သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ ျပသနာေၾကာင့္ တပ္မေတာ္ေခါင္းေဆာင္ေတြ အေတြးအေခၚ ေျပာင္းလဲလာမလား


ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ကုလသမဂၢလံုၿခံဳေရးေကာင္စီ သံတမန္အဖဲြ႔ကို လက္ခံေတြ႕ဆံုေနစဥ္ (ဧၿပီလ ၃၀၊ ၂၀၁၈)
တိုက္႐ိုက္ လင့္ခ္


Zawgyi/Unicode

လက္ရွိ အခ်ိန္ဟာ အစၥလာမၼစ္ ပူးေပါင္းေဆာင္ရြက္ေရး အဖြဲ႕ OIC ရဲ႕ ကိုယ္စား ဂမ္ဘီယာ ႏုိင္ငံက ျမန္မာႏုိင္ငံ အေနနဲ႔ ကုလသမဂၢမွာ လက္မွတ္ေရးထိုးထားတဲ့ Genocide သေဘာတူညီခ်က္ ကို ခ်ိဳးေဖါက္တယ္ ဆုိျပီး အျပည္ျပည္ဆုိင္ရာ တရားရံုး (ICJ) မွာ တရားစြဲထားတဲ့ အခ်ိန္ ျဖစ္ပါတယ္။ အထူးသျဖင့္ ျမန္မာ့ တပ္မေတာ္ကေန ရခုိင္ျပည္နယ္ေျမာက္ပိုင္းက ရိုဟင္ဂ်ာ မူဆလင္ ေတြကို လူမ်ိဳးတုန္း သတ္ျဖတ္မွဳေတြ လုပ္ခဲ့တယ္ ဆိုျပီး စြပ္စြဲ ထားတာပါ။ ဒါကို ျမန္မာႏုိင္ငံကိုယ္စား ႏုိင္ငံျခားေရး ၀န္ၾကီးလည္းျဖစ္၊ ႏုိင္ငံေတာ္ဇ။္ အတုိင္ပင္ခံ ပုဂၢိဳလ္လည္း ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္က နယ္သာလန္ႏုိင္ငံ သည္ဟိတ္ ကုိသြားျပီး ငွားရမ္းထားတဲ့ ေရွ႕ေနေတြနဲ႔ အတူ အမွဳကို ရင္ဆုိင္ေနရခ်ိန္ ျဖစ္ပါတယ္။ တပ္မေတာ္ဘက္က က်ဴးလြန္ခဲ့ပါတယ္ ဆိုတဲ့ အမွဳအတြက္ အစိုးရအဖြဲ႕ေခါင္းေဆာင္ ကိုယ္တုိင္ ဦးေဆာင္ျပီး သြားေရာက္ ရင္ဆုိင္ေနရခ်ိန္၊ တပ္မေတာ္ဟာ Genocide အမွဳကို မက်ဴးလြန္ပါဘူး ဆုိျပီး ခုခံ ေခ်ပေနရခ်ိန္ ျပည္တြင္းမွာ တပ္မေတာ္ စစ္ေခါင္းေဆာင္ေတြ၊ တပ္မေတာ္ကိုယ္စား လႊတ္ေတာ္ထဲ ေရာက္ေနတဲ့ ကိုယ္စားလွယ္ေတြက ဘာေတြ ေျပာဆုိ ျပဳမူ ေနၾကသလဲ၊ ICJ ျပသနာေၾကာင့္ တပ္မေတာ္ ေခါင္းေဆာင္ေတြရဲ႕ အေတြးအေခၚေတြ ေျပာင္းလဲ လာၾကသလား၊ အရင္အတုိင္း ရွိေနဆဲပဲလား ဆိုတာ ေလ့လာ တင္ျပသြားပါ့မယ္။

အခုဆိုရင္ လႊတ္ေတာ္ထဲမွာ ၂၀၀၈ ဖြဲ႕စည္းပံုျပင္ေရး နဲ႔ ပတ္သက္ျပီး အင္န္အယ္လ္ဒီ အမတ္ေတြက တစ္ဖက္၊ ျပည္ခုိင္ျဖိဳးနဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္ေတြက တစ္ဖက္ အျပင္းအထန္ ျငင္းခံုေနၾကတဲ့ အခ်ိန္ပါ။ အင္န္အယ္လ္ဒီ ပါတီ ဘက္က ဖြဲ႕စည္းပံု တစ္ခုလံုးကို ျခံဳငံုသံုးသပ္ျပီး ျပင္ဆင္ေရး လုပ္ငန္းေတြ စတင္ေနခ်ိန္ ျပည္ခုိင္ျဖိဳးနဲ႔ တပ္မေတာ္ ကိုယ္စားလွယ္ေတြဘက္က ဖြဲ႕စည္းပံု ျပင္ဆင္ေရး ဥပေဒ မူၾကမ္း ၅ ခု အထိ တင္လာျပီး အဲဒီ ဥပေဒမူၾကမ္းေတြကို ဘယ္လုိ ဆက္လုပ္ၾကမလဲ ဆုိတဲ့ကိစၥ အၾကီးအက်ယ္ အျငင္းပြားေနၾကတာ ျဖစ္ပါတယ္။ ျပည္ခုိင္ျဖိဳးနဲ႔ တပ္မေတာ္ဘက္က ဒီ ဥပေဒ မူၾကမ္းေတြကို လႊတ္ေတာ္ထဲတင္၊ ေဆြးေႏြး၊ မဲခြဲ ဆံုးျဖတ္ စသျဖင့္ လုပ္ခ်င္ေနၾကပါတယ္။ အင္န္အယ္လ္ဒီ ဘက္ကေတာ့ ဒီ ဥပေဒ မူၾကမ္းေတြကို ဖြဲ႕စည္းပံု တစ္ခုလံုးကို ျပင္ဆင္ဖို႔ လုပ္ကိုင္ေနတဲ့ ၄၅ ဦးေကာ္မတီ လုပ္ငန္းစဥ္ထဲ ထည့္သြင္းဖို႔ ဆႏၵရွိေနၾကတာပါ။ ဒီကိစၥ လႊတ္ေတာ္တြင္း မဲခြဲဆံုးျဖတ္ေတာ့ ျပည္ခုိင္ျဖိဳးနဲ႔ တပ္ ကိုယ္စားလွယ္ေတြ တင္တဲ့ ဥပေဒၾကမ္းေတြ အားလံုး ၄၅ ဦးေကာ္မတီရဲ႕ လုပ္ငန္းစဥ္ထဲ ထည့္သြင္းဖို႔ ဆုိတဲ့ အေျဖေတြ ထြက္ေပၚလာပါတယ္။ ဒီမွာတင္ပဲ တပ္မေတာ္သား ကိုယ္စားလွယ္ေတြဘက္က ဒီမိုကေရစီ အႏုိင္က်င့္တာ ဆိုတဲ့ စကားလံုးမ်ိဳးေတြ အပါအ၀င္ ေရွ႕ပိုင္း ျမန္မာ့သမုိင္းမွာ ျဖစ္ပ်က္ခဲ့ဖူးတဲ့ စစ္တပ္က အာဏာသိမ္းတဲ့ အျဖစ္မ်ိဳး ေရာက္သြားႏုိင္တယ္ ဆိုသည္အထိ သြယ္၀ိုက္ ေျပာဆုိ သတိေပးတာ ရွိလာပါတယ္။

ဒီဇင္ဘာ ၅ ရက္ေန႔က က်င္းပတဲ့ ျပည္ေထာင္စု လႊတ္ေတာ္ အစည္းအေ၀းမွာ ျပည္ခုိင္ျဖိဳးပါတီ၀င္ ကရင္ျပည္နယ္အမွတ္(၅) အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းသန္းႏုိင္ အပါအ၀င္ ၁၄၅ ဦး တင္ျပထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပံုျပင္ေရး ဥပေဒၾကမ္း နဲ႔ ပတ္သက္ျပီး ဥပေဒၾကမ္းေကာ္မတီရဲ႕ အစီရင္ခံကို ေဆြးေႏြးၾကပါတယ္။ အစီရင္ခံစာနဲ႔ ပတ္သက္ျပီး တပ္မေတာ္သား ကိုယ္စားလွယ္ ဒုဗိုလ္မွဴးၾကီး မ်ိဳးထြန္းေအာင္က လႊတ္ေတာ္တြင္း မဲခြဲ ဆံုးျဖတ္တာဟာ ဒီမိုကေရစီ အႏုိင္က်င့္မွဳ ျဖစ္တဲ့အေၾကာင္း၊ အဲလို လုပ္မယ္ ဆိုရင္ အႏၱရာယ္ ရွိလာႏုိင္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။

ဒါတင္မက သူက ပါလီမန္ ဒီမိုကေရစီေခတ္က ၀န္ၾကီးခ်ဳပ္ ဦးႏုရဲ႕ လုပ္ရပ္ တစ္ခ်ိဳ႕ကို ေထာက္ျပျပီး “ဒီလို ၀န္ၾကီးခ်ဳပ္ဦးႏုရဲ႕ မဆင္မျခင္ လုပ္ေဆာင္မွဳ အက်ိဳးရလာဒ္ေတြေၾကာင့္ တိုင္းျပည္ အေျခအေန တည္ျငိမ္မွဳ ပ်က္ျပားကာ ၁၉၅၈ ခု၊ စက္တင္ဘာလ ၂၆ ရက္ေန႔တြင္ တင္ျပပါ စာႏွင့္ ဗိုလ္ခ်ဳပ္ၾကီးေန၀င္းအား အာဏာ ထိန္းသိမ္းေပးႏုိင္ပါရန္ ညွိႏွိဳင္း၍ တုိင္းျပည္ဇ။္ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ျမဲေစရန္ ထိန္းသိမ္း ေဆာင္ရြက္ေစခဲ့ရမွဳ ကို သတိျပဳႏုိင္ပါရန္ တင္ျပအပ္။” ဆိုျပီး လႊတ္ေတာ္တြင္း ေျပာဆုိခဲ့ပါတယ္။

အဓိပၸါယ္ကေတာ့ လႊတ္ေတာ္တြင္းက အျငင္းပြားမွဳေတြဟာ စစ္အာဏာသိမ္းပြဲ အထိ ေရာက္ေကာင္း ေရာက္သြားႏုိင္တာကို သြယ္၀ိုက္ျပီး သတိေပးခ်င္တဲ့ သေဘာပါပဲ။ လႊတ္ေတာ္တြင္း တပ္မေတာ္သား ကိုယ္စားလွယ္တစ္ေယာက္ဟာ သူေျပာဆုိမယ့္ အေၾကာင္းအရာ အခ်က္အလက္ေတြကို သူ႔သေဘာနဲ႔သူ ေျပာဆိုခြင့္မရွိပါဘူး။ သက္ဆုိင္ရာ ၾကီးၾကပ္သူ အထက္ အရာရွိေတြ စိစစ္ျပီး ေနာက္မွသာ တင္ျပခြင့္ရတာမို႔ ဒီ ေျပာဆုိမွဳဟာ တပ္မေတာ္ေခါင္းေဆာင္ေတြရဲ႕ သေဘာထားလို႔ ေကာက္ခ်က္ခ်ႏုိင္ပါတယ္။

အခုရက္ပိုင္းအတြင္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ကလည္း မိန္႔ခြန္းေတြ ေျပာပါတယ္။ ႏို၀င္ဘာ ၂၉ ရက္ေန႔က ႏုိင္ငံေတာ္ ကာကြယ္ေရး တကၠသိုလ္မွာ ေျပာတဲ့ သူ႔မိန္႔ခြန္းထဲမွာ လက္ရွိ ေရြးေကာက္ခံ အစိုးရကို သိပ္ သေဘာမက်တဲ့အေၾကာင္း သြယ္၀ိုက္ျပီး ေျပာဆိုတာ ၾကားၾကရပါတယ္။ သူက “ဒီမိုကေရစီ ခိုင္မာအားေကာင္းရန္ အတြက္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းရန္၊ အုပ္ခ်ဳပ္သူမ်ား ေကာင္းရန္ လိုေၾကာင္း၊ ပါတီႏိုင္ငံေရးမ်ား ပါေသာ အုပ္ခ်ဳပ္မႈစနစ္မ်ဳိးျဖစ္ေနပါက အဆင္မေျပေၾကာင္း၊ ဒီမိုကေရစီတြင္ ယွဥ္ၿပဳိင္ဘက္ အတိုက္အခံပါတီမ်ား ရွိမည္ျဖစ္ေၾကာင္း၊ ပါတီႏိုင္ငံေရးပါေသာ အုပ္ခ်ဳပ္ေရး ေဆာင္ရြက္ပါက အုပ္ခ်ဳပ္ေရးကို အတိုက္အခံလုပ္မွာျဖစ္ေၾကာင္း၊ အာဏာရပါတီ ကလည္း အာဏာရရွိေရး၊ အာဏာတည္ၿမဲေရးကို ႀကဳိးစားမည္သာျဖစ္၍ မည္သို႔မွ် သဟဇာတ မျဖစ္ႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ ဒီမိုကေရစီစနစ္တြင္ တည္ၿငိမ္ေအးခ်မ္းရန္၊ ညီၫြတ္မွ်တသည့္ အုပ္ခ်ဳပ္ေရးျဖစ္ရန္လိုေၾကာင္း၊” ဆိုျပီး ထည့္သြင္းေျပာဆုိခဲ့ပါတယ္။

အလားတူ ဒီဇင္ဘာ ၆ ရက္ေန႔မွာ က်င္းပတဲ့ ျပင္ဦးလြင္ စစ္တကၠသိုလ္ အပတ္စဥ္ ၆၁ ေက်ာင္းဆင္းပြဲ စစ္ေရးျပ အခန္းအနား မိန္႔ခြန္းမွာလည္း “မိမိတုိ႕ႏုိင္ငံ၏ သမုိင္းေၾကာင္း၊ ႏုိင္ငံ၏ ျဖစ္တည္မႈမ်ားအရ “တပ္မေတာ္အင္အားရွိမွ တုိင္းျပည္အင္အား ရွိမည္” ဆုိသည့္ စကားသည္ မည္သည့္ေခတ္ အခါမဆုိ အၿမဲမွန္ကန္မႈ ရွိေနမည္ျဖစ္ေၾကာင္း၊” ေျပာဆုိခဲ့ျပန္ပါတယ္။ ဒါဟာ အရင္ စစ္အာဏာရွင္ေတြ ေခတ္က ေဆာင္ပုဒ္ တစ္ခုျဖစ္ျပီး တပ္မေတာ္ဟာ တိုင္းျပည္ တစ္ျပည္ရဲ႕ အစိတ္အပိုင္း ျဖစ္ေနတယ္ ဆိုတာ၊ တုိင္းျပည္ တိုးတက္၊ခ်မ္းသာၾကြယ္၀ ပါမွ ေရျမင့္ ၾကာတင့္ ဆုိသလို တပ္မေတာ္လည္း အင္အားရွိလာမယ္ ဆိုတဲ့ အေတြးအေခၚမ်ိဳးနဲ႔ ဆန္႔က်င္ေနဆဲ ျဖစ္တာ ေတြ႕ၾကရပါတယ္။

ျမန္မာ့တပ္မေတာ္နဲ႔ ႏွစ္ေပါင္း၆၀ ေက်ာ္ၾကာ တုိက္ခိုက္ခဲ့ျပီးမွ တစ္တုိင္းျပည္လံုး အပစ္ရပ္စာခ်ဳပ္ NCA လက္မွတ္ထိုးခဲ့တဲ့ KNU ကရင္တပ္ဖြဲ႕ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ၾကီး ေစာမူတူးေစးဖုိးက ျမန္မာႏိုင္ငံမွာ လက္နက္ကိုင္ ပဋိပကၡေတြ ၾကာရွည္ ျဖစ္ပြားေနခဲ့တာကို အားလံုးေနာင္တ ရၾကျပီလို႔ သူ ယူဆေၾကာင္း ေျပာဆုိခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံ နိပြန္ေဖါင္ေဒးရွင္းကေန

ကရင္ ဒုကၡသည္ေတြ ေနထိုင္ဖုိ႔ အတြက္ ျမ၀တီျမိဳ႕က ေနအိမ္ေတြ လဲႊေျပာင္းေပးအပ္ပြဲမွာ သူက အဲဒီလို ေျပာခဲ့တာပါ။ တစ္ခ်ိဳ႕ႏိုင္ငံေရး သမားေတြကလည္း တပ္မေတာ္ရဲ႕ လုပ္ရပ္ေတြကေန တဆင့္ ေပၚေပါက္လာတဲ့ ICJ မွာ တရားစြဲခံရမွဳကို ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တုိင္ ဦးေဆာင္ ရင္ဆုိင္ ေျဖရွင္းေပးေနတာေၾကာင့္ အမ်ိဳးသားရင္ၾကားေစ့ေရး ျဖစ္ေပၚလာႏုိင္တယ္လို႔ အေကာင္းဘက္က ျမင္သူေတြလည္း ရွိၾကပါတယ္။ ဒါေပမယ့္ တကယ့္လက္ေတြ႕ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ရဲ႕ မိန္႔ခြန္းေတြ၊ လႊတ္ေတာ္တြင္း တပ္မေတာ္သား ကိုယ္စားလွယ္ေတြရဲ႕ ေျပာဆုိျပဳမူပံုေတြကို ၾကည့္ရင္ လတ္တေလာ ျဖစ္ရပ္ေတြနဲ႔ ပတ္သက္ျပီး အေတြးအေခၚ ဆုိင္ရာ ထူးျခားတဲ့၊ ေျပာင္းလဲမွဳ တစ္စံုတစ္ရာ မေတြ႕ မျမင္ရေသးပါေၾကာင္း တင္ျပလိုက္ရပါတယ္။

ICJ ပြသနာကြောင့် တပ်မတော်ခေါင်းဆောင်တွေ အတွေးအခေါ် ပြောင်းလဲလာမလား
စည်သူအောင်မြင့်

လက်ရှိ အချိန်ဟာ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ရဲ့ ကိုယ်စား ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံ အနေနဲ့ ကုလသမဂ္ဂမှာ လက်မှတ်ရေးထိုးထားတဲ့ Genocide သဘောတူညီချက် ကို ချိုးဖေါက်တယ် ဆိုပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲထားတဲ့ အချိန် ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ့ တပ်မတော်ကနေ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မူဆလင် တွေကို လူမျိုးတုန်း သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ် ဆိုပြီး စွပ်စွဲ ထားတာပါ။ ဒါကို မြန်မာနိုင်ငံကိုယ်စား နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က နယ်သာလန်နိုင်ငံ သည်ဟိတ် ကိုသွားပြီး ငှားရမ်းထားတဲ့ ရှေ့နေတွေနဲ့ အတူ အမှုကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ တပ်မတော်ဘက်က ကျူးလွန်ခဲ့ပါတယ် ဆိုတဲ့ အမှုအတွက် အစိုးရအဖွဲ့ခေါင်းဆောင် ကိုယ်တိုင် ဦးဆောင်ပြီး သွားရောက် ရင်ဆိုင်နေရချိန်၊ တပ်မတော်ဟာ Genocide အမှုကို မကျူးလွန်ပါဘူး ဆိုပြီး ခုခံ ချေပနေရချိန် ပြည်တွင်းမှာ တပ်မတော် စစ်ခေါင်းဆောင်တွေ၊ တပ်မတော်ကိုယ်စား လွှတ်တော်ထဲ ရောက်နေတဲ့ ကိုယ်စားလှယ်တွေက ဘာတွေ ပြောဆို ပြုမူ နေကြသလဲ၊ ICJ ပြသနာကြောင့် တပ်မတော် ခေါင်းဆောင်တွေရဲ့ အတွေးအခေါ်တွေ ပြောင်းလဲ လာကြသလား၊ အရင်အတိုင်း ရှိနေဆဲပဲလား ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။
အခုဆိုရင် လွှတ်တော်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး နဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ အမတ်တွေက တစ်ဖက်၊ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက တစ်ဖက် အပြင်းအထန် ငြင်းခုံနေကြတဲ့ အချိန်ပါ။ အင်န်အယ်လ်ဒီ ပါတီ ဘက်က ဖွဲ့စည်းပုံ တစ်ခုလုံးကို ခြုံငုံသုံးသပ်ပြီး ပြင်ဆင်ရေး လုပ်ငန်းတွေ စတင်နေချိန် ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် ကိုယ်စားလှယ်တွေဘက်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေ မူကြမ်း ၅ ခု အထိ တင်လာပြီး အဲဒီ ဥပဒေမူကြမ်းတွေကို ဘယ်လို ဆက်လုပ်ကြမလဲ ဆိုတဲ့ကိစ္စ အကြီးအကျယ် အငြင်းပွားနေကြတာ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ဘက်က ဒီ ဥပဒေ မူကြမ်းတွေကို လွှတ်တော်ထဲတင်၊ ဆွေးနွေး၊ မဲခွဲ ဆုံးဖြတ် စသဖြင့် လုပ်ချင်နေကြပါတယ်။ အင်န်အယ်လ်ဒီ ဘက်ကတော့ ဒီ ဥပဒေ မူကြမ်းတွေကို ဖွဲ့စည်းပုံ တစ်ခုလုံးကို ပြင်ဆင်ဖို့ လုပ်ကိုင်နေတဲ့ ၄၅ ဦးကော်မတီ လုပ်ငန်းစဉ်ထဲ ထည့်သွင်းဖို့ ဆန္ဒရှိနေကြတာပါ။ ဒီကိစ္စ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်တော့ ပြည်ခိုင်ဖြိုးနဲ့ တပ် ကိုယ်စားလှယ်တွေ တင်တဲ့ ဥပဒေကြမ်းတွေ အားလုံး ၄၅ ဦးကော်မတီရဲ့ လုပ်ငန်းစဉ်ထဲ ထည့်သွင်းဖို့ ဆိုတဲ့ အဖြေတွေ ထွက်ပေါ်လာပါတယ်။ ဒီမှာတင်ပဲ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ဒီမိုကရေစီ အနိုင်ကျင့်တာ ဆိုတဲ့ စကားလုံးမျိုးတွေ အပါအဝင် ရှေ့ပိုင်း မြန်မာ့သမိုင်းမှာ ဖြစ်ပျက်ခဲ့ဖူးတဲ့ စစ်တပ်က အာဏာသိမ်းတဲ့ အဖြစ်မျိုး ရောက်သွားနိုင်တယ် ဆိုသည်အထိ သွယ်ဝိုက် ပြောဆို သတိပေးတာ ရှိလာပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြည်ခိုင်ဖြိုးပါတီဝင် ကရင်ပြည်နယ်အမှတ်(၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် အပါအဝင် ၁၄၅ ဦး တင်ပြထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်း နဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံကို ဆွေးနွေးကြပါတယ်။ အစီရင်ခံစာနဲ့ ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး မျိုးထွန်းအောင်က လွှတ်တော်တွင်း မဲခွဲ ဆုံးဖြတ်တာဟာ ဒီမိုကရေစီ အနိုင်ကျင့်မှု ဖြစ်တဲ့အကြောင်း၊ အဲလို လုပ်မယ် ဆိုရင် အန္တရာယ် ရှိလာနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါတင်မက သူက ပါလီမန် ဒီမိုကရေစီခေတ်က ဝန်ကြီးချုပ် ဦးနုရဲ့ လုပ်ရပ် တစ်ချို့ကို ထောက်ပြပြီး “ဒီလို ဝန်ကြီးချုပ်ဦးနုရဲ့ မဆင်မခြင် လုပ်ဆောင်မှု အကျိုးရလာဒ်တွေကြောင့် တိုင်းပြည် အခြေအနေ တည်ငြိမ်မှု ပျက်ပြားကာ ၁၉၅၈ ခု၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် တင်ပြပါ စာနှင့် ဗိုလ်ချုပ်ကြီးနေဝင်းအား အာဏာ ထိန်းသိမ်းပေးနိုင်ပါရန် ညှိနှိုင်း၍ တိုင်းပြည်ဇ။် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်း ဆောင်ရွက်စေခဲ့ရမှု ကို သတိပြုနိုင်ပါရန် တင်ပြအပ်။” ဆိုပြီး လွှတ်တော်တွင်း ပြောဆိုခဲ့ပါတယ်။
အဓိပ္ပါယ်ကတော့ လွှတ်တော်တွင်းက အငြင်းပွားမှုတွေဟာ စစ်အာဏာသိမ်းပွဲ အထိ ရောက်ကောင်း ရောက်သွားနိုင်တာကို သွယ်ဝိုက်ပြီး သတိပေးချင်တဲ့ သဘောပါပဲ။ လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ်တစ်ယောက်ဟာ သူပြောဆိုမယ့် အကြောင်းအရာ အချက်အလက်တွေကို သူ့သဘောနဲ့သူ ပြောဆိုခွင့်မရှိပါဘူး။ သက်ဆိုင်ရာ ကြီးကြပ်သူ အထက် အရာရှိတွေ စိစစ်ပြီး နောက်မှသာ တင်ပြခွင့်ရတာမို့ ဒီ ပြောဆိုမှုဟာ တပ်မတော်ခေါင်းဆောင်တွေရဲ့ သဘောထားလို့ ကောက်ချက်ချနိုင်ပါတယ်။
အခုရက်ပိုင်းအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မိန့်ခွန်းတွေ ပြောပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ ပြောတဲ့ သူ့မိန့်ခွန်းထဲမှာ လက်ရှိ ရွေးကောက်ခံ အစိုးရကို သိပ် သဘောမကျတဲ့အကြောင်း သွယ်ဝိုက်ပြီး ပြောဆိုတာ ကြားကြရပါတယ်။ သူက “ဒီမိုကရေစီ ခိုင်မာအားကောင်းရန် အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရန်၊ အုပ်ချုပ်သူများ ကောင်းရန် လိုကြောင်း၊ ပါတီနိုင်ငံရေးများ ပါသော အုပ်ချုပ်မှုစနစ်မျိုးဖြစ်နေပါက အဆင်မပြေကြောင်း၊ ဒီမိုကရေစီတွင် ယှဉ်ပြိုင်ဘက် အတိုက်အခံပါတီများ ရှိမည်ဖြစ်ကြောင်း၊ ပါတီနိုင်ငံရေးပါသော အုပ်ချုပ်ရေး ဆောင်ရွက်ပါက အုပ်ချုပ်ရေးကို အတိုက်အခံလုပ်မှာဖြစ်ကြောင်း၊ အာဏာရပါတီ ကလည်း အာဏာရရှိရေး၊ အာဏာတည်မြဲရေးကို ကြိုးစားမည်သာဖြစ်၍ မည်သို့မျှ သဟဇာတ မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ်တွင် တည်ငြိမ်အေးချမ်းရန်၊ ညီညွတ်မျှတသည့် အုပ်ချုပ်ရေးဖြစ်ရန်လိုကြောင်း၊” ဆိုပြီး ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အလားတူ ဒီဇင်ဘာ ၆ ရက်နေ့မှာ ကျင်းပတဲ့ ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ် ၆၁ ကျောင်းဆင်းပွဲ စစ်ရေးပြ အခန်းအနား မိန့်ခွန်းမှာလည်း “မိမိတို့နိုင်ငံ၏ သမိုင်းကြောင်း၊ နိုင်ငံ၏ ဖြစ်တည်မှုများအရ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်” ဆိုသည့် စကားသည် မည်သည့်ခေတ် အခါမဆို အမြဲမှန်ကန်မှု ရှိနေမည်ဖြစ်ကြောင်း၊” ပြောဆိုခဲ့ပြန်ပါတယ်။ ဒါဟာ အရင် စစ်အာဏာရှင်တွေ ခေတ်က ဆောင်ပုဒ် တစ်ခုဖြစ်ပြီး တပ်မတော်ဟာ တိုင်းပြည် တစ်ပြည်ရဲ့ အစိတ်အပိုင်း ဖြစ်နေတယ် ဆိုတာ၊ တိုင်းပြည် တိုးတက်၊ချမ်းသာကြွယ်၀ ပါမှ ရေမြင့် ကြာတင့် ဆိုသလို တပ်မတော်လည်း အင်အားရှိလာမယ် ဆိုတဲ့ အတွေးအခေါ်မျိုးနဲ့ ဆန့်ကျင်နေဆဲ ဖြစ်တာ တွေ့ကြရပါတယ်။
မြန်မာ့တပ်မတော်နဲ့ နှစ်ပေါင်း၆၀ ကျော်ကြာ တိုက်ခိုက်ခဲ့ပြီးမှ တစ်တိုင်းပြည်လုံး အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးခဲ့တဲ့ KNU ကရင်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြာရှည် ဖြစ်ပွားနေခဲ့တာကို အားလုံးနောင်တ ရကြပြီလို့ သူ ယူဆကြောင်း ပြောဆိုခဲ့ပါတယ်။ ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်းကနေ
ကရင် ဒုက္ခသည်တွေ နေထိုင်ဖို့ အတွက် မြဝတီမြို့က နေအိမ်တွေ လွဲှပြောင်းပေးအပ်ပွဲမှာ သူက အဲဒီလို ပြောခဲ့တာပါ။ တစ်ချို့နိုင်ငံရေး သမားတွေကလည်း တပ်မတော်ရဲ့ လုပ်ရပ်တွေကနေ တဆင့် ပေါ်ပေါက်လာတဲ့ ICJ မှာ တရားစွဲခံရမှုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင် ရင်ဆိုင် ဖြေရှင်းပေးနေတာကြောင့် အမျိုးသားရင်ကြားစေ့ရေး ဖြစ်ပေါ်လာနိုင်တယ်လို့ အကောင်းဘက်က မြင်သူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မိန့်ခွန်းတွေ၊ လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ပြောဆိုပြုမူပုံတွေကို ကြည့်ရင် လတ်တလော ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အတွေးအခေါ် ဆိုင်ရာ ထူးခြားတဲ့၊ ပြောင်းလဲမှု တစ်စုံတစ်ရာ မတွေ့ မမြင်ရသေးပါကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG