သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

COVID-19 နဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ တႏိုင္ငံလံုးအပစ္ရပ္ဖို႔ KNU ေတာင္းဆို


၂၀၁၉ခုနွစ္ ဒီဇင္ဘာလ ၂၇ ရက္ေန႔က ေတြ႔ဆံု ေဆြးေႏြးခဲ့ၾကေသာ တပ္မေတာ္ ညႇိႏိႈင္းေဆြးေႏြးေရးအဖြဲ႔ႏွင့္ ေကအဲန္ယူတပ္မွဴးမ်ားပါဝင္ေသာ ကိုယ္စားလွယ္အဖြဲ႔။ (မွတ္တမ္းဓာတ္ပံု - Karen National Union Headquarters Facebook)

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ပိုး COVID-19 ကူးစက္ေရာဂါ ျပန္႔ပြားေနတဲ့အေျခအေနေၾကာင့္ ျမန္မာအစိုးရနဲ႔တပ္မေတာ္အေနနဲ႔ တနိုင္ငံလုံး အပစ္ရပ္စဲေၾကာင္းေၾကညာေပးဖို႔ KNU ကရင္အမ်ိဳးသားအစည္းအရုံးကေန ေတာင္းဆိုတဲ့သတင္းကို ေျပာျပေပးမွာပါ။

ျမန္မာနိုင္ငံအတြင္း COVID-19 ကူးစက္ျမန္ေရာဂါကို အဖြဲ႕စည္းတိုင္းအားစိုက္ တိုက္ဖ်က္နိုင္ဖို႔အတြက္ ျမန္မာအစိုးရနဲ႔ တပ္မေတာ္အေနနဲ႔ ၾကိဳတင္သတ္မွတ္ခ်က္မထားတဲ့ တနိုင္ငံလုံးအပစ္ရပ္စဲေၾကာင္း ေၾကညာေပးဖို႔ ေတာင္းဆိုတာလို႔ KNU အေထြေထြအတြင္းေရးမွဴးပဒိုေစာတာဒိုမွဴးက ေျပာပါတယ္။

“က်ေနာ္တို႔နိုင္ငံမွာလည္း တိုက္ပြဲေတြ ျဖစ္ေနၾကတယ္။ ေနာက္ဒီေရာဂါကလည္း လူေတြကေနတေယာက္ၿပီး တေယာက္ ကူးသြားနိုင္တဲ့ အေျခအေနရွိၿပီးေတာ့ ကာကြယ္ေဆးကလည္းမရွိေသးတဲ့ကာလျဖစ္တဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ တိုက္တြန္းတာကေတာ့ အစိုးရတပ္မေတာ္အေနနဲ႔လည္း ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ႀကိဳတင္သတ္မွတ္ခ်က္ မရွိဘဲနဲ႔ တနိုင္ငံလုံးအပစ္ခတ္ရပ္ၿပီးေတာ့ ဒီလုပ္ငန္းမွာ အားစိုက္ထည့္၀င္တဲ့ အဖြဲ႕စည္းတိုင္းကေနၿပီးေတာ့ ဒီကပ္ေရာဂါႀကီးကို က်ေနာ္တို႔ ကာကြယ္တိုက္ဖ်က္တဲ့ေနရာမွာ ပိုၿပီးအားထဲ့နိုင္ေအာင္ ဆိုတဲ့ေမ်ွာ္လင့္ခ်က္နဲ႔ ျဖစ္ပါတယ္။”

အထူးသျဖင့္ တိုက္ပြဲျဖစ္ပြားေနတဲ့ေဒသအတြင္း လူဦးေရသိန္းခ်ီရွိေနတဲ့ စစ္ေျပးဒုကၡသည္စခန္းေတြမွာ က်န္းမာေရး ေစာင့္ေရွာက္မႈေတြလုပ္ေဆာင္ဖို႔ဟာ စစ္ေရးပဋိပကၡေတြရွိေနရင္ လုပ္ေဆာင္ဖို႔ခက္ခဲတဲ့ အေျခအေနမွာ ရွိေနတာပါ။

ဒါေၾကာင့္လို႔ စစ္ေဘးေရွာင္ေတြအတြက္ ေရာဂါမျဖစ္ပြားရေလေအာင္ ကူညီေစာင့္ေရွာက္နိုင္ဖို႔ အပစ္ခတ္ရပ္စဲဖို႔ လိုအပ္တယ္လို႔ပဒိုေစာတာဒိုမွဴးက ေျပာပါတယ္။

“က်ေနာ္တို႔ အပစ္ခတ္ရပ္စဲေရး လိုအပ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တဘက္မွာလည္း တိုက္ပြဲေတြျပင္းထန္ေလေလ IDP ေတြပိုမ်ားလာေလေလ။ ဒီကူးစက္ေရာဂါကအတြက္ က်ေနာ္တို႔ကာကြယ္မႈပိုၿပီးေတာ့မဲ့လာေလေလ။ ဆိုတဲ့ဟာ က တပူေပၚႏွစ္ပူဆင့္ ဆိုတဲ့ပုံစံမ်ိဳးနဲ႔ က်ေနာ္တို႔ အဓိက IDP ေပါ့ေနာ္။ စစ္ေဘးေရွာင္ဒုကၡသည္အတြက္က အရမ္းကို အႏၱရာယ္မ်ားပါတယ္။ ၿမိဳ႕ေနလူတန္းစားေတာင္မွ အႀကီးက်ယ္ကို စိုးရိမ္ေနရတဲ့အခ်ိန္မွာ နယ္မွာခိုကိုးရာမဲ့ျဖစ္တဲ့ IDP ေတြအတြက္ အရမ္းကိုက်ေနာ္တို႔ စိုးရိမ္ပါတယ္။”

အပစ္ခတ္ရပ္စဲသင့္ေၾကာင္း ေတာင္းဆိုခ်က္အေပၚ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ဘာမွေျပာဆိုဖို႔မရွိေၾကာင္း ေျပာပါတယ္။

ျမန္မာျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ပါ၀င္လုပ္ေဆာင္ေနသူ တဦးကေတာ့ လက္ရွိတပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္တို႔အၾကား ျဖစ္ပြားေနတဲ့ စစ္ေရးတင္းမာမႈေတြေၾကာင့္ အပစ္ရပ္စဲဖို႔ခက္ခဲမဲ့ အေျခအေနရွိတယ္လို႔ေျပာပါတယ္။

အလားတူအရပ္ဘက္အဖြဲ႕အစည္း ၅၂ ဖြဲ႕ ႏွင့္ တသီး ပုဂၢလ ၂ ဦးတို႔ကေန COVID-19 အေရးေပၚကာလအတြင္း စစ္ပြဲမ်ား ႁခြင္းခ်က္မရွိ ရပ္တန္႔ဖို႔နဲ႔ ရခိုင္နဲ႔ ခ်င္းျပည္နယ္အတြင္း အင္တာနက္ျပန္လည္ဖြင့္ေပးဖို႔အပါအဝင္ ေတာင္းဆိုခ်က္ ၇ ခ်က္ကို ဒီကေန႔မွာ တပ္မေတာ္ အစိုးရနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြကို အေရးေပၚ ေတာင္းဆိုတိုက္တြန္းခဲ့ပါတယ္။

လက္ရွိျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္အတြင္းမွာ စစ္ေရွာင္ဒုကၡသည္ေတြ သိန္းခ်ီရွိေနသလို သူတို႔အတြက္ က်န္းမာေရးေစာင့္ေရွာက္မႈအပါ၀င္ အကူညီေပးေရးမွာ ခက္ခဲေနတယ္ လို႔ ၀ံလတ္ေဖါင္ေဒးရွင္းဒါရိုက္တာခိုင္ေကာင္းစံကေျပာပါတယ္။

“ဒီ COVID က ကပ္ေရာဂါ ဒီလိုမ်ိဳးျဖစ္ေနတဲ့အခါက်ေတာ့ စစ္ေဘးဒုကၡသည္ေတြမွာက က်န္းမာေရးအေထာက္အပံ့ ေတာ္ေတာ္ေလး အခက္ခဲရွိတယ္။ သြားေရာက္ဖို႔အခက္ခဲက ဘာရွိလည္းဆိုေတာ့ အစိုးရရဲ႕ ခြင့္ျပဳခ်က္က။ ဒါေပမဲ့ နိုင္ငံ တကာအဖြဲ႕အစည္းေတြက ဒါကိုအားစိုက္ၿပီးေတာ့မွ အစိုးရကို ခြင့္ျပဳဖို႔ ေတာင္းဆိုဖို႔လိုတယ္။ ခက္ခဲတာက အစိုးရရဲ႕ ခြင့္ျပဳခ်က္ေပါ့ေနာ္။ အဲဒီေတာ့ နိုင္ငံတကာအဖြဲ႕ေတြကို လြတ္လတ္စြာခြင့္ သတင္းသမားေတြကို လြတ္လတ္စြာသြားလာဖို႔ ခက္ခဲမႈကလည္း က်ေနာ္တို႔အတြက္ စိန္ေခၚမႈ တခုလိုျဖစ္ေနတာေပါ့။”

လက္ရွိ စစ္ေရွာင္စခန္းေတြမွာ က်န္းမာေရး ေစာင့္ေရွာက္မႈေပးနိုင္ဖို႔ စစ္ေရးပဋိပကၡေတြရပ္ဆိုင္းဖို႔ လိုအပ္တယ္လို႔ သူကဆိုပါတယ္။

COVID-19 အေရးေပၚကာလအတြင္း တကမၻာလုံးရွိ ပစ္ခတ္တိုက္ခိုက္ေတြကို ရပ္စဲၿပီး ေရာဂါကာကြယ္တားဆီးေရး မွာ ဝိုင္းဝန္းအားစိုက္လုပ္ေဆာင္ၾကဖို႔ ကုလသမဂၢအေထြေထြအတြင္းေရးမႉးက မတ္လ၊ ၂၃ ရက္ေန႔မွာ ေမတၱာရပ္ခံေတာင္းဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 နဲ့ ရင်ဆိုင်နေရတာကြောင့် တနိုင်ငံလုံးအပစ်ရပ်ဖို့ KNU တောင်းဆို

ကိုရိုနာဗိုင်းရပ်စ်ပိုး COVID-19 ကူးစက်ရောဂါ ပြန့်ပွားနေတဲ့အခြေအနေကြောင့် မြန်မာအစိုးရနဲ့တပ်မတော်အနေနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲကြောင်းကြေညာပေးဖို့ KNU ကရင်အမျိုးသားအစည်းအရုံးကနေ တောင်းဆိုတဲ့သတင်းကို ပြောပြပေးမှာပါ။

မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်မြန်ရောဂါကို အဖွဲ့စည်းတိုင်းအားစိုက် တိုက်ဖျက်နိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ တပ်မတော်အနေနဲ့ ကြိုတင်သတ်မှတ်ချက်မထားတဲ့ တနိုင်ငံလုံးအပစ်ရပ်စဲကြောင်း ကြေညာပေးဖို့ တောင်းဆိုတာလို့ KNU အထွေထွေအတွင်းရေးမှူးပဒိုစောတာဒိုမှူးက ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာလည်း တိုက်ပွဲတွေ ဖြစ်နေကြတယ်။ နောက်ဒီရောဂါကလည်း လူတွေကနေတယောက်ပြီး တယောက် ကူးသွားနိုင်တဲ့ အခြေအနေရှိပြီးတော့ ကာကွယ်ဆေးကလည်းမရှိသေးတဲ့ကာလဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ တိုက်တွန်းတာကတော့ အစိုးရတပ်မတော်အနေနဲ့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကြိုတင်သတ်မှတ်ချက် မရှိဘဲနဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်ပြီးတော့ ဒီလုပ်ငန်းမှာ အားစိုက်ထည့်ဝင်တဲ့ အဖွဲ့စည်းတိုင်းကနေပြီးတော့ ဒီကပ်ရောဂါကြီးကို ကျနော်တို့ ကာကွယ်တိုက်ဖျက်တဲ့နေရာမှာ ပိုပြီးအားထဲ့နိုင်အောင် ဆိုတဲ့မျှော်လင့်ချက်နဲ့ ဖြစ်ပါတယ်။”

အထူးသဖြင့် တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသအတွင်း လူဦးရေသိန်းချီရှိနေတဲ့ စစ်ပြေးဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေလုပ်ဆောင်ဖို့ဟာ စစ်ရေးပဋိပက္ခတွေရှိနေရင် လုပ်ဆောင်ဖို့ခက်ခဲတဲ့ အခြေအနေမှာ ရှိနေတာပါ။

ဒါကြောင့်လို့ စစ်ဘေးရှောင်တွေအတွက် ရောဂါမဖြစ်ပွားရလေအောင် ကူညီစောင့်ရှောက်နိုင်ဖို့ အပစ်ခတ်ရပ်စဲဖို့ လိုအပ်တယ်လို့ပဒိုစောတာဒိုမှူးက ပြောပါတယ်။

“ကျနော်တို့ အပစ်ခတ်ရပ်စဲရေး လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တဘက်မှာလည်း တိုက်ပွဲတွေပြင်းထန်လေလေ IDP တွေပိုများလာလေလေ။ ဒီကူးစက်ရောဂါကအတွက် ကျနော်တို့ကာကွယ်မှုပိုပြီးတော့မဲ့လာလေလေ။ ဆိုတဲ့ဟာ က တပူပေါ်နှစ်ပူဆင့် ဆိုတဲ့ပုံစံမျိုးနဲ့ ကျနော်တို့ အဓိက IDP ေပါ့နော်။ စစ်ဘေးရှောင်ဒုက္ခသည်အတွက်က အရမ်းကို အန္တရာယ်များပါတယ်။ မြို့နေလူတန်းစားတောင်မှ အကြီးကျယ်ကို စိုးရိမ်နေရတဲ့အချိန်မှာ နယ်မှာခိုကိုးရာမဲ့ဖြစ်တဲ့ IDP တွေအတွက် အရမ်းကိုကျနော်တို့ စိုးရိမ်ပါတယ်။”

အပစ်ခတ်ရပ်စဲသင့်ကြောင်း တောင်းဆိုချက်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘာမှပြောဆိုဖို့မရှိကြောင်း ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လုပ်ဆောင်နေသူ တဦးကတော့ လက်ရှိတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့အကြား ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေကြောင့် အပစ်ရပ်စဲဖို့ခက်ခဲမဲ့ အခြေအနေရှိတယ်လို့ပြောပါတယ်။

အလားတူအရပ်ဘက်အဖွဲ့အစည်း ၅၂ ဖွဲ့ နှင့် တသီး ပုဂ္ဂလ ၂ ဦးတို့ကနေ COVID-19 အရေးပေါ်ကာလအတွင်း စစ်ပွဲများ ခြွင်းချက်မရှိ ရပ်တန့်ဖို့နဲ့ ရခိုင်နဲ့ ချင်းပြည်နယ်အတွင်း အင်တာနက်ပြန်လည်ဖွင့်ပေးဖို့အပါအဝင် တောင်းဆိုချက် ၇ ချက်ကို ဒီကနေ့မှာ တပ်မတော် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို အရေးပေါ် တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။

လက်ရှိမြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရှောင်ဒုက္ခသည်တွေ သိန်းချီရှိနေသလို သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါဝင် အကူညီပေးရေးမှာ ခက်ခဲနေတယ် လို့ ဝံလတ်ဖေါင်ဒေးရှင်းဒါရိုက်တာခိုင်ကောင်းစံကပြောပါတယ်။

“ဒီ COVID က ကပ်ရောဂါ ဒီလိုမျိုးဖြစ်နေတဲ့အခါကျတော့ စစ်ဘေးဒုက္ခသည်တွေမှာက ကျန်းမာရေးအထောက်အပံ့ တော်တော်လေး အခက်ခဲရှိတယ်။ သွားရောက်ဖို့အခက်ခဲက ဘာရှိလည်းဆိုတော့ အစိုးရရဲ့ ခွင့်ပြုချက်က။ ဒါပေမဲ့ နိုင်ငံ တကာအဖွဲ့အစည်းတွေက ဒါကိုအားစိုက်ပြီးတော့မှ အစိုးရကို ခွင့်ပြုဖို့ တောင်းဆိုဖို့လိုတယ်။ ခက်ခဲတာက အစိုးရရဲ့ ခွင့်ပြုချက်ပေါ့နော်။ အဲဒီတော့ နိုင်ငံတကာအဖွဲ့တွေကို လွတ်လတ်စွာခွင့် သတင်းသမားတွေကို လွတ်လတ်စွာသွားလာဖို့ ခက်ခဲမှုကလည်း ကျနော်တို့အတွက် စိန်ခေါ်မှု တခုလိုဖြစ်နေတာပေါ့။”

လက်ရှိ စစ်ရှောင်စခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့ စစ်ရေးပဋိပက္ခတွေရပ်ဆိုင်းဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။

COVID-19 အရေးပေါ်ကာလအတွင်း တကမ္ဘာလုံးရှိ ပစ်ခတ်တိုက်ခိုက်တွေကို ရပ်စဲပြီး ရောဂါကာကွယ်တားဆီးရေး မှာ ဝိုင်းဝန်းအားစိုက်လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးက မတ်လ၊ ၂၃ ရက်နေ့မှာ မေတ္တာရပ်ခံတောင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG