သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္သမၼတ ခရီးစဥ္အေပၚ ျမန္မာႏုိင္ငံေရးသမားေတြအျမင္


(Zawgyi/Unicode)

တ႐ုတ္သမၼတ ရွီက်င့္ပင္ရဲ႕ျမန္မာႏိုင္ငံႏွစ္ရက္တာခရီးစဥ္မွာ ျပည္တြင္း ႏိုင္ငံေရးပါတီတခ်ိဳ႕ကို သမၼတရွီ နဲ႔ ေတြ႔ဆံုဖို႔ တ႐ုတ္သံ႐ုံးကတဆင့္ ဖိတ္ၾကားထားၿပီး ပါတီစုစုေပါင္း ၂၀ ဝန္းက်င္ေလာက္ တက္ေရာက္ဖို႔ရွိပါတယ္။

ဖိတ္ၾကားခံရတဲ့ ပါတီအမ်ားစုက တ႐ုတ္သမၼတ အခုလို လာေရာက္တဲ့ ခရီးစဥ္ကိုႀကိဳဆို ၾက ေပမယ့္ ျမန္မာနဲ႔ စီးပြါးေရးတိုးတက္ ဖြ႔ၿဖိဳးမႈေတြ လုပ္မယ္ ဆိုရင္ေတာ့ ေဒသခံေတြ၊ ႏိုင္ငံေရးပါတီေတြရဲ႕ သေဘာထား မပါပဲ မလုပ္ေစခ်င္ၾကပါဘူး။

တရုတ္ သမၼတနဲ႔ ေတြ႔ဆံုဖို႔ ရွိတဲ့ ႏိုင္ငံေရးပါတီ တခ်ိဳ႕ရဲ႕ သေဘာထားအျမင္ကို ေမးျမန္းၿပီး ကိုေဇာ္ထက္က တင္ျပ ေပးမွာပါ။

လူ႔အခြင့္အေရးကိစၥေတြနဲ႔ အေနာက္ႏိုင္ငံရဲ႕ ဖိအားကို ျမန္မာက ရင္ဆိုင္ေနရခ်ိန္ ၿပီးေတာ့အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရးစစ္ တင္းမာေနခ်ိန္ သမၼတရွီက်င့္ပင္ရဲ႕ ခရီးစဥ္ဟာ ျမန္မာႏိုင္ငံအေပၚ တ႐ုတ္ရဲ႕ သေဘာထားကို ျပလိုက္တာျဖစ္ႏိုင္ေၾကာင္း အမ်ိဳးသား ဒီမိုကေရစီ အင္အားစုပါတီ NDF ရဲ႕ ဥကၠ႒ ဦးခင္ေမာင္ေဆြက ေျပာပါတယ္။

" အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရးမွာလည္းပဲ ျဖစ္ေနတဲ့အခ်ိန္မ်ိဳးမွာ လာျပတာဟာ ICJ ကိစၥအပါအဝင္ OBOR ကိစၥလည္းအပါအဝင္ ႏိုင္ငံတကာမွာ ႏိုင္ငံတကာႏိုင္ငံေရးမွာ ျမန္မာႏိုင္ငံအေပၚမွာ တ႐ုတ္ျပည္ရဲ႕ ရပ္တည္ခ်က္ရွိတယ္ဆိုတာကို နမိတ္ျပတဲ့သေဘာမ်ိဳးေပါ့။ ဒါေကာင္းတယ္လို႔ပဲ ေျပာရမွာပါ။"

ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံၾကား ခ်ဳပ္ဆိုထားတဲ့ စီမံကိန္းတခ်ိဳ႕ဟာ ေဒသခံေတြ ကန႔္ကြက္တာေၾကာင့္ ရပ္ဆိုင္းထားရ ခ်ိန္မွာ ပဲ လာေရာက္တဲ့ တ႐ုတ္သမၼတရဲ႕ အခု ခရီးစဥ္ အတြင္း အျငင္းပြားဖြယ္ စီမံကိန္းတခ်ိဳ႕အတြက္ နားလည္မႈစာခ်ဳပ္ MoU ေရးထိုးဖို႔ရွိေနတာပါ။ ဒီစီမံကိန္းေတြထဲက ျမန္မာ့ သဘာဝ ပတ္ဝန္းက်င္ထိခိုက္မႈမရွိတဲ့ စီမံကိန္းဆိုရင္ေတာ့ ျပည္သူေတြအေနနဲ႔ လက္ခံ လာႏိုင္မွာ ျဖစ္ေၾကာင္းလည္း ဦးခင္ေမာင္ေဆြက ေျပာပါတယ္။

“ MoU ထိုးမယ္ ဆိုရင္လည္းပဲ အကန႔္အသတ္ေတြနဲ႔ေပါ့ဗ်ာ၊ စိတ္ခ်လက္ခ်ျဖစ္ႏိုင္တဲ့ အေထာက္အထားေတြရၿပီးမွ စီမံကိန္းေတြက ဆက္လုပ္မယ့္ဟာမ်ိဳး သြားမယ္ဆိုရင္ အက်ိဳးစီးပြား ဆုတ္ယုတ္စရာအေၾကာင္း မရွိဘူးလို႔ ယူဆပါတယ္။ တန္းတူညီတူ စီးပြားေရးျဖစ္ေအာင္၊ တန္းတူ ညီတူ ႏိုင္ငံေရးျဖစ္ေအာင္ ၿငိမ္းခ်မ္းေရးအပါအဝင္ အားလုံးကို သာသာယာယာျဖစ္ေအာင္ တ႐ုတ္သမၼတကို တင္ျပဖို႔လိုအပ္မယ္ ထင္ပါတယ္။ အဲဒါဆိုရင္ ကိစၥအေတာ္မ်ားမ်ားဟာ ေျပလည္ဖို႔ အေၾကာင္းရွိပါတယ္။”

တ႐ုတ္သမၼတခရီးစဥ္က ေန ေကာင္းမြန္တဲ့ရလာဒ္ေတြ ထြက္ေပၚလာဖုိ႔ ေမွ်ာ္လင့္ေနတဲ့ ကခ်င္ပါတီေတြ ကလည္း ၂ ႏိုင္ငံ အစိုးရခ်င္း ပူးတြဲလုပ္ေဆာင္မႈေတြမွာ ျပည္သူေတြရဲ႕သေဘာထားကို ရယူ ေစခ်င္ ၾကတာပါ။

“ လုပ္တာကိုင္တာကေတာ့ တိုးတက္ဖို႔လုပ္တာျဖစ္ပါတယ္။ ဒါေပမဲ့ တကယ္ထိခိုက္နစ္နာတာက ေဒသခံေတြ ျဖစ္တဲ့အတြက္ ဒီထိခိုက္နစ္နာမႈေတြ အနာဂတ္မွာ အေကာင္းဆုံး ဘယ္လိုေျဖရွင္းမလဲ သူတို႔ေအာင္ျမင္ဖို႔ဆိုတာ ေဒသခံေတြ မပါဘဲနဲ႔ မရပါဘူး။ ဒါေၾကာင့္မို႔ ေဒသခံေတြရဲ႕ သေဘာထား ျမင္ေတြကို အေလးထားသင့္တယ္၊ ညႇိႏႈိင္းသင့္တယ္လို႔ က်မျမင္ပါတယ္။”

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ေျပာေရးဆိုခြင့္ရွိသူ ေဒၚဒြဲဘူက ေျပာသြားတာပါ။

တ႐ုတ္အိပ္မက္ တစိတ္တပိုင္းျဖစ္တဲ့ ရပ္ဝန္းနဲ႔ပိုးလမ္းမစီမံကိန္း BRI မွာ အိႏၵိယသမုဒၵရာဘက္ ထြက္တဲ့ အတိုဆုံး ထြက္ေပါက္ကို ပိုင္ဆိုင္ထားတဲ့ ျမန္မာႏိုင္ငံက အခ်က္အခ်ာ က် ေနပါတယ္။ ဒီအထဲမွာ တ႐ုတ္ႏိုင္ငံ ရဲ့ စီမံကိန္းေတြ အေျမာက္အမ်ားရွိေနတဲ့ ရခိုင္ျပည္နယ္ဟာ စီးပြားေရးနဲ႔ ပထဝီႏိုင္ငံေရး ႏွစ္မ်ိဳးလုံး အေရးပါေနတာပါ။ ဒီလို အေရးပါတဲ့ ေဒသမွာ ေနထို္င္သူေတြ ကို အေလးထားဖို႔ လိုတယ္လို႔ ရခိုင္ပါတီျဖစ္တဲ့ ANP ပါတီ အေထြေထြအတြင္းေရးမႉး ခိုင္ျပည္စိုးက ေျပာပါတယ္။

“ က်ေနာ္တို႔ကို တ႐ုတ္အစိုးရေသာ္လည္းေကာင္း၊ ကြန္ျမဴနစ္ပါတီပါတီေသာ္လည္းေကာင္း သို႔မဟုတ္ အဲဒီမွာ ရင္းႏွီးျမႇဳပ္ႏွံေနတဲ့ CITIC ကုမၸဏီဟာမ်ိဳးေတြ က်ေနာ္တို႔ဆီမွာ ေတြ႕ဆုံေဆြးေႏြးတာမရွိဘူး။ ျပည္ေထာင္စု အစိုးရတခုတည္းနဲ႔ အဆင္ေျပတာမ်ိဳး မဟုတ္ဘဲနဲ႔ ေဒသမွာရွိတဲ့ ေခါင္းေဆာင္ပိုင္းေတြ၊ ပါတီပိုင္းေတြနဲ႔ စကားေျပာဖို႔လိုတယ္။”

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီနဲ႔ တ႐ုတ္ကြန္ျမဴနစ္ပါတီ CCP တို႔ၾကား ပါတီခ်င္း ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိေနသလို တျခား တုိင္းရင္းသား ပါတီေတြနဲ႔ပါ ဆက္ဆံေရး ေကာင္းေအာင္ တရုတ္ အစိုးရက ႀကိဳးစားေနေပမယ့္ အထူးသျဖင့္ ရခိုင္အင္အားႀကီးပါတီျဖစ္တဲ့ ရခိုင္အမ်ိဳးသားပါတီ ANP ပါတီ ကေတာ့ သူတုိ႔နဲ႔ နီးကပ္တဲ့ ဆက္ဆံေရးမရွိဘူးလုိ႔ ေျပာပါတယ္။

တ႐ုတ္သမၼတရွီက်င့္ပင္ဟာ ဒီေန႔ ဇန္နဝါရီ ၁၇ရက္ ေန႔လည္ ၁နာရီမွာ ေနျပည္ေတာ္ကိုေရာက္ၿပီး ညေနပိုင္းမွာ ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္ ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ တို႔နဲ႔ေတြဆုံဖို႔ရွိပါတယ္။ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ မနက္ျဖန္ေတြ႕ဆုံဖို႔ရွိၿပီး ႏိုင္ငံေရးပါတီေတြနဲ႔ ေတာ့ ညစာစားပြဲမွာေတြ႕ဆုံဖို႔ရွိေၾကာင္း ႏိုင္ငံေရးပါတီ တခ်ိဳ႕ကေျပာပါတယ္။

“ က်ေနာ္ေတာ့ သေဘာက်တယ္ဗ်။ ပါတီတင္မကဘူး တျခားအေရးပါတဲ့ NGO ေတြပါ ဖိတ္ဖို႔ေကာင္းတယ္ေလ။ ေနာ္ အဲဒီလိုအားလုံး all inclusive ျဖစ္ေအာင္ ဖိတ္ႏိုင္ရင္ေတာ့ ပိုေကာင္းတာေပါ့ဗ်ာ။ ဒါမွလည္း ကိုယ္တင္ျပခ်င္တာ ေျပာခ်င္တာ လုပ္လို႔ရတာေပါ့။”

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီရဲ႕ ဗဟိုေကာ္မတီ ေျပာခြင့္ရ မုံ႐ြာဦးေအာင္ရွင္ ေျပာသြားတာ ျဖစ္ပါတယ္။

တ႐ုတ္သမၼတရွီက်င့္ပင္နဲ႔အတူ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ ႏိုင္ငံေရးဗ်ဴ႐ိုအဖြဲ႕ဝင္၊ ဗဟိုအတြင္းေရးမႉးဌာန အတြင္းေရးမႉး Ding Xuexiang, တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ ႏိုင္ငံေရး ဗ်ဴ႐ိုအဖြဲ႕ဝင္ ျပည္ပေရးရာေကာ္မရွင္႐ုံး အရာရွိ Yang Jiechi ၊ တ႐ုတ္ႏိုင္ငံေကာင္စီဝင္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနဝန္ႀကီး Wang Yi၊ ႏိုင္ငံေရး ေဆြးေႏြးညႇိႏႈိင္းမႈညီလာခံ အမ်ိဳးသားေကာ္မတီဒုဥကၠ႒ He Lifeng တို႔လည္း လိုက္ပါလာတယ္လို႔ ဆင္ဟြာသတင္းဌာနက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

တရုတ်သမ္မတ ခရီးစဉ်အပေါ် မြန်မာနိုင်ငံရေးသမားတွေအမြင်

(Unicode)

တရုတ်သမ္မတ ရှီကျင့်ပင်ရဲ့မြန်မာနိုင်ငံနှစ်ရက်တာခရီးစဉ်မှာ ပြည်တွင်း နိုင်ငံရေးပါတီတချို့ကို သမ္မတရှီ နဲ့ တွေ့ဆုံဖို့ တရုတ်သံရုံးကတဆင့် ဖိတ်ကြားထားပြီး ပါတီစုစုပေါင်း ၂၀ ဝန်းကျင်လောက် တက်ရောက်ဖို့ရှိပါတယ်။ ဖိတ်ကြားခံရတဲ့ ပါတီအများစုက တရုတ်သမ္မတ အခုလို လာရောက်တဲ့ ခရီးစဉ်ကိုကြိုဆို ကြ ပေမယ့် မြန်မာနဲ့ စီးပွါးရေးတိုးတက် ဖွ့ဖြိုးမှုတွေ လုပ်မယ် ဆိုရင်တော့ ဒေသခံတွေ၊ နိုင်ငံရေးပါတီတွေရဲ့ သဘောထား မပါပဲ မလုပ်စေချင်ကြပါဘူး။

တရုတ် သမ္မတနဲ့ တွေ့ဆုံဖို့ ရှိတဲ့ နိုင်ငံရေးပါတီ တချို့ရဲ့ သဘောထားအမြင်ကို မေးမြန်းပြီး ကိုဇော်ထက်က တင်ပြ ပေးမှာပါ။

လူ့အခွင့်အရေးကိစ္စတွေနဲ့ အနောက်နိုင်ငံရဲ့ ဖိအားကို မြန်မာက ရင်ဆိုင်နေရချိန် ပြီးတော့အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ် တင်းမာနေချိန် သမ္မတရှီကျင့်ပင်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ သဘောထားကို ပြလိုက်တာဖြစ်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF ရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

" အမေရိကန်-တရုတ် ကုန်သွယ်ရေးမှာလည်းပဲ ဖြစ်နေတဲ့အချိန်မျိုးမှာ လာပြတာဟာ ICJ ကိစ္စအပါအဝင် OBOR ကိစ္စလည်းအပါအဝင် နိုင်ငံတကာမှာ နိုင်ငံတကာနိုင်ငံရေးမှာ မြန်မာနိုင်ငံအပေါ်မှာ တရုတ်ပြည်ရဲ့ ရပ်တည်ချက်ရှိတယ်ဆိုတာကို နမိတ်ပြတဲ့သဘောမျိုးပေါ့။ ဒါကောင်းတယ်လို့ပဲ ပြောရမှာပါ။"

မြန်မာ-တရုတ်နှစ်နိုင်ငံကြား ချုပ်ဆိုထားတဲ့ စီမံကိန်းတချို့ဟာ ဒေသခံတွေ ကန့်ကွက်တာကြောင့် ရပ်ဆိုင်းထားရ ချိန်မှာ ပဲ လာရောက်တဲ့ တရုတ်သမ္မတရဲ့ အခု ခရီးစဉ် အတွင်း အငြင်းပွားဖွယ် စီမံကိန်းတချို့အတွက် နားလည်မှုစာချုပ် MoU ရေးထိုးဖို့ရှိနေတာပါ။ ဒီစီမံကိန်းတွေထဲက မြန်မာ့ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ စီမံကိန်းဆိုရင်တော့ ပြည်သူတွေအနေနဲ့ လက်ခံ လာနိုင်မှာ ဖြစ်ကြောင်းလည်း ဦးခင်မောင်ဆွေက ပြောပါတယ်။

“ MoU ထိုးမယ် ဆိုရင်လည်းပဲ အကန့်အသတ်တွေနဲ့ပေါ့ဗျာ၊ စိတ်ချလက်ချဖြစ်နိုင်တဲ့ အထောက်အထားတွေရပြီးမှ စီမံကိန်းတွေက ဆက်လုပ်မယ့်ဟာမျိုး သွားမယ်ဆိုရင် အကျိုးစီးပွား ဆုတ်ယုတ်စရာအကြောင်း မရှိဘူးလို့ ယူဆပါတယ်။ တန်းတူညီတူ စီးပွားရေးဖြစ်အောင်၊ တန်းတူ ညီတူ နိုင်ငံရေးဖြစ်အောင် ငြိမ်းချမ်းရေးအပါအဝင် အားလုံးကို သာသာယာယာဖြစ်အောင် တရုတ်သမ္မတကို တင်ပြဖို့လိုအပ်မယ် ထင်ပါတယ်။ အဲဒါဆိုရင် ကိစ္စအတော်များများဟာ ပြေလည်ဖို့ အကြောင်းရှိပါတယ်။”

တရုတ်သမ္မတခရီးစဉ်က နေ ကောင်းမွန်တဲ့ရလာဒ်တွေ ထွက်ပေါ်လာဖို့ မျှော်လင့်နေတဲ့ ကချင်ပါတီတွေ ကလည်း ၂ နိုင်ငံ အစိုးရချင်း ပူးတွဲလုပ်ဆောင်မှုတွေမှာ ပြည်သူတွေရဲ့သဘောထားကို ရယူ စေချင် ကြတာပါ။

“ လုပ်တာကိုင်တာကတော့ တိုးတက်ဖို့လုပ်တာဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်ထိခိုက်နစ်နာတာက ဒေသခံတွေ ဖြစ်တဲ့အတွက် ဒီထိခိုက်နစ်နာမှုတွေ အနာဂတ်မှာ အကောင်းဆုံး ဘယ်လိုဖြေရှင်းမလဲ သူတို့အောင်မြင်ဖို့ဆိုတာ ဒေသခံတွေ မပါဘဲနဲ့ မရပါဘူး။ ဒါကြောင့်မို့ ဒေသခံတွေရဲ့ သဘောထား မြင်တွေကို အလေးထားသင့်တယ်၊ ညှိနှိုင်းသင့်တယ်လို့ ကျမမြင်ပါတယ်။”

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဒွဲဘူက ပြောသွားတာပါ။

တရုတ်အိပ်မက် တစိတ်တပိုင်းဖြစ်တဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း BRI မှာ အိန္ဒိယသမုဒ္ဒရာဘက် ထွက်တဲ့ အတိုဆုံး ထွက်ပေါက်ကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံက အချက်အချာ ကျ နေပါတယ်။ ဒီအထဲမှာ တရုတ်နိုင်ငံ ရဲ့ စီမံကိန်းတွေ အမြောက်အများရှိနေတဲ့ ရခိုင်ပြည်နယ်ဟာ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး နှစ်မျိုးလုံး အရေးပါနေတာပါ။ ဒီလို အရေးပါတဲ့ ဒေသမှာ နေထိုင်သူတွေ ကို အလေးထားဖို့ လိုတယ်လို့ ရခိုင်ပါတီဖြစ်တဲ့ ANP ပါတီ အထွေထွေအတွင်းရေးမှူး ခိုင်ပြည်စိုးက ပြောပါတယ်။

“ ကျနော်တို့ကို တရုတ်အစိုးရသော်လည်းကောင်း၊ ကွန်မြူနစ်ပါတီပါတီသော်လည်းကောင်း သို့မဟုတ် အဲဒီမှာ ရင်းနှီးမြှုပ်နှံနေတဲ့ CITIC ကုမ္ပဏီဟာမျိုးတွေ ကျနော်တို့ဆီမှာ တွေ့ဆုံဆွေးနွေးတာမရှိဘူး။ ပြည်ထောင်စု အစိုးရတခုတည်းနဲ့ အဆင်ပြေတာမျိုး မဟုတ်ဘဲနဲ့ ဒေသမှာရှိတဲ့ ခေါင်းဆောင်ပိုင်းတွေ၊ ပါတီပိုင်းတွေနဲ့ စကားပြောဖို့လိုတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ တရုတ်ကွန်မြူနစ်ပါတီ CCP တို့ကြား ပါတီချင်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေသလို တခြား တိုင်းရင်းသား ပါတီတွေနဲ့ပါ ဆက်ဆံရေး ကောင်းအောင် တရုတ် အစိုးရက ကြိုးစားနေပေမယ့် အထူးသဖြင့် ရခိုင်အင်အားကြီးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ANP ပါတီ ကတော့ သူတို့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးမရှိဘူးလို့ ပြောပါတယ်။

တရုတ်သမ္မတရှီကျင့်ပင်ဟာ ဒီနေ့ ဇန်နဝါရီ ၁၇ရက် နေ့လည် ၁နာရီမှာ နေပြည်တော်ကိုရောက်ပြီး ညနေပိုင်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့တွေဆုံဖို့ရှိပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မနက်ဖြန်တွေ့ဆုံဖို့ရှိပြီး နိုင်ငံရေးပါတီတွေနဲ့ တော့ ညစာစားပွဲမှာတွေ့ဆုံဖို့ရှိကြောင်း နိုင်ငံရေးပါတီ တချို့ကပြောပါတယ်။

“ ကျနော်တော့ သဘောကျတယ်ဗျ။ ပါတီတင်မကဘူး တခြားအရေးပါတဲ့ NGO တွေပါ ဖိတ်ဖို့ကောင်းတယ်လေ။ နော် အဲဒီလိုအားလုံး all inclusive ဖြစ်အောင် ဖိတ်နိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ဒါမှလည်း ကိုယ်တင်ပြချင်တာ ပြောချင်တာ လုပ်လို့ရတာပေါ့။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုကော်မတီ ပြောခွင့်ရ မုံရွာဦးအောင်ရှင် ပြောသွားတာ ဖြစ်ပါတယ်။

တရုတ်သမ္မတရှီကျင့်ပင်နဲ့အတူ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုအတွင်းရေးမှူးဌာန အတွင်းရေးမှူး Ding Xuexiang, တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင် ပြည်ပရေးရာကော်မရှင်ရုံး အရာရှိ Yang Jiechi ၊ တရုတ်နိုင်ငံကောင်စီဝင် နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး Wang Yi၊ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံ အမျိုးသားကော်မတီဒုဥက္ကဋ္ဌ He Lifeng တို့လည်း လိုက်ပါလာတယ်လို့ ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG