သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကရင္တုိင္းရင္းသား လႈပ္ရွားသူ Billy သတ္ျဖတ္ခံရမႈ တာ၀န္ရွိေတြကုိ စစ္ေဆးမည္


အသတ္ခံရတဲ့ ႏိုင္ဘီလီအမႈကို လိုက္ပါ ေဆာင္ရြက္ေပးေနတဲ့ ထိုင္းေရွ႕ေနႀကီး Mr. Surapong Kongchantuk
ကရင္တုိင္းရင္းသားအေရး လႈပ္ရွားသူ Billy ေခၚ Porlajee Rakchongcharoen သတ္ျဖတ္ခံရမႈနဲ႔ ဆက္ႏြယ္ၿပီး ထုိင္းသစ္ေတာ အရာရွိေတြ အပါအ၀င္ လူ ၄ ဦးကုိ တရား႐ုံးက စစ္ေဆးေတာ့မွာျဖစ္ေၾကာင္း အမႈမွာလုိက္ပါ အက်ုဳိးေဆာင္ေပးေနတဲ့ ထုိင္းလူ႔အခြင့္အေရး ေရွ႕ေနက ေျပာပါတယ္။
ထိုင္းနိုင္ငံ Phetchaburi ခရိုင္ Kaeng Krachan အမ်ိဳးသားသစ္ေတာထဲမွာ လြန္ခဲ့တဲ့ ၅ ႏွစ္ကေပ်ာက္ဆံုးသြားခဲ့ၿပီးေနာက္ မၾကာေသးခင္ကမွ အေလာင္းကုိ ျပန္ရွာေတြ႔ခဲ့ၿပီးေနာက္ လူသတ္မႈနဲ႔ ထုိင္းအာဏာပုိင္ေတြ စုံစမ္းစစ္ေဆးေနၾကတာပါ။ ကရင္တုိင္းရင္းသား Billy ေသဆုံးမႈ ေနာက္ဆုံးအေျခအေနနဲ႔ ပတ္သက္လုိ႔ ဆက္သြယ္စုံစမ္းထားတဲ့ ဗြီအုိေအ ျမန္မာပုိင္း ထုိင္းအေျခစုိက္ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။
ေသဆုံးသြားတဲ့ ကရင္ လူ႔အခြင့္အေရး တက္ၾကြလႈပ္ရွားသူ Porlajee "Billy" Rakchongcharoen အမႈနဲ႔ ပတ္သက္လုိ႔ ထိုင္းႏိုင္ငံ အထူးစံုစမ္းစစ္ေဆးေရးအဖြဲ ့ DSI က ေလးလတာ စစ္ေဆးခဲ့ျပီးတဲ့ေနာက္ သစ္ေတာအၾကီးတန္း အရာရွိေတြ ပါ၀င္ေနတဲ့ ေလး ဦးကို လူသတ္မႈ၊ တရားမ၀င္ ဖမ္းဆီးခ်ဳပ္ေနွာင္မႈ၊ လုယက္မႈတုိ႔နဲ ့ ရံုးတင္တရားစြဲမွာ ျဖစ္ေၾကာင္း ထုိင္းေရွ႕ေနမ်ားေကာင္စီရဲ႕ ကေလးသူငယ္မ်ား လူမ်ိဳးစုမ်ား ႏိုင္ငံမဲ့မ်ား အေရးနဲ႔ ေရႊ႕ေျပာင္း အလုပ္သမားေရးဆိုင္ရာ ဆပ္ေကာ္မတီဥကၠ႒ ထိုင္းေရွ႕ေနၾကီး နိုင္ဆူရဖုန္း Surapong Kongchantuk က ေျပာပါတယ္။
“ထိုင္းႏိုင္ငံရဲ့ တရားဥပေဒက ထုိင္းႏိုင္ငံသားေတြေကာ၊ တုိင္းရင္းသားေတြအတြက္ပါ တေျပးညီဥပေဒျဖစ္ရမယ္။ တုိင္းရင္းသားေတြက က်ဴးေက်ာ္ျပီး ေနခဲ့တာ မဟုတ္ဘူး။ သူတို႔ ဘုိးဘြားဘီဘင္ လက္ထက္ကတည္းက ေရၾကည္ရာျမက္ႏုရာကုိ ရွာေဖြသြားလာျပီး ေနခဲ့ႀကတာ ျဖစ္တယ္။ ႏိုင္ဘီလီက သူ ကရင္အမ်ိဳးသားေတြအေရးနဲ ပတ္သက္လုိ႔ သက္ေသလိုက္ၿပီး တရားရံုးမွာ ထြက္ဆိုခဲ့လို႔ ႏိုင္ဘီလီကိုႏႈတ္ပိတ္တဲ့ အေနနဲ႔ သစ္ေတာဌာနက သတ္ျဖတ္ခဲ့တာ ျဖစ္တယ္။ အဲဒီ မွာတာ၀န္ရွိသူ ေလး ေယာက္က တရားရံုးမွာ လာအစစ္ေဆးခံရေတာ့မွာ ျဖစ္ပါတယ္။” ထုိင္းဘာသာစကားနဲ႔ ေျပာသြားတာပါ။
ႏုိင္ဘီလီယာ ထုိင္းႏုိင္ငံသား ခံယူထားတဲ့ ကရင္လူမ်ဳိး တဦး ျဖစ္ပါတယ္။ သူဟာ ကရင္အမ်ဳိးသားအေရးေတြကုိ တက္ၾကြစြာ ပါ၀င္ လုပ္ေဆာင္ေပးေနသူျဖစ္ၿပီး ၂၀၁၄ ခုႏွစ္ ျပီလ ၁၇ ရက္ေန႔က ထိုင္းနိုင္ငံ ဖက္ခ်ဘူရီခရိုင္၊ ကန္ကရခ်န္ အမ်ိဳးသား သစ္ေတာၾကိဳး၀ိုင္း အတြင္းမွာ သစ္ေတာ၀န္ထမ္းေတြ ဖမ္းဆီးျပိီးေနာက္ ေပ်ာက္ဆံုးသြားခဲ့တာပါ။ သူ႔ရဲ အေလာင္းကိုေတာ့ ၂၀၁၉ ခုု ၾသဂုတ္လ လကုန္ပုိင္းမွာ ျပန္ေတြ ့ခဲ့ပါတယ္။
အမ်ိဳးသား သစ္ေတာႀကိဳး၀ုိင္းထဲက ေရအိုင္ထဲမွာ သူအေလာင္းကို သံစည္ပုိင္းထဲထည့္ျပီး ျမႇဳပ္ထားတာကို ေတြခဲ့ရေႀကာင္း DSI အထူးစံုစမ္းစစ္ေဆးေရးအဖဲြ႔က စက္တင္ဘာလ ၃ ရက္ေန႔မွာ ထုတ္ေဖာ္ခဲ့ပါတယ္။
ထိုင္းျမန္မာနယ္စပ္ဘက္ခ ်ဘူရီ ခရိုင္ သစ္ေတာထဲမွာ ေနထုိုင္ေနၾကတဲ့ ကရင္ရြာကိုက်ဴးေက်ာ္ေနထုိင္တယ္ဆိုျပီး ထိုင္းသစ္ေတာအဖြဲ႔က မီးရိူ႕ဖ်က္ဆီးခဲ့တဲ့ အမႈမွာ အသတ္ခံရတဲ့ နိုင္ဘီလီဟာ အဓိကသက္ေသလုပ္ျပီး ထိုင္းအရာရွိေတြကို တရားစြဲဆုိ ခဲ့တာျဖစ္ပါတယ္။
သူရဲ ့ဇနီးေနာ္။ မုေနာ္ကသူ႔ရဲ ့ခင္ပြန္း ကို ထိုင္းသစ္ေတာအဖြဲ ့က ဖမ္းဆီးစစ္ေဆးျပီး အစေဖ်ာက္လိုက္တယ္လိုု႔ စြပ္စဲြခဲ့ၿပီး အမႈမွန္ ေဖၚထုတ္ေပးဖို႔ ထိုင္းတရားရံုးကို ဦးတိုက္ ေလ်ာက္ထားခဲ့တာ ငါးႏွစ္ၾကာခဲ့ပါျပီ။
သူ႔အမႈကုိ ငါးႏွစ္ၾကာလာတဲ့ အခုခ်ိန္ထိ သက္ေသ ခိုင္လံုမႈ မရွိဘူးဆိုျပီး အမ်ိဳးမ်ိဳး ပယ္ခ်ခံရတယ္လို႔ ေရွေန႔ ျဖစ္သူက ဆုိပါတယ္။ ထိုင္း အထူးစံုစမ္းေရးအဖဲြ ့DSI က ၀င္ေရာက္ စစ္ေဆးျပီးတဲ့ေနာက္မွာေတာ့ သံစည္ပုိင္းအတြင္းမွာ ထည့္ထားတဲ့ ေရေအာက္မွာ ျပန္ရွာေတြ႔တဲ့ အရိုးေတြကုိ DNA စစ္ျပီးတဲ့အခါမွာ ဘီလီ အသတ္ခံရတယ္ဆိုတာ အတည္ျပဳလုိက္တာပါ။
ထုိင္းေရွ႕ေနမ်ားေကာင္စီရဲ ့ ကေလးသူငယ္မ်ား လူမ်ိဳးစု မ်ားႏိုင္ငံမဲ့မ်ားအေရးနဲ႔ ေရႊ႕ေျပာင္းအလုပ္သမားေရးဆိုင္ရာ ဆပ္ေကာ္မတီဥကၠ႒ ထိုင္းေရွ႕ေနၾကီး နိုင္ဆူရဖုန္း Surapong Kongchantuk ကေတာ့ ေတာင္ေပၚကရင္ တုိင္းရင္းသားေတြ ေက်းရြာကို ထိုင္းသစ္ေတာဌာနက မီးရိႈ႕ ဖ်က္ဆီးခဲ့တဲ့အမူကစျပီး အခုေသဆံုးခဲ့တဲ့ ႏိုင္ဘီလီအမူထိ အခ ေႀကးေငြမယူဘဲ လိုက္ပါေဆာင္ရြက္ေပးေနတာ ျဖစ္ပါတယ္ရွင္။
[Unicode Version]
ကရင်တိုင်းရင်းသားအရေး လှုပ်ရှားသူ Billy ခေါ် Porlajee Rakchongcharoen သတ်ဖြတ်ခံရမှုနဲ့ ဆက်နွယ်ပြီး ထိုင်းသစ်တော အရာရှိတွေ အပါအဝင် လူ ၄ ဦးကို တရားရုံးက စစ်ဆေးတော့မှာဖြစ်ကြောင်း အမှုမှာလိုက်ပါ အကျိုုးဆောင်ပေးနေတဲ့ ထိုင်းလူ့အခွင့်အရေး ရှေ့နေက ပြောပါတယ်။
ထိုင်းနိုင်ငံ Phetchaburi ခရိုင် Kaeng Krachan အမျိုးသားသစ်တောထဲမှာ လွန်ခဲ့တဲ့ ၅ နှစ်ကပျောက်ဆုံးသွားခဲ့ပြီးနောက် မကြာသေးခင်ကမှ အလောင်းကို ပြန်ရှာတွေ့ခဲ့ပြီးနောက် လူသတ်မှုနဲ့ ထိုင်းအာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေကြတာပါ။ ကရင်တိုင်းရင်းသား Billy သေဆုံးမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
သေဆုံးသွားတဲ့ ကရင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ Porlajee "Billy" Rakchongcharoen အမှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က လေးလတာ စစ်ဆေးခဲ့ပြီးတဲ့နောက် သစ်တောအကြီးတန်း အရာရှိတွေ ပါဝင်နေတဲ့ လေး ဦးကို လူသတ်မှု၊ တရားမဝင် ဖမ်းဆီးချုပ်နှောင်မှု၊ လုယက်မှုတို့နဲ့ ရုံးတင်တရားစွဲမှာ ဖြစ်ကြောင်း ထိုင်းရှေ့နေများကောင်စီရဲ့ ကလေးသူငယ်များ လူမျိုးစုများ နိုင်ငံမဲ့များ အရေးနဲ့ ရွှေ့ပြောင်း အလုပ်သမားရေးဆိုင်ရာ ဆပ်ကော်မတီဥက္ကဋ္ဌ ထိုင်းရှေ့နေကြီး နိုင်ဆူရဖုန်း Surapong Kongchantuk က ပြောပါတယ်။
“ထိုင်းနိုင်ငံရဲ့ တရားဥပဒေက ထိုင်းနိုင်ငံသားတွေကော၊ တိုင်းရင်းသားတွေအတွက်ပါ တပြေးညီဥပဒေဖြစ်ရမယ်။ တိုင်းရင်းသားတွေက ကျူးကျော်ပြီး နေခဲ့တာ မဟုတ်ဘူး။ သူတို့ ဘိုးဘွားဘီဘင် လက်ထက်ကတည်းက ရေကြည်ရာမြက်နုရာကို ရှာဖွေသွားလာပြီး နေခဲ့ကြတာ ဖြစ်တယ်။ နိုင်ဘီလီက သူ ကရင်အမျိုးသားတွေအရေးနဲ ပတ်သက်လို့ သက်သေလိုက်ပြီး တရားရုံးမှာ ထွက်ဆိုခဲ့လို့ နိုင်ဘီလီကိုနှုတ်ပိတ်တဲ့ အနေနဲ့ သစ်တောဌာနက သတ်ဖြတ်ခဲ့တာ ဖြစ်တယ်။ အဲဒီ မှာတာဝန်ရှိသူ လေး ယောက်က တရားရုံးမှာ လာအစစ်ဆေးခံရတော့မှာ ဖြစ်ပါတယ်။” ထိုင်းဘာသာစကားနဲ့ ပြောသွားတာပါ။
နိုင်ဘီလီယာ ထိုင်းနိုင်ငံသား ခံယူထားတဲ့ ကရင်လူမျိုး တဦး ဖြစ်ပါတယ်။ သူဟာ ကရင်အမျိုးသားအရေးတွေကို တက်ကြွစွာ ပါဝင် လုပ်ဆောင်ပေးနေသူဖြစ်ပြီး ၂၀၁၄ ခုနှစ် ပြီလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ ဖက်ချဘူရီခရိုင်၊ ကန်ကရချန် အမျိုးသား သစ်တောကြိုးဝိုင်း အတွင်းမှာ သစ်တောဝန်ထမ်းတွေ ဖမ်းဆီးပြီးနောက် ပျောက်ဆုံးသွားခဲ့တာပါ။ သူ့ရဲ အလောင်းကိုတော့ ၂၀၁၉ ခု သြဂုတ်လ လကုန်ပိုင်းမှာ ပြန်တွေ့ခဲ့ပါတယ်။
အမျိုးသား သစ်တောကြိုးဝိုင်းထဲက ရေအိုင်ထဲမှာ သူအလောင်းကို သံစည်ပိုင်းထဲထည့်ပြီး မြှုပ်ထားတာကို တွေခဲ့ရကြောင်း DSI အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က စက်တင်ဘာလ ၃ ရက်နေ့မှာ ထုတ်ဖော်ခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ်ဘက်ခ ျဘူရီ ခရိုင် သစ်တောထဲမှာ နေထိုင်နေကြတဲ့ ကရင်ရွာကိုကျူးကျော်နေထိုင်တယ်ဆိုပြီး ထိုင်းသစ်တောအဖွဲ့က မီးရိူ့ဖျက်ဆီးခဲ့တဲ့ အမှုမှာ အသတ်ခံရတဲ့ နိုင်ဘီလီဟာ အဓိကသက်သေလုပ်ပြီး ထိုင်းအရာရှိတွေကို တရားစွဲဆို ခဲ့တာဖြစ်ပါတယ်။
သူရဲ့ဇနီးနော်။ မုနော်ကသူ့ရဲ့ခင်ပွန်း ကို ထိုင်းသစ်တောအဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး အစဖျောက်လိုက်တယ်လို့ စွပ်စွဲခဲ့ပြီး အမှုမှန် ဖေါ်ထုတ်ပေးဖို့ ထိုင်းတရားရုံးကို ဦးတိုက် လျောက်ထားခဲ့တာ ငါးနှစ်ကြာခဲ့ပါပြီ။
သူ့အမှုကို ငါးနှစ်ကြာလာတဲ့ အခုချိန်ထိ သက်သေ ခိုင်လုံမှု မရှိဘူးဆိုပြီး အမျိုးမျိုး ပယ်ချခံရတယ်လို့ ရှေနေ့ ဖြစ်သူက ဆိုပါတယ်။ ထိုင်း အထူးစုံစမ်းရေးအဖွဲ့DSI က ဝင်ရောက် စစ်ဆေးပြီးတဲ့နောက်မှာတော့ သံစည်ပိုင်းအတွင်းမှာ ထည့်ထားတဲ့ ရေအောက်မှာ ပြန်ရှာတွေ့တဲ့ အရိုးတွေကို DNA စစ်ပြီးတဲ့အခါမှာ ဘီလီ အသတ်ခံရတယ်ဆိုတာ အတည်ပြုလိုက်တာပါ။
ထိုင်းရှေ့နေများကောင်စီရဲ့ ကလေးသူငယ်များ လူမျိုးစု များနိုင်ငံမဲ့များအရေးနဲ့ ရွှေ့ပြောင်းအလုပ်သမားရေးဆိုင်ရာ ဆပ်ကော်မတီဥက္ကဋ္ဌ ထိုင်းရှေ့နေကြီး နိုင်ဆူရဖုန်း Surapong Kongchantuk ကတော့ တောင်ပေါ်ကရင် တိုင်းရင်းသားတွေ ကျေးရွာကို ထိုင်းသစ်တောဌာနက မီးရှို့ ဖျက်ဆီးခဲ့တဲ့အမူကစပြီး အခုသေဆုံးခဲ့တဲ့ နိုင်ဘီလီအမူထိ အခ ကြေးငွေမယူဘဲ လိုက်ပါဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်ရှင်။
တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG