သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU နယ်မြေ မြန်မာ့တပ်မတော် လက်နက်ကြီး ပစ်ခတ်


၂၀၁၂ နိုဝင်ဘာတုန်းက မြန်မာ့တပ်မတော်သားများကို တွေ့ရစဉ်
၂၀၁၂ နိုဝင်ဘာတုန်းက မြန်မာ့တပ်မတော်သားများကို တွေ့ရစဉ်

(Zawgyi/Unicode)

ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ (၅)ဒေသမှာ ဖေဖေါ်ဝါရီလ ၃ရက်နေ့ကနေ ၈ ရက်နေ့ အထိ ၆ ရက်အတွင်းမြန်မာတပ်မတော်ဘက်ကလက်နက်ကြီးအလုံး ၆၀ကျော် ပစ်ခတ်ခဲ့တာကြောင့် ရွာသား ၃၀၀ ကျော် နေရပ်စွန်ခွာ ခဲ့ရပါတယ်။

ဒါ့အပြင် ကေအန်ယူ ထိန်းချုပ်ရာ ဒေသတွေမှာ ဒရုန်းယာဉ်များနဲ့ စုံစမ်းထောက်လှမ်းမူတွေလုပ်ခဲ့ကြောင်း ဒါတွေဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မူ ရပ်စဲရေး သဘောတူစာချုပ် NCA ကိုချိုးဖောက်ရာ ရောက်ကြောင်း ကေအန်ယူ တပ်မဟာ ၅ က ဖေဖေါ်ဝါရီလ ၉ ရက်နေ့ မြန်မာတပ်မတော်ဘက်ကို ကန့်ကွက်စာပေးပို့ပါတယ် ။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ လှုပ်ရှားနေတဲ့ မြန်မာတပ်မတော်တပ်ဖွဲ့ဝင်များဟာ ဖေဖေါ်ဝါရီလ လဆန်းကစပြီး ကရင်အမျိုးသားတပ်မတော် တပ်မဟာ ၅ နယ်မြေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လိ့ုဆိုပါတယ်။ ဒါ့အပြင် ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် ၊ လေးဖိုးထာ ကျေးရွာအုပ်စုက ဝါသိုးခို ကျေးရွာသားနှစ်ဦး ပစ်ခတ်ခံရတာကြောင့် ဒဏ်ရာပြင်းထန်စွာ ရခဲ့ကြောင်း ကေအန်ယူ တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မူးစောကလဲဒိုက အခုလိုပြောပါတယ်။

“လက်နက်ကြီးနဲ့ ပစ်တာက ဖေဖေါ်ဝါရီ ၃ရက်နေ့ အလုံး ၄၀ ရှိတယ်။ ၆ရက်နေ့ က တူတေးရွာမှာ ၇လုံး၊ တခြားရွာ မှာ ၆လုံး ၈ ရက်နေ့မှာ ပစ်တာက တူဒေးရွာမှာ ၁၅လုံး၊ အလုံး ၆၀ကျော်ပစ်တယ်။ တူဒေးရွာကတော့ ဒီနေ့မှာပဲ ရွာကိုပြောင်းရွှေ့တယ် ရွာသား ၃၀၀ကျော်တယ် ။ နောက်တခုကတော့ ရွာသား ၂ယောက်က သေသွားတဲ့သူရဲ့ ပစ္စည်းတွေကို တနေရာမှာသွား ပစ်နေတုန်းမှာ တပ်မတော်သားဘက်က ဒီရွာသား၂ယောက်ကို ပစ်ချလိုက်တာ။ဒီရွာ ၂ယောက်လုံး ဒဏ်ရာပြင်းထန်စွာရတယ် ။ ပစ်ခတ်မူဖြစ်တာ တပ်အချင်းချင်းဆို ပြဿနာမရှိဘူး။ ရွာသားကို ပစ်တာက မကောင်းဘူး။ ရွာသားက ပိုနာတာပေါ့ NCA နဲ့ ပတ်သက်တာတွေကို ချိုးဖောက်တာပေါ့။”

မြန်မာစစ်တပ်ဘက်ကတော့ ကေအန်ယူထိန်းချုပ်ရာဒေသတွေကို ဒေသဖွံ့ဖြိုးရေးဆိုပြီး လမ်းဖောက်လုပ်တဲ့ကိစ္စတွေ လုပ်နေတာပါ။ ဒီအတွက် ကေအန်ယူ လက်အောက်ခံ အောက်ခြေတပ်မဟာတွေနဲ့ တိုက်ပွဲတချို့ ဖြစ်ခဲ့တာပါ။ တပ်မဟာ၅ လက်အောက်ခံ တပ်တွေနဲ့ မကြာခဏဆိုသလို ထိတွေပစ်ခတ်မူတွေဖြစ်ခဲ့သလို ကေအန်ယူ ဘက်က ကန့်ကွက်မူတွေရှိပေမဲ့ မြန်မာတပ်မတော်ဘက်က ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ ကေအန်ယူဘက်ကဆိုပါတယ်။

အခုနောက်ပိုင်းမှာ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မူတွေ လုပ်နေတာအပြင် ကေအန်ယူ ထိန်းချုပ်နယ်မြေတွေပေါ်မှာ ဒရုန်းယာဉ်များ လွှတ်ပြီး စုံးစမ်းထောက်လှန်းမူတွေ ပိုလုပ်လာတယ်လို့လည်းဆိုပါတယ်။ ဗိုလ်မူးစောကလဲဒိုကတော့ သူတို့နယ်မြေအတွင်းမှာတော့ထောက်လှမ်းမူတွေ ခပ်စိပ်စိပ် လုပ်လာတယ်လို့ ဆိုပါတယ်။

“တပ်မဟာ ၅ဘက်မှာ တော့ မြန်မာတပ်မတော်ဘက်က ၂၀၁၈မှာ ဒရုန်းယာဉ်တွေကို ကြိုးကြားလွှတ်တယ်။ ၂၀၁၉မှာဒရုန်းကိုလွှတ်တာ ပိုများလာတယ်။ ၂၀၂၀မှာလည်း ဆက်လက်ပြီးလွှတ်တာပဲ။ ဒီလို ဆက်လုပ်နေရင် တဘက်နဲ့ တဘက်ယုံကြည်မူကို ပိုထိခိုက်စေပြီး တဘက်နဲ့ တဘက် မယုံကြည်တော့ပဲ ပြဿနာကိုပိုပြီး ကြီးထွားလာတာဖြစ်သွားတယ်။ NCA စာချုပ်ထဲမှာ က ငြိမ်းချမ်းရေး လုပ်နေတဲ့ကာလ အပစ်အခတ်ရပ်စဲရေးကာလမှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးလုပ်နေတဲ့ ကာလမှာ တဘက်နဲ့ တဘက်ကိုစုံစမ်းထောက်လှမ်းတာ လုံးဝမလုပ်ရဘူးဆိုတာလည်းပါထားတယ်။”

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅)ကတော့ သူတို့ ထိန်းချုပ်ရာကျေးရွာတွေ လက်နက်ကြီးနဲ့ ပစ်ခတ်မူ ရွာသားတွေ ပစ်ခတ်ခံရမူတွေနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီ ၉ရက်နေ့စွဲနဲ့ အရှေ့တောင်တိုင်းစစ်ဌာန ချုပ်ကိုကန့်ကွက်စာပို့ထားပါတယ်။

ကေအန်ယူတပ်မဟာ ၅ ကန့်ကွက်စာပို့ ထားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အရှေ့ပိုင်း စစ်ဌာနချုပ်က တာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းဖို အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

မြန်မာအစိုးရနဲ့ ကေအန်ယူတို့ဟာ၂၀၁၂ ခုနှစ်မှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်မှာ တော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူ ရပ်စဲရေး သဘောတူစာချုပ် NCA ကို KNU က လက်မှတ်ရေးထိုးခဲ့ ပါတယ်။ ဒါပေမဲ့ ကေအန်ယူတပ်မဟာ ၅နယ်မြေမှာတော့မြန်မာစစ်တပ်နဲ့ ကေအန်ယူတို့ဟာ NCA ထိုးခဲ့ပြီးနောက်ပိုင်းမှာ ထိတွေ ပစ်ခတ်မူတွေမကြာခဏဆိုသလိုဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)









XS
SM
MD
LG