သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာက္ျဖဴစီမံကိန္း တ႐ုတ္ႏုိင္ငံနဲ႔ လက္မွတ္ထုိးမယ့္အစီအစဥ္ ကန္႔ကြက္မႈနဲ႔ႀကံဳ


ေက်ာက္ျဖဴ

(Zawgyi/Unicode)

ဒီကေန႔ ျမန္မာႏုိင္ငံကို ေရာက္ရွိေနတဲ့ တရုတ္သမၼတ ခရီးစဥ္မွာ ေက်ာက္ျဖဴ အထူးစီးပြါးေရးဇံု စီမံကိန္းနဲ႔ ပတ္သတ္ၿပီး ႏွစ္ႏို္င္ငံ နားလည္မႈ စာခၽြန္လႊာ MoU ေရးထိုးဖို႔ ရွိတယ္ဆိုၿပီး သတင္းထြက္ေပၚေနတာပါ။

ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ ရခိုင္ေဒသမွာ အဲဒီစီမံကိန္းဟာ ေဒသခံေတြ အတြက္ အက်ိဳးမရွိတာေၾကာင့္ လက္မွတ္ထိုးမယ့္ ကိစၥကို ရပ္တန္႔ထားေစခ်င္တယ္လို႔ ေဒသခံ အရပ္ဖက္ လူမႈအဖြဲ႔အစည္း ၁၈ ဖြဲ႔ ပါဝင္တဲ့ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ေစာင့္ၾကည့္ေရးအဖြဲ႔က ေတာင္းဆိုထားပါတယ္။ သတင္းအျပည့္အစံုကိုေတာ့ ဗီြအိုေအ သတင္းေထာက္ ကိုသက္ႏိုင္က ေမးျမန္းထားပါတယ္။

ရခိုင္ေဒသမွာ အရင္အစိုးရလက္ထက္တုန္းက လုပ္ခဲ့တဲ့ စီမံကိန္းေတြဟာ ေဒသခံေတြအတြက္ အက်ိဳးမရွိသလို အစိုးရအေနနဲ႔ လက္ရွိအခ်ိန္ထိ မေျဖရွင္းႏိုင္ေသးတဲ့ ေျမယာအျငင္းပြားမႈေတြ ရွိေနတာေၾကာင့္ အခုလက္မွတ္ ေရးထိုးမယ့္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ စီမံကိန္းကိုလည္း ရပ္တန္႔ထားေစခ်င္တယ္လို႔ အရပ္ဘက္ လူမႈလူ႕အဖြဲ႔အစည္းေတြရဲ့ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္ ေစာင့္ၾကည့္ေရးအဖြဲ႔ ေျပာခြင့္ရ မ မို႔မိုေအးက ေျပာပါတယ္။

“လက္ရွိမွာေတာ့ ျမေဒးကြ်န္းမွာလယ္ေျမအသိမ္းခံရတယ္။ အဲတာကို အစိုးရဘက္ကေရာ ကုပၼဏီဘက္ကပါ ထိထိေရာက္ေရာက္ ေျဖရွင္းေပးထားတာမရွိေသးဘူး။ အဲတာေၾကာင့္ ေနာက္ထပ္ စီမံကိန္းေတြမွာလည္း ဒီဟာေတြကို စိုးရိမ္တယ္။ လုပ္မယ္ဆိုရင္ အစိုးရဘက္ကေရာ ကုပၼဏီဘက္ကပါ စီမံကိန္းကို ပြင့္ပြင့္လင္းလင္း ခ်ျပဖို႔ လိုအပ္တယ္။ အဲေတာေၾကာင့္ အခုလက္မွတ္ထိုးမယ့္ ကိစၥကို ရပ္တန္႔ဖို႔ ေတာင္းဆိုထားတာပါ။”

ေက်ာက္ျဖဴၿမိဳ႕နယ္နဲ႔ အမ္းၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ၂၀၁၀ ကအေကာင္အထည္ေဖာ္ေဆာင္ရြက္ခဲ့တဲ့ ဂစ္ ပိုက္လိုင္းစီမံကိန္းနဲ႔ ေရနံပိုက္လိုင္းစီမံကိန္းေတြမွ အစိုးရအေနနဲ႔ မေျဖရွင္းႏိုင္ေသးတဲ့ ေျမယာပိုင္ဆိုင္မႈ ျပသာနာေတြနဲ႔ ရွိေနၿပီး ေဒသခံေတြဟာ အခုလို ၁၀ ႏွစ္ေက်ာ္ၾကာ အခြင့္အေရး ခ်ိဳးေဖာက္ခံေနရတယ္လို႔ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္ ေစာင့္ၾကည့္ေရးအဖြဲ႔က ေျပာပါတယ္။

တရုတ္ ကုမၸဏီေတြနဲ႔ လုပ္ေဆာင္ခဲ့တဲ့ စီမံကိန္းႀကီးေတြေၾကာင့္ ေဒသခံေတြ ႀကံဳေနရတဲ့ ျပႆနာေတြကို ေျပလည္ ေအာင္ ေျဖရွင္း မေပး ႏိုင္ေသးခင္ ေနာက္ စီမံကိန္းေတြကို မစဖို႔ ေဒသခံေတြက ေတာင္းဆိုေနတာပါ။ ဒါေၾကာင့္ ဒီကေန႔ ေရာက္ရွိေနတဲ့ တရုတ္သမၼတ ခ်ီက်င့္ဖ်င္ရဲ႕ ျမန္မာႏိုင္ငံခရီစဥ္အတြင္း ေက်ာက္ျဖဴ အထူးစီးပြားေရးဇံု စီမံကိန္း သေဘာတူညီခ်က္ အတြက္ လက္မွတ္ေရးမွာကို မလိုလားဘူးလို႔ ေက်ာက္ျဖဳဴ ျပည္နယ္ လြတ္ေတာ္အမတ္ ဦးေက်ာ္လြင္ ကေျပာ ပါတယ္။

“ဒီလက္မွတ္ထိုးတာက က်ေနာ့္အျမင္ကို ေျပာရရင္ ရွင္းရွင္းလင္းလင္းမရွိဘူး။ SEZ အတြက္ ေျမေနရာ ေတြကို ေျမပိုင္းရွင္ေတြနဲ႔ ရွင္းလင္းတာ တစ္ခုမွမရွိတဲ့အတြက္ က်ေနာ့္ တစ္ဦးတည္ ေျပာရမယ္ ဆိုရင္ က်ေနာ္သေဘာ မတူႏိုင္ဘူး။ လက္မွတ္ထိုးတာကို။ အမွန္တကယ္ေတာ့ SEZကို အမွန္တကယ္ အေကာင္အထည္ ေဖာ္ေတာ့မယ္ ဆိုရင္ အထူးစီးပြားေရးဇုန္ စီမံကိန္းမွာ ပါတဲ့ သူေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးဖို႔လိုတယ္လို႔ ျမင္တယ္။”

အခုလက္မွတ္ေရးထိုးမယ့္ ေက်ာ္ျဖဴ အထူးစီးပြားေရးဇံု စီးမံကိန္းဟာ ေက်ာက္ျဖဴေဒသခံေတြအတြက္ ဘာအာမခံခ်က္မွ မရွိသလို ပဋိပကၡေတြနဲ႔ ျပည့္နက္ေနနဲ႔ ရခိုင္ျပည္နယ္ရဲ႕ အေျခအေနကိုသား ပိုမိုဆိုးရြားေစႏိုင္တယ္လို႔လည္း ေက်ာက္ျဖဴေက်းလက္ေဒသ ဖြံံ႔ျဖိဳးအသင္း ေျပာခြင့္ရာ ကိုထြန္းၾကည္ ကေျပာပါတယ္။

“အခုေတာင္ အဲေလာက္ပ်က္စီးေနတာ အခုလာမယ့္ စီမံကိန္းကလည္း ေဒသခံေတြအတြက္ အလုပ္အကိုင္အခြင့္အလမ္း ဘာမွ အာမခံေပးထားတာမရွိဘူး။ ေနာက္ၿပီးေတာ့ ေဒသခံေတြအတြက္ သိသာထင္ရွားတဲ့ ေျပာင္းလဲ မႈေတြ ျဖစ္လာဖို႔အတြက္ သူတို႔နည္းဗ်ဳဟာ မဟာ ဗ်ဴဟာေတြကို ခ်ျပထားတာမရွိေတာ့ က်ေနာ္ထင္တယ္ ဒါက ပဋိပကၡကို ပိုၿပီးေတာ့ ႀကီးထြားေစမယ္လို႔ ထင္တယ္။”

ျမန္မာအစိုးရအေနနဲ႔ လည္း ေက်ာက္ျဖဴအထူးစီးပြါးေရးဇံု စီမံကိန္းနဲ႔ ပတ္သတ္ၿပီး ေဒသခံျပည္သူေတြနဲ႔ ေဆြးေႏြးတိုင္ပင္သင့္ ေၾကာင္းနဲ႔ ဒီ စီမံကိန္းအေၾကာင္းကို ေဒသခံေတြကို ေသေသခ်ာခ်ာ ခ်ျပၿပီးမွသာ တရုတ္ အစိုးရနဲ႔ လက္မွတ္ထိုးသင့္ တယ္လို႔လည္း လြတ္ေတာ္အမတ္ေတြကေရာ ႔ ေက်ာက္ျဖဴလူမႈ အဖြဲ႔အစည္းေတြက ပါ ေျပာၾကပါတယ္။

ေက်ာက္ျဖဴ အထူး စီးပြါးေရးဇံု အတြက္ စဥ္းစားမယ္ ဆိုရင္ ေဒသခံေတြ မိရိုးဖလာ ပိုင္ဆိုင္တဲ့ ေျမယာေတြကို ဥပေဒေၾကာင္းအရ တရားဝင္ အသိအမွတ္ျပဳေပးဖို႔နဲ႔ ေဒသခံေတြရဲ႕ ဆံုးရႈံးနစ္နာမႈေတြအတြက္ အစိုးရအေနနဲ႔ အစားထိုးလုပ္ငန္းေတြ လံုေလာက္တဲ့ အလုပ္အကိုင္အခြင့္ အလမ္းေတြ ဖန္တီးေပးဖို႔ လုိအပ္တယ္လို႔လည္း ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ေစာင့္ၾကည့္ေရးအဖြဲ႔က ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

ကျောက်ဖြူစီမံကိန်း တရုတ်နိုင်ငံနဲ့ လက်မှတ်ထိုးမယ့်အစီအစဉ် ကန့်ကွက်မှုနဲ့ကြုံ

(Unicode)

ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်သမ္မတ ခရီးစဉ်မှာ ကျောက်ဖြူ အထူးစီးပွါးရေးဇုံ စီမံကိန်းနဲ့ ပတ်သတ်ပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ MoU ရေးထိုးဖို့ ရှိတယ်ဆိုပြီး သတင်းထွက်ပေါ်နေတာပါ။ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ဒေသမှာ အဲဒီစီမံကိန်းဟာ ဒေသခံတွေ အတွက် အကျိုးမရှိတာကြောင့် လက်မှတ်ထိုးမယ့် ကိစ္စကို ရပ်တန့်ထားစေချင်တယ်လို့ ဒေသခံ အရပ်ဖက် လူမှုအဖွဲ့အစည်း ၁၈ ဖွဲ့ ပါဝင်တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့က တောင်းဆိုထားပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က မေးမြန်းထားပါတယ်။

ရခိုင်ဒေသမှာ အရင်အစိုးရလက်ထက်တုန်းက လုပ်ခဲ့တဲ့ စီမံကိန်းတွေဟာ ဒေသခံတွေအတွက် အကျိုးမရှိသလို အစိုးရအနေနဲ့ လက်ရှိအချိန်ထိ မဖြေရှင်းနိုင်သေးတဲ့ မြေယာအငြင်းပွားမှုတွေ ရှိနေတာကြောင့် အခုလက်မှတ် ရေးထိုးမယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကိုလည်း ရပ်တန့်ထားစေချင်တယ်လို့ အရပ်ဘက် လူမှုလူ့အဖွဲ့အစည်းတွေရဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့ ပြောခွင့်ရ မ မို့မိုအေးက ပြောပါတယ်။

“လက်ရှိမှာတော့ မြဒေးကျွန်းမှာလယ်မြေအသိမ်းခံရတယ်။ အဲတာကို အစိုးရဘက်ကရော ကုပ္မဏီဘက်ကပါ ထိထိရောက်ရောက် ဖြေရှင်းပေးထားတာမရှိသေးဘူး။ အဲတာကြောင့် နောက်ထပ် စီမံကိန်းတွေမှာလည်း ဒီဟာတွေကို စိုးရိမ်တယ်။ လုပ်မယ်ဆိုရင် အစိုးရဘက်ကရော ကုပ္မဏီဘက်ကပါ စီမံကိန်းကို ပွင့်ပွင့်လင်းလင်း ချပြဖို့ လိုအပ်တယ်။ အဲတောကြောင့် အခုလက်မှတ်ထိုးမယ့် ကိစ္စကို ရပ်တန့်ဖို့ တောင်းဆိုထားတာပါ။”

ကျောက်ဖြူမြို့နယ်နဲ့ အမ်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၀ ကအကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ ဂစ် ပိုက်လိုင်းစီမံကိန်းနဲ့ ရေနံပိုက်လိုင်းစီမံကိန်းတွေမှ အစိုးရအနေနဲ့ မဖြေရှင်းနိုင်သေးတဲ့ မြေယာပိုင်ဆိုင်မှု ပြသာနာတွေနဲ့ ရှိနေပြီး ဒေသခံတွေဟာ အခုလို ၁၀ နှစ်ကျော်ကြာ အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

တရုတ် ကုမ္ပဏီတွေနဲ့ လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းကြီးတွေကြောင့် ဒေသခံတွေ ကြုံနေရတဲ့ ပြဿနာတွေကို ပြေလည် အောင် ဖြေရှင်း မပေး နိုင်သေးခင် နောက် စီမံကိန်းတွေကို မစဖို့ ဒေသခံတွေက တောင်းဆိုနေတာပါ။ ဒါကြောင့် ဒီကနေ့ ရောက်ရှိနေတဲ့ တရုတ်သမ္မတ ချီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီစဉ်အတွင်း ကျောက်ဖြူ အထူးစီးပွားရေးဇုံ စီမံကိန်း သဘောတူညီချက် အတွက် လက်မှတ်ရေးမှာကို မလိုလားဘူးလို့ ကျောက်ဖြုူ ပြည်နယ် လွတ်တော်အမတ် ဦးကျော်လွင် ကပြော ပါတယ်။

“ဒီလက်မှတ်ထိုးတာက ကျနော့်အမြင်ကို ပြောရရင် ရှင်းရှင်းလင်းလင်းမရှိဘူး။ SEZ အတွက် မြေနေရာ တွေကို မြေပိုင်းရှင်တွေနဲ့ ရှင်းလင်းတာ တစ်ခုမှမရှိတဲ့အတွက် ကျနော့် တစ်ဦးတည် ပြောရမယ် ဆိုရင် ကျနော်သဘော မတူနိုင်ဘူး။ လက်မှတ်ထိုးတာကို။ အမှန်တကယ်တော့ SEZကို အမှန်တကယ် အကောင်အထည် ဖော်တော့မယ် ဆိုရင် အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ပါတဲ့ သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့လိုတယ်လို့ မြင်တယ်။”

အခုလက်မှတ်ရေးထိုးမယ့် ကျော်ဖြူ အထူးစီးပွားရေးဇုံ စီးမံကိန်းဟာ ကျောက်ဖြူဒေသခံတွေအတွက် ဘာအာမခံချက်မှ မရှိသလို ပဋိပက္ခတွေနဲ့ ပြည့်နက်နေနဲ့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေကိုသား ပိုမိုဆိုးရွားစေနိုင်တယ်လို့လည်း ကျောက်ဖြူကျေးလက်ဒေသ ဖွံံ့ဖြိုးအသင်း ပြောခွင့်ရာ ကိုထွန်းကြည် ကပြောပါတယ်။

“အခုတောင် အဲလောက်ပျက်စီးနေတာ အခုလာမယ့် စီမံကိန်းကလည်း ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဘာမှ အာမခံပေးထားတာမရှိဘူး။ နောက်ပြီးတော့ ဒေသခံတွေအတွက် သိသာထင်ရှားတဲ့ ပြောင်းလဲ မှုတွေ ဖြစ်လာဖို့အတွက် သူတို့နည်းဗျုဟာ မဟာ ဗျူဟာတွေကို ချပြထားတာမရှိတော့ ကျနော်ထင်တယ် ဒါက ပဋိပက္ခကို ပိုပြီးတော့ ကြီးထွားစေမယ်လို့ ထင်တယ်။”

မြန်မာအစိုးရအနေနဲ့ လည်း ကျောက်ဖြူအထူးစီးပွါးရေးဇုံ စီမံကိန်းနဲ့ ပတ်သတ်ပြီး ဒေသခံပြည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်သင့် ကြောင်းနဲ့ ဒီ စီမံကိန်းအကြောင်းကို ဒေသခံတွေကို သေသေချာချာ ချပြပြီးမှသာ တရုတ် အစိုးရနဲ့ လက်မှတ်ထိုးသင့် တယ်လို့လည်း လွတ်တော်အမတ်တွေကရော့ ကျောက်ဖြူလူမှု အဖွဲ့အစည်းတွေက ပါ ပြောကြပါတယ်။

ကျောက်ဖြူ အထူး စီးပွါးရေးဇုံ အတွက် စဉ်းစားမယ် ဆိုရင် ဒေသခံတွေ မိရိုးဖလာ ပိုင်ဆိုင်တဲ့ မြေယာတွေကို ဥပဒေကြောင်းအရ တရားဝင် အသိအမှတ်ပြုပေးဖို့နဲ့ ဒေသခံတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် အစိုးရအနေနဲ့ အစားထိုးလုပ်ငန်းတွေ လုံလောက်တဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေ ဖန်တီးပေးဖို့ လိုအပ်တယ်လို့လည်း ကျောက်ဖြူအထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့က တောင်းဆိုထားပါတယ်။

XS
SM
MD
LG