သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ်က မြန်မာမိသားစု သတ်ခံရမှု စုံစမ်းအရေးယူ


ထိုင်း-မြန်မာနယ်စပ် မြန်မာမိသားစု သတ်ခံရမှုနှင့် ဆက်နွယ်ပြီး ထိုင်းအာဏာပိုင်တွေက သံသရရှိသူကို စုံစမ်းစဉ် ( ပုံ- ဒေသခံအာဏာပိုင်)
ထိုင်း-မြန်မာနယ်စပ် မြန်မာမိသားစု သတ်ခံရမှုနှင့် ဆက်နွယ်ပြီး ထိုင်းအာဏာပိုင်တွေက သံသရရှိသူကို စုံစမ်းစဉ် ( ပုံ- ဒေသခံအာဏာပိုင်)

မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကကျေးရွာတခုမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား မိသားစုဝင်လေးဦးကို သတ်ဖြတ် သူတွေအဖြစ် သံသယရှိနေတဲ့ ထဲက အဓိက တရားခံအဖြစ် ယူဆထားသူ ကိုရွှေရဲ့ဇနီးဖြစ်သူကို ထိုင်းအာဏာပိုင်တွေ ဖမ်းမိလိုက် ပါပြီ။ ဒီလူသတ်မှုရဲ့ နောက်ဆက်တွဲအဖြစ် မဲဆောက်မြို့ပေါ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကို စစ်ဆေးတာတွေ ပိုများ လာနေသလို တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးတာတွေလည်း ပိုများလာနေပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေ စိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မဲတောင်ကျေးရွာအုပ်စု ၁ မှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ပအို့ဝ် မိသားစုဝင်လေးဦးကို သတ်ဖြတ်မှုနဲ့ သံသယရှိနေသူတွေထဲက အဓိကလူဖြစ်သူ ကိုရွှေရဲ့ဇနီးကို ရွာသားတွေရဲ့သတင်းပေးချက်အရ မဲဆောက်က ကြံစိုက်ခင်းထဲမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ညက ဖမ်းမိလိုက်တာပါ။

လူသတ်မှုအတွက် သံသယရှိသူနေတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးနိုင်ရေး ထိုင်း အဆင့်မြင့် တာဝန်ရှိသူတွေ ကိုယ်တိုင် ဆင်းလာပြီး မဲဆောက်မြို့မှာ စည်းဝေးခဲ့ကြပြီးတဲ့ နောက်ပိုင်း အခုလို ဖမ်းမိလိုက်တာလည်းဖြစ်ပါတယ်။

ကိုရွှေရဲ့ဇနီးဖြစ်သူဟာ သူနဲ့အတူ ထွက်ပြေးသွားတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ယူဆထားပေမယ့် ကာယကံရှင်ကိုယ်တိုင်ကတော့ အဲဒီလို အတူထွက်ပြေးသွားတာ မဟုတ်ဘူးလို့ အခုလို ငြင်းဆိုထားပါတယ်။

"ကြံတောထဲကို တူတူထွက်ပြေးတယ် မဟုတ်လား ။ မဟုတ်ဘူး မပြေးဘူး သူတို့က သပ်သပ် ထွက်ပြေးသွားတယ်"

ဇနီးဖြစ်သူကို ဆက်လက်စစ်ဆေးနေဆဲဖြစ်သလို ကိုရွှေ ပုန်းအောင်းနေနိုင်ခြေရှိတဲ့ နေရာတွေကိုလည်း ဇနီးဖြစ်သူရဲ့ ထွက်ဆို ချက်အရ ထိုင်းအာဏာပိုင်တွေ က လိုက်ရှာနေကြပါပြီ။

ပုန်းအောင်းနေနိုင်ခြေ ရှိတဲ့ နေရာတွေအနီးတဝိုက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ၁၀၀ လောက်နဲ့ ဝိုင်းဝန်း ပိတ်ဆို့ပြီးတော့ ရှာဖွေ နေကြတာဖြစ်ပါတယ်။

လေးလောင်းပြိုင်လူသတ်မှုဖြစ်ပြီး တဲ့နောက် ထိုင်း ဒုတိယရဲချုပ် ချလန်ကရက်ကိုယ်တိုင် မဲဆောက်မြို့ကိုဆင်းလာပြီး ဒီအမှု အတွက် သံသယရှိနေသူတွေကို အမြန်ဆုံး ဖမ်းဆီးနိုင်ရေး အခုလိုပြောသွားပါတယ်။

သူပြောတဲ့အထဲမှာတော့ ထိုင်း- မြန်မာနယ်စပ်မှာရှိတဲ့ မူခင်းနဲ့ မူးယစ်ဆေးဝါးတွေကို ပိုမိုစစ်ဆေးအရေးယူဖို့အတွက် လုပ်ဆောင် ကြဖို့နဲ့ အခုလူသတ်မူဟာ ရက်ရက်စက်စက် ကလေးပါမကျန် သတ်ဖြတ်သွားတဲ့အမူဖြစ်တာမို့ အမြန်ဆုံးဖော်ထုတ်နိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အလေးထားပြောကြားသွားတာပါ။

ဒီလူသတ်မှုဖြစ်အပြီး သံသယရှိသူတွေကို ဖမ်းမိနိုင်ရေး လိုက်ရှာနေချိန်မှာပဲ မဲဆောက်မှာရှိတဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ် သမားတွေကို စစ်ဆေး ဖမ်းဆီးတာတွေလည်း ပိုများလာနေတဲ့အကြောင်း မယ်ဆောက်မြို့က ရွေ့ပြောင်းအလုပ်သမားတဦးကလည်းပြောပါတယ်

"ရှောင်တခင်ဝင်ရောက်စစ်ဆေးတာပေါ့ လက်မှတ်မရှိသူတွေကိုပေါ့။ ဖြစ်တာကတော့ မယ်ပမူဆစ်( ရပ်ကွက် )၁၀ ဘက်မှာဝင်စစ်နေတာပါ"

ဝင်ရောက်စစ်ဆေးမူအတွင်းအထောက်အထားမရှိတဲ့မြန်မာတွေလည်းဖမ်းဆီးခံရတာပါ။ အထောက်အထားမရှိတဲ့ သူတွေကိုလက်ခံထားတဲ့သူဌေးတွေကတော့ အာမခံကြေး သောင်းဂဏန်းနဲ့ ပေးထားရပြီး တရားမဝင်သူတွေကိုအလုပ်လုပ်ခိုင်းမူစတဲ့ အမူတွေရင်ဆိုင်ရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG