(zawgyi)
ျမန္မာႏိုင္ငံမွာ အျခားတုိင္းရင္းသားေတြနည္းတူ ကရင္တုိင္းရင္းသားေတြ လိုလားတဲ့ ၿငိမ္းခ်မ္းေရးနဲ႔ ကုိယ္ပုိင္ျပဌာန္းခြင့္၊ ကိုယ္ပုိင္အုပ္ခ်ဳပ္ခြင့္၊ စာေပ ယဥ္ေက်းမႈ စတာေတြကို လြတ္လပ္စြာ ပုံေဖၚႏုိင္မယ့္ အခြင့္အလမ္းေတြ လာမယ့္ႏွစ္သစ္ထဲ ေပၚေပါက္လာေစဖို႔ ေမွ်ာ္လင့္ဆုေတာင္းမိ တယ္လုိ႔ ျပည္ပေရာက္ ကရင္တိုင္းရင္းသားေတြက ေျပာပါတယ္။ ဒီဇင္ဘာလ ၂၆ ရက္ေန႔မွာက်ေရာက္တဲ့ ၂၇၅၉ ႏွစ္ေျမာက္ ကရင္ႏွစ္သစ္ ကူးေန႔မွာ အဲဒီလို ေျပာဆိုလုိက္ၾကတာပါ။ ဒီအေၾကာင္းကိုေတာ့ ကုိဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။
ျမန္မာႏိုင္ငံထဲမွာ ကရင္လူမ်ဳိးေတြ အေျခခ်ေနထိုင္ၿပီး ႏွစ္သစ္ကူးပြဲလုပ္လာခဲ့တာ ႏွစ္ေပါင္း ၂၇၅၉ ႏွစ္ရွိလာခဲ့ပါၿပီ။ လြတ္လပ္ေရးရၿပီးခါစ ေဒသအသီးသီးမွာ ကြဲျပားေနတဲ့ ကရင္တုိင္းရင္းသားေတြ တစုတစည္းထဲျဖစ္ေအာင္လို႔ ဒီဇင္ဘာ(၂၆)ရက္ေန႔ကို ကရင္အမ်ဳိးသားေန႔အျဖစ္ သတ္မွတ္ေပးဖို႔ ေတာင္းဆုိခဲ့ေပမယ့္ အစိုးရတာဝန္ရွိသူေတြက ကရင္ႏွစ္သစ္ကူးေန႔အျဖစ္သာ သတ္မွတ္ေပးခဲ့တယ္လုိ႔ အသက္(၇၆)ႏွစ္ အရြယ္ရွိၿပီျဖစ္တဲ့ ၾသစေၾတးလ်ားႏိုင္ငံမွာ ေနထိုင္သူ ႏိုင္ငံတကာ ကရင္အဖြဲ႔အစည္း IKO အလုပ္အမႈေဆာင္ေကာ္မတီဝင္ မန္းေအာ္လန္းဒိုက ရွင္းျပပါတယ္။
“ ဟုိတုန္းကေတာ့ အကြဲကြဲအျပားျပားနဲ႔ ႏွစ္သစ္ကူးေတြကို ကရင္ေဒသအလုိက္ေပ့ါေလ ေကာက္သစ္ေပၚတဲ့အခ်ိန္ကို က်င္းပၾကတာ။ ဒါေပမဲ့ ႏွစ္သစ္ကူး တရက္ထဲကို တျပည္လုံးမွာ တမ်ဳိးသားလုံးက တညီတညြတ္ထဲနဲ႔ လုပ္ႏိုင္တဲ့ တကယ့္ Gazetted Holiday ျဖစ္ဖို႔အတြက္က ကရင္ေခါင္းေဆာင္ေတြ ႀကဳိးစားလာခဲ့တာကို က်ေနာ္တို႔ျပန္လည္သုံးသပ္ၿပီး ဒီေန႔ဒီရက္ရဲ႕တန္ဖိုးနဲ႔ အႏွစ္သာရကို ျပန္ၿပီးေတာ့ ေအာင္းေမ့ သတိရတဲ့အျပင္ေပါ့ ေနာ္၊ တန္ဖိုးထားၾကဖို႔ အဲဒါ က်ေနာ္တို႔လုပ္ၾကပါတယ္ ပထမ တခ်က္က၊ ေနာက္ ဒီကရင္ႏွစ္သစ္ကူးေန႔ ဆိုတဲ့ဟာက အစပိုင္းမွာ ႏွစ္သစ္ကူးေန႔အေနနဲ႔ ေတာင္းခဲ့တာ မဟုတ္ဘူး။ ကရင္အမ်ဳိးသားေန႔ဆိုၿပီးေတာ့ ေတာင္းခဲ့တာပဲ။ ဒါေပမဲ့ ေနာက္ဆုံးက်ေတာ့ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ေဒါက္တာဘေမာ္ အစိုးရလက္ထက္မွာ ကရင္ႏွစ္သစ္ကူးေန႔အျဖစ္ပဲ အသိအမွတ္ျပဳဖို႔ ျပန္လည္သတ္မွတ္ေပး တယ္ေပါ့ေနာ္။ ”
ၾသစေၾတးလ်ားႏိုင္ငံ ဆစ္ဒနီၿမဳိ့မွာလည္း ဒီဇင္ဘာ ၂၆ ရက္ေန႔က ကရင္ႏွစ္သစ္ကူးေန႔ အခမ္းအနားက်င္းပခဲ့တယ္လို႔ သူကေျပာပါတယ္။ အလားတူ အေမရိကန္ျပည္ေထာင္စု နယူးေယာက္ျပည္နယ္ ယူတီကာၿမဳိ႕မွာ ကရင္တုိင္းရင္းသားေတြ အပါအဝင္ ေဒသခံ အေမရိကန္ လူ႔အဖြဲ႔အစည္း ေခါင္းေဆာင္ေတြပါ တက္ေရာက္တဲ့ ကရင္ႏွစ္သစ္ကူးေန႔ပြဲကို လူ တစ္ေထာင္နီးပါးတက္ေရာက္ခဲ့ၿပီး၊ လာမယ့္ ႏွစ္သစ္ ျမန္မာႏိုင္ငံမွာ ကုိယ္ပုိင္ျပဌာန္းခြင့္၊ အုပ္ခ်ဳပ္ခြင့္ စတာေတြကို ပုံေဖၚႏုိင္မယ့္ အခြင့္အလမ္းေကာင္းေတြ ရလာေစဖို႔ ဆုေတာင္းေၾကာင္း KOA ေခၚ အေမရိကန္ေရာက္ ကရင္အဖြဲ႔အစည္း အတြင္းေရးမႉး(၂) ေစာကလဲ့အယ္စိုးက ေျပာပါတယ္။
“ လာမယ့္ႏွစ္မွာ က်ေနာ္တို႔လိုခ်င္တဲ့ ဟာေတြက်ေတာ့ တန္းတူအခြင့္အေရးေတြ လိုခ်င္တာေပါ့၊ ကိုယ္ပုိင္အုပ္ခ်ဳပ္ခြင့္ အဲဒါေတြလည္း လိုခ်င္တယ္။ ေနာက္ က်ေနာ္တို႔ ဓေလ့႐ုိးရာ စာေပ ယဥ္ေက်းမႈ အစရွိသျဖင့္ေပါ့ေလ အဲဒါေတြက လုပ္ခ်င္သလို လုပ္လို႔မရဘူး တခ်ဳိ႕ေနရာ ေတြမွာ .. အဲလိုမ်ဳိးေပါ့ေနာ္။ အဲဒါေတြက မျဖစ္သင့္ဘူးေပါ့ေနာ္။ ေနာက္ က်ေနာ္တို႔ အေျပာင္းအလဲ ျဖစ္ဖို႔လိုအပ္ၿပီေပါ့။ ဘာျဖစ္လို႔လည္း ဆိုရင္ က်ေနာ္တုိ႔ႏိုင္ငံမွာ အုပ္ခ်ဳပ္ေနတာက NLD ဒါေပမဲ့ ပါဝါေတြ ယူေနတာက်ေတာ့ ေျပာရမယ္ဆိုရင္ တပ္မေတာ္ေပါ့ေနာ္။ အဲဒါေတာ့ ေျပာင္းလဲမႈ သူတို႔လုပ္သင့္တာေပါ့ေနာ္။”
ကေနဒါႏိုင္ငံ တုိရန္တိုၿမဳိ့မွာလည္း ကရင္ႏွစ္သစ္ကူးေန႔ပြဲကို အစီအစဥ္မ်ဳိးစုံနဲ႔ တင္ဆက္ က်င္းပခဲ့ၿပီး ျမန္္မာျပည္ႀကီး ျငိမ္းခ်မ္းသာယာ ဝေျပာဖို႔အတြက္ ဆုမြန္ေကာင္းေတာင္းျဖစ္တယ္လို႔ တိုရန္တို ကရင္လူမႈအဖြဲ႔အစည္း ဒုဥကၠဌ ေစာမီးသာက ေျပာပါတယ္။
“ က်ေနာ္တို႔ အေကာင္းဆုံး ေမွ်ာ္လင့္တာကေတာ့ အားလုံး သာယာဝေျပာတဲ့ဘဝ ျငိိမ္းခ်မ္းတဲ့ဘဝကို အားလုံးက လုိခ်င္ၾကတာခ်ည္းပဲ က်ေနာ္တုိ႔လည္း လိုခ်င္ခဲ့တယ္၊ အမ်ဳိးမ်ဳိးလည္း ႀကဳိးစားခဲ့တယ္။ အခုျပည္တြင္းမွာ အသက္နဲ႔ရင္းၿပီးေတာ့ ေျပးၿပီး ပုန္းေရွာင္ေနရတဲ့ သူေတြ၊ လူ႔အခြင့္အေရး ခ်ဳိးေဖါက္ခံေနရတဲ့လူေတြက အမ်ားႀကီးရွိတယ္။ ဥပမာ ဒုကၡသည္စခန္းမွာ ေနရတဲ့လူေတြက်ျပန္ေတာ့ သူတုိ႔မွာ ဘဝက မေရမရာနဲ႔ ၿပီးတဲ့အခါ ေမွ်ာ္လင့္ခ်က္ေတြက ကုန္ဆုံး .. အဲလိုအေျခအေနမ်ဳိး ႀကဳံေနရတာေတြ အမ်ားႀကီးရွိတယ္။ ဒါေပမယ့္ တခုေကာင္းတာက ရာဇဝင္နဲ႔ခ်ီ ၾကည့္မယ္ဆုိရင္ ကရင္ႏွစ္သစ္ကူး ေရာက္လာလုိ႔ရွိရင္ ကြဲျပားမႈအားလုံးကို ကရင္အားလုံးက ခြာခ်ၿပီးေတာ့ အဲဒီမွာ အားလုံးက သူတပါးနဲ႔ စုစုစည္းစည္းနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ က်င္းပၾကတာေတာ့ ထုံစံဓေလ့ကေတာ့ ရွိခဲ့ဖူးတယ္။ ဒါ သမုိင္းအရလည္း ျပန္ၾကည့္လို႔ ရတယ္ေလ။ ”
ကရင္တိုင္းရင္းသားေတြ ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ရႏိုင္ဖို႔ လက္နက္ကုိင္ေတာ္လွန္လာတဲ့ ကရင္အမ်ဳိးသားအစည္းအ႐ုံး KNU အဖြဲ႔က သမၼတ ဦးသိန္းစိန္ အစိုးရလက္ထက္မွာ တႏုိင္ငံလုံး အပစ္ရပ္စာခ်ဳပ္ NCA ကိုလက္မွတ္ထုိးခဲ့ေပမယ့္ ဒီဆုံးျဖတ္ခ်က္အေပၚ ဘဝင္မက်တဲ့ ကရင္တိုင္းရင္းသားေတြ ရွိၾကသလို၊ ကရင္ေဒသ ၿငိမ္းခ်မ္းေနၿပီလုိ႔ မခံယူေသးေၾကာင္းလည္း ေဝဖန္ေျပာဆိုၾကပါတယ္။
(Unicode)
ပြည်ပရောက် ကရင်တိုင်းရင်းသားများရဲ့ ကရင်နှစ်သစ်ကူးနေ့ မျှော်လင့်ချက်
မြန်မာနိုင်ငံမှာ အခြားတိုင်းရင်းသားတွေနည်းတူ ကရင်တိုင်းရင်းသားတွေ လိုလားတဲ့ ငြိမ်းချမ်းရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ စာပေ ယဉ်ကျေးမှု စတာတွေကို လွတ်လပ်စွာ ပုံဖေါ်နိုင်မယ့် အခွင့်အလမ်းတွေ လာမယ့်နှစ်သစ်ထဲ ပေါ်ပေါက်လာစေဖို့ မျှော်လင့်ဆုတောင်းမိ တယ်လို့ ပြည်ပရောက် ကရင်တိုင်းရင်းသားတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာကျရောက်တဲ့ ၂၇၅၉ နှစ်မြောက် ကရင်နှစ်သစ် ကူးနေ့မှာ အဲဒီလို ပြောဆိုလိုက်ကြတာပါ။ ဒီအကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံထဲမှာ ကရင်လူမျိုးတွေ အခြေချနေထိုင်ပြီး နှစ်သစ်ကူးပွဲလုပ်လာခဲ့တာ နှစ်ပေါင်း ၂၇၅၉ နှစ်ရှိလာခဲ့ပါပြီ။ လွတ်လပ်ရေးရပြီးခါစ ဒေသအသီးသီးမှာ ကွဲပြားနေတဲ့ ကရင်တိုင်းရင်းသားတွေ တစုတစည်းထဲဖြစ်အောင်လို့ ဒီဇင်ဘာ(၂၆)ရက်နေ့ကို ကရင်အမျိုးသားနေ့အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အစိုးရတာဝန်ရှိသူတွေက ကရင်နှစ်သစ်ကူးနေ့အဖြစ်သာ သတ်မှတ်ပေးခဲ့တယ်လို့ အသက်(၇၆)နှစ် အရွယ်ရှိပြီဖြစ်တဲ့ သြစတြေးလျားနိုင်ငံမှာ နေထိုင်သူ နိုင်ငံတကာ ကရင်အဖွဲ့အစည်း IKO အလုပ်အမှုဆောင်ကော်မတီဝင် မန်းအော်လန်းဒိုက ရှင်းပြပါတယ်။
“ ဟိုတုန်းကတော့ အကွဲကွဲအပြားပြားနဲ့ နှစ်သစ်ကူးတွေကို ကရင်ဒေသအလိုက်ပေ့ါလေ ကောက်သစ်ပေါ်တဲ့အချိန်ကို ကျင်းပကြတာ။ ဒါပေမဲ့ နှစ်သစ်ကူး တရက်ထဲကို တပြည်လုံးမှာ တမျိုးသားလုံးက တညီတညွတ်ထဲနဲ့ လုပ်နိုင်တဲ့ တကယ့် Gazetted Holiday ဖြစ်ဖို့အတွက်က ကရင်ခေါင်းဆောင်တွေ ကြိုးစားလာခဲ့တာကို ကျနော်တို့ပြန်လည်သုံးသပ်ပြီး ဒီနေ့ဒီရက်ရဲ့တန်ဖိုးနဲ့ အနှစ်သာရကို ပြန်ပြီးတော့ အောင်းမေ့ သတိရတဲ့အပြင်ပေါ့ နော်၊ တန်ဖိုးထားကြဖို့ အဲဒါ ကျနော်တို့လုပ်ကြပါတယ် ပထမ တချက်က၊ နောက် ဒီကရင်နှစ်သစ်ကူးနေ့ ဆိုတဲ့ဟာက အစပိုင်းမှာ နှစ်သစ်ကူးနေ့အနေနဲ့ တောင်းခဲ့တာ မဟုတ်ဘူး။ ကရင်အမျိုးသားနေ့ဆိုပြီးတော့ တောင်းခဲ့တာပဲ။ ဒါပေမဲ့ နောက်ဆုံးကျတော့ အကြောင်းအမျိုးမျိုးကြောင့် ဒေါက်တာဘမော် အစိုးရလက်ထက်မှာ ကရင်နှစ်သစ်ကူးနေ့အဖြစ်ပဲ အသိအမှတ်ပြုဖို့ ပြန်လည်သတ်မှတ်ပေး တယ်ပေါ့နော်။ ”
သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့မှာလည်း ဒီဇင်ဘာ ၂၆ ရက်နေ့က ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပခဲ့တယ်လို့ သူကပြောပါတယ်။ အလားတူ အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ယူတီကာမြို့မှာ ကရင်တိုင်းရင်းသားတွေ အပါအဝင် ဒေသခံ အမေရိကန် လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေပါ တက်ရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ပွဲကို လူ တစ်ထောင်နီးပါးတက်ရောက်ခဲ့ပြီး၊ လာမယ့် နှစ်သစ် မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့် စတာတွေကို ပုံဖေါ်နိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရလာစေဖို့ ဆုတောင်းကြောင်း KOA ခေါ် အမေရိကန်ရောက် ကရင်အဖွဲ့အစည်း အတွင်းရေးမှူး(၂) စောကလဲ့အယ်စိုးက ပြောပါတယ်။
“ လာမယ့်နှစ်မှာ ကျနော်တို့လိုချင်တဲ့ ဟာတွေကျတော့ တန်းတူအခွင့်အရေးတွေ လိုချင်တာပေါ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဲဒါတွေလည်း လိုချင်တယ်။ နောက် ကျနော်တို့ ဓလေ့ရိုးရာ စာပေ ယဉ်ကျေးမှု အစရှိသဖြင့်ပေါ့လေ အဲဒါတွေက လုပ်ချင်သလို လုပ်လို့မရဘူး တချို့နေရာ တွေမှာ .. အဲလိုမျိုးပေါ့နော်။ အဲဒါတွေက မဖြစ်သင့်ဘူးပေါ့နော်။ နောက် ကျနော်တို့ အပြောင်းအလဲ ဖြစ်ဖို့လိုအပ်ပြီပေါ့။ ဘာဖြစ်လို့လည်း ဆိုရင် ကျနော်တို့နိုင်ငံမှာ အုပ်ချုပ်နေတာက NLD ဒါပေမဲ့ ပါဝါတွေ ယူနေတာကျတော့ ပြောရမယ်ဆိုရင် တပ်မတော်ပေါ့နော်။ အဲဒါတော့ ပြောင်းလဲမှု သူတို့လုပ်သင့်တာပေါ့နော်။”
ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာလည်း ကရင်နှစ်သစ်ကူးနေ့ပွဲကို အစီအစဉ်မျိုးစုံနဲ့ တင်ဆက် ကျင်းပခဲ့ပြီး မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာ ဝပြောဖို့အတွက် ဆုမွန်ကောင်းတောင်းဖြစ်တယ်လို့ တိုရန်တို ကရင်လူမှုအဖွဲ့အစည်း ဒုဥက္ကဌ စောမီးသာက ပြောပါတယ်။
“ ကျနော်တို့ အကောင်းဆုံး မျှော်လင့်တာကတော့ အားလုံး သာယာဝပြောတဲ့ဘဝ ငြိမ်းချမ်းတဲ့ဘဝကို အားလုံးက လိုချင်ကြတာချည်းပဲ ကျနော်တို့လည်း လိုချင်ခဲ့တယ်၊ အမျိုးမျိုးလည်း ကြိုးစားခဲ့တယ်။ အခုပြည်တွင်းမှာ အသက်နဲ့ရင်းပြီးတော့ ပြေးပြီး ပုန်းရှောင်နေရတဲ့ သူတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့လူတွေက အများကြီးရှိတယ်။ ဥပမာ ဒုက္ခသည်စခန်းမှာ နေရတဲ့လူတွေကျပြန်တော့ သူတို့မှာ ဘဝက မရေမရာနဲ့ ပြီးတဲ့အခါ မျှော်လင့်ချက်တွေက ကုန်ဆုံး .. အဲလိုအခြေအနေမျိုး ကြုံနေရတာတွေ အများကြီးရှိတယ်။ ဒါပေမယ့် တခုကောင်းတာက ရာဇဝင်နဲ့ချီ ကြည့်မယ်ဆိုရင် ကရင်နှစ်သစ်ကူး ရောက်လာလို့ရှိရင် ကွဲပြားမှုအားလုံးကို ကရင်အားလုံးက ခွာချပြီးတော့ အဲဒီမှာ အားလုံးက သူတပါးနဲ့ စုစုစည်းစည်းနဲ့ ပျော်ပျော်ပါးပါးနဲ့ ကျင်းပကြတာတော့ ထုံစံဓလေ့ကတော့ ရှိခဲ့ဖူးတယ်။ ဒါ သမိုင်းအရလည်း ပြန်ကြည့်လို့ ရတယ်လေ။ ”
ကရင်တိုင်းရင်းသားတွေ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရနိုင်ဖို့ လက်နက်ကိုင်တော်လှန်လာတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့က သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ကိုလက်မှတ်ထိုးခဲ့ပေမယ့် ဒီဆုံးဖြတ်ချက်အပေါ် ဘဝင်မကျတဲ့ ကရင်တိုင်းရင်းသားတွေ ရှိကြသလို၊ ကရင်ဒေသ ငြိမ်းချမ်းနေပြီလို့ မခံယူသေးကြောင်းလည်း ဝေဖန်ပြောဆိုကြပါတယ်။