သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှစ်သစ်ကူးသဝဏ်လွှာမှာ KNU ဖော်ပြ


KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး။
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး။

(Zawgyi / Unicode)

ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ကျရောက်မယ့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခါသမယအဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) က ကြေညာချက် ကြိုတင်ထုတ်ပြန်ရာမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့တို့ဟာ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ နည်းလမ်းကို ရပ်ဆိုင်းပြီး အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနဲ့ နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးလျက်ရှိကြောင်း၊ ဒါပေမယ့် အပစ်အခတ် ရပ်စဲခြင်းဟာ ငြိမ်းချမ်းရေးကို ဧကန်အမှန် ရရှိခြင်းမဟုတ်ကြောင်း၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် ကရင်အမျိုးသားထုကြီးအပြင် ပြည်ထောင်စုအတွင်း နေထိုင်လျက်ရှိတဲ့ လူမျိုးတိုင်းကို လေးစား အသိအမှတ်ပြုပြီး လွတ်လပ်မှု၊ တန်းတူမှုအပြင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေကို ရရှိတဲ့အချိန်မှသာ ဖြစ်နိုင်မယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအခွင့်အရေးတွေကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားဖို့ လိုအပ်ကြောင်း၊ အဲဒီလို ပြဋ္ဌာန်းထားတဲ့ အခြေအနေကို ရောက်မှသာလျှင် လူမျိုးတမျိုးနဲ့ တမျိုးအကြား ပြန်လည်သင့်မြတ်ခြင်းအပြင် ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း ဧကန်အမှန် ရရှိမှာဖြစ်တယ်လို့ KNU ရဲ့ ကရင်နှစ်သစ်ကူး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

KNU အနေနဲ့လည်း အဲဒီရည်ရွယ်ချက်အတိုင်း ဦးတည် လုပ်ဆောင်နေကြောင်း၊ အဲဒီရည်မှန်းချက် အောင်မြင်ရေးအတွက် ကရင်တိုင်းသားတိုင်းကလည်း ကျရာအခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဟာ ကရင်လူမျိုးတွေရဲ့ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတွေထဲက ယဉ်ကျေးမှုရဲ့ လက္ခဏာရပ်တခုဖြစ်ပြီး ကရင်အမျိုးသားထုအကြားမှာ အသိအမှတ်ပြု ကျင်းပလာခဲ့တာ အခုဆိုရင် ရာစုနှစ်များစွာ ရှိလာပြီဖြစ်ကြောင်းလည်း ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ ၂၇၅၉ နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

---------------------------------

(Unicode)






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG