သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႔ေတြကို တ႐ုတ္္က ၾကားခံအျဖစ္ သံုးေနသလား


(Zawgyi/Unicode)

ျမန္မာႏုိင္ငံကုိ ၂ ရက္ၾကာခရီးစဥ္အျဖစ္ ဇန္န၀ါရီ ၁၇ ရက္ေန႔က ေရာက္လာတဲ့ တရုတ္သမၼတ ရွီက်င့္ဖ်င္ဟာ ဒီကေန႔ ဇန္န၀ါရီလ ၁၈ ရက္ေန႔မွာေတာ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႔ဆုံဖုိ႔ ရွိေနပါတယ္။

လတ္တေလာ ရပ္ဆုိင္းေနတဲ့ အပစ္အခတ္ ရပ္စဲေရးဆုိင္ရာ ေဆြးေႏြးမႈေတြ ျပန္စႏုိင္ေရး ဒီခရီးစဥ္အတြင္း တရုတ္သမၼတက ႏွစ္ဘက္စလုံးကုိ ဘယ္ေလာက္အထိ ဖိအားေပး ေျပာဆုိမလဲဆုိတာကုိ အမ်ားက စိတ္၀င္တစား ေစာင့္ၾကည့္ေနၾကတာပါ။ လက္ရွိအစုိးရကေရာ တရုတ္ႏုိင္ငံအေနနဲ႔ ဘယ္လုိ အခန္းက႑ေတြက ပါ၀င္ လုပ္ေဆာင္ေစခ်င္ပါသလဲဆုိတာကုိေတာ့ ကုိေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။

လက္ရွိ ျမန္မာႏုိင္ငံမွာ ျဖစ္ေပၚေနတဲ့ လက္နက္ကုိင္ပဋိပကၡေတြ အဆုံးသတ္ေရး ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြ ျဖစ္ေပၚဖုိ႔ တရုတ္အစုိးရက ဖိအားေပး ေျပာဆုိမႈေတြ ရွိေနတာပါ။ အထူးသျဖင့္ တရုတ္အစုိးရရဲ႕ ဖိအားေပးမႈေတြေၾကာင့္ တရုတ္-ျမန္မာနယ္စပ္မွာ အေျခစုိက္တဲ့ လက္နက္ကုိင္အဖြဲ႔ေတြနဲ႔ အစုိးရ၊ တပ္မေတာ္တုိ႔အၾကား ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ ျပန္လည္စတင္ႏုိင္ခဲ့တယ္လုိ႔ အမ်ားစုက ယုံၾကည္ထားၾကတာပါ။

သမၼတ ရွီက်င့္ဖ်င္ရဲ႕ အခုခရီးစဥ္အတြင္း ျမန္မာအစုိးရ ထိပ္တန္းေခါင္းေဆာင္ေတြနဲ႔ ဘာေတြကုိ ေဆြးေႏြးၾကတယ္ဆုိတဲ့ အေသးစိတ္ အခ်က္အလက္ေတြကုိ မသိရေသးေပမယ့္ အပစ္အခတ္ ရပ္စဲေရး၊ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြ ျပန္လည္ စတင္ႏုိင္ေရးကိစၥေတြကေတာ့ မျဖစ္မေန ပါ၀င္မယ့္အေၾကာင္းအရာေတြ ျဖစ္ပါတယ္။

တရုတ္ႏုိ္င္ငံမွာ ၂၀၁၇ ခုႏွစ္က က်င္းပတဲ့ One Belt One Road ရပ္၀န္းတခု လမ္းေၾကာင္းတခု စီမံကိန္းဆုိင္ရာ ေဆြးေႏြးပြဲေတြကုိ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ၿပီး တရုတ္သမၼတ ရွီက်င့္ဖ်င္နဲ႔ သီးျခား ေတြ႔ဆုံၾကတာမွာ

တရုတ္ႏုိင္ငံအေနနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းမွာ ကူညီေပးဖုိ႔၊ ျမန္မာအစိုးရနဲ႔ဆက္ဆံတဲ့အခါ နယ္စပ္မွာရွိတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြကို Buffer (ၾကားခံ) အျဖစ္ မသုံးဖို႔ စတဲ့ အခ်က္ ႏွစ္ခ်က္ကုိ တင္ျပ ေဆြးေႏြးခဲ့ေၾကာင္း ေဆြးေႏြးပြဲမွာပါဝင္တဲ့ အစိုးရ အႀကီးတန္းတာဝန္ရွိသူတဦးကို ကိုးကားၿပီး အဲဒီအခ်ိန္က သတင္းမီဒီယာေတြမွာ ေရးသား ေဖာ္ျပခဲ့ၾကပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဘက္က တရုတ္သမၼတကုိ အဲဒီလုိ ေျပာဆုိျခင္းက ျပည္ပႏုိင္ငံေတြက နယ္စပ္ေဒသမွာ ရွိေနတဲ့ တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႔တခုခုကုိ အသုံးခ်ၿပီး ျပည္တြင္းေရးကုိ ၀င္ေရာက္စြက္လာမွာကုိ ဟန္႔တားတဲ့အေနနဲ႔ အဲဒီလုိ ေျပာဆုိခဲ့ျခင္း ျဖစ္ႏုိင္ေၾကာင္း PNLO ပအုိ၀့္အမ်ဳိးသားလြတ္ေျမာက္ေရးအဖဲြ႔ရဲ႕ နာယကလည္းျဖစ္၊ တႏုိင္ငံလုံးဆုိင္ရာ အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးပြဲေတြမွာ အစဥ္တစုိက္ ပါ၀င္ခဲ့သူတဦးလည္းျဖစ္တဲ့ ဗိုလ္မႈးႀကီး ခြန္ဥကၠာက သုံးသပ္ပါတယ္။

“ျမန္မာျပည္ေျမာက္ပိုင္းမွာ ရွိတဲ့နယ္ေျမေတြမွာ ရွိတဲ့ လက္နက္ကိုင္အဖြဲ႔ေတြကို ျမန္မာျပည္အေရးနဲ႔ ပတ္သက္ၿပီး ပူးေပါင္းေဆာင္ရြက္မယ္၊ ညိွႏိႈင္းေဆာင္ရြက္မယ္။ သို႔မဟုတ္ က်ေနာ္တို႔ တိုင္းျပည္ရဲ႕ ေရွ႕ေရးေပါ့ အဲဒီကိစၥေတြမွာ ကိုယ့္ျပည္တြင္းကိစၥေတြမွာ Domestic affair ေတြမွာ ပါ၀င္ေဆာင္ရြက္ၾကဖို႔ ဒါကေတာ့ က်ေနာ္တို႔ ထင္တယ္ ျပည္ေထာင္စုအစိုးရမွာ ဖိတ္ေခၚဖို႔ တာ၀န္ရွိတယ္။ သို႔ေသာ္ ျပင္ပႏိုင္ငံတခုက အဲဒီအဖြဲ႔ေတြကို အေၾကာင္းျပဳၿပီးေတာ့ Buffer (ၾကားခံ) အသံုးျပဳၿပီးေတာ့ Domestic affair မွာ ျပည္တြင္းကိစၥေတြမွာ ၀င္ေရာက္စြက္ဖက္ မယ့္ပံုစံကို ဟန္႔တားခ်င္တဲ့သေဘာနဲ႔ ေျပာတယ္လို႔ က်ေနာ္ယူဆပါတယ္။”

တရုတ္-ျမန္မာနယ္စပ္ေဒသမွာရွိေနတဲ့ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ေတြကုိ ၾကားခံအျဖစ္ အသုံးခ်တယ္၊ မခ်ဘူးဆုိတာထက္ ျမန္မာႏုိင္ငံမွာ လတ္တေလာျဖစ္ေပၚေနတဲ့ လက္နက္ကုိင္ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းေရးအတြက္ တရုတ္အစုိးရက ကူညီ ေဆာင္ရြက္ေပးေနတာေတြေတာ့ ရွိတယ္လုိ႔ ဗုိလ္မွဴးႀကီး ခြန္ဥကၠာက သုံးသပ္ပါတယ္။

“က်ေနာ္ထင္တာကေတာ့ ရွိတယ္မရွိဘူး ေျပာတာထက္ကို ျမန္မာအေရးအခင္းေတြမွာ တရုတ္ကလည္း ၀ိုင္း၀န္းေျဖရွင္းေပးတယ္ဆိုတဲ့သေဘာမ်ိဳးေတာ့ ေျပာႏိုင္တယ္။ အဲဒီလို ၀ိုင္း၀န္းေျဖရွင္းေပးတဲ့ေနရာမွာ ထုိင္းနယ္စပ္ တျခားေသာ နယ္စပ္ေတြက သူနဲ႔ မဆိုင္ေတာ့ ေျပာမွာ မဟုတ္ဘူး။ ဒါေပမယ့္ က်ေနာ္တို႔ ေျမာက္ပိုင္း တရုတ္နယ္စပ္မွာ ရွိတဲ့ အဖြဲ႔အစည္းေတြနဲ႔ ပတ္သက္လို႔ အဲဒီလို ၾကား၀င္ေျဖရွင္းေပးဖို႔ ၾကိဳးစားေနတယ္။ နယ္စပ္ျပႆနာေတြျဖစ္တဲ့ IDP ျပန္လည္ေနရာ ခ်ထားေရးမွာ ပူးေပါင္းေဆာင္ရြက္ ေနတယ္ စသည္ျဖင့္ အဲဒါကေတာ့ က်ေနာ္တို႔ လက္ရွိ တရုတ္အစိုးရကေတာ့ လက္ခံႏိုင္တဲ့အေျခအေန ျဖစ္ေကာင္းျဖစ္ႏိုင္ ပါတယ္။ သို႔ေသာ္ Buffer ဆိုတဲ့ သေဘာမ်ိဳး ထားတယ္ဆိုရင္ေတာ့ လက္ရွိျပည္ေထာင္စုအစိုးရ လက္ခံဖုိ႕ ခက္ခဲႏိုင္တဲ့သေဘာမ်ိဳးကို ေျပာတယ္လို႔ က်ေနာ္ ယူဆပါတယ္ခင္ဗ်။”

လက္ရွိမွာ အပစ္အခတ္ရပ္စဲေရးဆုိင္ရာ ေဆြးေႏြးမႈေတြ ရပ္တန္႔ေနေပမယ့္ အခုႏွစ္ ၂၀၂၀ ခုႏွစ္ထဲမွာေတာ့ ေဆြးေႏြးမႈေတြ ျပန္စႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ေၾကာင္း ဗုိလ္မွဴးႀကီး ခြန္ဥကၠာက ေျပာပါတယ္။

“ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ ၂၀၁၉ အထိေတာ့ ရပ္တန္႔ေနတယ္။ ဒီ ၂၀၂၀ မွာ က်ေနာ္တို႔ JICM အစည္းအေ၀း တရား၀င္ေခၚၿပီးတဲ့ေနာက္မွာ တရား၀င္ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားတြင္ ယာယီရပ္ဆိုင္းထားေသာအဖြဲ႔ ၊ တရား၀င္ JICM အစည္းအေ၀းမ်ားေတြ ယာယီရပ္ဆိုင္းထားေသာအဖြဲ႔ ဒီအဖြဲ႔ေတြအားလံုးက တေပါင္းတည္း ပါလာၿပီးေတာ့ ၂၀၂၀ မွာ က်ေနာ္တို႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေရွ႕တိုးႏိုင္ဖို႔အတြက္ ဆက္လုပ္ရမယ့္ ကိစၥေတြအားလံုးကို သေဘာတူညီၿပီးသား ျဖစ္ပါတယ္ခင္ဗ်။ သေဘာတူညီၿပီးသား ျဖစ္တဲ့အတြက္ အားလံုးက ျပင္ဆင္ေနပါတယ္။ ဒီ သေဘာတူညီခ်က္အတိုင္းေပါ့ အဲဒီ သေဘာတူညီခ်က္ ၈ ခ်က္အေပၚမွာ အားလံုး ၀ိုင္း၀န္းႀကိဳးပမ္းေနတဲ့ေနရာမွာ ခုနကေျပာတဲ့ Buffer တို႔ (သို႔မဟုတ္) ေျမာက္ပိုင္းအဖြဲ႔မ်ားအေနနဲ႔လည္း ဒီျဖစ္ေပၚ တိုးတက္ေနတဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ ဆက္လက္ပါ၀င္ႏိုင္ေရးေပါ့ ၊ နည္းလမ္းရွာေဖြၾကဖို႔လည္း ႀကိဳးပမ္းေနတယ္လို႔ က်ေနာ္တို႔ သိရပါတယ္။ အဲဒီလို ႀကိဳးပမ္းတဲ့ေနရာမွာလည္း တရုတ္သမၼတကိုယ္တိုင္ ျမန္မာျပည္လာလည္မယ္ ၊ ေနာက္ၿပီးေတာ့ သူကိုယ္တိုင္လည္း တျပည္လံုး ပစ္ခတ္ရပ္စဲေရး NCA စာခ်ဳပ္ ခ်ဳပ္ထားတဲ့ အဖြ႔ဲအစည္းမ်ားနဲ႔လည္း ပူးေပါင္းေဆာင္ရြက္ဖို႔ ျပင္ဆင္ေနတယ္ဆိုတာလည္း က်ေနာ္တို႔အေနနဲ႔ ႀကိဳဆိုၿပီးေတာ့ ထိုးဖို႔ အဆင္သင့္မျဖစ္ေသးတဲ့ အဖြဲ႔အစည္းမ်ားပါ၀င္လာေအာင္ က်ေနာ္တို႔ ေဆြးေႏြးဖိတ္ေခၚဖို႔ တာ၀န္အားလံုး ဆက္လက္ယူရမယ့္ သေဘာရွိပါတယ္။”

ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္က တရုတ္သမၼတကုိ မေန႔ညက ညစာစားပြဲနဲ႔ တည္ခင္းဧည့္ခံခဲ့ၿပီး MICC 2 ျမန္မာကြန္ဗန္းရွင္စင္တာမွာ ျပဳလုပ္တဲ့ တ႐ုတ္ျမန္မာ ဆက္ဆံေရး ႏွစ္ ၇၀ ျပည့္ အခမ္းအနားကို ေခါင္းေဆာင္ ၂ ဦး တက္ေရာက္ခဲ့ၾကပါတယ္။

ဒီကေန႔မွာေတာ့ တရုတ္သမၼတဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ထပ္မံ ေတြ႔ဆုံၿပီး ႏွစ္ႏိုင္ငံလုပ္ေဆာင္မယ့္ စီမံကိန္းေတြ၊ ကုန္သြယ္ေရး လုပ္ငန္းေတြနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈ အေၾကာင္းေတြကို ေဆြးေႏြးၾကမွာျဖစ္ၿပီး ေက်ာက္ျဖဳ ေရနက္ဆိပ္ကမ္းရဲ႕ ဒုတိယ အစိတ္အပိုင္း စာခ်ဳပ္ခ်ဳပ္ဆုိဖုိ႔ ရွိသလို ႏွစ္ႏိုင္ငံနယ္ျခားေဒသ အထူးစီးပြာေရးဇုံေတြ အျမန္ဆုံအေကာင္အထည္ေဖာ္ေရးနဲ႔ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း စတင္ လုပ္ေဆာင္ဖို႔ နားလည္မႈ စာခြၽန္လႊာေတြ ေရးထိုးဖို႔ ရွိပါတယ္။ တဆက္တည္းမွာဘဲ ျမန္မာႏိုင္ငံက လယ္ယာထြက္ကုန္ေတြကို တ႐ုတ္ႏိုင္ငံက တရားဝင္ တင္သြင္းခြင့္ ျပဳေရးဆုိင္ရာ သေဘာတူလက္မွတ္ ေရးထိုးဖို႔လည္း ရွိေနပါတယ္။

အဲဒီေနာက္မွာေတာ့ တရုတ္သမၼတဟာ ျမန္မာႏုိင္ငံကေန ျပန္လည္ ထြက္ခြာမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကို တရုတ်က ကြားခံအဖြစ် သုံးနေသလား

(Unicode)

မြန်မာနိုင်ငံကို ၂ ရက်ကြာခရီးစဉ်အဖြစ် ဇန်နဝါရီ ၁၇ ရက်နေ့က ရောက်လာတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဒီကနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ လတ်တလော ရပ်ဆိုင်းနေတဲ့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးမှုတွေ ပြန်စနိုင်ရေး ဒီခရီးစဉ်အတွင်း တရုတ်သမ္မတက နှစ်ဘက်စလုံးကို ဘယ်လောက်အထိ ဖိအားပေး ပြောဆိုမလဲဆိုတာကို အများက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။ လက်ရှိအစိုးရကရော တရုတ်နိုင်ငံအနေနဲ့ ဘယ်လို အခန်းကဏ္ဍတွေက ပါဝင် လုပ်ဆောင်စေချင်ပါသလဲဆိုတာကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ရေး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဖြစ်ပေါ်ဖို့ တရုတ်အစိုးရက ဖိအားပေး ပြောဆိုမှုတွေ ရှိနေတာပါ။ အထူးသဖြင့် တရုတ်အစိုးရရဲ့ ဖိအားပေးမှုတွေကြောင့် တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ခဲ့တယ်လို့ အများစုက ယုံကြည်ထားကြတာပါ။

သမ္မတ ရှီကျင့်ဖျင်ရဲ့ အခုခရီးစဉ်အတွင်း မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဘာတွေကို ဆွေးနွေးကြတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြန်လည် စတင်နိုင်ရေးကိစ္စတွေကတော့ မဖြစ်မနေ ပါဝင်မယ့်အကြောင်းအရာတွေ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ၂၀၁၇ ခုနှစ်က ကျင်းပတဲ့ One Belt One Road ရပ်ဝန်းတခု လမ်းကြောင်းတခု စီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သီးခြား တွေ့ဆုံကြတာမှာ

တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းမှာ ကူညီပေးဖို့၊ မြန်မာအစိုးရနဲ့ဆက်ဆံတဲ့အခါ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို Buffer (ကြားခံ) အဖြစ် မသုံးဖို့ စတဲ့ အချက် နှစ်ချက်ကို တင်ပြ ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲမှာပါဝင်တဲ့ အစိုးရ အကြီးတန်းတာဝန်ရှိသူတဦးကို ကိုးကားပြီး အဲဒီအချိန်က သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်က တရုတ်သမ္မတကို အဲဒီလို ပြောဆိုခြင်းက ပြည်ပနိုင်ငံတွေက နယ်စပ်ဒေသမှာ ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုခုကို အသုံးချပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်လာမှာကို ဟန့်တားတဲ့အနေနဲ့ အဲဒီလို ပြောဆိုခဲ့ခြင်း ဖြစ်နိုင်ကြောင်း PNLO ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ရဲ့ နာယကလည်းဖြစ်၊ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ အစဉ်တစိုက် ပါဝင်ခဲ့သူတဦးလည်းဖြစ်တဲ့ ဗိုလ်မှုးကြီး ခွန်ဥက္ကာက သုံးသပ်ပါတယ်။

“မြန်မာပြည်မြောက်ပိုင်းမှာ ရှိတဲ့နယ်မြေတွေမှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကို မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မယ်၊ ညှိနှိုင်းဆောင်ရွက်မယ်။ သို့မဟုတ် ကျနော်တို့ တိုင်းပြည်ရဲ့ ရှေ့ရေးပေါ့ အဲဒီကိစ္စတွေမှာ ကိုယ့်ပြည်တွင်းကိစ္စတွေမှာ Domestic affair တွေမှာ ပါဝင်ဆောင်ရွက်ကြဖို့ ဒါကတော့ ကျနော်တို့ ထင်တယ် ပြည်ထောင်စုအစိုးရမှာ ဖိတ်ခေါ်ဖို့ တာဝန်ရှိတယ်။ သို့သော် ပြင်ပနိုင်ငံတခုက အဲဒီအဖွဲ့တွေကို အကြောင်းပြုပြီးတော့ Buffer (ကြားခံ) အသုံးပြုပြီးတော့ Domestic affair မှာ ပြည်တွင်းကိစ္စတွေမှာ ဝင်ရောက်စွက်ဖက် မယ့်ပုံစံကို ဟန့်တားချင်တဲ့သဘောနဲ့ ပြောတယ်လို့ ကျနော်ယူဆပါတယ်။”

တရုတ်-မြန်မာနယ်စပ်ဒေသမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကြားခံအဖြစ် အသုံးချတယ်၊ မချဘူးဆိုတာထက် မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် တရုတ်အစိုးရက ကူညီ ဆောင်ရွက်ပေးနေတာတွေတော့ ရှိတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်ပါတယ်။

“ကျနော်ထင်တာကတော့ ရှိတယ်မရှိဘူး ပြောတာထက်ကို မြန်မာအရေးအခင်းတွေမှာ တရုတ်ကလည်း ဝိုင်းဝန်းဖြေရှင်းပေးတယ်ဆိုတဲ့သဘောမျိုးတော့ ပြောနိုင်တယ်။ အဲဒီလို ဝိုင်းဝန်းဖြေရှင်းပေးတဲ့နေရာမှာ ထိုင်းနယ်စပ် တခြားသော နယ်စပ်တွေက သူနဲ့ မဆိုင်တော့ ပြောမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ မြောက်ပိုင်း တရုတ်နယ်စပ်မှာ ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ အဲဒီလို ကြားဝင်ဖြေရှင်းပေးဖို့ ကြိုးစားနေတယ်။ နယ်စပ်ပြဿနာတွေဖြစ်တဲ့ IDP ပြန်လည်နေရာ ချထားရေးမှာ ပူးပေါင်းဆောင်ရွက် နေတယ် စသည်ဖြင့် အဲဒါကတော့ ကျနော်တို့ လက်ရှိ တရုတ်အစိုးရကတော့ လက်ခံနိုင်တဲ့အခြေအနေ ဖြစ်ကောင်းဖြစ်နိုင် ပါတယ်။ သို့သော် Buffer ဆိုတဲ့ သဘောမျိုး ထားတယ်ဆိုရင်တော့ လက်ရှိပြည်ထောင်စုအစိုးရ လက်ခံဖို့ ခက်ခဲနိုင်တဲ့သဘောမျိုးကို ပြောတယ်လို့ ကျနော် ယူဆပါတယ်ခင်ဗျ။”

လက်ရှိမှာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးမှုတွေ ရပ်တန့်နေပေမယ့် အခုနှစ် ၂၀၂၀ ခုနှစ်ထဲမှာတော့ ဆွေးနွေးမှုတွေ ပြန်စနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ၂၀၁၉ အထိတော့ ရပ်တန့်နေတယ်။ ဒီ ၂၀၂၀ မှာ ကျနော်တို့ JICM အစည်းအဝေး တရားဝင်ခေါ်ပြီးတဲ့နောက်မှာ တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများတွင် ယာယီရပ်ဆိုင်းထားသောအဖွဲ့ ၊ တရားဝင် JICM အစည်းအဝေးများတွေ ယာယီရပ်ဆိုင်းထားသောအဖွဲ့ ဒီအဖွဲ့တွေအားလုံးက တပေါင်းတည်း ပါလာပြီးတော့ ၂၀၂၀ မှာ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့တိုးနိုင်ဖို့အတွက် ဆက်လုပ်ရမယ့် ကိစ္စတွေအားလုံးကို သဘောတူညီပြီးသား ဖြစ်ပါတယ်ခင်ဗျ။ သဘောတူညီပြီးသား ဖြစ်တဲ့အတွက် အားလုံးက ပြင်ဆင်နေပါတယ်။ ဒီ သဘောတူညီချက်အတိုင်းပေါ့ အဲဒီ သဘောတူညီချက် ၈ ချက်အပေါ်မှာ အားလုံး ဝိုင်းဝန်းကြိုးပမ်းနေတဲ့နေရာမှာ ခုနကပြောတဲ့ Buffer တို့ (သို့မဟုတ်) မြောက်ပိုင်းအဖွဲ့များအနေနဲ့လည်း ဒီဖြစ်ပေါ် တိုးတက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဆက်လက်ပါဝင်နိုင်ရေးပေါ့ ၊ နည်းလမ်းရှာဖွေကြဖို့လည်း ကြိုးပမ်းနေတယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီလို ကြိုးပမ်းတဲ့နေရာမှာလည်း တရုတ်သမ္မတကိုယ်တိုင် မြန်မာပြည်လာလည်မယ် ၊ နောက်ပြီးတော့ သူကိုယ်တိုင်လည်း တပြည်လုံး ပစ်ခတ်ရပ်စဲရေး NCA စာချုပ် ချုပ်ထားတဲ့ အဖွ့ဲအစည်းများနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်ဆိုတာလည်း ကျနော်တို့အနေနဲ့ ကြိုဆိုပြီးတော့ ထိုးဖို့ အဆင်သင့်မဖြစ်သေးတဲ့ အဖွဲ့အစည်းများပါဝင်လာအောင် ကျနော်တို့ ဆွေးနွေးဖိတ်ခေါ်ဖို့ တာဝန်အားလုံး ဆက်လက်ယူရမယ့် သဘောရှိပါတယ်။”

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တရုတ်သမ္မတကို မနေ့ညက ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့ပြီး MICC 2 မြန်မာကွန်ဗန်းရှင်စင်တာမှာ ပြုလုပ်တဲ့ တရုတ်မြန်မာ ဆက်ဆံရေး နှစ် ၇၀ ပြည့် အခမ်းအနားကို ခေါင်းဆောင် ၂ ဦး တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့မှာတော့ တရုတ်သမ္မတဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံ တွေ့ဆုံပြီး နှစ်နိုင်ငံလုပ်ဆောင်မယ့် စီမံကိန်းတွေ၊ ကုန်သွယ်ရေး လုပ်ငန်းတွေနဲ့ ရင်းနှီးမြုပ်နှံမှု အကြောင်းတွေကို ဆွေးနွေးကြမှာဖြစ်ပြီး ကျောက်ဖြု ရေနက်ဆိပ်ကမ်းရဲ့ ဒုတိယ အစိတ်အပိုင်း စာချုပ်ချုပ်ဆိုဖို့ ရှိသလို နှစ်နိုင်ငံနယ်ခြားဒေသ အထူးစီးပွာရေးဇုံတွေ အမြန်ဆုံအကောင်အထည်ဖော်ရေးနဲ့ ရန်ကုန်မြို့သစ်စီမံကိန်း စတင် လုပ်ဆောင်ဖို့ နားလည်မှု စာချွန်လွှာတွေ ရေးထိုးဖို့ ရှိပါတယ်။ တဆက်တည်းမှာဘဲ မြန်မာနိုင်ငံက လယ်ယာထွက်ကုန်တွေကို တရုတ်နိုင်ငံက တရားဝင် တင်သွင်းခွင့် ပြုရေးဆိုင်ရာ သဘောတူလက်မှတ် ရေးထိုးဖို့လည်း ရှိနေပါတယ်။

အဲဒီနောက်မှာတော့ တရုတ်သမ္မတဟာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။

XS
SM
MD
LG