သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿငိမ္းေကာ္မရွင္နဲ႔ KNU ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အလားအလာေဆြးေႏြး


ရန္ကုန္ၿမိဳ႕တြင္ ေတြ႔ဆုံေဆြးေႏြးေနသည့္ KNU ေခါင္းေဆာင္မ်ားႏွင့္ NRPC ကုိယ္စားလွယ္မ်ား။ (စက္တင္ဘာ၊ ၀၇၊ ၂၀၁၉)

(Zawgyi/Unicode)

အစိုးရရဲ့ ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္အဖဲြ႔နဲ႔ ကရင္အမ်ိဳးသားအစည္းအရံုး KNU ကိုယ္စားလွယ္အဖဲြ႔တုိ႔ ထိုင္းႏိုင္ငံ၊ ခ်င္းမုိင္ၿမိဳ႕မွာ ေတြ႔ဆံုရာမွာ ၂၀၂၀ ေရြးေကာက္ပဲြအလြန္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္ၿပီး အဓိကထား ေဆြးေႏြးခဲ့ၾကပါတယ္။ အစိုးရရဲ့ ၿငိမ္းခ်မ္းေရးကိုယ္စားလွယ္အဖဲြ႔ရဲ့ ခရီးစဥ္မွာ တုိင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြနဲ႔ ေတြ႔ဆံုၿပီးေဆြးေႏြးခဲ့တဲ့ေနာက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို တရား၀င္ ျပန္လည္စတင္ဖို႔ ညိွႏိႈင္းႏိုင္ခဲ့ပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအ ျမန္မာပိုင္းရဲ့ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ဟုတ္ကဲ့။ ဒီကေန႔ အစိုးရရဲ့ ၿငိမ္းခ်မ္းေရးေကာ္မရွင္အဖဲြ႔နဲ႔ KNU တို႔ ေတြ႔ဆံုရာမွာ ေအာက္တိုဘာလ ၂၈ရက္ေန႔ NCA ၄ႏွစ္ျပည့္ အခမ္းအနားအၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ KNU ဥကၠ႒တို႔ ေတြ႔ဆံုေဆြးေႏြးတဲ့ အခ်က္ေတြအေပၚ မူတည္ၿပီး ထပ္မံေတြ႔ဆံုခဲ့တာျဖစ္ပါတယ္။

ဒီေန႔ ေတြ႔ဆံုပဲြနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံရံုး ၀န္ၾကီးဌာန ညႊန္ၾကားေရးမႈးခ်ဳပ္ ဦးေဇာ္ေဌးက အခုလို ေျပာပါတယ္။

“အထူးသျဖင့္ အတုိင္ပင္ခံနဲ႔ KNU ေခါင္းေဆာင္ေတြရဲ့ သေဘာတူညီခ်က္ အဲ့ဒီတူညီခ်က္ကို က်ေနာ္တို႔ အျမန္ဆံုးအေကာင္အထည္ေဖာ္ဖုိ႔ အတြက္ ညိွႏိႈင္းေဆြးေႏြးတဲ့ ပဲြျဖစ္ပါတယ္။ ၿပီးရင္ေတာ့ က်ေနာ္တုိ႔ အျမန္ဆံုး၊ ဒီဘက္ကမွာ PPST အစည္းအေ၀းက်င္းပဖို႔ ရိွတယ္။ အစည္းအေ၀း က်င္းပၿပီးရင္ေတာ့ က်ေနာ္တုိ႔ ၂ ဖဲြ႔ ျပန္ၿပီးေတာ့ အျမန္ဆံုးေတြ႔ဆံုဖို႔ ဒါေတြလည္း ဒီေန႔ သေဘာတူခဲ့ပါတယ္။”

ေအာက္တုိဘာ၂၈ရက္ေန႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ KNU ဥကၠ႒တို႔ ေတြ႔ဆံုေဆြးေႏြးစဥ္က ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ ေတြ႔ၾကံဳေနရတဲ့ အခက္အခဲေတြ ေက်ာ္လႊားႏိုင္ေရး NCA အေကာင္အထည္ေဖာ္မႈဆုိင္ရာ မူေဘာင္ သေဘာတူညီခ်က္ ရယူေရး ၂၀၂၀ ေရြးေကာက္ပဲြအလြန္ ဆက္လက္ေဆာင္ရြက္မယ့္ လုပ္ငန္းစဥ္အေပၚ သေဘာတူညီခ်က္ရရိွေရးနဲ႔ တစ္ႏိုင္ငံလံုးပစ္ခတ္တုိက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆုိင္ရာ ညိွႏိႈင္းအစည္းအေ၀းျပန္လည္ စတင္ေရး စတဲ့အခ်က္ေတြ ထည့္သြင္းေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။

ေဆြးေႏြးပဲြကို ဦးေဆာင္တက္ေရာက္တဲ့ KNU ရဲ့ အေထြေထြအတြင္းေရးမွဴး ပဒိုေစာတာဒိုမႈးကေတာ့ အဓိက ေဆြးေႏြးတဲ့အခ်က္ေတြကို အခုလုိ ေျပာပါတယ္။

“အဓိကေတာ့ ဒီ ေရြးေကာက္ပဲြေပါ့။ ေရြးေကာက္ပဲြက ေနာက္ႏွစ္ထဲမွာ လာေတာ့မယ္ဆုိေတာ့ ေရြးေကာက္ပဲြၿပီးတဲ့ေနာက္ပိုင္း ဘယ္အစိုးရတက္တက္ ဒီၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္က ေရွ႔ဆက္သြားႏိုင္ဖုိ႔အတြက္ က်ေနာ္တုိ႔ ဘယ္ကေန စၿပီးေတာ့ ဘယ္ေလာက္အထိ ရေအာင္ ျပင္ဆင္ထားသင့္လဲဆုိတာ အလြတ္သေဘာေဆြးေႏြးတဲ့ အပိုင္းတစ္ခုလည္း ျဖစ္ပါတယ္။”

KNU အဖဲြ႔ဟာ ၂၀၁၈ခုႏွစ္ NCA ၃ႏွစ္ေျမာက္ပဲြအၿပီးမွာ တရား၀င္ေဆြးေႏြးပဲြေတြကို ရပ္ဆိုင္းထားခဲ့တာပါ။ လက္ရိွအေျခအေနမွာ တရား၀င္ေဆြးေႏြးပဲြေတြ ျပန္လည္ စတင္ႏိုင္ေတာ့မယ္ အလားအလာေတြရိွေနပါတယ္။

ဒီေန႔ ေဆြးေႏြးပဲြ ရလဒ္အေပၚမွာေတာ့ ပဒိုေစာတာဒိုမႈးက - “ က်ေနာ္တုိ႔ အမ်ားၾကီး နီးစပ္မႈရိွတယ္။ ၿပီးေတာ့ ေနာက္ ဆက္ၿပီးေတာ့ ဒီလုိမ်ိဳးပဲြမ်ိဳးေတြ ဆက္ၿပီး ေတြ႔ဖုိ႔ရိွတယ္။”

ဒီေဆြးေႏြးပဲြေတြကိုေတာ့ ဒီဇင္ဘာလအတြင္း ျပန္လည္စတင္ဖုိ႔ ညိွႏိႈင္းခဲ့ၾကတယ္လုိ႔ ေျပာပါတယ္။

အစိုးရရဲ့ ၿငိမ္းခ်မ္းေရးကိုယ္စားလွယ္အဖဲြ႔ဟာ ၿပီးခဲ့တဲ့ရက္ေတြက ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS၊ NCA လက္မွတ္ေရးထိုးထားတဲ့ လက္နက္ကိုင္ ၁၀ဖဲြ႔ကိုယ္စားလွယ္ေတြနဲ႔လည္း ေတြ႔ဆံုခဲ့ပါတယ္။

ဒီေတြ႔ဆံုပဲြေတြမွာေတာ့ RCSS ဥကၠ႒ ခရီးစဥ္နဲ႔ပတ္သက္ၿပီး မေျပမလည္ျဖစ္ခဲ့တာေတြကို ေျဖရွင္းႏိုင္ခဲ့သလို လက္နက္ကိုင္ ၁၀ ဖဲြ႔နဲ႔လည္း ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ရာစုပင္လံု စတုတၳအစည္းအေ၀း ျပန္လည္ စတင္ႏိုင္ေရးအတြက္ ညိွႏိႈင္းခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ငြိမ်းကော်မရှင်နဲ့ KNU ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလားအလာဆွေးနွေး

အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံရာမှာ ၂၀၂၀ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံပြီးဆွေးနွေးခဲ့တဲ့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တရားဝင် ပြန်လည်စတင်ဖို့ ညှိနှိုင်းနိုင်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ဒီကနေ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ KNU တို့ တွေ့ဆုံရာမှာ အောက်တိုဘာလ ၂၈ရက်နေ့ NCA ၄နှစ်ပြည့် အခမ်းအနားအပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ KNU ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးတဲ့ အချက်တွေအပေါ် မူတည်ပြီး ထပ်မံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒီနေ့ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက အခုလို ပြောပါတယ်။

“အထူးသဖြင့် အတိုင်ပင်ခံနဲ့ KNU ခေါင်းဆောင်တွေရဲ့ သဘောတူညီချက် အဲ့ဒီတူညီချက်ကို ကျနော်တို့ အမြန်ဆုံးအကောင်အထည်ဖော်ဖို့ အတွက် ညှိနှိုင်းဆွေးနွေးတဲ့ ပွဲဖြစ်ပါတယ်။ ပြီးရင်တော့ ကျနော်တို့ အမြန်ဆုံး၊ ဒီဘက်ကမှာ PPST အစည်းအဝေးကျင်းပဖို့ ရှိတယ်။ အစည်းအဝေးကျင်းပပြီးရင်တော့ ကျနော်တို့ ၂ဖွဲ့ ပြန်ပြီးတော့ အမြန်ဆုံးတွေ့ဆုံဖို့ ဒါတွေလည်း ဒီနေ့ သဘောတူခဲ့ပါတယ်။”

အောက်တိုဘာ၂၈ရက်နေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ KNU ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးစဉ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ ကျော်လွှားနိုင်ရေး NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် ရယူရေး ၂၀၂၀ ရွေးကောက်ပွဲအလွန် ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်အပေါ် သဘောတူညီချက်ရရှိရေးနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပြန်လည် စတင်ရေး စတဲ့အချက်တွေ ထည့်သွင်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို ဦးဆောင်တက်ရောက်တဲ့ KNU ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှုးကတော့ အဓိက ဆွေးနွေးတဲ့အချက်တွေကို အခုလို ပြောပါတယ်။

“ အဓိကတော့ ဒီ ရွေးကောက်ပွဲပေါ့။ ရွေးကောက်ပွဲက နောက်နှစ်ထဲမှာ လာတော့မယ်ဆိုတော့ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ဘယ်အစိုးရတက်တက် ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရှေ့ဆက်သွားနိုင်ဖို့အတွက် ကျနော်တို့ ဘယ်ကနေ စပြီးတော့ ဘယ်လောက်အထိ ရအောင် ပြင်ဆင်ထားသင့်လဲဆိုတာ အလွတ်သဘောဆွေးနွေးတဲ့ အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။”

KNU အဖွဲ့ဟာ ၂၀၁၈ခုနှစ် NCA ၃နှစ်မြောက်ပွဲအပြီးမှာ တရားဝင်ဆွေးနွေးပွဲတွေကို ရပ်ဆိုင်းထားခဲ့တာပါ။ လက်ရှိအခြေအနေမှာ တရားဝင်ဆွေးနွေးပွဲတွေ ပြန်လည် စတင်နိုင်တော့မယ် အလားအလာတွေရှိနေပါတယ်။

ဒီနေ့ ဆွေးနွေးပွဲ ရလဒ်အပေါ်မှာတော့ ပဒိုစောတာဒိုမှုးက - “ ကျနော်တို့ အများကြီး နီးစပ်မှုရှိတယ်။ ပြီးတော့ နောက် ဆက်ပြီးတော့ ဒီလိုမျိုးပွဲမျိုးတွေ ဆက်ပြီး တွေ့ဖို့ရှိတယ်။”

ဒီဆွေးနွေးပွဲတွေကိုတော့ ဒီဇင်ဘာလအတွင်း ပြန်လည်စတင်ဖို့ ညှိနှိုင်းခဲ့ကြတယ်လို့ ပြောပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်တွေက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် ၁၀ဖွဲ့ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲတွေမှာတော့ RCSS ဥက္ကဋ္ဌ ခရီးစဉ်နဲ့ပတ်သက်ပြီး မပြေမလည်ဖြစ်ခဲ့တာတွေကို ဖြေရှင်းနိုင်ခဲ့သလို လက်နက်ကိုင် ၁၀ ဖွဲ့နဲ့လည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေး ပြန်လည် စတင်နိုင်ရေးအတွက် ညှိနှိုင်းခဲ့ကြပါတယ်။

XS
SM
MD
LG