သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္သမၼတခရီးစဥ္မွာ ၿငိမ္းခ်မ္းေရးကိစၥ ေဆြးေႏြးႏုိင္ဖုိ႔ လက္နက္ကုိင္အဖဲြ႔ေတြေမွ်ာ္လင့္


(Zawgyi/Unicode)

ဒီကေန႔ ျမန္မာႏိုင္ငံကို ေရာက္ရိွလာတဲ့ တရုတ္သမၼတXi Jinping ရဲ့ခရီးစဥ္နဲ႔ပတ္သက္ၿပီး တရုတ္-ျမန္မာနယ္စပ္အေျခစိုက္ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြက ႀကိဳဆုိခဲ့ၾကၿပီး ဒီခရီးစဥ္အတြင္းမွာ မေျပလည္ေသးတဲ့ ၿငိမ္းခ်မ္းေရးကိစၥေတြကို ထည့္သြင္းေဆာင္ရြက္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းသတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

တရုတ္သမၼတ Xi Jinping ျမန္မာႏိုင္ငံကို လာေရာက္တဲ့ခရီးစဥ္အေပၚ UWSA “၀”၊ NDAA မိုင္းလား၊KIAကခ်င္၊ TNLA တအန္း(ပေလာင္)၊AAရခုိင္စတဲ့အဖဲြ႔ေတြက ၾကိဳဆုိေၾကာင္းကို ခရီးမစတင္မီအခ်ိန္မွာ ထုတ္ျပန္ခဲ့ၾကတာပါ။

တခ်ိန္တည္းမွာပဲ တရုတ္-ျမန္မာနယ္စပ္ေဒသက ၿငိမ္းခ်မ္းေရးကိစၥရပ္ေတြနဲ႔ပတ္သက္လို႔တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြအေပၚ နားလည္မႈရိွရိွ ေဆာင္ရြက္ေပးႏိုင္မယ္လုိ႔လည္း ေမွ်ာ္လင့္ထားၾကပါတယ္။

KIA ကခ်င္အဖဲြ႔ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္မႈးၾကီးေနာ္ဘူက သူတုိ႔အဖဲြ႔ရဲ့ သေဘာထားကို အခုလုိ ေျပာပါတယ္။

“ ၿငိမ္းခ်မ္းေရးရရိွဖို႔ရာ အေထာက္အကူျဖစ္လိမ့္မယ္လို႔ က်ေနာ္တုိ႔က ေမွ်ာ္လင့္ပါတယ္။ တရုတ္ႏိုင္ငံက ကမၻာ့အင္အားၾကီးႏိုင္ငံလည္းျဖစ္ပါတယ္။ စီးပြားေရး၊ ႏိုင္ငံေရး၊ စစ္ေရးအားလံုး က်ေနာ္တုိ႔ ဗမာျပည္ဘက္မွာ ကူညီေထာက္ပံ့ေနတဲ့ ပူးေပါင္းေနတဲ့ ႏိုင္ငံလည္း ျဖစ္ပါတယ္။ ဆုိေတာ့ အဲဒီ ပူးေပါင္းေနတဲ့ လုပ္ငန္းစီမံကိန္းေတြအားလံုးက ေအာင္ျမင္တယ္ဆုိရင္ေတာ့ က်ေနာ္တုိ႔ ျပည္သူျပည္သားေတြအတြက္လည္း အထူး ေအာင္ျမင္မႈရရိွႏိုင္မယ္လို႔ က်ေနာ္တုိ႔က ေမွ်ာ္လင့္တာျဖစ္ပါတယ္။ က်ေနာ္တုိ႔ တုိင္းရင္းသားေတြက ေတာ္လွန္ေရးလုပ္ေနတာ အဲဒီက်ေနာ္တုိ႔ လိုလားခ်က္ေတြ၊ ေတာင့္တခ်က္ေတြ၊ က်ေနာ္တုိ႔ ရသင့္ရထုိက္တဲ့ အခြင့္အေရးေတြ၊ ႏိုင္ငံေရးအခြင့္အေရးေတြေပါ့။ အဲဒါေတြလည္း ထဲထဲ၀င္၀င္ စဥ္းစားေပးဖုိ႔ေပါ့။ နားလည္ေပးဖုိ႔ က်ေနာ္တုိ႔ ေမွ်ာ္လင့္တာျဖစ္ပါတယ္။”

တရုတ္သမၼတရဲ့ ခရီးစဥ္မွာ ျမစ္ဆံုစီမံကိန္းကို အၿပီးအပိုင္ဖ်က္သိမ္းဖုိ႔အတြက္လည္း ကခ်င္အရပ္ဘက္ အဖဲြ႔အစည္း ၅၀ေက်ာ္က ေတာင္းဆိုထားတာပါ။ ဒီေတာင္းဆိုခ်က္အေပၚမွာေတာ့ KIO အေနနဲ႔ မွတ္ခ်က္ ေပးစရာ မရိွေၾကာင္း ေျပာပါတယ္။ သူတုိ႔ရဲ့ ထုတ္ျပန္ေၾကညာခ်က္မွာေတာ့ ျပည္သူေတြနဲ႔ အဖဲြ႔အစည္းေတြရဲ့ ထုတ္ျပန္ခ်က္မွာ မတူကဲြျပားတဲ့ အျမင္ေတြ ပါရိွမွာျဖစ္ေၾကာင္း၊ ဒါကို တရုတ္ႏိုင္ငံ သမၼတၾကီးအေနနဲ႔ ျပည္သူေတြရဲ့ ခံစားခ်က္ကို နားလည္ေပးၿပီး ေစတနာထားကူညီဖို႔ကိုလည္း ေမတၱာ ရပ္ခံထားပါတယ္။

အစိုးရတပ္မေတာ္နဲ႔ လက္နက္ကိုင္ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ TNLA တအန္း(ပေလာင္) လက္နက္ကိုင္အဖဲြ႔ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္မႈးတားအုိက္ေက်ာ္ကလည္း သူတို႔အဖဲြ႔ရဲ့ ေမွ်ာ္လင့္ခ်က္ကို အခုလုိ ေျပာဆုိပါတယ္။

“ ႏွစ္ႏိုင္ငံ သံတမန္ ဆက္ဆံေရးႏွစ္၇၀ျပည့္အထိမ္းအမွတ္နဲ႔ လာေရာက္လည္ပတ္တာ အဓိက ျဖစ္တာေပါ့ေနာ္။ အဲဒီေနာက္ဆက္တဲြမွာေတာ့ အထူးသျဖင့္ ျမန္မာႏိုင္ငံမွာ တရုတ္ရင္းႏွီးျမဳပ္ႏွံမႈ ဒီပိုးလမ္းမၾကီး တို႔ ဒီတစ္ခါတည္းေဆာင္ရြက္သြားမယ္လုိ႔ေတာ့ က်ေနာ္တုိ႔ ထင္တာေပါ့။ အဓိကေတာ့ စီးပြားေရးလည္း ပါမယ္လုိ႔ေတာ့ အဓိက ေမွ်ာ္လင့္တယ္။ တဆက္တည္းမွာပဲ က်ေနာ္တုိ႔ဆီမွာျဖစ္ေနတဲ့ ျပည္တြင္းစစ္ ခ်ဳပ္ၿငိမ္းဖို႔ ျမန္မာဘက္ကို သူက ညိွႏိႈင္းေပးႏိုင္မယ္လုိ႔ အဲလုိမ်ိဳးေတာ့ ေမွ်ာ္လင့္ရတာေပါ့။”

TNLAက တရုတ္ႏိုင္ငံရဲ့ စီးပြားေရးစီမံကိန္းေတြ ေအာင္ျမင္ဖုိ႔အတြက္ ျပည္တြင္းစစ္ရပ္တန္႔ဖို႔လိုအပ္ေၾကာင္းနဲ႔ၿငိမ္းခ်မ္းေရးရရိွဖုိ႔အတြက္ ဒီခရီးစဥ္မွာ ျမန္မာအစိုးရကို လက္ေတြ႔က်က် တုိက္တြန္းႏိုင္မယ္လို႔လည္း ေမ်ွာ္မွန္းထားပါတယ္။

တရုတ္-ျမန္မာနယ္စပ္က အင္အားၾကီး လက္နက္ကိုင္အဖဲြ႔ျဖစ္တဲ့ UWSA “၀”အဖဲြ႔ကလည္း ဒီခရီးစဥ္မွာ တရုတ္-ျမန္မာေခါင္းေဆာင္ေတြဟာ ျမန္မာျပည္ေျမာက္ပိုင္းက ၿငိမ္းခ်မ္းေရးျပႆနာကို လက္ေတြ႔အေျခ အေနနဲ႔ ကိုက္ညီတဲ့ နည္းလမ္းေတြ ရွာေဖြ ေတြ႔မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္းနဲ႔ လိုအပ္တဲ့ေဆာင္ရြက္မႈေတြကို လည္း ျပဳလုပ္သြားမွာျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

AA ေခၚ ရခုိင္အဖဲြ႔ကလည္း တရုတ္သမၼတရဲ့ ခရီးစဥ္နဲ႔ပတ္သက္ၿပီး ေၾကညာခ်က္ ထုတ္ျပန္ရာမွာ ရခုိင္ေဒသမွာ ပထ၀ီႏိုင္ငံေရးနဲ႔ ကိုက္ညီတဲ့၊ ရခိုင္ျပည္သူေတြကို အမွန္တကယ္အက်ိဳးရိွေစမယ့္ မူ၀ါဒေတြ ခ်မွတ္ႏိုင္ပါေစ ေၾကာင္းနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ေအာင္ျမင္သည္အထိ ကူညီႏိုင္ပါေစေၾကာင္း ေဖာ္ျပထားပါတယ္။

တရုတ္သမၼတလာေရာက္ခ်ိန္မွာပဲ သူတုိ႔ ဖမ္းဆီးထားတဲ့ တပ္မေတာ္သား ၂ဦးကို လူသားခ်င္းစာနာမႈအရ အျမန္ဆံုးျပန္လႊတ္ေပးမွာျဖစ္ေၾကာင္းနဲ႔ ဖမ္းဆီးခံေနရတဲ့ ရခုိင္ျပည္သူေတြနဲ႔ AA တပ္ဖဲြ႔၀င္ေတြကို လႊတ္ေပးမယ္ဆုိရင္ သူတုိ႔ ဖမ္းဆီးထားတဲ့ အစိုးရလက္နက္ကိုင္အဖဲြ႔၀င္ေတြကိုလည္း လႊတ္ေပးမွာျဖစ္ေၾကာင္း ကမ္းလွမ္းထားပါတယ္။

ရွမ္းျပည္နယ္အေရွ႔ပိုင္းက NDAAေခၚ မုိင္းလား အဖဲြ႔ကလည္း တရုတ္သမၼတခရီးစဥ္ကို ၾကိဳဆိုခဲ့သလို အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ တက္တက္ၾကြၾကြပါ၀င္ၿပီး ႏွစ္ႏိုင္ငံနယ္စပ္ေဒသက ျပည္သူေတြ ပိုမိုသာယာ၀ေျပာေစဖို႔ ၾကိဳးစားသြားမွာျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

တရုတ္-ျမန္မာနယ္စပ္ေဒသက လက္နက္ကိုင္အဖဲြ႔ေတြဟာ NCA ေခၚ တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ကို လက္မွတ္မေရးထိုးေသးတဲ့အဖဲြ႔ေတြျဖစ္ၿပီး တခ်ိဳ႔အဖဲြ႔ေတြဟာ အစိုးရနဲ႔ ႏွစ္ဘက္အပစ္ရပ္စာခ်ဳပ္လက္မွတ္ေရးထိုးထားေပမဲ့ တခ်ိဳ႔ေတြကေတာ့ အစိုးရတပ္မေတာ္နဲ႔ တုိက္ခုိက္ေနဆဲအဖဲြ႔ေတြ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

တရုတ်သမ္မတခရီးစဉ်မှာ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးနိုင်ဖို့ လက်နက်ကိုင်အဖွဲ့တွေမျှော်လင့်

(Unicode)

ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တရုတ်သမ္မတXi Jinping ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်-မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကြိုဆိုခဲ့ကြပြီး ဒီခရီးစဉ်အတွင်းမှာ မပြေလည်သေးတဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ထည့်သွင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တရုတ်သမ္မတ Xi Jinping မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်အပေါ် UWSA “ဝ”၊ NDAA မိုင်းလား၊KIAကချင်၊ TNLA တအန်း(ပလောင်)၊AAရခိုင်စတဲ့အဖွဲ့တွေက ကြိုဆိုကြောင်းကို ခရီးမစတင်မီအချိန်မှာ ထုတ်ပြန်ခဲ့ကြတာပါ။

တချိန်တည်းမှာပဲ တရုတ်-မြန်မာနယ်စပ်ဒေသက ငြိမ်းချမ်းရေးကိစ္စရပ်တွေနဲ့ပတ်သက်လို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် နားလည်မှုရှိရှိ ဆောင်ရွက်ပေးနိုင်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

KIA ကချင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက သူတို့အဖွဲ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“ ငြိမ်းချမ်းရေးရရှိဖို့ရာ အထောက်အကူဖြစ်လိမ့်မယ်လို့ ကျနော်တို့က မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံက ကမ္ဘာ့အင်အားကြီးနိုင်ငံလည်းဖြစ်ပါတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအားလုံး ကျနော်တို့ ဗမာပြည်ဘက်မှာ ကူညီထောက်ပံ့နေတဲ့ ပူးပေါင်းနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဆိုတော့ အဲဒီ ပူးပေါင်းနေတဲ့ လုပ်ငန်းစီမံကိန်းတွေအားလုံးက အောင်မြင်တယ်ဆိုရင်တော့ ကျနော်တို့ ပြည်သူပြည်သားတွေအတွက်လည်း အထူး အောင်မြင်မှုရရှိနိုင်မယ်လို့ ကျနော်တို့က မျှော်လင့်တာဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေက တော်လှန်ရေးလုပ်နေတာ အဲဒီကျနော်တို့ လိုလားချက်တွေ၊ တောင့်တချက်တွေ၊ ကျနော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ နိုင်ငံရေးအခွင့်အရေးတွေပေါ့။ အဲဒါတွေလည်း ထဲထဲဝင်ဝင် စဉ်းစားပေးဖို့ပေါ့။ နားလည်ပေးဖို့ ကျနော်တို့ မျှော်လင့်တာဖြစ်ပါတယ်။”

တရုတ်သမ္မတရဲ့ ခရီးစဉ်မှာ မြစ်ဆုံစီမံကိန်းကို အပြီးအပိုင်ဖျက်သိမ်းဖို့အတွက်လည်း ကချင်အရပ်ဘက် အဖွဲ့အစည်း ၅၀ကျော်က တောင်းဆိုထားတာပါ။ ဒီတောင်းဆိုချက်အပေါ်မှာတော့ KIO အနေနဲ့ မှတ်ချက် ပေးစရာ မရှိကြောင်း ပြောပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ ပြည်သူတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ မတူကွဲပြားတဲ့ အမြင်တွေ ပါရှိမှာဖြစ်ကြောင်း၊ ဒါကို တရုတ်နိုင်ငံ သမ္မတကြီးအနေနဲ့ ပြည်သူတွေရဲ့ ခံစားချက်ကို နားလည်ပေးပြီး စေတနာထားကူညီဖို့ကိုလည်း မေတ္တာ ရပ်ခံထားပါတယ်။

အစိုးရတပ်မတော်နဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ TNLA တအန်း(ပလောင်) လက်နက်ကိုင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတားအိုက်ကျော်ကလည်း သူတို့အဖွဲ့ရဲ့ မျှော်လင့်ချက်ကို အခုလို ပြောဆိုပါတယ်။

“ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးနှစ်၇၀ပြည့်အထိမ်းအမှတ်နဲ့ လာရောက်လည်ပတ်တာ အဓိက ဖြစ်တာပေါ့နော်။ အဲဒီနောက်ဆက်တွဲမှာတော့ အထူးသဖြင့် မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြုပ်နှံမှု ဒီပိုးလမ်းမကြီး တို့ ဒီတစ်ခါတည်းဆောင်ရွက်သွားမယ်လို့တော့ ကျနော်တို့ ထင်တာပေါ့။ အဓိကတော့ စီးပွားရေးလည်း ပါမယ်လို့တော့ အဓိက မျှော်လင့်တယ်။ တဆက်တည်းမှာပဲ ကျနော်တို့ဆီမှာဖြစ်နေတဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့ မြန်မာဘက်ကို သူက ညှိနှိုင်းပေးနိုင်မယ်လို့ အဲလိုမျိုးတော့ မျှော်လင့်ရတာပေါ့။”

TNLAက တရုတ်နိုင်ငံရဲ့ စီးပွားရေးစီမံကိန်းတွေ အောင်မြင်ဖို့အတွက် ပြည်တွင်းစစ်ရပ်တန့်ဖို့လိုအပ်ကြောင်းနဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက် ဒီခရီးစဉ်မှာ မြန်မာအစိုးရကို လက်တွေ့ကျကျ တိုက်တွန်းနိုင်မယ်လို့လည်း မျှော်မှန်းထားပါတယ်။

တရုတ်-မြန်မာနယ်စပ်က အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ UWSA “ဝ”အဖွဲ့ကလည်း ဒီခရီးစဉ်မှာ တရုတ်-မြန်မာခေါင်းဆောင်တွေဟာ မြန်မာပြည်မြောက်ပိုင်းက ငြိမ်းချမ်းရေးပြဿနာကို လက်တွေ့အခြေ အနေနဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေ ရှာဖွေ တွေ့မယ်လို့ မျှော်လင့်ကြောင်းနဲ့ လိုအပ်တဲ့ဆောင်ရွက်မှုတွေကို လည်း ပြုလုပ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

AA ခေါ် ရခိုင်အဖွဲ့ကလည်း တရုတ်သမ္မတရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ရာမှာ ရခိုင်ဒေသမှာ ပထဝီနိုင်ငံရေးနဲ့ ကိုက်ညီတဲ့၊ ရခိုင်ပြည်သူတွေကို အမှန်တကယ်အကျိုးရှိစေမယ့် မူဝါဒတွေ ချမှတ်နိုင်ပါစေ ကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အောင်မြင်သည်အထိ ကူညီနိုင်ပါစေကြောင်း ဖော်ပြထားပါတယ်။

တရုတ်သမ္မတလာရောက်ချိန်မှာပဲ သူတို့ ဖမ်းဆီးထားတဲ့ တပ်မတော်သား ၂ဦးကို လူသားချင်းစာနာမှုအရ အမြန်ဆုံးပြန်လွှတ်ပေးမှာဖြစ်ကြောင်းနဲ့ ဖမ်းဆီးခံနေရတဲ့ ရခိုင်ပြည်သူတွေနဲ့ AA တပ်ဖွဲ့ဝင်တွေကို လွှတ်ပေးမယ်ဆိုရင် သူတို့ ဖမ်းဆီးထားတဲ့ အစိုးရလက်နက်ကိုင်အဖွဲ့ဝင်တွေကိုလည်း လွှတ်ပေးမှာဖြစ်ကြောင်း ကမ်းလှမ်းထားပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းက NDAAခေါ် မိုင်းလား အဖွဲ့ကလည်း တရုတ်သမ္မတခရီးစဉ်ကို ကြိုဆိုခဲ့သလို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်တက်ကြွကြွပါဝင်ပြီး နှစ်နိုင်ငံနယ်စပ်ဒေသက ပြည်သူတွေ ပိုမိုသာယာဝပြောစေဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်-မြန်မာနယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့တွေဟာ NCA ခေါ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေဖြစ်ပြီး တချို့အဖွဲ့တွေဟာ အစိုးရနဲ့ နှစ်ဘက်အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားပေမဲ့ တချို့တွေကတော့ အစိုးရတပ်မတော်နဲ့ တိုက်ခိုက်နေဆဲအဖွဲ့တွေ ဖြစ်ပါတယ်။

XS
SM
MD
LG