သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ် ပိုခိုင်မာအောင် ဆွေးနွေးဖို့ တပ်မတော်နဲ့ KNU ကြား သဘောတူ


 ဒီဇင်ဘာလ ၂၇ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသော တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် ကေအဲန်ယူတပ်မှူးများပါဝင်သော ကိုယ်စားလှယ်အဖွဲ့။ (ဓာတ်ပုံ - Karen National Union Headquarters Facebook)
ဒီဇင်ဘာလ ၂၇ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသော တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် ကေအဲန်ယူတပ်မှူးများပါဝင်သော ကိုယ်စားလှယ်အဖွဲ့။ (ဓာတ်ပုံ - Karen National Union Headquarters Facebook)

(Zawgyi/Unicode)

နှစ်ဘက် အပစ်အခတ်ရပ်စဲရေး ပိုပြီးခိုင်မာအောင် လုပ်ဆောင်ဖို့အတွက် NCA စာချုပ်ထဲက သက်ဆိုင်ရာ အခန်းတွေကို ဆွေးနွေးသွားရေး တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ကြား သဘောတူညီချက်ရတယ်လို့ KNU ခေါင်းဆောင်တဦးက ပြောပါတယ်။ နှစ်ဘက်ကြား စစ်ရေးတင်းမာစေတဲ့ လမ်းဖောက်လုပ်ရေးကိစ္စလည်း ဆွေးနွေးတဲ့ထဲမှာ ပါဝင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေက စတင်ပြီး တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အကြားမှာ စစ်ရေးတင်းမာမှုတွေ ရှိခဲ့တဲ့နောက် ဒီလ ၁၉ ရက်နေ့မှာတော့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ တပ်မတော် ညှိနှိုင်းရေးအဖွဲ့နဲ့ KNU ဒုဥက္ကဋ္ဌ ခေါင်းဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်မှာ ဆွေးနွေးကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးတာတွေကိုတော့ KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အခုလို ပြောပါတယ်။

“အဓိကကတော့ အပစ်အခတ် ရပ်စဲရေး ခိုင်မာအောင် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာကိစ္စရပ်ပေါ့နော် ခိုင်မာအောင်ဆောင်ရွက်ရမယ့် အပိုင်း NCA မှာ ပါတဲ့ ဒီ အခန်း ၃၊ အခန်း ၄ တို့ ကိစ္စတွေကို ကျနော်တို့ စတင်ဆွေးနွေးနိုင်ဖို့ အတွက် ကျနော်တို့ နှစ်ဘက်က သဘောတူတဲ့ သဘောပေါ့နော်။ ဒါကို ဘယ်လို ပုံစံနဲ့ ဆွေးနွေးမလဲပေါ့။ အဆင်ပြေတယ်လို့ ပြောလို့ ရပါတယ်။ တပ်မတော်နဲ့ ဒီနေ့ ဆွေးနွေးပွဲကတော့။”

ပြီးခဲ့တဲ့ လကုန်ပိုင်းကတော့ KNU က မိုင်းဆွဲတိုက်ခိုက်တာကြောင့် တပ်ရင်းမှူးတဦးကျဆုံးခဲ့ရကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပြီး ဒီလအတွင်း တပ်မတော်က ကျေးရွာတချို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာသား ၃၀၀ လောက် တောတောင်တွေမှာ ပုန်းရှောင်နေရကြောင်း KNUက သတင်းထုတ်ပြန်တာတွေ ရှိခဲ့ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့တော့ အသေးစိတ် ဆွေးနွေးတာမရှိကြောင်းနဲ့ တပ်မတော်ဘက်က လမ်းဖောက်ရေးကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ပဒိုစောကွယ်ထူးဝင်းက ဆက်ပြောပါတယ်။

“ကျနော်တို့ ဖြစ်ခဲ့တာတွေတော့ ဖြစ်ခဲ့ပြီပေါ့နော်။ ဒါပေမဲ့ ဒီကိစ္စကိုတော့ အသေးစိတ် မဆွေးနွေးဘူး။ အနာဂတ်မှာ ရှေ့လာမယ့် ဥစ္စာမှာ ဒီလို မဖြစ်ရေးအတွက် ဆွေးနွေးဖြစ်တယ်။ နောက်တခုကလည်း တပ်မတော်က ရိက္ခာပို့ဖို့အတွက် လမ်းဖောက်လုပ်ရေးကိစ္စကိုတော့ ကျနော်တို့ ဆွေးနွေးဖြစ်တယ်။

ကျနော်တို့ဘက်ကလည်း အနေအထားတစ်ခုအရဆို ပြည်သူလူထုရဲ့ ယုံကြည်မှု နည်းနေတဲ့အချိန် စိုးရိမ ်ထိတ်လန့်မှုရှိတဲ့အချိန် ဒါကို မပြုလုပ်သေးဖို့၊ သို့ပေမဲ့လည်း ရှေ့တန်းမှာလိုအပ်နေတဲ့ ရိက္ခာကို လူတို့၊ မြင်းတို့နဲ့ ပို့ဖို့အတွက်တော့ ကျနော်တို့ အဆိုပြုခဲ့တယ်။ အဲဒီကိစ္စတော့ သဘောတူတယ်။ ”

တပ်မတော်ဘက်က ရိက္ခာကို မြင်းနဲ့ ပို့ဖို့ အခက်အခဲရှိကြောင်း နဲ့ လမ်းဖောက်လုပ်တာဟာ စစ်ဆင်ရေးအတွက် မရည်ရွယ်ကြောင်း ထပ်မံဆွေးနွေးရာမှာတော့ KNU ဘက် တပ်မတော်ရဲ့ ဆွေးနွေးချက်ကို အထက်ကို တင်ပြရမှာဖြစ်သလို လူထု သဘောထားရယူပြီးနောက် ထပ်မံဆွေးနွေးသွားဖို့ အကြောင်းပြန်ခဲ့တယ်လို့လည်း ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှုးချုပ် ဇော်မင်းထွန်းကတော့ ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရသေးကြောင်း VOA ကို ပြောဆိုပါတယ်။

“ ဒီနေ့ နေ့ခင်းပိုင်းမှာ ဆွေးနွေးတယ်ဆိုတာတော့ သိပါတယ်။ ဆွေးနွေးပွဲအသေးစိတ်ကိုတော့ မသိသေးဘူးဗျ။ ဆွေးနွေးမယ့် အကြောင်းအရာတွေတော့ သိတယ်။ NCA အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လိုက်နာမှု အားကောင်းစေရေးအတွက် အကောင်အထည်ဖော်ပြီး ဆက်လက် ဆွေးနွေးရမယ့် ကိစ္စရယ်၊ နောက်ပြီး လတ်တလော ဖြေရှင်းရန် လိုအပ်နေတဲ့ ကိစ္စရယ် ဆွေးနွေးမယ် ဆိုတာတော့ ကျနော်တို့ သိရပါတယ်။”

ဒီလ ၁၆ ရက်နေ့ကလည်း ရန်ကုန်မြို့မှာ NCA စာချုပ်ပါ အခန်း ၃၊ အခန်း ၄စတာတွေကို အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့တွေကြားမှာ ဆွေးနွေးခဲ့တာတွေ ရှိပေမဲ့ ဒေသတွင်းလိုအပ်ချက်အရ KNU က တပ်မတော်နဲ့ ထပ်မံဆွေးနွေးကြတာဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ တပ်မတော် ညှိနှိုင်းရေးအဖွဲ့နဲ့ KNU ဒုဥက္ကဋ္ဌ ခေါင်းဆောင်တဲ့ အဖွဲ့တို့ဟာ နေပြည်တော်မှာ ဆွေးနွေးခဲ့သလို အဲဒီနောက်မှာ တောင်ပိုင်းတိုင်း တိုင်းမှုးနဲ့ KNU စစ်ဘက်ခေါင်းဆောင်တွေဟာ ရိက္ခာပို့ဆောင်ရေးနဲ့ လမ်းဖောက်လုပ်ရေး ကိစ္စရပ်တွေကို ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]




ဆှေးနှေးပှဲမှာ အဓိက ဆှေးနှေးတာတှကေိုတော့ KNU ဒုဥက်ကဋ်ဌ ပဒိုစောကှယျထူးဝငျးက အခုလို ပွောပါတယျ။










XS
SM
MD
LG