႈ စာခၽြန္လႊာေတြကုိ လက္မွတ္ေရးထုိးဖုိ႔ စီစဥ္ထားေၾကာင္းလည္း ျမန္မာႏုိင္ငံ စီးပြားေရးနဲ႔ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန တာ၀န္ရွိသူေတြက ေျပာဆုိထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


................................

တရုတ်သမ္မတ Xi Jinping မြန်မာချစ်ကြည်ရေးခရီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အတည်ပြု

(Unicode)

တရုတ်သမ္မတ Xi Jinping ဟာ ရှေ့သီတင်းပတ်နှောင်းပိုင်း မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ပဲ အတည်ပြုလိုက်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော် ခရီးစဉ်အဖြစ် ရှေ့သီတင်းပတ် သောကြာနဲ့ စနေနေ့တွေမှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying ကို ကိုးကားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး Facebook စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။

ဒါဟာဆိုရင် ၂၀၂၀ နှစ်သစ်မှာ တရုတ်သမ္မတရဲ့ ပထမဆုံး နိုင်ငံတော် ခရီးစဉ်ဖြစ်သလို၊ မြန်မာနိုင်ငံကို ၁၉ နှစ်အတွင်း ပထမဆုံး တရုတ်သမ္မတ တဦးရဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံက တည်ဆောက်မယ့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားရတဲ့အတွက် ၂ နိုင်ငံကြား အဖုအထစ် ကြုံနေရသလို၊ တချိန်တည်းမှာပဲ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာမှာ အရေးယူဖို့ ကြိုးပမ်းမှုတွေ ပေါ်ပေါက်နေချိန်မှာ သံတမန်ရေးအရ အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံက ထိပ်တန်းခေါင်းဆောင် မြန်မာနိုင်ငံကို လာရောက်မှာပါ။

တရုတ်အစိုးရအာဘော် Global Times သတင်းစာကတော့ ၂၀၂၀ ပြည့်နှစ်ဟာ တရုတ်နဲ့ မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်တဲ့ အနှစ် ၇၀ ပြည့် ဖြစ်တဲ့အတွက် တရုတ်နိုင်ငံက အကဲခတ်တွေ စီးပွားရေး လုပ်ငန်းရှင်တွေက အခုခရီးစဉ်ဟာ အရေးပါလိမ့်မယ်လို့ မျှော်လင့်နေကြောင်းလည်း ဖော်ပြပါတယ်။

တရုတ်နိုင်ငံက အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့ ခါးပတ်လမ်း စီမံကိန်းနဲ့ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံက စီမံကိန်းတွေ အပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ သံတမန်ဆက်ဆံရေးတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာနိုင်တယ်လို့လည်း ခန့်မှန်းနေကြတာပါ။ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား ဖွံ့ဖြိုးရေးဆိုင်ရာ နားလည်မှု စာချွန်လွှာတွေကို လက်မှတ်ရေးထိုးဖို့ စီစဉ်ထားကြောင်းလည်း မြန်မာနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောဆိုထားကြပါတယ်။

XS
SM
MD
LG