သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္အမ်ိဳးသား ႏွစ္သစ္ကူးပဲြေတာ္ က်င္းပ


ကရင္အမ်ိဳးသား ႏွစ္သစ္ကူးပဲြေတာ္ (မွတ္တမ္းဓာတ္ပံု)

(Zawgyi/Unicode)

ဒီကေန႔က်ေရာက္တဲ့ ကရင္အမ်ိဳးသား ႏွစ္သစ္ကူးေန႔မွာ ျမန္မာႏုိင္ငံအရပ္ရပ္က ေဒသအသီးသီးမွာ ေနထိုင္တဲ့ ကရင္တုိင္းရင္းသားေတြ ပြဲေတာ္က်င္းပ ဆင္ႏႊဲေနၾကပါတယ္။ တႏုိင္ငံလံုး ပစ္ခတ္တုိက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA ေရးထုိးၿပီးတဲ့ေနာက္မွာ အခုလို ကရင္အမ်ိဳးသား ႏွစ္သစ္ကူးေန႔ကို တႏုိင္ငံလံုး အတုိင္းအတာနဲ႔ လြတ္လြတ္လပ္လပ္ က်င္းပလာႏုိင္တယ္လို႔ KNU အဖြဲ႔က ေျပာပါတယ္။ အျပည့္အစံုကုိ ဗီြအုိေအသတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

ကရင္ႏွစ္ ၂၇၅၉ ခုႏွစ္၊ ျပာသိုလဆန္း ၁ရက္ ဒီကေန႔မွာ က်ေရာက္တဲ့ ကရင္အမ်ိဳးသား ႏွစ္သစ္ကူးေန႔မွာ ေဒသအသီးသီးမွာရွိတဲ့ ကရင္တုိင္းရင္းသားေတြ ႏွစ္သစ္ကူး ပြဲေတာ္ ဆင္ႏႊဲေနၾကတာပါ။

ဒီႏွစ္မွာ ႏွစ္သစ္ကူးေန႔ကုိ ကရင္လက္နက္ကိုင္အဖြဲ႔ KNU အေနနဲ႔ သီးျခား က်င္းပေနသလို ကရင္ျပည္သူေတြနဲ႔လည္း ပူးေပါင္းၿပီး ဆင္ႏႊဲေနတယ္လို႔ KNU ဒုတိယဥကၠ႒ ပဒိုေစာကြယ္ထူးဝင္းက ေျပာပါတယ္။ အရင္က ႏုိင္ငံေရး အေျခအေနေၾကာင့္ ကရင္ႏွစ္သစ္ကူးပြဲေတာ္ က်င္းပတဲ့ေနရာမွာ အခက္အခဲရွိခဲ့ေပမဲ့ NCA ေရးထုိးၿပီးတဲ့ေနာက္မွာေတာ့ တႏုိ္င္ငံလံုးအတိုင္းအတာနဲ႔ ႏွစ္သစ္ကူးပြဲ ဆင္ႏႊဲလာႏုိင္တယ္လို႔ လည္း ပဒုိေစာကြယ္ထူးဝင္းက ေျပာပါတယ္။

“က်ေနာ္တို႔အပစ္ခတ္ရပ္စဲေရး မလုပ္မီကာလက ကရင္ျပည္တြင္းမွာရွိတဲ့ က်ေနာ္တို႔ ကရင္အမ်ိဳးသားေတြရဲ႕ ႏွစ္သစ္ကူးက်င္းပတဲ့ေနရာမွာ လြတ္လြတ္လပ္လပ္ က်င္းပပုိင္ခြင့္ေတာ့ မရွိဘူးလို႔ ေျပာလုိ႔ရတာေပါ့ေနာ္။ ဘာျဖစ္လုိ႔လည္းဆုိေတာ့ ဒါကတဘက္က ျပန္ၾကည့္လို႔ရွိရင္လည္း ႏုိင္ငံေရးအရ အစုိးရဘက္ကလည္း စုိးရိမ္မႈေတြလည္း ရွိတာေပါ့ေနာ္။

ကရင္ေတြ ျပန္စုစည္းၿပီးေတာ့ တခုခုမ်ား ဒါမွမဟုတ္ရင္လည္း အစုိးရကို ဆန္႔က်င္တဲ့ ေဆာင္ရြက္မႈမ်ား လုပ္မလားဆုိတဲ့ အပိုင္းက ရွိတာေပါ့။ အခုကေတာ့ က်ေနာ္တို႔ အပစ္ခတ္ရပ္စဲေဆာင္ရြက္ၿပီးတဲ့ ေနာက္ပုိင္းမွာ လြတ္လြတ္လပ္လပ္နဲ႔ တႏုိင္ငံလံုးမွာ ေနရာေဒသအႏွံ႔အျပားမွာ က်ေနာ္တို႔ က်င္းပႏိုင္တယ္လို႔ ေျပာလုိ႔ရတယ္။ က်ေနာ္တုိ႔ လက္နက္ကိုင္ ပဋိပကၡျဖစ္တဲ့ေဒသမွာလည္း အခုကက်င္းပတဲ့အခ်ိန္မွာ ျပည္ေထာင္စုက သုိ႔မဟုတ္ရင္လည္း အစုိးရဘက္က တာဝန္ရွိတဲ့ ပုဂၢိဳလ္ေတြ တက္ေရာက္ခ်ီးျမွင့္တာလည္း ရွိတာေပါ့။”

ကရင္ႏွစ္သစ္ကူးပြဲေတာ္မွာ ကရင္တုိင္းရင္းသားတုိ႔ရဲ႕ ရုိးရာဓေလ့ေတြကို ေဖာ္က်ဴးထားတဲ့ ျပပြဲေတြျပသၿပီး ဒါဟာ ကရင္တမ်ိဳးသားလံုးရဲ႕ ေန႔ထူးေန႔ျမတ္ ျဖစ္တယ္လို႔ ကရင္တုိင္းရင္းသူ ေနာ္စဲစဲက ေျပာပါတယ္။

ဖက္ဒရယ္ဒီမုိကေရစီကုိ ရရွိဖုိ႔ဟာ ကရင္တမ်ိဳးသားလံုးရဲ႕ ရည္ရြယ္ခ်က္ျဖစ္တာေၾကာင့္ လူငယ္ေတြအေနနဲ႔ ဒီေျပာင္းလဲမႈမွာ ပါဝင္ဖုိ႔ ေမွ်ာ္မွန္းထားေၾကာင္း သူကေျပာပါတယ္။

“အနာဂတ္မွာ က်မတို႔ လုိလားတဲ့ ဖက္ဒရယ္ဒီမုိကေရစီ ျပည္ေထာင္စုကို က်မတုိ႔အခုခ်ိန္မွာ ဆက္လက္လုပ္ေဆာင္ေနတဲ့ အတြက္ေၾကာင့္ ေရွ႕ဆက္ၿပီးေတာ့ ဒီဟာကိုရရွိႏုိင္ဖုိ႔ အတြက္ေပါ့ေနာ္။ ဒါ ကရင္တမ်ိဳးသားလံုး ရည္ရြယ္တဲ့ ရည္ရြယ္ခ်က္ျဖစ္သလို က်မတို႔ လူငယ္ေတြေပါ့ေနာ္ ေလ့လာသင္ယူၿပီးေတာ့ ဒီေျပာင္းလဲမႈကို ပါဝင္ၿပီးေတာ့ တုိက္ပြဲဝင္ဖို႔ ရည္ရြယ္ခ်က္ျဖစ္တဲ့အတြက္ ဒီဟာကိုေတာ့ အဓိကေမွ်ာ္မွန္းတာ ျဖစ္တယ္ေပါ့ေနာ္။”

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေပးပို႔တဲ့ ကရင္အမ်ိဳးသား ႏွစ္သစ္ကူးေန႔ သဝဏ္လႊာမွာ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးနဲ႔ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ပန္းတိုင္ျဖစ္တဲ့ ဒီမုိကေရစီဖက္ဒရယ္ ျပည္ေထာင္စုဆီကို ျပည္ေထာင္စု တည္ေထာင္ဖက္ေတြအျဖစ္ အတူတကြ ေလွ်ာက္လွမ္းလ်က္ရွိၿပီး ၂၀၂၀ ေရြးေကာက္ပြဲအလြန္ဆီ ေမွ်ာ္မွန္းၿပီး ခိုင္မာတဲ့ လမ္းေၾကာင္း တခု ေပၚေပါက္လာေရးအတြက္ လက္ေတြ႔က်က် ေဖာ္ေဆာင္ႏုိင္ေရးကုိ ႏုိင္ငံေတာ္ အစိုးရနဲ႔အတူ ႀကိဳးပမ္းေဆာင္ရြက္ေနတာမွာ အားတက္ ဝမ္းေျမာက္ဖြယ္ ျဖစ္ေၾကာင္း ပါရွိပါတယ္။

ကရင္အမ်ိဳးသား ႏွစ္သစ္ကူးပဲြေတာ္ က်င္းပ
please wait

No media source currently available

0:00 0:02:49 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပ

ဒီကနေ့ကျရောက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့မှာ မြန်မာနိုင်ငံအရပ်ရပ်က ဒေသအသီးသီးမှာ နေထိုင်တဲ့ ကရင်တိုင်းရင်းသားတွေ ပွဲတော်ကျင်းပ ဆင်နွှဲနေကြပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ရေးထိုးပြီးတဲ့နောက်မှာ အခုလို ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လွတ်လွတ်လပ်လပ် ကျင်းပလာနိုင်တယ်လို့ KNU အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

ကရင်နှစ် ၂၇၅၉ ခုနှစ်၊ ပြာသိုလဆန်း ၁ရက် ဒီကနေ့မှာ ကျရောက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့မှာ ဒေသအသီးသီးမှာရှိတဲ့ ကရင်တိုင်းရင်းသားတွေ နှစ်သစ်ကူး ပွဲတော် ဆင်နွှဲနေကြတာပါ။

ဒီနှစ်မှာ နှစ်သစ်ကူးနေ့ကို ကရင်လက်နက်ကိုင်အဖွဲ့ KNU အနေနဲ့ သီးခြား ကျင်းပနေသလို ကရင်ပြည်သူတွေနဲ့လည်း ပူးပေါင်းပြီး ဆင်နွှဲနေတယ်လို့ KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ အရင်က နိုင်ငံရေး အခြေအနေကြောင့် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပတဲ့နေရာမှာ အခက်အခဲရှိခဲ့ပေမဲ့ NCA ရေးထိုးပြီးတဲ့နောက်မှာတော့ တနို်င်ငံလုံးအတိုင်းအတာနဲ့ နှစ်သစ်ကူးပွဲ ဆင်နွှဲလာနိုင်တယ်လို့ လည်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“ကျနော်တို့အပစ်ခတ်ရပ်စဲရေး မလုပ်မီကာလက ကရင်ပြည်တွင်းမှာရှိတဲ့ ကျနော်တို့ ကရင်အမျိုးသားတွေရဲ့ နှစ်သစ်ကူးကျင်းပတဲ့နေရာမှာ လွတ်လွတ်လပ်လပ် ကျင်းပပိုင်ခွင့်တော့ မရှိဘူးလို့ ပြောလို့ရတာပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါကတဘက်က ပြန်ကြည့်လို့ရှိရင်လည်း နိုင်ငံရေးအရ အစိုးရဘက်ကလည်း စိုးရိမ်မှုတွေလည်း ရှိတာပေါ့နော်။

ကရင်တွေ ပြန်စုစည်းပြီးတော့ တခုခုများ ဒါမှမဟုတ်ရင်လည်း အစိုးရကို ဆန့်ကျင်တဲ့ ဆောင်ရွက်မှုများ လုပ်မလားဆိုတဲ့ အပိုင်းက ရှိတာပေါ့။ အခုကတော့ ကျနော်တို့ အပစ်ခတ်ရပ်စဲဆောင်ရွက်ပြီးတဲ့ နောက်ပိုင်းမှာ လွတ်လွတ်လပ်လပ်နဲ့ တနိုင်ငံလုံးမှာ နေရာဒေသအနှံ့အပြားမှာ ကျနော်တို့ ကျင်းပနိုင်တယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့ဒေသမှာလည်း အခုကကျင်းပတဲ့အချိန်မှာ ပြည်ထောင်စုက သို့မဟုတ်ရင်လည်း အစိုးရဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ တက်ရောက်ချီးမြှင့်တာလည်း ရှိတာပေါ့။”

ကရင်နှစ်သစ်ကူးပွဲတော်မှာ ကရင်တိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့တွေကို ဖော်ကျူးထားတဲ့ ပြပွဲတွေပြသပြီး ဒါဟာ ကရင်တမျိုးသားလုံးရဲ့ နေ့ထူးနေ့မြတ် ဖြစ်တယ်လို့ ကရင်တိုင်းရင်းသူ နော်စဲစဲက ပြောပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီကို ရရှိဖို့ဟာ ကရင်တမျိုးသားလုံးရဲ့ ရည်ရွယ်ချက်ဖြစ်တာကြောင့် လူငယ်တွေအနေနဲ့ ဒီပြောင်းလဲမှုမှာ ပါဝင်ဖို့ မျှော်မှန်းထားကြောင်း သူကပြောပါတယ်။

“အနာဂတ်မှာ ကျမတို့ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ကျမတို့အခုချိန်မှာ ဆက်လက်လုပ်ဆောင်နေတဲ့ အတွက်ကြောင့် ရှေ့ဆက်ပြီးတော့ ဒီဟာကိုရရှိနိုင်ဖို့ အတွက်ပေါ့နော်။ ဒါ ကရင်တမျိုးသားလုံး ရည်ရွယ်တဲ့ ရည်ရွယ်ချက်ဖြစ်သလို ကျမတို့ လူငယ်တွေပေါ့နော် လေ့လာသင်ယူပြီးတော့ ဒီပြောင်းလဲမှုကို ပါဝင်ပြီးတော့ တိုက်ပွဲဝင်ဖို့ ရည်ရွယ်ချက်ဖြစ်တဲ့အတွက် ဒီဟာကိုတော့ အဓိကမျှော်မှန်းတာ ဖြစ်တယ်ပေါ့နော်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သဝဏ်လွှာမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဆီကို ပြည်ထောင်စု တည်ထောင်ဖက်တွေအဖြစ် အတူတကွ လျှောက်လှမ်းလျက်ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲအလွန်ဆီ မျှော်မှန်းပြီး ခိုင်မာတဲ့ လမ်းကြောင်း တခု ပေါ်ပေါက်လာရေးအတွက် လက်တွေ့ကျကျ ဖော်ဆောင်နိုင်ရေးကို နိုင်ငံတော် အစိုးရနဲ့အတူ ကြိုးပမ်းဆောင်ရွက်နေတာမှာ အားတက် ဝမ်းမြောက်ဖွယ် ဖြစ်ကြောင်း ပါရှိပါတယ်။

XS
SM
MD
LG