သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္တြင္း ဒုကၡသည္ေတြ ဗုိင္းရပ္စ္အႏၱရာယ္ကာကြယ္ေရး HRW သတိေပး


ရခိုင္စစ္ေဘးေရွာင္ ဒုကၡသည္မ်ား

(Zawgyi/Unicode)

ျမန္မာႏိုင္ငံတြင္း စစ္ေရး ပဋိပကေတြ နဲ႔ အၾကမ္းဖက္တိုက္ခိုက္မႈေတြၾကား ေနရပ္စြန႔္ခြါထြက္ေျပးေနၾကရတဲ့ စစ္ေဘးေရွာင္ ၃၅၀,၀၀၀ ေလာက္ရွိေနၿပီး အစိုးရအေနနဲ႔ စစ္ေဘးေရွာင္စခန္းေတြမွာ COVID-19 ေရာဂါ ကူးစက္ ပ်ံ႕ႏွံ႔ႏိုင္ေျခရွိတာကို ဟန႔္တားဖို႔ အစီအစဥ္ေတြ အျမန္ဆုံးလုပ္ေဆာင္သင့္တယ္လို႔ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရး အဖြဲ႕ HRW က ဒီကေန႔ ေျပာပါတယ္။

စစ္ေရွာင္စခန္းေတြမွာ ဒုကၡသည္ေတြ အဆမတန္မ်ားေနတာ၊ အင္တာနက္ အဆက္အသြယ္ေတြ ျဖတ္ေတာက္ထားတာ၊ လူသားခ်င္းဆိုင္ရာ အကူအညီေပးေရး အဖြဲ႕ေတြကို ပိတ္ပင္ထားတာ၊ အသြားအလာေတြတားျမစ္ထားတာေတြက စစ္ေဘးေရွာင္ ဒုကၡသည္ေတြ အမ်ားအျပားရွိတဲ့ ျပည္နယ္ေတြျဖစ္တဲ့ ရခိုင္၊ ကခ်င္၊ရွမ္း၊ ခ်င္းနဲ႔ ကရင္ ျပည္နယ္ေတြမွာ ေရာဂါကူးစက္ႏိုင္ဖို႔ အခြင့္အလမ္းပိုမ်ား ႏိုင္ပါတယ္။

က်န္းမာေရး ေစာင့္ေရွာက္မႈ စနစ္အားနည္းတဲ့ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ ထိန္းခ်ဳပ္ႏိုင္ဖို႔ အခက္အခဲေတြရွိတာကို စိုးရိမ္ေနၾကတာပါ။ ႏိုင္ငံတြင္း စစ္ေဘးေရွာင္စခန္းေတြက ဒုကသည္ေတြအဖို႔ လုံေလာက္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ မရရွိၾကသလို၊ သန႔္ရွင္းမႈနဲ႔ သန႔္ရွင္းတဲ့ ေသာက္သုံးေရ အျပင္တျခား လိုအပ္တဲ့ ဝန္ေဆာင္မႈေတြကိုလည္း မရရွိၾကပါဘူး။ ဒုကၡသည္ အမ်ားစုမွာ နဂိုက်န္းမာေရး အခံအားနည္းသလို နာတာရွည္ေရာဂါျဖစ္ပြါးေနသူေတြလည္း ရွိတဲ့အတြက္ ေရာဂါကူးစက္မႈဒဏ္ကို အဆိုးဆုံးခံရႏိုင္ပါတယ္။

ျမန္မာအစိုးရအေနနဲ႔ စစ္ေရွာင္စခန္းေတြအတြက္ COVID-19 ေရာဂါထိန္းခ်ဳပ္ေရး စီမံခ်က္ေတြ အၾကမ္းမ်ဥ္း ခ်မွတ္ထားတယ္လို႔ ႏိုင္ငံပိုင္သတင္းဌာနေတြက ေျပာေပမဲ့ ဒီ စီမံခ်က္ေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးတာ မရွိသလို လမ္းၫႊန္ခ်က္ေတြ ခ်မွတ္ေပးတာလည္း မရွိေသးဘူးလို႔ ဒုကၡသည္ေတြကို အကူအညီေပးေနတဲ့အဖြဲ႕ေတြက HRW ကို ေျပာပါတယ္။

႔ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရး အဖြဲ႕ HRW အာရွေရးရာ ၫႊန္ၾကားေရးမွဴး Brad Adams
႔ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရး အဖြဲ႕ HRW အာရွေရးရာ ၫႊန္ၾကားေရးမွဴး Brad Adams

အာဏာပိုင္ေတြအေနနဲ႔ စစ္ေရွာင္စခန္းေတြမွာ ရွိေနၾကတဲ့ ဒုကၡသည္ေတြအတြက္ သတင္းအခ်က္အလက္ေတြ ရရွိဖို႔၊ ေထာက္ပံ့ေရး ပစည္းေတြရဖို႔၊ က်န္းမာေရး ဝန္ေဆာင္မႈနဲ႔ ေရာဂါပိုးကူးစက္မႈရွိ၊ မရွိ အလ်င္အျမန္စစ္ေဆးႏိုင္ဖို႔နဲ႔ ေရာဂါလကၡဏာျပတဲ့ သူေတြကို သီးျခားခြဲထားဖို႔ စတာေတြကို ေသေသခ်ာခ်ာ လုပ္ေဆာင္ေပးဖို႔လိုအပ္ေနၿပီလို႔ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရး အဖြဲ႕ HRW အာရွေရးရာ ၫႊန္ၾကားေရးမွဴး Brad Adams က ေျပာပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာပြည်တွင်း ဒုက္ခသည်တွေ ဗိုင်းရပ်စ်အန္တရာယ်ကာကွယ်ရေး HRW သတိပေး

မြန်မာနိုင်ငံတွင်း စစ်ရေး ပဋိပကတွေ နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြား နေရပ်စွန့်ခွါထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် ၃၅၀,၀၀၀ လောက်ရှိနေပြီး အစိုးရအနေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ COVID-19 ရောဂါ ကူးစက် ပျံ့နှံ့နိုင်ခြေရှိတာကို ဟန့်တားဖို့ အစီအစဉ်တွေ အမြန်ဆုံးလုပ်ဆောင်သင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ HRW က ဒီကနေ့ ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ ဒုက္ခသည်တွေ အဆမတန်များနေတာ၊ အင်တာနက် အဆက်အသွယ်တွေ ဖြတ်တောက်ထားတာ၊ လူသားချင်းဆိုင်ရာ အကူအညီပေးရေး အဖွဲ့တွေကို ပိတ်ပင်ထားတာ၊ အသွားအလာတွေတားမြစ်ထားတာတွေက စစ်ဘေးရှောင် ဒုက္ခသည်တွေ အများအပြားရှိတဲ့ ပြည်နယ်တွေဖြစ်တဲ့ ရခိုင်၊ ကချင်၊ရှမ်း၊ ချင်းနဲ့ ကရင် ပြည်နယ်တွေမှာ ရောဂါကူးစက်နိုင်ဖို့ အခွင့်အလမ်းပိုများ နိုင်ပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှု စနစ်အားနည်းတဲ့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ထိန်းချုပ်နိုင်ဖို့ အခက်အခဲတွေရှိတာကို စိုးရိမ်နေကြတာပါ။ နိုင်ငံတွင်း စစ်ဘေးရှောင်စခန်းတွေက ဒုကသည်တွေအဖို့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြသလို၊ သန့်ရှင်းမှုနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ အပြင်တခြား လိုအပ်တဲ့ ဝန်ဆောင်မှုတွေကိုလည်း မရရှိကြပါဘူး။ ဒုက္ခသည် အများစုမှာ နဂိုကျန်းမာရေး အခံအားနည်းသလို နာတာရှည်ရောဂါဖြစ်ပွါးနေသူတွေလည်း ရှိတဲ့အတွက် ရောဂါကူးစက်မှုဒဏ်ကို အဆိုးဆုံးခံရနိုင်ပါတယ်။

မြန်မာအစိုးရအနေနဲ့ စစ်ရှောင်စခန်းတွေအတွက် COVID-19 ရောဂါထိန်းချုပ်ရေး စီမံချက်တွေ အကြမ်းမျဉ်း ချမှတ်ထားတယ်လို့ နိုင်ငံပိုင်သတင်းဌာနတွေက ပြောပေမဲ့ ဒီ စီမံချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတာ မရှိသလို လမ်းညွှန်ချက်တွေ ချမှတ်ပေးတာလည်း မရှိသေးဘူးလို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့အဖွဲ့တွေက HRW ကို ပြောပါတယ်။

အာဏာပိုင်တွေအနေနဲ့ စစ်ရှောင်စခန်းတွေမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေအတွက် သတင်းအချက်အလက်တွေ ရရှိဖို့၊ ထောက်ပံ့ရေး ပစည်းတွေရဖို့၊ ကျန်းမာရေး ဝန်ဆောင်မှုနဲ့ ရောဂါပိုးကူးစက်မှုရှိ၊ မရှိ အလျင်အမြန်စစ်ဆေးနိုင်ဖို့နဲ့ ရောဂါလက္ခဏာပြတဲ့ သူတွေကို သီးခြားခွဲထားဖို့ စတာတွေကို သေသေချာချာ လုပ်ဆောင်ပေးဖို့လိုအပ်နေပြီလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ HRW အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က ပြောပါတယ်ရှင်။

XS
SM
MD
LG