သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ဒေသ လမ်းစီမံကိန်း NCA ထိခိုက်နိုင်


KNU တပ်သားများ
KNU တပ်သားများ

(Zawgyi/Unicode)

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာတပ်မတော်ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်နေတဲ့ ကရင် ပြည်နယ်တွင်းက လမ်းဖောက်လုပ်မူနဲ့ ပတ်သက်လို့ ဆွေးနွေးမူတွေ လုပ်ခဲ့ပေမယ့် အခုထိ သဘောတူညီချက် တစုံတရာ မရသေး တာဟာ NCA တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေး သဘောတူစာချုပ်ကို ထိခိုက်လာစေ နိုင်တယ်လို့ ကေအန်ယူ တာဝန်ရှိသူတွေကဆိုပါတယ်။

ဆက်သွယ်မေးမြန်း ထားတဲ့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာတပ်မတော်နဲ့ ကေအန်ယူကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရခဲ့ပြီးတဲ့ နောက်ပိုင်း ကေအန်ယူ တပ်မဟာ ၃နဲ့ တပ်မဟာ ၅ နယ်မြေတွေမှာ တပ်မတော်ဘက်က လမ်းဖောက်လုပ်မှုတွေ ကြောင့် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲ တချို့ ဖြစ်ပွားခဲ့ရတာပါ။ မကြာသေးခင်က ကေအင်ယူ နဲ့ တပ်မတော် တို့ကြား ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှုမှာ ဒီလမ်းဖောက်လုပ်ရေး နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ ပြေလျော့ ရေးကိုပါ ထည့်သွင်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သဘောတူညီမှု မရသေး ကြောင်းနဲ့ တပ်မတော်က လမ်းဖောက်လုပ်ရေးကိစ္စကို ဆက်လုပ်မယ် ဆိုရင် ကေအန်ယူ ရဲ့ ထိန်းချုပ်မူတွေကို ထိခိုက်လာနိုင်တဲ့ အတွက် NCA တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူရပ်စဲရေး သဘောတူစာချုပ် အတွက်ပါ ထိခိုက်လာစေ နိုင်တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် တပ်မဟာ ၅နယ်မြေက တပ်ပိုင်းဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောကလဲဒိုက ပြောပါတယ်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာလ၂၇ ရက်နေ့က တွေ့ဆုံ ဆွေးနွေးတာ ကတော့ လမ်းဖောက်ဖို့တော့ အစီအစဉ်ရှိတယ်။ သူတို့က မဖြစ်မနေ ဖောက်မယ်ပေါ့လေ။ ကေအန်ယူက ပြောတာကတော့ ဒီလိုမျိုး မလုပ်သင့်ပေါ့။ လမ်းရဲ့ အခက်အခဲက ကျနော်တို့တပ်မဟာ ၅နယ်မြေ မူတရော်က ခရိုင်အတွက်ပဲ အကျုံးဝင်တာ မဟုတ်ဘူး ကေအန်ယူရဲ့ အုပ်ချုပ်မူအောက်မှာ ရှိတဲ့ဒေသ အကုန်လုံးအတွက် အကျုံးဝင်တယ်။ NCA လမ်းကြောင်းအတိုင်း မသွားပဲနဲ့ ဒီလို လုပ်ခြင်းအားဖြင့် NCA ကို ထိခိုက်လာမယ် ဆိုရင်တော့ အကုန်လုံးနဲ့ အကျုံးဝင်သွားမှာဖြစ်တယ် လို့ ကျနော် ပြောချင်တယ်။”

အခုလို တပ်ဘက်က လမ်းဖောက်လုပ်မူတွေနဲ့ ပတ်သက်လို့ ဒေသခံတွေကလည်း လက်မခံနိုင်ဘူးလို့ ကေအန်ယူကို တင်ပြခဲ့တာကြောင့် ကေအန်ယူက ဒီလို လမ်းဖောက်ဖို့ ကိစ္စကို လက်မခံနိုင်ဘူး လို့လည်း ပြောဆိုပါတယ်။

“တပ်မဟာ ၃ရယ်၊ တပ်မဟာ ၅ရယ် ထိန်းချူပ်နယ်မြေတွေဖြစ်တဲ့အပေါ်မှာ ကန့်သတ်နယ်မြေ ဖြစ်တဲ့အပေါ်မှာ သူတို့ အဲဒီလိုဖောက်ရင် ထိခိုက်မူတွေရှိမယ်။ ရွာသားတွေ အတွက်လည်း သူတို့ လုပ်ကိုင်စားသောက်တဲ့ မြေကွက် တွေလည်း ထိခိုက်တာရှိမယ်။ ရွာသူရွာသားတွေကလည်း ကိုယ်ထူ ကိုယ်ထ လုပ်ထားတဲ့ စာသင်ကျောင်းတွေ အများကြီး တည်ဆောက်ထားတယ်။ ကလေးတွေအတွက်ပေါ့လေ။ သူတို့ လမ်းဖောက်ရင် ရွာသူရွာသားတွေက ထွက်ပြေးရမယ်။ ဒီအတွက် ကလေးတွေ ပညာရေးလည်း အများကြီးထိခိုက်မယ်။”

အခုလို ကေအန်ယူဘက်က သဘောမတူ ပေမယ့် ဒီလမ်းဖောက်လုပ်မဲ့ကိစ္စကို တပ်မတော်ဘက်က ရပ်ဆိုင်း ပစ်မယ့် သဘောထား မတွေ့ရ သေးဘူးလိုလည်း ဗိုလ်မှူး စောကလဲဒိုက ပြောပါတယ်။

မြန်မာအစိုးရနဲ့ ကေအန်ယူတို့ဟာ၂၀၁၂ ခုနှစ်မှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်မှာ တော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူ ရပ်စဲရေး သဘောတူစာချုပ် NCA ကို KNU က လက်မှတ်ရေးထိုးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


...................


(Unicode)










XS
SM
MD
LG