သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္သမၼတ ျမန္မာခရီးစဥ္အေပၚ တ႐ုတ္ဒုဝန္ႀကီး ေျပာဆိုခ်က္


တရုတ္သမၼတ Xi Jinping

(Zawgyi/ Unicode)

တရုတ္သမၼတ Xi Jinping ဟာ ျမန္မာႏုိင္ငံကုိ ႏုိင္ငံေတာ္ခရီးစဥ္အျဖစ္နဲ႔ လာမယ့္ သီတင္းပတ္တပတ္အတြင္း ၂ ရက္ၾကာ လာေရာက္မယ့္အေၾကာင္း တရုတ္ႏုိင္ငံျခားေရးဌာနက တရား၀င္ေၾကညာပါတယ္။

အိမ္နီးခ်င္း ႏွစ္ႏုိင္ငံအၾကား ႏုိင္ငံတကာအသုိင္း၀ုိင္းမွာ ႏုိင္ငံေရး၊ စီးပြားေရးအရ နီးကပ္စြာ ပူးေပါင္းေဆာင္ရြက္မႈေတြ ရွိေနေၾကာင္းလည္း တရုတ္ႏုိင္ငံျခားေရးဌာနက ေျပာပါတယ္။ အျပည့္အစုံကုိေတာ့ ကုိေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။

ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္ရဲ႕ ဖိတ္ၾကားခ်က္အရ တရုတ္သမၼတ Xi Jinpingဟာ ျမန္မာႏုိင္ငံကုိ ဇန္န၀ါရီလ ၁၇ ကေန ၁၈ ရက္ေန႔အထိ ၂ ရက္ၾကာ ႏုိင္ငံေတာ္ခရီးစဥ္အျဖစ္ သြားေရာက္လည္ပတ္မယ့္အေၾကာင္း တရုတ္ႏုိင္ငံျခားေရးဌာနက ေသာၾကာေန႔မွာ တရား၀င္ ေၾကညာပါတယ္။

သမၼတအျဖစ္နဲ႔ ျမန္မာႏုိင္ငံကုိ ပထမဆုံး သြားေရာက္လည္ပတ္မယ့္ ဒီခရီးစဥ္အတြင္း ျမန္မာသမၼတ ဦး၀င္းျမင့္၊ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္တုိ႔အျပင္ အစုိးရနဲ႔ တပ္မေတာ္ ထိပ္တန္းအရာရွိေတြကုိလည္း ေတြ႔ဆုံမွာ ျဖစ္ေၾကာင္း တရုတ္ ဒုတိယ ႏုိင္ငံျခားေရး၀န္ႀကီး Luo Zhaohui က ေျပာပါတယ္။

ဒါ့အျပင္ ႏွစ္ႏုိင္ငံအၾကား ႏုိင္ငံေရးအရ အျပန္အလွန္ ယုံၾကည္မႈ၊ စီးပြားေရးအရ နက္ရႈိင္းစြာ ပူးေပါင္းေဆာင္ရြက္မႈေတြအျပင္ ေဒသတြင္းနဲ႔ ႏုိင္ငံတကာေရးရာေတြမွာ နီးကပ္စြာ ပူးေပါင္းေဆာင္ရြက္ေနေၾကာင္း ဒုတိယ၀န္ႀကီး Luo က အေလးထား ေျပာၾကားခဲ့ပါတယ္။

“တရုတ္နဲ႔ ျမန္မာႏုိင္ငံအၾကား ၿငိမ္းခ်မ္းစြာအတူတကြ ယွဥ္တြဲေနထုိင္ေရးဆုိတဲ့ အေျခခံမူ ၅ ခ်က္ကုိ ဆုပ္ကုိင္ ထားၾကသလုိ၊ ႏုိင္ငံတကာဆက္ဆံေရးနဲ႔ ႏုိင္ငံစုံ၀ါဒတုိ႔အျပင္ တရားမွ်တၿပီး တန္းတူညီမွ်မႈရွိတဲ့ ႏုိင္ငံတကာ ဆက္ဆံေရးပုံစံသစ္ကုိ ပူးတြဲ ေဆာင္ရြက္ေနပါတယ္။ ႏွစ္ႏုိင္ငံအၾကား ကုလသမဂၢနဲ႔ အေရွ႕အာရွဆုိင္ရာ ကိစၥရပ္ေတြမွာ အျပန္အလွန္ ကူညီ ပံပုိးမႈေတြ ရွိေနသလုိ အာဆီယံ-တရုတ္ လြတ္လပ္စြာ ကုန္သြယ္ေရးကိစၥေတြမွာ ပူးေပါင္း ေဆာင္ရြက္ေနတဲ့အျပင္ ေဒသတြင္း ဘက္စုံပါ၀င္တဲ့ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈနဲ႔ Code of Conduct လုိ႔ေခၚတဲ့ လုိက္နာရမယ့္ က်င့္၀တ္စည္းကမ္းဆုိင္ရာ ေဆြးေႏြးမႈေတြမွာလည္း ပူးေပါင္း ေဆာင္ရြက္ေနပါတယ္။”

ဒါဟာ ၂၀၂၀ ႏွစ္သစ္မွာ တ႐ုတ္သမၼတရဲ႕ ပထမဆုံး ႏုိင္ငံေတာ္ ခရီးစဥ္ျဖစ္သလုိ၊ ၁၉ ႏွစ္အတြင္း ပထမဆုံး တ႐ုတ္သမၼတ တဦးအေနနဲ႔ ျမန္မာႏုိင္ငံကုိ လာေရာက္တာလည္း ျဖစ္ပါတယ္။

ကခ်င္ျပည္နယ္မွာ တ႐ုတ္ႏုိင္ငံက တည္ေဆာက္မယ့္ ျမစ္ဆုံေရအားလွ်ပ္စစ္ စီမံကိန္းကုိ ကန္႔ကြက္မႈေတြေၾကာင့္ ရပ္ဆုိင္းထားရတဲ့အတြက္ ၂ ႏုိင္ငံၾကား အဖုအထစ္ ႀကံဳေနရသလုိ၊ တခ်ိန္တည္းမွာပဲ ျမန္မာႏုိင္ငံအေပၚ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ စြပ္စဲြခ်က္ေတြနဲ႔ ႏုိင္ငံတကာမွာ အေရးယူဖုိ႔ ႀကိဳးပမ္းမႈေတြ ေပၚေပါက္ေနခ်ိန္မွာ သံတမန္ေရးအရ အဓိကမဟာမိတ္ျဖစ္တဲ့ တ႐ုတ္ႏုိင္ငံက ထိပ္တန္းေခါင္းေဆာင္ ျမန္မာႏုိင္ငံကုိ လာေရာက္မွာပါ။

တ႐ုတ္အစုိးရအာေဘာ္ Global Times သတင္းစာကေတာ့ ၂၀၂၀ ျပည့္ႏွစ္ဟာ တ႐ုတ္နဲ႔ ျမန္မာ သံတမန္ဆက္ဆံေရး ထူေထာင္တဲ့ အႏွစ္ ၇၀ ျပည့္ ျဖစ္တဲ့အတြက္ တ႐ုတ္ႏုိင္ငံက အကဲခတ္ေတြ၊ စီးပြားေရး လုပ္ငန္းရွင္ေတြက အခုခရီးစဥ္ဟာ အေရးပါလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနေၾကာင္းလည္း ေဖာ္ျပပါတယ္။

တ႐ုတ္ႏုိင္ငံက အေကာင္အထည္ေဖာ္ဖုိ႔ ႀကိဳးပမ္းေနတဲ့ One Belt One Road ခါးပတ္လမ္း စီမံကိန္းနဲ႔ ဆက္စပ္ေနတဲ့ ျမန္မာႏုိင္ငံက စီမံကိန္းေတြအပါအ၀င္ ဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြ၊ သံတမန္ဆက္ဆံေရးေတြမွာ ပူးေပါင္းေဆာင္ရြက္မႈေတြ ပုိမုိအားေကာင္းလာႏုိင္တယ္လုိ႔လည္း ခန္႔မွန္းေနၾကတာပါ။

ခရီးစဥ္အတြင္း ၂ ႏုိင္ငံၾကား ဖြံ႔ၿဖိဳးေရးဆုိင္ရာ နားလည္မႈ စာခၽြန္လႊာေတြကုိ လက္မွတ္ေရးထုိးဖုိ႔ စီစဥ္ထားေၾကာင္းလည္း ျမန္မာႏုိင္ငံ စီးပြားေရးနဲ႔ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန တာ၀န္ရွိသူေတြက ေျပာဆုိထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

တရုတ်သမ္မတ မြန်မာခရီးစဉ်အပေါ် တရုတ်ဒုဝန်ကြီး ပြောဆိုချက်

(Unicode)

တရုတ်သမ္မတ Xi Jinping ဟာ မြန်မာနိုင်ငံကို နိုင်ငံတော်ခရီးစဉ်အဖြစ်နဲ့ ၂ ရက်ကြာလည်ပတ်ဖို့ လာမယ့်သီတင်းပတ်တပတ်အတွင်း လာရောက်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဌာနက တရားဝင်ကြေညာပါတယ်။

အိမ်နီးချင်း နှစ်နိုင်ငံအကြား နိုင်ငံတကာအသိုင်းဝိုင်းမှာ နိုင်ငံရေး၊ စီးပွားရေးအရ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေကြောင်းလည်း တရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ တရုတ်သမ္မတ Xi Jinpingဟာ မြန်မာနိုင်ငံကို ဇန်နဝါရီလ ၁၇ ကနေ ၁၈ ရက်နေ့အထိ ၂ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဌာနက သောကြာနေ့မှာ တရားဝင် ကြေညာပါတယ်။

သမ္မတအဖြစ်နဲ့ မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်လည်ပတ်မယ့် ဒီခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပြင် အစိုးရနဲ့ တပ်မတော် ထိပ်တန်းအရာရှိတွေကိုလည်း တွေ့ဆုံမှာ ဖြစ်ကြောင်း တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Luo Zhaohui က ပြောပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု၊ စီးပွားရေးအရ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာတွေမှာ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီး Luo က အလေးထား ပြောကြားခဲ့ပါတယ်။

“တရုတ်နဲ့ မြန်မာနိုင်ငံအကြား ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့ အခြေခံမူ ၅ ချက်ကို ဆုပ်ကိုင် ထားကြသလို၊ နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံစုံဝါဒတို့အပြင် တရားမျှတပြီး တန်းတူညီမျှမှုရှိတဲ့ နိုင်ငံတကာ ဆက်ဆံရေးပုံစံသစ်ကို ပူးတွဲ ဆောင်ရွက်နေပါတယ်။ နှစ်နိုင်ငံအကြား ကုလသမဂ္ဂနဲ့ အရှေ့အာရှဆိုင်ရာ ကိစ္စရပ်တွေမှာ အပြန်အလှန် ကူညီ ပံပိုးမှုတွေ ရှိနေသလို အာဆီယံ-တရုတ် လွတ်လပ်စွာ ကုန်သွယ်ရေးကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်နေတဲ့အပြင် ဒေသတွင်း ဘက်စုံပါဝင်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ Code of Conduct လို့ခေါ်တဲ့ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းဆိုင်ရာ ဆွေးနွေးမှုတွေမှာလည်း ပူးပေါင်း ဆောင်ရွက်နေပါတယ်။”

ဒါဟာ ၂၀၂၀ နှစ်သစ်မှာ တရုတ်သမ္မတရဲ့ ပထမဆုံး နိုင်ငံတော် ခရီးစဉ်ဖြစ်သလို၊ ၁၉ နှစ်အတွင်း ပထမဆုံး တရုတ်သမ္မတ တဦးအနေနဲ့ မြန်မာနိုင်ငံကို လာရောက်တာလည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံက တည်ဆောက်မယ့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားရတဲ့အတွက် ၂ နိုင်ငံကြား အဖုအထစ် ကြုံနေရသလို၊ တချိန်တည်းမှာပဲ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာမှာ အရေးယူဖို့ ကြိုးပမ်းမှုတွေ ပေါ်ပေါက်နေချိန်မှာ သံတမန်ရေးအရ အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံက ထိပ်တန်းခေါင်းဆောင် မြန်မာနိုင်ငံကို လာရောက်မှာပါ။

တရုတ်အစိုးရအာဘော် Global Times သတင်းစာကတော့ ၂၀၂၀ ပြည့်နှစ်ဟာ တရုတ်နဲ့ မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်တဲ့ အနှစ် ၇၀ ပြည့် ဖြစ်တဲ့အတွက် တရုတ်နိုင်ငံက အကဲခတ်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေက အခုခရီးစဉ်ဟာ အရေးပါလိမ့်မယ်လို့ မျှော်လင့်နေကြောင်းလည်း ဖော်ပြပါတယ်။

တရုတ်နိုင်ငံက အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့ One Belt One Road ခါးပတ်လမ်း စီမံကိန်းနဲ့ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံက စီမံကိန်းတွေအပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ သံတမန်ဆက်ဆံရေးတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာနိုင်တယ်လို့လည်း ခန့်မှန်းနေကြတာပါ။

ခရီးစဉ်အတွင်း ၂ နိုင်ငံကြား ဖွံ့ဖြိုးရေးဆိုင်ရာ နားလည်မှု စာချွန်လွှာတွေကို လက်မှတ်ရေးထိုးဖို့ စီစဉ်ထားကြောင်းလည်း မြန်မာနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောဆိုထားကြပါတယ်။

XS
SM
MD
LG