သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ေျမာက္ပိုင္းေဒသခံ ၁ သိန္းေက်ာ္ စစ္ေဘးဒုကၡေၾကာင့္ အိုးအိမ္စြန္႔ထြက္ေျပးေနရ


ရခိုင္စစ္ေရွာင္ဒုကၡသည္မ်ား (မွတ္တမ္းဓာတ္ပံု - Rakhine Ethnics Congress)

(Zawgyi/Unicode)

ရခိုင္ေျမာက္ပိုင္းက တိုက္ပြဲျပင္းထန္ေနတဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ သီတင္းတပတ္ေက်ာ္အတြင္း ေနရပ္စြန္႔ ခြာထြက္ေျပးလာၾကတဲ့ စစ္ေဘးဒုကၡသည္ ေသာင္းဂဏန္းအထိ ရွိေနပါတယ္။ လက္ရွိအခ်ိန္ထိလည္း စစ္ေရွာင္ဦးေရေတြ ထပ္တိုးေနသလို တကၠသိုလ္ဝင္တန္း စာေမးပြဲေျဖဆိုၿပီးတဲ့ ေက်ာင္းသူ၊ ေက်ာင္းသားေတြလည္းေန ရပ္ျပန္ဖို႔ခက္ခဲေနၾကပါတယ္။ ဒီအေၾကာင္း စစ္ေတြၿမိဳ႕႔ကေန ကိုသက္ႏိုင္ သတင္းေပးပို႔ထားပါတယ္။

ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ မတ္လအစအပိုင္းကတည္းက အစုိးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ၾကား တိုက္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ ေက်းလက္ေနေဒသခံေတြဟာ ေက်ာက္ေတာ္ၿမိဳ႕ကို ထြက္လာေနၾကပါတယ္။

လက္ရွိအခ်ိန္ထိ ေက်ာက္ေတာ္ၿမိဳ႕ေပၚကို ေရာက္ရွိလာတဲ့ စစ္ေရွာင္ေတြဟာ ၁၀,၀၀၀ နီးပါးအထိ ရွိတယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕မိ၊ ၿမိဳ႕ဖ ေဒါက္တာထြန္းေအးက ေျပာပါတယ္။

"မတ္လ ၈ ရက္ေန႔ေလာက္ကတည္းက မီးဝေက်းရြာက ဒုကၡသည္ေတြ စၿပီးေတာ့အစိုးရ ေဆာက္ေပးထားတဲ့ ေနပူခံ စစ္ေရွာင္စခန္းကို ဝင္လာၾကတယ္။ ဝင္လာတုန္းကေတာ့ ၄၀ ေလာက္ပဲရွိတယ္။ ေနာက္ေတာ့ ၈ ရက္ေန႔ကေန အခု ၁၈ ရက္၊ ၁၀ ရက္အတြင္းမွာ စုစုေပါင္း ဒုကၡသည္ဦးေရ ၁,၅၃၅ ေက်ာ္ရွိတယ္။ အဲတာ ကန္႔ထဲမွာပဲ ရွိတာေနာ္။ တခ်ိဳ႕က်ေတာ့ ကန္႔ထဲကို မဝင္ဘဲ နီးစပ္ရာေဆြမ်ိဳးအိမ္ေတြ ေက်းရြာေတြကို မွီခိုၿပီးေတာ့သြားတဲ့ ဦးေရကေတာ့ အမ်ားႀကီးပါပဲ ေျပာရမယ္ဆိုရင္ ေသာင္းဂဏန္းေလာက္ရွိတယ္။"

ေက်ာက္ေတာ္ၿမိဳ႕နယ္ အတြင္းက လက္ရွိတိုက္ပြဲျပင္းထန္ေနတဲ့ ၿပိဳင္းတိုင္း၊ တင္းမ စတဲ့ေက်းရြာေတြအျပင္ တျခားေက်းရြာေတြက ထြက္ေျပးလာတဲ့ စစ္ေရွာင္ေတြဟာ အစိုးရက ေဆာက္ေပးထားတဲ့ ေနပူခံ စခန္းနဲ႔ တျခားဘုန္းႀကီးေက်ာင္းေတြ စာသင္ေက်ာင္းေတြမွာ ျဖစ္သလို ေနထိုင္ေနၾက ေဒါက္တာထြန္းေအးက ေျပာပါတယ္။

"အုပ္ခ်ဳပ္ေရးပိုင္းက တရားဝင္ ေဆာက္ေပးထားတဲ့ ေနပူခံ စစ္ေရွာင္စခန္း တခုရွိတယ္။ က်န္တာကေတာ့ က်ေနာ္တို႔ ၿမိဳ႕နယ္ သာသနာ့ဗိမာန္မွာ အေရးေပၚ လုိအပ္လုို႔ ထားထားတာ ရွိပါတယ္။ ဒီေန႔ မွာေတာ့ က်ေနာ္တို႔ ၿမိဳ႕မ အထက အေဆာက္အဦးေအာက္ထပ္မွာ ဒုကၡသည္ ၆၀၀ ေလာကကို ထားဖို႔ စီစဥ္ထားတယ္။ ေနာက္ၿပီးေတာ့ ၿမိဳ႕အဝင္က ဘုန္းႀကီးေက်ာင္းမွာလည္း ဒုကၡသည္ ၃၀၀ ေလာက္ထားမယ္လို႔ စီစဥ္ထားတယ္။ ေနာက္တခုကေတာ့ ေနာက္ပိုင္းဝင္လာတဲ့ ဒုကၡသည္ေတြကို ရွမ္းရြာအထက္မွာထားဖို႔ စီစဥ္ထားပါတယ္။"

တပတ္ေက်ာ္အတြင္းမွာ စစ္ေရွာင္ေသာင္းဂဏန္းအထိ ရွိလာတာေၾကာင့္ စစ္ေရွာင္ေတြနဲ႔ စားဝတ္ေနေရး က်န္းမာေရးပိုင္းေတြမွာ အခက္အခဲေတြ ရွိေနတယ္လို႔ သူကဆက္ေျပာပါတယ္။

"ေနရာလံုေလာက္မႈ မရွိဘူးလို႔ က်ေနာ္တို႔ ေျပာရတာက သူတို႔ေဆာက္ထားတဲ့ ကန္႔က တကယ့္ကို အခန္းတခန္းမွာ လူ ၁၀ ေယာက္ သြင္းထားရတယ္ဆိုေတာ့ အဆင္မေျပဘူး။ စုစုေပါင္းမွ ၈ ေပ၊ ၆ ေပေလာက္ပဲရွိတဲ့ အခန္းတခန္းမွာ လူဆယ္ေယာက္ေနတယ္ဆိုေတာ့ က်ေနာ္တို႔ အခုေလာေလာဆယ္ ကိုရိုနာဗိုင္းရစ္နဲ႔ဆို က်ေနာ္တို႔ အျမင္မွာ ဘယ္လိုမွ မသင့္ေတာ္ပါဘူး။ အဲဒါကတခု၊ ေနာက္တခုက ေရနဲ႔ မိလႅာသန္႔ရွင္းမႈ လံုးဝမရွိဘူး။ ေနာက္တခုက စားေရးေသာက္ေရးေတြလည္း အစိုးရဆီက တရားဝင္ ဘာမွထိထိေရာက္ေရာက္ မေရာက္ေသးပါဘူး။ က်ေနာ္တို႔ အရပ္ထဲကပဲ ကူညီထားရတာ။ ေနာက္တခုက ထိေရာက္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ လံုးဝမရပါဘူး။"

ဒီကေန႔ မတ္လ ၁၈ ရက္ အဂၤါေန႔ဟာ တကၠသိုလ္ဝင္တန္းစားေမးပြဲ ေျဖဆိုၿပီးတဲ့ေန႔ျဖစ္တာေၾကာင့္ ေက်ာက္ေတာ္ၿမိဳ႕ေပၚကို လာေရာက္ေျဖဆိုၾကတဲ့ ေက်ာင္းသူေက်ာင္းသားေတြအေနနဲ႔ စာေမးပြဲေျဖဆိုၿပီးခ်ိန္ မိမိေနရပ္ကို ျပန္ဖို႔အတြက္ ခက္ခဲေနၾကပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမေက်းရြာကေန စာေမးပြဲလာေရာက္ေျဖဆိုတဲ့ ေက်ာင္းသူ မခိုင္ဆန္းဦးကေတာ့ စာေမးပြဲၿပီးသြားတဲ့ အခ်ိန္ အိမ္ကိုျပန္ခ်င္ေပမယ့္ ရြာမွာလူ မရွိေတာ့တာေၾကာင့္ စစ္ေရွာင္စခန္းမွာပဲ အခက္အခဲမ်ိဳးစံုနဲ႔ ေနထိုင္ေန ရတယ္လို႔ ေျပာပါတယ္။

"အိမ္ကိုပဲျပန္ခ်င္ပါတယ္။ ဒါေပမဲ့ အိမ္ကိုလည္း မျပန္ရဲဘူး။ ဒီမွာေနရတာလည္း ဒုကၡ။ ေရခ်ိဳးတာတို႔ အဝတ္လဲရတာတို႔ အဆင္ေတာ့ မေျပပါဘူး။ အဝတ္လွန္းရတာတို႔ အကုန္လံုးပဲ လူေတြက အမ်ားႀကီးပဲ ဆိုေတာ့ေလ ဒုကၡေတာ့ ေတာ္ေတာ္ေရာက္ပါတယ္ ဒါေပမဲ့ ေစာင့္ေရွာက္ၾကပါတယ္။ စခန္း တာဝန္ရွိသူေတြက။ စာေမးပြဲေျဖေနတဲ့ အခ်ိန္မွာလည္း ရြာကလူေတြကို ဖမ္းသြားတယ္။ ဦးေလးေတြကို ဖမ္းသြားတယ္။ ထြက္ေျပးေနၾကတယ္ အဲ့့ဒီသတင္းေတြကို ၾကားေနေတာ့ စာကိုလည္း အာရံုစိုက္လို႔ မရပါဘူး။ ဒီလိုပဲ ေျဖလိုက္ရတာ။"

ရခိုင္ေျမာက္ပိုင္းမွာ လက္ရွိအခ်ိန္ထိ အစိုးရတပ္နဲ႔ AA အဖြဲ႔တို႔ တိုက္ပြဲေတြလည္း ျပင္းထန္ေနသလို ေဒသခံေက်းရြာသားေတြဟာလည္း ေန႔စဥ္ေန႔တိုင္း ေဘးလြတ္ရာေက်းရြာေတြကို ထြက္ေျပးေနၾကတာလည္း ျဖစ္ပါတယ္။

ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား အစည္းအရံုးရဲ႕ ထုတ္ျပန္ခ်က္အရ ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္ဦးေရ ၁၂၀,၀၀၀ ရွိေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မြောက်ပိုင်းဒေသခံ ၁ သိန်းကျော် စစ်ဘေးဒုက္ခကြောင့် အိုးအိမ်စွန့်ထွက်ပြေးနေရ

ရခိုင်မြောက်ပိုင်းက တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်တော်မြို့နယ်မှာ သီတင်းတပတ်ကျော်အတွင်း နေရပ်စွန့် ခွာထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည် သောင်းဂဏန်းအထိ ရှိနေပါတယ်။ လက်ရှိအချိန်ထိလည်း စစ်ရှောင်ဦးရေတွေ ထပ်တိုးနေသလို တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီးတဲ့ ကျောင်းသူ၊ ကျောင်းသားတွေလည်းနေ ရပ်ပြန်ဖို့ခက်ခဲနေကြပါတယ်။ ဒီအကြောင်း စစ်တွေမြို့ကနေ ကိုသက်နိုင် သတင်းပေးပို့ထားပါတယ်။

ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ်မှာ မတ်လအစအပိုင်းကတည်းက အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကျေးလက်နေဒေသခံတွေဟာ ကျောက်တော်မြို့ကို ထွက်လာ နေကြပါတယ်။

လက်ရှိအချိန်ထိ ကျောက်တော်မြို့ပေါ်ကို ရောက်ရှိလာတဲ့ စစ်ရှောင်တွေဟာ ၁၀,၀၀၀ နီးပါးအထိ ရှိတယ်လို့ ကျောက်တော်မြို့မိ၊ မြို့ဖ ဒေါက်တာထွန်းအေးက ပြောပါတယ်။

"မတ်လ ၈ ရက်နေ့လောက်ကတည်းက မီးဝကျေးရွာက ဒုက္ခသည်တွေ စပြီးတော့အစိုးရ ဆောက်ပေးထားတဲ့ နေပူခံ စစ်ရှောင်စခန်းကို ဝင်လာကြတယ်။ ဝင်လာတုန်းကတော့ ၄၀ လောက်ပဲရှိတယ်။ နောက်တော့ ၈ ရက်နေ့ကနေ အခု ၁၈ ရက်၊ ၁၀ ရက်အတွင်းမှာ စုစုပေါင်း ဒုက္ခသည်ဦးရေ ၁,၅၃၅ ကျော်ရှိတယ်။ အဲတာ ကန့်ထဲမှာပဲ ရှိတာနော်။ တချို့ကျတော့ ကန့်ထဲကို မဝင်ဘဲ နီးစပ်ရာဆွေမျိုးအိမ်တွေ ကျေးရွာတွေကို မှီခိုပြီးတော့သွားတဲ့ ဦးရေကတော့ အများကြီးပါပဲ ပြောရမယ်ဆိုရင် သောင်းဂဏန်းလောက်ရှိတယ်။"

ကျောက်တော်မြို့နယ် အတွင်းက လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ပြိုင်းတိုင်း၊ တင်းမ စတဲ့ကျေးရွာတွေအပြင် တခြားကျေးရွာတွေက ထွက်ပြေးလာတဲ့ စစ်ရှောင်တွေဟာ အစိုးရက ဆောက်ပေးထားတဲ့ နေပူခံ စခန်းနဲ့ တခြားဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာ ဖြစ်သလို နေထိုင်နေကြ ဒေါက်တာထွန်းအေးက ပြောပါတယ်။

"အုပ်ချုပ်ရေးပိုင်းက တရားဝင် ဆောက်ပေးထားတဲ့ နေပူခံ စစ်ရှောင်စခန်း တခုရှိတယ်။ ကျန်တာကတော့ ကျနော်တို့ မြို့နယ် သာသနာ့ဗိမာန်မှာ အရေးပေါ် လိုအပ်လို့ ထားထားတာ ရှိပါတယ်။ ဒီနေ့ မှာတော့ ကျနော်တို့ မြို့မ အထက အဆောက်အဦးအောက်ထပ်မှာ ဒုက္ခသည် ၆၀၀ လောကကို ထားဖို့ စီစဉ်ထားတယ်။ နောက်ပြီးတော့ မြို့အဝင်က ဘုန်းကြီးကျောင်းမှာလည်း ဒုက္ခသည် ၃၀၀ လောက်ထားမယ်လို့ စီစဉ်ထားတယ်။ နောက်တခုကတော့ နောက်ပိုင်းဝင်လာတဲ့ ဒုက္ခသည်တွေကို ရှမ်းရွာအထက်မှာထားဖို့ စီစဉ်ထားပါတယ်။"

တပတ်ကျော်အတွင်းမှာ စစ်ရှောင်သောင်းဂဏန်းအထိ ရှိလာတာကြောင့် စစ်ရှောင်တွေနဲ့ စားဝတ်နေရေး ကျန်းမာရေးပိုင်းတွေမှာ အခက်အခဲတွေ ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

"နေရာလုံလောက်မှု မရှိဘူးလို့ ကျနော်တို့ ပြောရတာက သူတို့ဆောက်ထားတဲ့ ကန့်က တကယ့်ကို အခန်းတခန်းမှာ လူ ၁၀ ယောက် သွင်းထားရတယ်ဆိုတော့ အဆင်မပြေဘူး။ စုစုပေါင်းမှ ၈ ပေ၊ ၆ ပေလောက်ပဲရှိတဲ့ အခန်းတခန်းမှာ လူဆယ်ယောက်နေတယ်ဆိုတော့ ကျနော်တို့ အခုလောလောဆယ် ကိုရိုနာဗိုင်းရစ်နဲ့ဆို ကျနော်တို့ အမြင်မှာ ဘယ်လိုမှ မသင့်တော်ပါဘူး။ အဲဒါကတခု၊ နောက်တခုက ရေနဲ့ မိလ္လာသန့်ရှင်းမှု လုံးဝမရှိဘူး။ နောက်တခုက စားရေးသောက်ရေးတွေလည်း အစိုးရဆီက တရားဝင် ဘာမှထိထိရောက်ရောက် မရောက်သေးပါဘူး။ ကျနော်တို့ အရပ်ထဲကပဲ ကူညီထားရတာ။ နောက်တခုက ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုံးဝမရပါဘူး။"

ဒီကနေ့ မတ်လ ၁၈ ရက် အင်္ဂါနေ့ဟာ တက္ကသိုလ်ဝင်တန်းစားမေးပွဲ ဖြေဆိုပြီးတဲ့နေ့ဖြစ်တာကြောင့် ကျောက်တော်မြို့ပေါ်ကို လာရောက်ဖြေဆိုကြတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ စာမေးပွဲဖြေဆိုပြီးချိန် မိမိနေရပ်ကို ပြန်ဖို့အတွက် ခက်ခဲနေကြပါတယ်။

ကျောက်တော်မြို့နယ် တင်းမကျေးရွာကနေ စာမေးပွဲလာရောက်ဖြေဆိုတဲ့ ကျောင်းသူ မခိုင်ဆန်းဦးကတော့ စာမေးပွဲပြီးသွားတဲ့ အချိန် အိမ်ကိုပြန်ချင်ပေမယ့် ရွာမှာလူ မရှိတော့တာကြောင့် စစ်ရှောင်စခန်းမှာပဲ အခက်အခဲမျိုးစုံနဲ့ နေထိုင်နေ ရတယ်လို့ ပြောပါတယ်။

"အိမ်ကိုပဲပြန်ချင်ပါတယ်။ ဒါပေမဲ့ အိမ်ကိုလည်း မပြန်ရဲဘူး။ ဒီမှာနေရတာလည်း ဒုက္ခ။ ရေချိုးတာတို့ အဝတ်လဲရတာတို့ အဆင်တော့ မပြေပါဘူး။ အဝတ်လှန်းရတာတို့ အကုန်လုံးပဲ လူတွေက အများကြီးပဲ ဆိုတော့လေ ဒုက္ခတော့ တော်တော်ရောက်ပါတယ် ဒါပေမဲ့ စောင့်ရှောက်ကြပါတယ်။ စခန်း တာဝန်ရှိသူတွေက။ စာမေးပွဲဖြေနေတဲ့ အချိန်မှာလည်း ရွာကလူတွေကို ဖမ်းသွားတယ်။ ဦးလေးတွေကို ဖမ်းသွားတယ်။ ထွက်ပြေးနေကြတယ် အဲ့ဒီသတင်းတွေကို ကြားနေတော့ စာကိုလည်း အာရုံစိုက်လို့ မရပါဘူး။ ဒီလိုပဲ ဖြေလိုက်ရတာ။"

ရခိုင်မြောက်ပိုင်းမှာ လက်ရှိအချိန်ထိ အစိုးရတပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေလည်း ပြင်းထန်နေသလို ဒေသခံကျေးရွာသားတွေဟာလည်း နေ့စဉ်နေ့တိုင်း ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးနေကြတာလည်း ဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံးရဲ့ ထုတ်ပြန်ချက်အရ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင်ဦးရေ ၁၂၀,၀၀၀ ရှိနေတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG