သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရာဇဝတ်ဂိုဏ်းရဲ့ ကရင်ပြည်နယ်မြို့သစ်စီမံကိန်းတွေမှာ ကရင် BGF နဲ့ အပစ်ရပ်အဖွဲ့တွေ ဆက်စပ်နေနိုင် (ဦးဇော်ဌေး)


ကရင်ပြည်နယ် မြဝတီမြို့အနီးက ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း (ဓာတ်ပုံ - RFA)
ကရင်ပြည်နယ် မြဝတီမြို့အနီးက ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း (ဓာတ်ပုံ - RFA)

(Zawgyi/Unicode)

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်ထဲက မြို့သစ်စီမံကိန်းမှာ တရုတ်ရာဇဝတ်ဂိုဏ်းသားတွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းအပေါ် အစိုးရဘက်က ဘယ်လို တုံ့ပြန်လဲဆိုတာကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုစည်သူက ပြောပြပေးပါမယ်။

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး (ဓာတ်ပုံ - Zaw Htay's Facebook)
သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး (ဓာတ်ပုံ - Zaw Htay's Facebook)

ကရင်ပြည်နယ် ထိုင်းနယ်စပ် မြဝတီမြို့အနီး တရုတ်ကုမ္ပဏီတွေ ဆောက်လုပ်နေတဲ့ မြို့သစ် ၂ ခုရဲ့ ဦးဆောင်သူတွေထဲ တရုတ်ရာဇဝတ်ဂိုဏ်းဝင်တွေ ပါဝင်ပတ်သတ်နေတာကို အစိုးရက အချက်အလက် ရရှိထားကြောင်း အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက VOA ကို ပြောပါတယ်။

“အဲဒါကမြေပုံတွေ ဒီလူရဲ့ အချက်အလက်တွေပေါ့နော်။ ကမ္ဘောဒီးယားမှာ ကာဆီနို လုပ်ခဲ့တယ် ပြီးရင် Criminal နဲ့ သူနေလို့မရတော့ မြန်မာနိုင်ငံမှာ တချို့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပြီးတော့ လာလုပ်တာ အဲဒါ information အစောကြီးကတည်းက ရပါတယ်။”

မြဝတီမြို့မြောက်ဘက် ထိုင်းနယ်စပ်နားမှာဆောက်လုပ်နေတဲ့ အထူးစီးပွားရေးစီမံကိန်းမှာ ဟိုတယ်တွေ ၊ အိမ်ရာစီမံကိန်းတွေနဲ့ ကာစီနိုလောင်းကစားရုံတွေ ဆောက်လုပ်နေတာဟာ စိုးရိမ်စရာဖြစ်တယ်လို့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျူ့ (USIP) က ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒီစီမံကိန်းမှာ တရုတ်ရာဇဝတ်ဂိုဏ်းသားတွေ ပါဝင်နေတာဟာ မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်နဲ့ ဆက်စပ်နေတာအပြင် အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့လည်း ဆက်စပ်နိုင်တာမို့ လက်နက်ကိုင်အဖွဲ့တွေကို ညှိနှိုင်းထားတယ်လို့ အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် အစိုးရ ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

“ကျနော်တို့မှာနှစ်ပိုင်းရှိပါတယ် တစ်ပိုင်းက NCA လတ်မှတ်ရေးထိုးထားတဲ့ EAO တွေပေ့ါနော် ... ကရင်ပြည်နယ်မှာဆိုရင် သုံးဖွဲ့ရှိတယ်။ ဒီသုံးဖွဲ့နဲ့ ဆက်စပ်တာတွေဆိုရင်တော့ ကျနော်တို့ အစိုးရကနေပြီးတော့ ဒီ EAO တွေကို ဆက်သွယ်ပြီးတော့ လုပ်တာတွေ ရှိတယ်။ တချို့အဖွဲ့အစည်းတွေကျတော့ အရင်တုန်းကတော့ EAO ဖြစ်တယ်။ လတ်တလောမှာတော့ တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရောက်နေတဲ့အဖွဲ့တွေ ရှိတယ်။ ဥပမာ BGF ပေ့ါနော် ... BGF နယ်မြေကျရင်တော့ တပ်မတော်ကို information ပေးတယ် တပ်မတော်ရဲ့ လက်အောက်အဖွဲ့အစည်းဖြစ်တဲ့အတွက် ကြပ်မတ်သွားဖို့ပေ့ါနော်။”

ထိုင်းမြန်မာနယ်စပ်က စီမံကိန်းအသစ်တွေမှာ တပ်မတော်လက်အောက်ခံ BGF နဲ့ ငြိမ်းချမ်းရေး လတ်မှတ်ထိုးထားတဲ့ KNU လက်နက်ကိုင်တွေရဲ့ နယ်မြေထဲမှာဖြစ်တာမို့မြန်မာအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝ မရှိဘူးလို့ USIP ရဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။

ကရင်ပြည်နယ်မြို့သစ်စီမံကိန်း (ဓာတ်ပုံ RFA)
ကရင်ပြည်နယ်မြို့သစ်စီမံကိန်း (ဓာတ်ပုံ RFA)

မြို့သစ်တည်ဆောက်ရေး တရုတ်ကုမ္ပဏီမှာ ပါဝင်တဲ့အထဲက ရာဇဝတ်ဂိုဏ်းသားဟာ ကမ္ဘောဒီးယားနိုင်ငံ မြို့သစ်တခုမှာ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ခဲ့ဖူးပြီး တရုတ်ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ နှိမ်နှင်းခဲ့ရဖူးတယ်လို့ USIP ရဲ့ စာတမ်းမှာ ပါဝင်ရေးသားသူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အကြီးတန်း သံတမန်ဟောင်း တဦးဖြစ်တဲ့ Priscilla Clapp က VOA နဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခုမှာ ပြောထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်ထဲမှာ တရုတ်ကုမ္ပဏီပိုင် စီမံကိန်း သုံးခု ရှိနေပြီး တရုတ်ကုမ္ပဏီတွေနဲ့ မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပူးတွဲဆောင်ရွက်ချက်တွေဟာ မြန်မာအစိုးရရဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ငြိမ်းချမ်းရေးတည်ဆောက်ရေးအပြင် အခုလို ရာဇဝတ်ပတ်သတ်မှုကြောင့် တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်း ပုံရိပ်ကိုပါ ထိခိုက်နိုင်တယ်လို့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူ့ (USIP) ရဲ့ စာတမ်းမှာရေးသားထားပါတယ်ခင်ဗျာ။

[Unicode Version]








ကရင်ပြည်နယ် မြဝတီမြို့အနီးက ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း (ဓာတ်ပုံ - RFA)
ကရင်ပြည်နယ် မြဝတီမြို့အနီးက ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း (ဓာတ်ပုံ - RFA)




XS
SM
MD
LG