သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္သမၼတ ခရီးစဥ္က ဘယ္လိုရလဒ္ေတြ ထြက္လာမလဲ


တ႐ုတ္သမၼတ ခရီးစဥ္က ဘယ္လိုရလဒ္ေတြ ထြက္လာမလဲ
please wait

No media source currently available

0:00 0:09:55 0:00
တိုက္႐ိုက္ လင့္ခ္

အခုတေလာ သတင္းေတထြြက္ေပၚေနတဲ့အတိုင္း တ႐ုတ္သမၼတ Xi Jinping ျမန္မာႏိုင္ငံကို လာေရာက္လည္ပတ္ျဖစ္မယ္ဆိုရင္ ႏွစ္ႏိုင္ငံ အက်ိဳးတူကိစၥရပ္ေတြကို လက္ေတြ႕တိုးျမႇင့္ေဖာ္ေဆာင္တာထက္၊ ျမန္မာႏိုင္ငံအေပၚ ထားရွိၿပီးျဖစ္တဲ့ တ႐ုတ္ရဲ႕ေထာက္ခံအားေပးမႈကို အခိုင္အမာ ထပ္မံျပသတဲ့သေဘာသာ ျဖစ္လိမ့္မယ္လို႔ အေမရိကန္ျပည္ေထာင္စု Stimson မူဝါဒေလ့လာေရးအဖြဲ႕ ပူးတြဲၫႊန္ၾကားေရးမႉး Yun Sun က ဆိုပါတယ္။ တ႐ုတ္မူဝါဒေရးရာ ကၽြမ္းက်င္သူ Yun Sun နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ တရုတ္သမၼတ Xi Jinping ျမန္မာႏုိင္ငံကို လာမယ္လို႔ သတင္းေတြ ထြက္ေနပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ႀကိဳတင္သံုးသပ္ခ်က္ေလး လုပ္ခ်င္တဲ့သေဘာ ျဖစ္ပါတယ္။ ဒီခရီးစဥ္က ဘယ္္ေလာက္ထူးျခားသလဲဆုိတာကို ဦးစြာသံုးသပ္ေစခ်င္ပါတယ္။

ေျဖ ။ ။ တကယ္လို႔ ဒီခရီးစဥ္ တကယ္ျဖစ္လာမယ္ဆုိရင္ သတင္းထြက္ေပၚပ်ံ ႔ႏံွ႔မႈဟာ ႏွစ္ဘက္အစိုးရေတြက တရားဝင္ထုတ္ျပန္တာ မဟုတ္ဘဲနဲ႔ သတင္းထြက္ေပၚလာတယ္ဆိုတာ ထူးျခားခ်က္ျဖစ္တယ္လို႔ ပထမဦးဆံုး ေျပာခ်င္ပါတယ္။ ဒုတိယအခ်က္ဟာ ရွင္ေျပာသလိုပါပဲ ဒီလေႏွာင္းပိုင္းမွာ ျဖစ္ေျမာက္လာမယ္ဆိုရင္ ဒါဟာ Xi Jinping အေနနဲ႔ ၂၀၁၃ မွာ တရုတ္ႏုိင္ငံေခါင္းေဆာင္ ျဖစ္လာၿပီးေနာက္ ျမန္မာႏိုင္ငံကို ပထမဦးဆံုးအႀကိမ္ လာေရာက္မယ့္ ခရီးစဥ္လည္း ျဖစ္ပါလိမ့္မယ္။

ေနာက္တခ်က္က ၿပီးခဲ့တဲ့ (၆) နွစ္၊ (၇) ႏွစ္ ကာလအတြင္းမွာ Xi Jinping က က်န္တဲ့ အေရွ ႔ေတာင္အာရွႏုိင္ငံေတြအားလံုးကို သြားေရာက္ခဲ့ၿပီးေနာက္ ျမန္မာႏုိင္ငံကို ခ်န္ထားခဲ့ပါတယ္။ ဒီလိုျဖစ္ခဲ့တာ တိက်တဲ့အေၾကာင္း ရိွပါတယ္။ ျမန္မာႏိုင္ငံရဲ ႔ တရုတ္ဆန္႔က်င္ေရးခံစားမႈေတြကို တရုတ္က ျမင္ထားတယ္။ ျမန္မာႏိုင္ငံကလည္း အေနာက္ႏိုင္ငံေတြနဲ႔ ဆက္ဆံေရးျပန္ေကာင္းလာေတာ့ ဦးသိန္းစိန္အစိုးရရဲ ႔ အေနာက္ႏုိင္ငံေတြဆုိင္ရာ မဟာဗ်ဴဟာကို တရုတ္တို႔ဘက္က ေမးခြန္းထုတ္စရာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုအခ်ိန္မွာ Xi Jinping ျမန္မာႏိုင္ငံကို သြားတဲ့ခရီးစဥ္ဟာ တရုတ္-ျမန္မာ ဆက္ဆံေရးအတြက္ စာမ်က္ႏွာအသစ္။ ဒါမွမဟုတ္ ေခတ္သစ္တစ္ခုကို စတင္လိုက္တာလည္း ျဖစ္ပါတယ္။

ေမး ။ ။ ဒါ့အျပင္ အခုအခ်ိန္ဟာ ျမန္မာႏိုင္ငံအတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းမွာ အက်ဥ္းအက်ပ္ႀကံဳေနရတဲ့ကာလလို႔ ေျပာရင္မွားမယ္ မဟုတ္ပါဘူး။ ဆိုေတာ့ ဒီလိုအခ်ိန္မ်ဳိးမွာ တရုတ္သမၼတ Xi Jinping လာေရာက္လည္ပတ္တာဟာ အခြင့္အခါေကာင္းတဲ့ အခ်က္တခ်က္လို႔ သံုးသပ္ရင္ေကာ ရမလား။

ေျဖ ။ ။ ဒါဟာ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ The Hague ၿမိဳ ႔က ICJ မွာ သြားေရာက္ထြက္ဆိုၿပီး တစ္လတိတိ ျပည့္ၿပီးခ်ိန္ျဖစ္ေတာ့ ဒီခရီးစဥ္ဟာ ႏွစ္ႏိုင္ငံေသြးစည္းညီညႊတ္မႈကို အခုိင္အမာျပသလိုက္တာ၊ ေထာက္ခံမႈကို အခိုင္အမာျပသလိုက္တာပါ။ ျမန္မာႏိုင္ငံဟာ ႏုိင္ငံတကာမွာ အထီးက်န္ျဖစ္ႏိုင္ေခ် ရိွႏိုင္ေပမယ့္လဲ မိမိတို႔ တရုတ္ႏိုင္ငံကေတာ့ ျမန္မာႏိုင္ငံအတြက္ အခက္ေတြ႔ခ်ိန္၊ ကူညီတဲ့မိတ္ေဆြစစ္ ျဖစ္တယ္ဆိုတာကို ျပသလိုက္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီရႈေထာင့္ကၾကည့္မယ္ဆိုရင္ တရုတ္သမၼတရဲ ႔ ဒီခရီးစဥ္ဟာ ျမန္မာႏို္င္ငံအတြက္ ႏိုင္ငံတကာအခင္းအက်င္းမွာ သိပ္ထူးျခားအေရးပါတယ္လို႔ က်မ ထင္ပါတယ္။

ေမး ။ ။ ေနာက္ျပည္တြင္းေရးနဲ႔ ပတ္သက္ၿပီး ၾကည့္မယ္ဆိုရင္လဲ စစ္ေရးပဋိပကၡေတြ ႀကီးထြားလာေနခ်ိန္္ ျဖစ္ပါတယ္။ အထူးသျဖင့္ ရခိုင္နဲ႔ ျဖစ္ေနတဲ့ကိစၥဟာ ေတာ္ေတာ္ေလး အေျခအေနဆိုးလာေနပါတယ္။ ဒီကိစၥဟာ AA က တရုတ္ရဲ ႔ စီးပြားေရးစီမံကိန္းေတြကို မေႏွာင့္ယွက္သမွ် ကာလပတ္လံုး ႀကိဳက္တာလုပ္လို႔ တရုတ္က လႊတ္ေပးထားတယ္ဆိုၿပီး သုံးသပ္သူတခ်ဳိ ႔လည္း ရိွေနပါတယ္။ ဒီကိစၥမွာေကာ အခု တရုတ္သမၼတလာေရာက္တုန္း တစံုတရာ ဝင္ေရာက္ျဖန္႔ေျဖေပးႏိုင္မယ့္ အလားအလာေတြ ေပၚထြက္လာႏိုင္တယ္လို႔ ယူဆႏိုင္ပါသလား။

ေျဖ ။ ။ ကြ်န္မအထင္မွာေတာ့ AA အေပၚမွာ တရုတ္ရဲ ့ ထိန္းခ်ဳပ္နိုင္မႈနဲ ့ပက္သတ္ၿပီး နည္းနည္းခ်ဲ ့ကားထားတယ္လို ့ထင္ပါတယ္။ တကယ္ေတာ့ AAဟာ သူ ့ကိုယ္ပိုင္မူ၀ါဒကို စိတ္တိုင္းက် ေရးဆြဲခ်မွတ္ျပီးေတာ့ သူ႔ဟာသူ လႈပ္ရွားေနတာလည္း ျဖစ္ပါတယ္။ ေနာက္ျပီးေတာ့ ေရႊလီ၊ မူဆယ္ကေန မနၱေလးထိ ေဖာက္လုပ္ထားတဲ့ တရုတ္ရဲ ့ဆက္သြယ္ေရး လမ္းေၾကာင္းတစ္ေလ်ွာက္မွာ AA ဟာျပီးခဲ့တဲ့ ေႏြရာသီတုန္းက တိုက္ခိုက္ခဲ့တာေတြ ရွိပါတယ္။ တရုတ္-ျမန္မာ စီးပြားေရး စၾကၤန္ံအတြက္ အေနွာက္အယွက္ေတြ အမ်ားၾကီးျဖစ္ေစခဲ့တာပါ။ ဒါကိုၾကည့္မယ္ဆို ရွင္ေျပာတာေတြနဲ ့ကြဲလြဲေနပါတယ္။ တရုတ္က AA အေပါ ္မွာ ထိန္းခ်ဳပ္နိုင္စြမ္းရွိတယ္ဆိုရင္ ဒီတိုက္ခိုက္မႈေတြ ဘယ္ျဖစ္လာပါ့မလဲ။

ေမး ။ ။ အိုေက။ အဲဒီေတာ့ တရုတ္က ပါ၀င္ ပတ္သက္မရွိဘူးလို႔ဆိုရင္ ဒီAA နဲ ့ျဖစ္ေနတဲ့ ပဋိပကၡေပၚမွာ တရုတ္ေရးရာ ကၽြမ္းက်င္သူတစ္ေယာက္အေနနဲ႔ ဘယ္လိုသုံးသပ္ခ်င္ပါသလဲ။Yun Sun ရဲ ့အျမင္ကိုလည္း ေျပာပါအုန္း။
ေျဖ ။ ။ ျမန္မာျပည္သူေတြနဲ ့ျမန္မာအစိုးရ မၾကာခဏ ေမ့ေလ်ာ့ေနတဲ့ ကိစၥကေတာ့ ျပည္ပ အေထာက္အပံ့မပါဘဲ တပ္မေတာ္က KIA ဒါမွမဟုတ္ AA ဒါမွမဟုတ္ ေျမာက္ပိုင္းမဟာမိတ္ အဖြဲ႔တို႔ကို ေပ်ာက္ၾကားစစ္နဲ႔ အႏိုင္တိုက္ႏိုင္တယ္လို႔ ယူဆထားတာပါ။ ဒါဟာ အထင္နဲ႔ေျပာတဲ့ကိစၥ ျဖစ္ေနေပမယ့္လဲ ျမန္မာႏိုင္ငံရဲ ႔ ၿငိမ္းခ်မ္းေရးနဲ႔ ျပန္လည္သင့္ျမတ္ေရးဟာ ေနာက္ဆံုးတေန႔မွာေတာ့ ဗမာလူမ်ားစုနဲ႔ တိုင္းရင္းသားလူနည္းစုၾကားမွာသာ ျဖစ္ပါတယ္။ ျမန္မာနဲ႔ တရုတ္ ႏွစ္ႏုိင္ငံ သင့္ျမတ္ေရး မဟုတ္ပါဘူး။

ေမး ။ ။ ဒါေပမဲ့ ဗမာျပည္ကြန္ျမဴနစ္ပါတီနဲ႔ ပတ္သက္တဲ့ကိစၥမွာေတာ့ တရုတ္ကသာ ကူညီေထာက္ပံ့မႈေတြကို မရပ္ဆိုင္းခဲ့ဘူးဆိုရင္ ဗမာျပည္ကြန္ျမဴနစ္ပါတီဟာ ခ်ဳပ္ၿငိမ္သြားမွာ မဟုတ္ဘဲနဲ႔ တိုက္ပြဲေတြလည္း ဆက္လ်က္ျဖစ္ေကာင္းျဖစ္ေနပါအံုးမယ္။ ဆိုေတာ့ ဒီကိစၥေျပလည္ဖို႔အတြက္ တရုတ္က လုပ္ေပးခဲ့တယ္လို႔ ေျပာရမွာပါ။ အခု AA ကိစၥမွာ ဘာေၾကာင့္ တရုတ္က လုပ္မေပးႏိုင္တာလဲ။

ေျဖ ။ ။ ေကာင္းပါၿပီ။ ပထမဦးဆံုး ဗမာျပည္ကြန္ျမဴနစ္ပါတီကို ေထာက္ခံအားေပးခဲ့တာက တရုတ္ယဥ္ေက်းမႈကာလတုန္းက ျဖစ္ပါတယ္။ အဲဒီကာလတုန္းက တရုတ္က ေတာ္လွန္ေသာ ႏုိင္ငံျခားေရးမူဝါဒ Revolutionary Foreign Policy ကို ခ်မွတ္ၿပီးေတာ့ ေတာ္လွန္္ေရးကုိ ျပည္ပတင္ပို႔ေရး လုပ္ခဲ့တာပါ။ အဲဒီမူဝါဒကို တရုတ္ႏိုင္ငံက အခုအခါမွာ မက်င့္သံုးေတာ့ပါဘူး။ ဒါေၾကာင့္ အေနအထားက လံုးဝျခားနားပါတယ္။ ဒုတိယအခ်က္က တရုတ္ေထာက္ခံအားေပးမႈ ရပ္ဆိုင္းလိုက္ေတာ့ ဗမာျပည္ကြန္ျမဴနစ္ပါတီ ၿပိဳကြဲၿပီးေတာ့ တရုတ္-ျမန္မာ နယ္စပ္တလႊားမွာ တိုင္းရင္းသားအင္အားစုေတြကို ဖန္တီးလိုက္တာ ျဖစ္ပါတယ္။ ဆိုေတာ့ တရုတ္ဟာ ဗမာျပည္ကြန္ျမဴနစ္ပါတီနဲ႔ တိုင္းရင္းသားအုပ္စုေတြအေပၚမွာ ေထာက္ပံ့မႈ ၁၉၉၀ အေစာပိုင္းကတည္းက ရပ္ဆိုင္းခဲ့ပါၿပီ။ အဲဒီအခ်ိန္မွာ ျမန္မာအစိုးရဟာ တိုင္းရင္းသားအဖြဲ႔အစည္းေတြနဲ႔ သေဘာတူညီမႈ ရယူၿပီးေတာ့ ၿငိမ္းခ်မ္းေရးလုပ္ႏိုင္ခဲ့ပါတယ္။ တရုတ္အကူအညီမပါဘဲ လုပ္ခဲ့တာပါ။ ဒီေနရာမွာ လူေတြယူဆၾကတာကေတာ့ တရုတ္ေျမွာက္ေပးလို႔ ဗကပ ႀကီးထြားခဲ့တယ္။ တရုတ္အကူအညီ ရပ္ဆိုင္းခဲ့လို႔ ဗကပ က်ရႈံးသြားတယ္။ အလားတူပဲ အခု တရုတ္က တိုင္းရင္းသားအင္အားစုေတြကို ေထာက္ခံအားေပးေနတယ္လို႔ မွတ္ယူထားၾကတာပါ။ ဒီလိုေျပာႏိုင္ဖို႔ အေထာက္အထားေတြ အမ်ားႀကီး သုေတသနလုပ္ဖို႔ လိုပါေသးတယ္။

ေမး ။ ။ ဆိုေတာ့ အခုတရုတ္သမၼတရဲ ႔ ခရီးစဥ္ဟာ တိုိင္းရင္းသားပဋိပကၡေတြ ေျပလည္ေရးအတြက္ တစံုတရာ အျပဳသေဘာေဆာင္မယ့္ လကၡဏာ ျဖစ္လာႏိုင္မယ္ဆိုတဲ့ သေဘာမ်ဳိး မေတြ႔ရဘူးဆိုေတာ့ တျခားေမွ်ာ္လင့္ခ်က္ေတြေကာ ဘာေတြရိွႏုိင္မလဲ။ တရုတ္ဘက္ကေတာ့ ျမန္မာႏိုင္ငံထဲမွာ စီးပြားေရးရင္းႏီွးျမဳပ္ႏံွမႈေတြ လုပ္ေနၾကတယ္ဆိုေတာ့ သူတုိ႔ရဲ ႔ စီးပြားေရးစီမံကိန္းေတြျဖစ္တဲ့ CMEC လို႔ေခၚတဲ့ တရုတ္-ျမန္မာ စီးပြားေရးစႀကၤန္တို႔၊ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ကိစၥတုိ႔ ဒီကိစၥေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ဆက္စပ္ၿပီး ေတြးပါအံုး။

ေျဖ ။ ။ ဒီခရီးစဥ္က တရုတ္ဘာလိုခ်င္လဲဆိုတာကို ပိုၿပီးေတာ့ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ေမးခြန္းလို႔ ထင္ပါတယ္။ ရွင္ေျပာတဲ့ CMEC လို႔ေခၚတဲ့ တရုတ္-ျမန္မာ စီးပြားေရးစႀကၤန္ တည္ေဆာက္ေရးစီမံကိန္းေတြဟာ စတင္ေနပါၿပီ။ Xi Jinping လာေရာက္လည္ပတ္ျခင္း မရိွတဲ့ လြန္ခဲ့တဲ့ (၁၀) ႏွစ္တာ ကာလအတြင္းမွာ စတင္ခဲ့တာပါ။ ေနာက္ ရိုဟင္ဂ်ာျပႆနာနဲ႔ ပတ္သက္ၿပီးေတာ့ အခက္ႀကံဳတဲ့ကိစၥမွာလည္း ေထာက္ခံမႈကိုလည္း ဒီသမၼတ မလာေရာက္ဘဲနဲ႔ စတင္ျပသထားၿပီ ျဖစ္ေနပါတယ္။ ဒါေၾကာင့္ Xi Jinping ရဲ ႔ ခရီးစဥ္ဟာ အေပၚယံလူျမင္ေကာင္းေအာင္လုပ္မယ့္ Symbolic သေဘာသာ ျဖစ္တယ္လို႔သာ ေျပာခ်င္ပါတယ္။ တကယ္ေတာ့ ႏွစ္ႏိုင္ငံ ဆက္ဆံေရးလမ္းေၾကာင္းဟာ အျပဳသေဘာနဲ႔ တည္ရိွေနတာ ျဖစ္ပါတယ္။ ဒီ စီမံကိန္းေတြ ပူးေပါင္းေဆာင္ရြက္မႈေတြ ရိွေနၿပီသာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီခရီးစဥ္ဟာ ႏွစ္ႏိုင္ငံဆက္ဆံေရးမွာ ထိုးေဖာက္ေက်ာ္လႊာမႈ Breakthrough တစ္ခု မဟုတ္ဘဲနဲ႔ အေပၚယံသေဘာ၊ စတိသေဘာ Symbolic သာ ျဖစ္တယ္လို႔ ေျပာခ်င္ပါတယ္။

ေမး ။ ။ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္နဲ႔ ပတ္သက္ၿပီး အေျခအေနကေတာ့ အျပဳသေဘာ ဆက္လက္ျဖစ္ထြန္းေနတယ္။ အလုပ္ျဖစ္ေနတယ္လို႔ အေသအခ်ာ ေျပာႏိုင္ပါရဲ ႔လား။ တခ်ဳိ ႔လူေတြက ဒီစီမံကိန္းနဲ႔ ပတ္သက္ၿပီးေတာ့ သိပ္ဘဝင္မက်ၾကဘူး။ အထူးသျဖင့္ ေဒသခံေတြရဲ ႔ အက်ဳိးစီးပြားမပါဘူးလို႔ ညီးညဴးသံေတြ ၾကားေနရတယ္ဆိုေတာ့ ဒီခရီးစဥ္မွာ ဒီျပႆနာေတြ ေျပလည္ေရး ေလ်ာ့ပါးသြားစရာေကာ မေတြ႔ဘူးလား။

ေျဖ ။ ။ ဒီကိစၥမွာ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း စီမံကိန္းပမာဏကို အမ်ားႀကီးေလွ်ာ့ခ်ဖို႔ သေဘာတူညီထားၾကၿပီးၿပီလို႔ သိရပါတယ္။ ပထမအဆင့္မွာ အက်ဳိးအျမတ္ရိွတယ္ဆိုရင္ ေနာက္တဆင့္မွာ ဆက္လုပ္ေနရမွာ ျဖစ္ပါတယ္။ ေနာက္ အထူးစီးပြားေရးဇုန္ စက္မႈက႑မွာေတာ့ ျမန္မာဘက္က ဘယ္လိုသတ္မွတ္ခ်က္ေတြ ထားရိွတယ္ဆိုတာကို ေျပာရပါမယ္။ ေက်ာက္ျဖဴရင္းႏီွးျမဳပ္ႏံွေရးကိစၥမွာ တရုတ္စိတ္ဝင္စားမႈကေတာ့ လံုးဝေသခ်ာပါတယ္။ ဒါဟာ သူတုိ႔အက်ဳိးစီးပြားကိစၥပါ။ ဒါေပမဲ့ ဘယ္လိုသတ္မွတ္ခ်က္ေတြနဲ႔ လုပ္ၾကမလဲဆိုတာပါပဲ။
ေမး ။ ။ ေနာက္မၿပီးမျပတ္ ျဖစ္ေနေသးတဲ့ ကိစၥတခု ေျပာခ်င္ပါတယ္။ ဒါကေတာ့ ျမစ္ဆံုကိစၥပါပဲ။ တခ်ဳိ ႔က သံုးသပ္ၾကတယ္ ျမစ္ဆံုကို တရုတ္ဘက္က ဆက္လက္လုပ္ကိုင္ခြင့္ မရရင္ေတာင္မွ ဒီေက်ာက္ျဖဴစီမံကိန္းတို႔၊ စီးပြားေရးစႀကၤန္စတဲ့ တျခားစီးပြားေရးရင္းႏီွးျမဳပ္ႏံွမႈေတြ အခြင့္အေရး ရသြားၿပီျဖစ္တဲ့အတြက္ေၾကာင့္ ျမစ္ဆံုကိစၥကို တရုတ္က ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္သြားလိမ့္မယ္၊ ေက်နပ္သြားလိမ့္မယ္လို႔ တြက္ၾကတာေတြ ရိွပါတယ္။ အဲဒါ ျဖစ္ႏုိင္ပါသလား။
ေျဖ ။ ။ ဒီ စီမံကိန္းေတြက သီးျခားစီိမံကိန္းေတြ ျဖစ္ၾကပါတယ္။ တခုနဲ႔တခု ခ်ိတ္ဆက္ေနတာ မဟုတ္ပါဘူး။ တျခားစီမံကိန္းေတြကို ေပးထားၿပီးၿပီဆိုေတာ့ ျမစ္ဆံုကိစၥကို တရုတ္တို႔ ေမ့ေပ်ာက္သြားလိမ့္မယ္လို႔ ထင္ရင္ေတာ့ ဒီစီမံကိန္းေတြဟာ သီးျခားတရုတ္ကုမၸဏီေတြက လုပ္ေနတယ္လို႔ ေျပာခ်င္ပါတယ္။

ေမး ။ ။ ဆိုေတာ့ အခ်ဳပ္ေျပာရရင္ တရုတ္သမၼတ Xi Jinping ရဲ ႔ အခုတႀကိမ္ ျမန္မာႏုိင္ငံကို လာေရာက္တဲ့ ခရီးစဥ္က Symbolic လို႔ပဲ လံုးဝမွတ္ခ်က္ခ်ရမယ္ဆိုတဲ့ သေဘာေပါ့။ သိပ္မထူးျခားဘူးဆိုတဲ့ သေဘာလို႔ ေျပာခ်င္လား။

ေျဖ ။ ။ ထူးျခားတဲ့ ခရီးစဥ္လို႔ ထင္ပါတယ္။ Symbolic လို႔ က်မေျပာခဲ့တာက Xi Jinping က ၂၀၀၉ ကစၿပီးေတာ့ ျမန္မာႏိုင္ငံကို မလာေရာက္ခဲ့တာ။ ၿပီးေတာ့ ဒါဟာ သူ႔ရဲ ႔ အေရွ ႔ေတာင္အာရွခရီးစဥ္ထဲမွာ ေနာက္ဆံုးခရီးစဥ္ဆိုတဲ့ အခ်က္ေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒီအခ်က္ေတြေၾကာင့္ပဲ ထူးျခားတဲ့သေဘာရိွပါတယ္။ ဒါေပမဲ့လဲ ဒီခရီးစဥ္ေၾကာင့္ ႏွစ္ႏိုင္္ငံၾကား စီမံကိန္းေတြအတြက္ ေအာင္ျမင္ေက်ာ္လႊာဖို႔အတြက္ တခုခု ျဖစ္လာပါ့မလားဆိုတာကိုေတာ့ ျဖစ္လာမယ္လို႔ က်မ မထင္ပါဘူး။

==Unicode==

အခုတလော သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း တရုတ်သမ္မတ Xi Jinping မြန်မာနိုင်ငံကို လာရောက် လည်ပတ်ဖြစ်မယ်ဆိုရင် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်တွေကို လက်တွေ့တိုးမြှင့်ဖော်ဆောင်တာထက်၊ မြန်မာနိုင်ငံအပေါ် ထားရှိပြီးဖြစ်တဲ့ တရုတ်ရဲ့ထောက်ခံအားပေးမှုကို အခိုင်အမာ ထပ်မံပြသတဲ့သဘောသာ ဖြစ်လိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စု Stimson မူဝါဒလေ့လာရေးအဖွဲ့ ပူးတွဲညွှန်ကြားရေးမှူး Yun Sun က ဆိုပါတယ်။ တရုတ်မူဝါဒရေးရာ ကျွမ်းကျင်သူ Yun Sun နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ တရုတ်သမ္မတ Xi Jinping မြန်မာနိုင်ငံကို လာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကြိုတင်သုံးသပ်ချက်လေး လုပ်ချင်တဲ့သဘော ဖြစ်ပါတယ်။ ဒီခရီးစဉ်က ဘယ်လောက်ထူးခြားသလဲဆိုတာကို ဦးစွာသုံးသပ်စေချင်ပါတယ်။

ဖြေ ။ ။ တကယ်လို့ ဒီခရီးစဉ် တကယ်ဖြစ်လာမယ်ဆိုရင် သတင်းထွက်ပေါ်ပျံ့နံှ့မှုဟာ နှစ်ဘက်အစိုးရတွေက တရားဝင်ထုတ်ပြန်တာ မဟုတ်ဘဲနဲ့ သတင်းထွက်ပေါ်လာတယ်ဆိုတာ ထူးခြားချက်ဖြစ်တယ်လို့ ပထမဦးဆုံး ပြောချင်ပါတယ်။ ဒုတိယအချက်ဟာ ရှင်ပြောသလိုပါပဲ ဒီလနှောင်းပိုင်းမှာ ဖြစ်မြောက်လာမယ်ဆိုရင် ဒါဟာ Xi Jinping အနေနဲ့ ၂၀၁၃ မှာ တရုတ်နိုင်ငံခေါင်းဆောင် ဖြစ်လာပြီးနောက် မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် လာရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါလိမ့်မယ်။

နောက်တချက်က ပြီးခဲ့တဲ့ (၆) နှစ်၊ (၇) နှစ် ကာလအတွင်းမှာ Xi Jinping က ကျန်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေအားလုံးကို သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံကို ချန်ထားခဲ့ပါတယ်။ ဒီလိုဖြစ်ခဲ့တာ တိကျတဲ့အကြောင်း ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ တရုတ်ဆန့်ကျင်ရေးခံစားမှုတွေကို တရုတ်က မြင်ထားတယ်။ မြန်မာနိုင်ငံကလည်း အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးပြန်ကောင်းလာတော့ ဦးသိန်းစိန်အစိုးရရဲ့ အနောက်နိုင်ငံတွေဆိုင်ရာ မဟာဗျူဟာကို တရုတ်တို့ဘက်က မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ Xi Jinping မြန်မာနိုင်ငံကို သွားတဲ့ခရီးစဉ်ဟာ တရုတ်-မြန်မာ ဆက်ဆံရေးအတွက် စာမျက်နှာအသစ်။ ဒါမှမဟုတ် ခေတ်သစ်တစ်ခုကို စတင်လိုက်တာလည်း ဖြစ်ပါတယ်။

မေး ။ ။ ဒါ့အပြင် အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှာ အကျဉ်းအကျပ်ကြုံနေရတဲ့ကာလလို့ ပြောရင်မှားမယ် မဟုတ်ပါဘူး။ ဆိုတော့ ဒီလိုအချိန်မျိုးမှာ တရုတ်သမ္မတ Xi Jinping လာရောက်လည်ပတ်တာဟာ အခွင့်အခါကောင်းတဲ့ အချက်တချက်လို့ သုံးသပ်ရင်ကော ရမလား။

ဖြေ ။ ။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ The Hague မြို့က ICJ မှာ သွားရောက်ထွက်ဆိုပြီး တစ်လတိတိ ပြည့်ပြီးချိန်ဖြစ်တော့ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံသွေးစည်းညီညွှတ်မှုကို အခိုင်အမာပြသလိုက်တာ၊ ထောက်ခံမှုကို အခိုင်အမာပြသလိုက်တာပါ။ မြန်မာနိုင်ငံဟာ နိုင်ငံတကာမှာ အထီးကျန်ဖြစ်နိုင်ချေ ရှိနိုင်ပေမယ့်လဲ မိမိတို့ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံအတွက် အခက်တွေ့ချိန်၊ ကူညီတဲ့မိတ်ဆွေစစ် ဖြစ်တယ်ဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရှုထောင့်ကကြည့်မယ်ဆိုရင် တရုတ်သမ္မတရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် နိုင်ငံတကာအခင်းအကျင်းမှာ သိပ်ထူးခြားအရေးပါတယ်လို့ ကျမ ထင်ပါတယ်။

မေး ။ ။ နောက်ပြည်တွင်းရေးနဲ့ ပတ်သက်ပြီး ကြည့်မယ်ဆိုရင်လဲ စစ်ရေးပဋိပက္ခတွေ ကြီးထွားလာနေချိန် ဖြစ်ပါတယ်။ အထူးသဖြင့် ရခိုင်နဲ့ ဖြစ်နေတဲ့ကိစ္စဟာ တော်တော်လေး အခြေအနေဆိုးလာနေပါတယ်။ ဒီကိစ္စဟာ AA က တရုတ်ရဲ့ စီးပွားရေးစီမံကိန်းတွေကို မနှောင့်ယှက်သမျှ ကာလပတ်လုံး ကြိုက်တာလုပ်လို့ တရုတ်က လွှတ်ပေးထားတယ်ဆိုပြီး သုံးသပ်သူတချို့လည်း ရှိနေပါတယ်။ ဒီကိစ္စမှာကော အခု တရုတ်သမ္မတလာရောက်တုန်း တစုံတရာ ဝင်ရောက်ဖြန့်ဖြေပေးနိုင်မယ့် အလားအလာတွေ ပေါ်ထွက်လာနိုင်တယ်လို့ ယူဆနိုင်ပါသလား။

ဖြေ ။ ။ ကျွန်မအထင်မှာတော့ AA အပေါ်မှာ တရုတ်ရဲ့ ထိန်းချုပ်နိုင်မှုနဲ့ပက်သတ်ပြီး နည်းနည်းချဲ့ကားထားတယ်လို့ထင်ပါတယ်။ တကယ်တော့ AAဟာ သူ့ကိုယ်ပိုင်မူဝါဒကို စိတ်တိုင်းကျ ရေးဆွဲချမှတ်ပြီးတော့ သူ့ဟာသူ လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ ရွှေလီ၊ မူဆယ်ကနေ မန္တလေးထိ ဖောက်လုပ်ထားတဲ့ တရုတ်ရဲ့ဆက်သွယ်ရေး လမ်းကြောင်းတစ်လျှောက်မှာ AA ဟာပြီးခဲ့တဲ့ နွေရာသီတုန်းက တိုက်ခိုက်ခဲ့တာတွေ ရှိပါတယ်။ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်ံအတွက် အနှောက်အယှက်တွေ အများကြီးဖြစ်စေခဲ့တာပါ။ ဒါကိုကြည့်မယ်ဆို ရှင်ပြောတာတွေနဲ့ကွဲလွဲနေပါတယ်။ တရုတ်က AA အပေါ ်မှာ ထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုရင် ဒီတိုက်ခိုက်မှုတွေ ဘယ်ဖြစ်လာပါ့မလဲ။

မေး ။ ။ အိုကေ။ အဲဒီတော့ တရုတ်က ပါဝင် ပတ်သက်မရှိဘူးလို့ဆိုရင် ဒီAA နဲ့ဖြစ်နေတဲ့ ပဋိပက္ခပေါ်မှာ တရုတ်ရေးရာ ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ ဘယ်လိုသုံးသပ်ချင်ပါသလဲ။Yun Sun ရဲ့အမြင်ကိုလည်း ပြောပါအုန်း။
ဖြေ ။ ။ မြန်မာပြည်သူတွေနဲ့မြန်မာအစိုးရ မကြာခဏ မေ့လျော့နေတဲ့ ကိစ္စကတော့ ပြည်ပ အထောက်အပံ့မပါဘဲ တပ်မတော်က KIA ဒါမှမဟုတ် AA ဒါမှမဟုတ် မြောက်ပိုင်းမဟာမိတ် အဖွဲ့တို့ကို ပျောက်ကြားစစ်နဲ့ အနိုင်တိုက်နိုင်တယ်လို့ ယူဆထားတာပါ။ ဒါဟာ အထင်နဲ့ပြောတဲ့ကိစ္စ ဖြစ်နေပေမယ့်လဲ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဟာ နောက်ဆုံးတနေ့မှာတော့ ဗမာလူများစုနဲ့ တိုင်းရင်းသားလူနည်းစုကြားမှာသာ ဖြစ်ပါတယ်။ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံ သင့်မြတ်ရေး မဟုတ်ပါဘူး။

မေး ။ ။ ဒါပေမဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပတ်သက်တဲ့ကိစ္စမှာတော့ တရုတ်ကသာ ကူညီထောက်ပံ့မှုတွေကို မရပ်ဆိုင်းခဲ့ဘူးဆိုရင် ဗမာပြည်ကွန်မြူနစ်ပါတီဟာ ချုပ်ငြိမ်သွားမှာ မဟုတ်ဘဲနဲ့ တိုက်ပွဲတွေလည်း ဆက်လျက်ဖြစ်ကောင်းဖြစ်နေပါအုံးမယ်။ ဆိုတော့ ဒီကိစ္စပြေလည်ဖို့အတွက် တရုတ်က လုပ်ပေးခဲ့တယ်လို့ ပြောရမှာပါ။ အခု AA ကိစ္စမှာ ဘာကြောင့် တရုတ်က လုပ်မပေးနိုင်တာလဲ။

ဖြေ ။ ။ ကောင်းပါပြီ။ ပထမဦးဆုံး ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ခံအားပေးခဲ့တာက တရုတ်ယဉ်ကျေးမှုကာလတုန်းက ဖြစ်ပါတယ်။ အဲဒီကာလတုန်းက တရုတ်က တော်လှန်သော နိုင်ငံခြားရေးမူဝါဒ Revolutionary Foreign Policy ကို ချမှတ်ပြီးတော့ တော်လှန်ရေးကို ပြည်ပတင်ပို့ရေး လုပ်ခဲ့တာပါ။ အဲဒီမူဝါဒကို တရုတ်နိုင်ငံက အခုအခါမှာ မကျင့်သုံးတော့ပါဘူး။ ဒါကြောင့် အနေအထားက လုံးဝခြားနားပါတယ်။ ဒုတိယအချက်က တရုတ်ထောက်ခံအားပေးမှု ရပ်ဆိုင်းလိုက်တော့ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးတော့ တရုတ်-မြန်မာ နယ်စပ်တလွှားမှာ တိုင်းရင်းသားအင်အားစုတွေကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ ဆိုတော့ တရုတ်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ တိုင်းရင်းသားအုပ်စုတွေအပေါ်မှာ ထောက်ပံ့မှု ၁၉၉၀ အစောပိုင်းကတည်းက ရပ်ဆိုင်းခဲ့ပါပြီ။ အဲဒီအချိန်မှာ မြန်မာအစိုးရဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ သဘောတူညီမှု ရယူပြီးတော့ ငြိမ်းချမ်းရေးလုပ်နိုင်ခဲ့ပါတယ်။ တရုတ်အကူအညီမပါဘဲ လုပ်ခဲ့တာပါ။ ဒီနေရာမှာ လူတွေယူဆကြတာကတော့ တရုတ်မြှောက်ပေးလို့ ဗကပ ကြီးထွားခဲ့တယ်။ တရုတ်အကူအညီ ရပ်ဆိုင်းခဲ့လို့ ဗကပ ကျရှုံးသွားတယ်။ အလားတူပဲ အခု တရုတ်က တိုင်းရင်းသားအင်အားစုတွေကို ထောက်ခံအားပေးနေတယ်လို့ မှတ်ယူထားကြတာပါ။ ဒီလိုပြောနိုင်ဖို့ အထောက်အထားတွေ အများကြီး သုတေသနလုပ်ဖို့ လိုပါသေးတယ်။

မေး ။ ။ ဆိုတော့ အခုတရုတ်သမ္မတရဲ့ ခရီးစဉ်ဟာ တိုင်းရင်းသားပဋိပက္ခတွေ ပြေလည်ရေးအတွက် တစုံတရာ အပြုသဘောဆောင်မယ့် လက္ခဏာ ဖြစ်လာနိုင်မယ်ဆိုတဲ့ သဘောမျိုး မတွေ့ရဘူးဆိုတော့ တခြားမျှော်လင့်ချက်တွေကော ဘာတွေရှိနိုင်မလဲ။ တရုတ်ဘက်ကတော့ မြန်မာနိုင်ငံထဲမှာ စီးပွားရေးရင်းနှီးမြုပ်နံှမှုတွေ လုပ်နေကြတယ်ဆိုတော့ သူတို့ရဲ့ စီးပွားရေးစီမံကိန်းတွေဖြစ်တဲ့ CMEC လို့ခေါ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်တို့၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိစ္စတို့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆက်စပ်ပြီး တွေးပါအုံး။

ဖြေ ။ ။ ဒီခရီးစဉ်က တရုတ်ဘာလိုချင်လဲဆိုတာကို ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းလို့ ထင်ပါတယ်။ ရှင်ပြောတဲ့ CMEC လို့ခေါ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် တည်ဆောက်ရေးစီမံကိန်းတွေဟာ စတင်နေပါပြီ။ Xi Jinping လာရောက်လည်ပတ်ခြင်း မရှိတဲ့ လွန်ခဲ့တဲ့ (၁၀) နှစ်တာ ကာလအတွင်းမှာ စတင်ခဲ့တာပါ။ နောက် ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီးတော့ အခက်ကြုံတဲ့ကိစ္စမှာလည်း ထောက်ခံမှုကိုလည်း ဒီသမ္မတ မလာရောက်ဘဲနဲ့ စတင်ပြသထားပြီ ဖြစ်နေပါတယ်။ ဒါကြောင့် Xi Jinping ရဲ့ ခရီးစဉ်ဟာ အပေါ်ယံလူမြင်ကောင်းအောင်လုပ်မယ့် Symbolic သဘောသာ ဖြစ်တယ်လို့သာ ပြောချင်ပါတယ်။ တကယ်တော့ နှစ်နိုင်ငံ ဆက်ဆံရေးလမ်းကြောင်းဟာ အပြုသဘောနဲ့ တည်ရှိနေတာ ဖြစ်ပါတယ်။ ဒီ စီမံကိန်းတွေ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပြီသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ ထိုးဖောက်ကျော်လွှာမှု Breakthrough တစ်ခု မဟုတ်ဘဲနဲ့ အပေါ်ယံသဘော၊ စတိသဘော Symbolic သာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး အခြေအနေကတော့ အပြုသဘော ဆက်လက်ဖြစ်ထွန်းနေတယ်။ အလုပ်ဖြစ်နေတယ်လို့ အသေအချာ ပြောနိုင်ပါရဲ့လား။ တချို့လူတွေက ဒီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ သိပ်ဘဝင်မကျကြဘူး။ အထူးသဖြင့် ဒေသခံတွေရဲ့ အကျိုးစီးပွားမပါဘူးလို့ ညီးညူးသံတွေ ကြားနေရတယ်ဆိုတော့ ဒီခရီးစဉ်မှာ ဒီပြဿနာတွေ ပြေလည်ရေး လျော့ပါးသွားစရာကော မတွေ့ဘူးလား။

ဖြေ ။ ။ ဒီကိစ္စမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းပမာဏကို အများကြီးလျှော့ချဖို့ သဘောတူညီထားကြပြီးပြီလို့ သိရပါတယ်။ ပထမအဆင့်မှာ အကျိုးအမြတ်ရှိတယ်ဆိုရင် နောက်တဆင့်မှာ ဆက်လုပ်နေရမှာ ဖြစ်ပါတယ်။ နောက် အထူးစီးပွားရေးဇုန် စက်မှုကဏ္ဍမှာတော့ မြန်မာဘက်က ဘယ်လိုသတ်မှတ်ချက်တွေ ထားရှိတယ်ဆိုတာကို ပြောရပါမယ်။ ကျောက်ဖြူရင်းနှီးမြုပ်နံှရေးကိစ္စမှာ တရုတ်စိတ်ဝင်စားမှုကတော့ လုံးဝသေချာပါတယ်။ ဒါဟာ သူတို့အကျိုးစီးပွားကိစ္စပါ။ ဒါပေမဲ့ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ လုပ်ကြမလဲဆိုတာပါပဲ။
မေး ။ ။ နောက်မပြီးမပြတ် ဖြစ်နေသေးတဲ့ ကိစ္စတခု ပြောချင်ပါတယ်။ ဒါကတော့ မြစ်ဆုံကိစ္စပါပဲ။ တချို့က သုံးသပ်ကြတယ် မြစ်ဆုံကို တရုတ်ဘက်က ဆက်လက်လုပ်ကိုင်ခွင့် မရရင်တောင်မှ ဒီကျောက်ဖြူစီမံကိန်းတို့၊ စီးပွားရေးစင်္ကြန်စတဲ့ တခြားစီးပွားရေးရင်းနှီးမြုပ်နံှမှုတွေ အခွင့်အရေး ရသွားပြီဖြစ်တဲ့အတွက်ကြောင့် မြစ်ဆုံကိစ္စကို တရုတ်က မေ့မေ့ပျောက်ပျောက် ဖြစ်သွားလိမ့်မယ်၊ ကျေနပ်သွားလိမ့်မယ်လို့ တွက်ကြတာတွေ ရှိပါတယ်။ အဲဒါ ဖြစ်နိုင်ပါသလား။
ဖြေ ။ ။ ဒီ စီမံကိန်းတွေက သီးခြားစီမံကိန်းတွေ ဖြစ်ကြပါတယ်။ တခုနဲ့တခု ချိတ်ဆက်နေတာ မဟုတ်ပါဘူး။ တခြားစီမံကိန်းတွေကို ပေးထားပြီးပြီဆိုတော့ မြစ်ဆုံကိစ္စကို တရုတ်တို့ မေ့ပျောက်သွားလိမ့်မယ်လို့ ထင်ရင်တော့ ဒီစီမံကိန်းတွေဟာ သီးခြားတရုတ်ကုမ္ပဏီတွေက လုပ်နေတယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ ဆိုတော့ အချုပ်ပြောရရင် တရုတ်သမ္မတ Xi Jinping ရဲ့ အခုတကြိမ် မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်က Symbolic လို့ပဲ လုံးဝမှတ်ချက်ချရမယ်ဆိုတဲ့ သဘောပေါ့။ သိပ်မထူးခြားဘူးဆိုတဲ့ သဘောလို့ ပြောချင်လား။

ဖြေ ။ ။ ထူးခြားတဲ့ ခရီးစဉ်လို့ ထင်ပါတယ်။ Symbolic လို့ ကျမပြောခဲ့တာက Xi Jinping က ၂၀၀၉ ကစပြီးတော့ မြန်မာနိုင်ငံကို မလာရောက်ခဲ့တာ။ ပြီးတော့ ဒါဟာ သူ့ရဲ့ အရှေ့တောင်အာရှခရီးစဉ်ထဲမှာ နောက်ဆုံးခရီးစဉ်ဆိုတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ ထူးခြားတဲ့သဘောရှိပါတယ်။ ဒါပေမဲ့လဲ ဒီခရီးစဉ်ကြောင့် နှစ်နိုင်ငံကြား စီမံကိန်းတွေအတွက် အောင်မြင်ကျော်လွှာဖို့အတွက် တခုခု ဖြစ်လာပါ့မလားဆိုတာကိုတော့ ဖြစ်လာမယ်လို့ ကျမ မထင်ပါဘူး။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG