ျမန္မာ့ကၽြန္းသစ္ကို ျပည္တြင္းျပည္ပ စိတ္ဝင္စားၾကတာ ႏွစ္ (၃၀၀) ေလာက္ ရိွပါၿပီ။ ကၽြန္းသစ္ကို ကုန္းေဘာင္မင္းဆက္ တည္ေထာင္တဲ့ အေလာင္းမင္းတရားက ၁၇၅၂ ခုႏွစ္မွာ ဘုရင္ပိုင္သစ္ေတာအျဖစ္ ေၾကညာပါတယ္။ ဘုရင့္ခြင့္ျပဳခ်က္မရဘဲ ခုတ္လဲွသံုးစြဲျခင္း မျပဳရလို႔ တားျမစ္ပါတယ္။ ခြင့္ျပဳခ်က္မရိွဘဲ ကၽြန္းသစ္ကိုထုတ္ယူရင္ သစ္ခိုးမႈ ျဖစ္သြားပါတယ္။ ဒါေပမဲ့ အစိုးရပိုင္ ကၽြန္းသစ္ကို ဒီကေန႔အထိ ကလိမ္ဥာဏ္သံုးၿပီး နည္းမ်ဳိးစံုနဲ႔ ခိုးထုတ္ေနပံုကို လန္ဒန္အေျခစိုက္ EIA (ေခၚ) ပတ္ဝန္းက်င္စံုစမ္းေရးေအဂ်င္စီက မၾကာမီက ထုတ္ျပန္တယ္ State of Corruption ဆိုတဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
ကၽြန္းသစ္ဟာ မိႈမတတ္၊ ျခမစား၊ ေဆြးေျမ့ျခင္းမရိွ၊ က်ဳံ ႔ျခင္းၾကြျခင္းမရိွ၊ အထူးႀကံ့ခိုင္ေတာင့္တင္းၿပီး ရာသီဥတုဒဏ္ကို ခံႏိုင္လို႔ ေရွးေခတ္သေဘၤာေဆာက္လုပ္ရာမွာ အလြန္အသံုးဝင္ပါတယ္။ အခုေခတ္မွာလည္း ကၽြန္းသစ္ကို သေဘၤာကုန္းပတ္အျဖစ္ သံုးေနဆဲ ျဖစ္ပါတယ္။ ကၽြန္းသစ္ထြက္လို႔ ျမန္မာျပည္ကို အဂၤလိပ္က စိတ္ဝင္စားလာတာပါ။ အထက္ျမန္မာျပည္က ကၽြန္းသစ္ကို အဂၤလိပ္ကုန္သည္ေတြက နည္းမ်ဳိးစံုနဲ႔ ခိုးထုတ္ပါတယ္။ ျမန္မာျပည္ကို သိမ္းပိုက္ရျခင္းအေၾကာင္းရင္းထဲမွာ ကၽြန္းသစ္မွန္မွန္ရလိုတာလည္း ပါဝင္ပါတယ္။ ကၽြန္းသစ္အၿမဲတမ္း ထြက္ႏိုင္ေအာင္ အဂၤလိပ္က သိပံၸနည္းနဲ႔ စီစဥ္ပါတယ္။
သေဘၤာေဆာက္ရာမွာ အဂၤလိပ္သံုးတဲ့ ဝက္သစ္ခ်သားဟာ ကၽြန္းသစ္ေလာက္ ေရရွည္မခံပါဘူး။ ကၽြန္းပင္ကို ဘုရင္ပိုင္အျဖစ္ သတ္မွတ္သလို၊ အဂၤလိပ္ကလည္း အစိုးရပိုင္အျဖစ္ သတ္မွတ္ခဲ့ပါတယ္။ ဒါေပမဲ့ သစ္ေတာက က်ယ္ဝန္းၿပီး အမႈထမ္းနည္းတာမို႔ သစ္ခိုးထုတ္မႈေတြ ရိွပါတယ္။ အဂၤလိပ္သစ္ေတာဌာနက ျမန္မာကို ကန္ထရိုက္ေပးၿပီး ကၽြန္းသစ္ထုတ္ခိုင္းပါတယ္။ ျမန္မာကန္ထရိုက္ယူ ထုတ္ယူတဲ့သစ္ကို သစ္ေတာဌာနက ဥေရာကသစ္ကုန္သည္ေတြကို ေလလံစနစ္ျဖင့္ ျပန္ေရာင္းပါတယ္။ ဒါေပမဲ့ ကန္ထရိုက္ေတြဟာ ကၽြန္းသစ္အေကာင္းစားကို အျပင္မွာေရာင္းစားၿပီး သစ္ေတာဌာနကို အညံ့စားသြင္းတာမ်ဳိးေတြ မၾကာခဏ ႀကံဳေတြ႔ရပါတယ္။ အခုေခတ္အထိ ဒီနည္းကိုသံုးၿပီး သစ္ကုန္သည္ေတြက အစိုးရကို ညားစားေနတုန္း ျဖစ္ပါတယ္။ ဥေရာပသစ္ကုန္သည္ကို ကၽြန္းသစ္ပါမစ္ ခ်ေပးေတာ့လည္း သစ္ခိုးထုတ္မႈေတြဟာ ရပ္ဆိုင္းမသြားဘဲ တိုးပြားလာတာသာ ေတြ႔ရပါတယ္။
အဂၤလိပ္ကိုလိုနီအစိုးရစနစ္မွာ ျမန္မာအခ်ဳိ ႔ေနရာရလာေတာ့ အလြဲသံုးစြဲမႈမ်ားျပားလာပါတယ္။ ၁၉၃၉ မွာ သစ္ေတာဝန္ႀကီးလုပ္တဲ့ ဦးေစာဟာ သစ္ေတာဌာနကို စြက္ဖက္တဲ့ေနရာမွာ နာမည္ႀကီးပါတယ္။ သူတည္ေထာင္တဲ့ မ်ဳိးခ်စ္ပါတီ က ပါတီဝင္ေတြကို သစ္ေတာဌာနမွာ ခန္႔အပ္တာဟာ အခုေခတ္ စစ္ဗိုလ္ေတြ ေနရာယူထားတဲ့ ပံုစံအတိုင္း ျဖစ္ေနပါတယ္။ လာဘ္စားလို႔ အလုပ္ျပဳတ္သြားတဲ့ သစ္ေတာဝန္ထမ္းေဟာင္း ဦးေမာင္ေမာင္ဟာ ဦးေစာရဲ ႔ အတြင္းေရးဝန္ ျဖစ္လာပါတယ္။ ဂ်ပန္ေခတ္္ေရာက္လာေတာ့ ဥေရာပကုမၸဏီေနရာကို ဂ်ပန္ကုမၸဏီေရာက္လာၿပီး ကၽြန္းသစ္ကို ထင္သလို ထုတ္ယူခဲ့ပါတယ္။ လြတ္လပ္ေရးရၿပီး ေတာ္လွန္ပုန္ကန္တဲ့အခါ အစိုးရလက္လႊတ္လိုက္ရတဲ့ သစ္ေတာေတြ ရိွလာပါတယ္။
ဦးႏုအစိုိးရေခတ္မွာ ကၽြန္းသစ္ကို အစိုးရက လက္ဝါးႀကီးအုပ္ထားၿပီး အျခားသစ္ကိုသာ ျမန္မာသစ္ကုန္သညေ္တြက လုပ္ခြင့္ရပါတယ္။ KNU ကရင္အမ်ုိးသားအစည္းအရံုးကလည္း သူ႔နယ္ေျမက ကၽြန္းသစ္ကို ထုတ္ယူေရာင္းခ်ပါတယ္။ ေကာ္သူေလးသစ္ေတာဌာနဆိုတဲ့ KNU ရဲ ႔ စစ္ၿပိဳင္သစ္ေတာဌာနကို ဆက္ေၾကးေပးၿပီး ကၽြန္းသစ္ထုတ္ယူသူေတြ ရိွလာပါတယ္။
ဗိုလ္ေနဝင္းအစိုးရဟာ သစ္ေရာင္းစားဖို႔သာ စိတ္အားထက္သန္တာေၾကာင့္ ႏုိင္ငံေတာ္သစ္လုပ္ငန္းအဖြဲ႔ ႀကီးထြားလာၿပီး သစ္ေတာျပဳစုပ်ဳိေထာင္ေရးကို ဦးစားေပးတဲ့ သစ္ေတာဌာနအရိွန္အဝါ က်ဆင္းလာပါတယ္။ ၁၉၆၂ မွာ ကၽြန္းသစ္တန္ခ်ိန္ (၂) သိန္းေက်ာ္ ထုတ္ယူၿပီး၊ ၁၉၈၂ မွာ (၄) သိန္းေက်ာ္ ထုတ္ယူတာကိုၾကည့္ရင္ ကၽြန္းသစ္ကို စည္းကမ္းမရိွ အလြန္အကၽြံ ထုတ္လုပ္ေရာင္းခ်ေနတာ သိသာထင္ရွားလွပါတယ္။
မဆလအစိုးရေခတ္မွာ သစ္ထုတ္အင္အားေတြဟာ ျမန္မာ့သစ္လုပ္ငန္း (သို႔မဟုတ္) သူ႔ေအာက္မွာ လုပ္ကိုင္ေနတဲ့ ကန္ထရိုက္အင္အားစုမွာ စုၿပံဳေနပါတယ္။ သစ္ထုတ္ခြင့္ရတဲ့ ေငြရွင္ေၾကးရွင္ ခရိုနီေတြဟာ ဒီကန္ထရိုက္အင္အားစုမွာရိွတဲ့ ဆင္္၊ ကၽြဲနဲ႔ သစ္တိုက္ကားေတြကို အဆမတန္ ေစ်းႀကီးေပးၿပီး ငွားရမ္းၾကပါတယ္။ ျမန္မာ့သစ္လုပ္ငန္းလက္ေအာက္က ကန္ထရိုက္ေတြဟာ လုပ္ခမ်ားမ်ားေပးတဲ့ ခရိုနီသစ္ကုန္သည္ေတြဆီကို ေရာက္သြားပါတယ္။ ဒါေၾကာင့္ အစိုးရပိုင္သစ္လုပ္ငန္းဟာ ခရိုနီပိုင္ပုဂၢလိက သစ္လုပ္ငန္းကို မၿပိဳင္ဆိုင္ႏိုင္ေတာ့တဲ့ အေျခအေနကို ေရာက္သြားပါတယ္။
၁၉၉၀ ျပည့္လြန္ႏွစ္ေတြမွာ ေကာ္သူေလးသစ္ေတာဌာနမွာ အမႈထမ္း (၅၀၀) ေရာက္ ရိွပါတယ္။ နဝတစစ္အစိုးရ တက္လာတဲ့အခါ ထိုင္းဗိုလ္ခ်ဳပ္ႀကီး ခ်ာဗာလစ္ေယာင္ခ်ာယုရဲ ႔ ေဆာင္ရြက္ခ်က္ေၾကာင့္ ထိုင္းကုမၸဏီ (၄၇) ခု သစ္ထုတ္ခြင့္ ရသြားပါတယ္။ ထိုင္း-ျမန္မာနယ္စပ္အေျခစိုက္ KNU ကရင္အဖြဲ႔ကိုတိုက္ေနတဲ့ နဝတ စစ္ဆင္းေရးဟာ သစ္ထုတ္လုပ္ငန္းနဲ႔ ဆက္စပ္ေနပါတယ္။ ထိုင္းကုမၸဏီေတြကို သစ္ထုတ္ခြင့္ေပးတာကို KNU ဟန္႔တားမွာ မဟုတ္ဘူးလို႔ နဝတအစိုးရက တြက္ပါတယ္။ KNU ဟာ ထိုင္းသစ္ကုမၸဏီေတြကိုလည္း ဆက္ေၾကးေကာက္ပါတယ္။ ဒါေပမဲ့ ထိုင္းကုမၸဏီေတြက တရားလြန္ သစ္ခိုးထုတ္ၾကလို႔ ၁၉၉၃ ႏွစ္ကုန္မွာ သစ္ထုတ္ခြင့္ကို လံုးဝပိတ္ပင္လိုက္ပါတယ္။
==Unicode==
မြန်မာ့ကျွန်းသစ်ကို ပြည်တွင်းပြည်ပ စိတ်ဝင်စားကြတာ နှစ် (၃၀၀) လောက် ရှိပါပြီ။ ကျွန်းသစ်ကို ကုန်းဘောင်မင်းဆက် တည်ထောင်တဲ့ အလောင်းမင်းတရားက ၁၇၅၂ ခုနှစ်မှာ ဘုရင်ပိုင်သစ်တောအဖြစ် ကြေညာပါတယ်။ ဘုရင့်ခွင့်ပြုချက်မရဘဲ ခုတ်လဲှသုံးစွဲခြင်း မပြုရလို့ တားမြစ်ပါတယ်။ ခွင့်ပြုချက်မရှိဘဲ ကျွန်းသစ်ကိုထုတ်ယူရင် သစ်ခိုးမှု ဖြစ်သွားပါတယ်။ ဒါပေမဲ့ အစိုးရပိုင် ကျွန်းသစ်ကို ဒီကနေ့အထိ ကလိမ်ဉာဏ်သုံးပြီး နည်းမျိုးစုံနဲ့ ခိုးထုတ်နေပုံကို လန်ဒန်အခြေစိုက် EIA (ခေါ်) ပတ်ဝန်းကျင်စုံစမ်းရေးအေဂျင်စီက မကြာမီက ထုတ်ပြန်တယ် State of Corruption ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကျွန်းသစ်ဟာ မှိုမတတ်၊ ခြမစား၊ ဆွေးမြေ့ခြင်းမရှိ၊ ကျုံ့ခြင်းကြွခြင်းမရှိ၊ အထူးကြံ့ခိုင်တောင့်တင်းပြီး ရာသီဥတုဒဏ်ကို ခံနိုင်လို့ ရှေးခေတ်သင်္ဘောဆောက်လုပ်ရာမှာ အလွန်အသုံးဝင်ပါတယ်။ အခုခေတ်မှာလည်း ကျွန်းသစ်ကို သင်္ဘောကုန်းပတ်အဖြစ် သုံးနေဆဲ ဖြစ်ပါတယ်။ ကျွန်းသစ်ထွက်လို့ မြန်မာပြည်ကို အင်္ဂလိပ်က စိတ်ဝင်စားလာတာပါ။ အထက်မြန်မာပြည်က ကျွန်းသစ်ကို အင်္ဂလိပ်ကုန်သည်တွေက နည်းမျိုးစုံနဲ့ ခိုးထုတ်ပါတယ်။ မြန်မာပြည်ကို သိမ်းပိုက်ရခြင်းအကြောင်းရင်းထဲမှာ ကျွန်းသစ်မှန်မှန်ရလိုတာလည်း ပါဝင်ပါတယ်။ ကျွန်းသစ်အမြဲတမ်း ထွက်နိုင်အောင် အင်္ဂလိပ်က သိပ္ပံနည်းနဲ့ စီစဉ်ပါတယ်။
သင်္ဘောဆောက်ရာမှာ အင်္ဂလိပ်သုံးတဲ့ ဝက်သစ်ချသားဟာ ကျွန်းသစ်လောက် ရေရှည်မခံပါဘူး။ ကျွန်းပင်ကို ဘုရင်ပိုင်အဖြစ် သတ်မှတ်သလို၊ အင်္ဂလိပ်ကလည်း အစိုးရပိုင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ သစ်တောက ကျယ်ဝန်းပြီး အမှုထမ်းနည်းတာမို့ သစ်ခိုးထုတ်မှုတွေ ရှိပါတယ်။ အင်္ဂလိပ်သစ်တောဌာနက မြန်မာကို ကန်ထရိုက်ပေးပြီး ကျွန်းသစ်ထုတ်ခိုင်းပါတယ်။ မြန်မာကန်ထရိုက်ယူ ထုတ်ယူတဲ့သစ်ကို သစ်တောဌာနက ဥရောကသစ်ကုန်သည်တွေကို လေလံစနစ်ဖြင့် ပြန်ရောင်းပါတယ်။ ဒါပေမဲ့ ကန်ထရိုက်တွေဟာ ကျွန်းသစ်အကောင်းစားကို အပြင်မှာရောင်းစားပြီး သစ်တောဌာနကို အညံ့စားသွင်းတာမျိုးတွေ မကြာခဏ ကြုံတွေ့ရပါတယ်။ အခုခေတ်အထိ ဒီနည်းကိုသုံးပြီး သစ်ကုန်သည်တွေက အစိုးရကို ညားစားနေတုန်း ဖြစ်ပါတယ်။ ဥရောပသစ်ကုန်သည်ကို ကျွန်းသစ်ပါမစ် ချပေးတော့လည်း သစ်ခိုးထုတ်မှုတွေဟာ ရပ်ဆိုင်းမသွားဘဲ တိုးပွားလာတာသာ တွေ့ရပါတယ်။
အင်္ဂလိပ်ကိုလိုနီအစိုးရစနစ်မှာ မြန်မာအချို့နေရာရလာတော့ အလွဲသုံးစွဲမှုများပြားလာပါတယ်။ ၁၉၃၉ မှာ သစ်တောဝန်ကြီးလုပ်တဲ့ ဦးစောဟာ သစ်တောဌာနကို စွက်ဖက်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ သူတည်ထောင်တဲ့ မျိုးချစ်ပါတီ က ပါတီဝင်တွေကို သစ်တောဌာနမှာ ခန့်အပ်တာဟာ အခုခေတ် စစ်ဗိုလ်တွေ နေရာယူထားတဲ့ ပုံစံအတိုင်း ဖြစ်နေပါတယ်။ လာဘ်စားလို့ အလုပ်ပြုတ်သွားတဲ့ သစ်တောဝန်ထမ်းဟောင်း ဦးမောင်မောင်ဟာ ဦးစောရဲ့ အတွင်းရေးဝန် ဖြစ်လာပါတယ်။ ဂျပန်ခေတ်ရောက်လာတော့ ဥရောပကုမ္ပဏီနေရာကို ဂျပန်ကုမ္ပဏီရောက်လာပြီး ကျွန်းသစ်ကို ထင်သလို ထုတ်ယူခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး တော်လှန်ပုန်ကန်တဲ့အခါ အစိုးရလက်လွှတ်လိုက်ရတဲ့ သစ်တောတွေ ရှိလာပါတယ်။
ဦးနုအစိုးရခေတ်မှာ ကျွန်းသစ်ကို အစိုးရက လက်ဝါးကြီးအုပ်ထားပြီး အခြားသစ်ကိုသာ မြန်မာသစ်ကုန်သညေ်တွက လုပ်ခွင့်ရပါတယ်။ KNU ကရင်အမျိုးသားအစည်းအရုံးကလည်း သူ့နယ်မြေက ကျွန်းသစ်ကို ထုတ်ယူရောင်းချပါတယ်။ ကော်သူလေးသစ်တောဌာနဆိုတဲ့ KNU ရဲ့ စစ်ပြိုင်သစ်တောဌာနကို ဆက်ကြေးပေးပြီး ကျွန်းသစ်ထုတ်ယူသူတွေ ရှိလာပါတယ်။
ဗိုလ်နေဝင်းအစိုးရဟာ သစ်ရောင်းစားဖို့သာ စိတ်အားထက်သန်တာကြောင့် နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့ ကြီးထွားလာပြီး သစ်တောပြုစုပျိုထောင်ရေးကို ဦးစားပေးတဲ့ သစ်တောဌာနအရှိန်အဝါ ကျဆင်းလာပါတယ်။ ၁၉၆၂ မှာ ကျွန်းသစ်တန်ချိန် (၂) သိန်းကျော် ထုတ်ယူပြီး၊ ၁၉၈၂ မှာ (၄) သိန်းကျော် ထုတ်ယူတာကိုကြည့်ရင် ကျွန်းသစ်ကို စည်းကမ်းမရှိ အလွန်အကျွံ ထုတ်လုပ်ရောင်းချနေတာ သိသာထင်ရှားလှပါတယ်။
မဆလအစိုးရခေတ်မှာ သစ်ထုတ်အင်အားတွေဟာ မြန်မာ့သစ်လုပ်ငန်း (သို့မဟုတ်) သူ့အောက်မှာ လုပ်ကိုင်နေတဲ့ ကန်ထရိုက်အင်အားစုမှာ စုပြုံနေပါတယ်။ သစ်ထုတ်ခွင့်ရတဲ့ ငွေရှင်ကြေးရှင် ခရိုနီတွေဟာ ဒီကန်ထရိုက်အင်အားစုမှာရှိတဲ့ ဆင်၊ ကျွဲနဲ့ သစ်တိုက်ကားတွေကို အဆမတန် ဈေးကြီးပေးပြီး ငှားရမ်းကြပါတယ်။ မြန်မာ့သစ်လုပ်ငန်းလက်အောက်က ကန်ထရိုက်တွေဟာ လုပ်ခများများပေးတဲ့ ခရိုနီသစ်ကုန်သည်တွေဆီကို ရောက်သွားပါတယ်။ ဒါကြောင့် အစိုးရပိုင်သစ်လုပ်ငန်းဟာ ခရိုနီပိုင်ပုဂ္ဂလိက သစ်လုပ်ငန်းကို မပြိုင်ဆိုင်နိုင်တော့တဲ့ အခြေအနေကို ရောက်သွားပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ကော်သူလေးသစ်တောဌာနမှာ အမှုထမ်း (၅၀၀) ရောက် ရှိပါတယ်။ နဝတစစ်အစိုးရ တက်လာတဲ့အခါ ထိုင်းဗိုလ်ချုပ်ကြီး ချာဗာလစ်ယောင်ချာယုရဲ့ ဆောင်ရွက်ချက်ကြောင့် ထိုင်းကုမ္ပဏီ (၄၇) ခု သစ်ထုတ်ခွင့် ရသွားပါတယ်။ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် KNU ကရင်အဖွဲ့ကိုတိုက်နေတဲ့ နဝတ စစ်ဆင်းရေးဟာ သစ်ထုတ်လုပ်ငန်းနဲ့ ဆက်စပ်နေပါတယ်။ ထိုင်းကုမ္ပဏီတွေကို သစ်ထုတ်ခွင့်ပေးတာကို KNU ဟန့်တားမှာ မဟုတ်ဘူးလို့ နဝတအစိုးရက တွက်ပါတယ်။ KNU ဟာ ထိုင်းသစ်ကုမ္ပဏီတွေကိုလည်း ဆက်ကြေးကောက်ပါတယ်။ ဒါပေမဲ့ ထိုင်းကုမ္ပဏီတွေက တရားလွန် သစ်ခိုးထုတ်ကြလို့ ၁၉၉၃ နှစ်ကုန်မှာ သစ်ထုတ်ခွင့်ကို လုံးဝပိတ်ပင်လိုက်ပါတယ်။