သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ KNU အကြား နှစ်သစ်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား


KNU တပ်ဖွဲ့ဝင်အချို့။ (ဇန်နဝါရီ ၃၁၊ ၂၀၀၆)
KNU တပ်ဖွဲ့ဝင်အချို့။ (ဇန်နဝါရီ ၃၁၊ ၂၀၀၆)

(Zawgyi / Unicode)

၂၀၂၀ ပြည့်နှစ်အစ သီတင်းတပတ် မပြည့်ခင်မှာပဲ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် တပ်မဟာ ၅ က တပ်ရင်းတပ်ဖွဲ့တွေနဲ့ အစိုးရတပ်တို့ကြားမှာ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ပဏာမ အပစ်ရပ်စဲရေး သဘောတူထားတဲ့အတိုင်း မဟုတ်ဘဲ အစိုးရတပ်ဘက်က နယ်မြေကျူးကျော်လာလို့ အခုလို တိုက်ပွဲတွေ ဖြစ်ရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ မူတရော်ခရိုင် ဥက္ကဋ္ဌက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

မကြာသေးခင် နှစ်သစ်မကူးခင်ကာလမှာပဲ မြန်မာစစ်တပ် ခေါင်းဆောင်တွေနဲ့ ကရင်အမျိုးသား အစည်းအရုံးက ခေါင်းဆောင်တွေ နှစ်ဖက်ဆွေးနွေးမှုတွေ လုပ်ခဲ့တာပါ။ ဒါပေမယ့် နယ်မြေသတ်မှတ်ထားတဲ့အတိုင်း မလိုက်နာတဲ့အတွက် မြန်မာစစ်တပ်နဲ့ KNU တပ်တွေဟာ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ရပါတယ်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် မူတရော်ခရိုင် ဥက္ကဋ္ဌ Saw Tenter က အခုလိုပြောပါတယ်။

“အဲဒါ ဇန်နဝါရီလ ၂ ရက်နေ့မှာ ဝါသောခိုနေရာမှာ ထိတွေ့မှု ဖြစ်တယ်နော်။ သတင်းအရ မြန်မာစစ်တပ်ဘက်က တယောက်ကျဆုံးပြီး တယောက်ဒဏ်ရာရတယ်။ တပ်မဟာ ၅ ဘက်ကတော့ ဘာမှမဖြစ်ပါဘူး။ အစိုးရတပ်ဘက်က အင်အား ၄၀ လောက်ရှိတယ်။ ကျနော်တို့ ပဏာမ အပစ်အခတ်ရပ်စဲရေး ကာလတုန်းက တဖက်တဖက် ထိတွေ့မှုမဖြစ်အောင် သတ်မှတ်ထားတဲ့ လမ်းကြောင်းမှာလေ သတ်မှတ်ထားတဲ့နေရာ ကျော်လွန်လို့ ပစ်ခတ်မှုဖြစ်တာပါ၊ ပထမဦးဆုံးအကြိမ်ပါ။”

တပ်မဟာ ၅ နဲ့ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း နောက်ထပ် တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

“သူလှုပ်ရှားလာတာ နှစ်ဖွဲ့၊ ယွန်းစလင်း အနောက်ဘက်က တဖွဲ့၊ အရှေ့မှာတဖွဲ့ လှုပ်ရှားလာတာ။ အရှေ့ဘက် ကျောက်ပလိုးနေရာမှာလေ။ အဲဒီမှာလည်း တပ်မဟာ ၅ တပ်ခွဲ ၄ နဲ့ ထိတွေ့မှုရှိခဲ့သေးတယ်။ ၃ ရက်နေ့ နှစ်ကြိမ်ဖြစ်ခဲ့တယ်လေ။ ဝါသောခိုနဲ့ တပ်မဟာ ၅ နဲ့ တပ်ရင်း ၂၀၂ ခွဲ ၃ ပေါ့။ ဖြစ်တိုင်းဖြစ်တိုင်းမှာ နယ်မြေကို ကျူးကျော်လာတဲ့အတွက် သတ်မှတ်ထားတဲ့ နေရာကို ကျော်လွန်တာကြောင့် မိမိတို့ ကာကွယ်တဲ့အနေနဲ့ အဲဒီလိုမျိုး ဖြစ်သွားတာပါ။”

မြန်မာအစိုးရနဲ့ KNU တို့ဟာ ၂၀၁၂ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို KNU က လက်မှတ်ရေးထိုးခဲ့ပါတယ်။

------------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG