သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

RCSS အဖြဲ႔ COVID-19 ပညာေပးလုပ္ငန္း နယ္ေျမခံတပ္ရင္း ဟန္႔တားေၾကာင္းစြပ္စြဲ


၂၀၁၉ ခုနွစ္ RCSS ကိုယ္စားလွယ္အဖဲြ႕နဲ႔ အစိုးရကိုယ္စားလွယ္အဖဲြ႕တို႔ NCA လမ္းေၾကာင္းအတိုင္း ဆက္လက္ေဆာင္ရြက္ႏိုင္ေရးအတြက္ ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာ အလြတ္သေဘာ ေဆြးေႏြးပဲြ က်င္းပ။ (သတင္းဓာတ္ပံု - U Nay Min)

(Zawgyi/unicode)

ျမန္မာနိုင္ငံမွာ ကူးစက္ျမန္ COVID-19 ေရာဂါပိုးေတြ႕ရွိမႈႏႈန္း မ်ားျပားလာေနလို႔ စိုးရိမ္မႈေတြ ရွိလာေနခ်ိန္မွာ ရွမ္းျပည္နယ္မွာ ေဒသအတြင္း COVID-19 ေရာဂါနဲ႔ ပတ္သက္ၿပီး ကူညီေဆာင္ရြက္ေနတဲ့ ေတာင္ပိုင္းရွမ္းျပည္ တပ္မေတာ္ RCSS/SSA ရဲ႕က်န္းမာေရးအဖြဲ႔ကို နယ္ေျမခံျမန္မာတပ္မေတာ္က ဟန္႔တားေနတဲ့ စြပ္စြဲခ်က္ေပၚထြက္လာျပီး ေဒသအတြင္းတိုက္ပြဲျဖစ္ပြါးေနတဲ့ အေျခအေနအေၾကာင္း ဗီြအိုေအ ျမန္မာပိုုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္းက တင္ဆက္ေပးမွာပါ။

ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းပန္ၿမိဳ႕နယ္အတြင္း NCA အပစ္ရပ္အဖြဲ႔ ျဖစ္တဲ့ ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS/ SSA အဖြဲ႕ရဲ႕ COVID-19 ေရာဂါကာကြယ္တားဆီးေနတဲ့ က်န္းမာေရးအဖြဲ႕၀င္ေတြကို နယ္ေျမခံတပ္မေတာ္ကေန တားဆီးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ RCSS ေျပာခြင့္ရဗိုလ္မွဴးၾကီးစိုင္းအုမ္းေခးကေျပာပါတယ္။

“ခမရ(၁၅၃) ကေပါ့။ အဲဒီမိုင္းပန္ၿမိဳ႕နယ္ နား၀န္ေက်းရြာ မိုင္းပုံနဲ႔ ေနာင္ေလရဲ႕ အဲဒီေက်းရြာမွာ အဲဒီနားကရြာေတြကို သူတို႕ရြာသူၾကီးေတြေရာ ရြာသားေတြကို ေျပာထားတယ္ေပါ့ေနာ္။ RCSS က က်န္းမာေရးကိစၥနဲ႕ COVID-19 ပညာေပးတာ။ ကာကြယ္ေထာက္ပံ့ေရးပစၥည္းေတြ လာေပးတာေတြကို လက္မခံရဘူး။ သူတို႔ကလာလို႔ ရြာသားေတြ လက္ခံမယ္ဆိုရင္ေတာ့ ေနာက္က်ရင္ရြာသားေတြ တာ၀န္ရွိပုဂၢိဳလ္ေတြ ဖမ္းခ်ဳပ္ၿပီးေထာင္ထဲထည့္မယ္ အဲဒီလိုေျပာတယ္တဲ့။”

မိုင္းပန္ၿမိဳ႕နယ္ နား၀န္ ေက်းရြာအုပ္စုက က်န္းမာေရး၀န္ေဆာင္မႈ လုပ္ေဆာင္ေနတဲ့ ရြာသူတဦးကလဲ တပ္မေတာ္က ဟန္႕တားမႈျပဳေနတဲ့ အေၾကာင္းေျပာပါတယ္။

“က်န္းမာေရးအဖြဲ႕က ေဒသအတြင္း ကြင္းဆင္းတဲ့အခ်ိန္မွာ အစိုးရတပ္မေတာ္က လိုက္ျပီးေတာ့မွ တားျမစ္တာဘာေတြ လုပ္တယ္။ လူထုကို ေဆးေပးမကုရဘူးလို႕ အဲဒီလိုမ်ိဳးသြားေျပာထားတာ ရွိတယ္။ ရလခတိုင္းလက္ေအာက္ခံ တပ္ရင္းကေပါ့ေနာ္။ က်န္းမာေရးစစ္ေဆးဖို႔ ဒီလိုအေရးႀကီးေနတဲ့အခ်ိန္မွာ လိုက္လံ တားျမစ္ေသးတယ္ေပါ့ေနာ္။”

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက တပ္မေတာ္က ဟန္႔တားတယ္ဆိုတာ စြပ္စြဲခ်က္သာျဖစ္ေၾကာင္း ေျပာပါတယ္။

“က်ေနာ္ ေျပာနိုင္တာ အေၾကာင္းျပခ်က္ပဲ ျဖစ္မွာပါဗ်ာ။ တကယ္သာ အဲဒီေဆးကုေနတဲ့အဖြဲ႕ကို လုပ္စရာလည္းအေၾကာင္း မရွိဘူး။ က်ေနာ္တို႔ေတာင္အားေပးတယ္။ ခုနေျပာတဲ့ဟာကစြပ္စြဲခ်က္လည္း ျဖစ္လိမ့္မယ္။”

မေန႕တုန္းက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကေန တပ္မေတာ္ေရွ႕တန္းနယ္ေျမေတြမွာ COVID-19 ေရာဂါ ကာကြယ္ေရးလုပ္ေဆာင္ဖို႕ အစည္းအေ၀းမွာ ညႊန္ၾကားခဲ့ေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဆက္ေျပာပါတယ္။

"က်ေနာ္တို႔တာင္မွ မေန႕က တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က မေန႕က အစည္းေ၀းလုပ္ျပီးေတာ့ က်ေနာ္တို႔ ေရွ႕တန္းနယ္ေျမေတြမွာလည္း ဒီ COVID-19 ေရာဂါနဲ႔ ပတ္သက္ျပီးေတာ့ လူသူအေရာက္ေပါက္နဲတဲ့ေနရာမွာ ကုသနိုင္ဖို႔ ေနရာပဲ တပ္မွာရွိတဲ့ေဆးမွဴးေတြ ေဆးလက္ေထာက္အရာခံဗိုလ္ကေန စစ္ေဆးေပးဖို႔ အသိပညာေပးဖို႔ ညႊန္ၾကားထား တာရွိပါတယ္။"

ျပီးခဲ့တဲ့ဧျပီလ ၁၂ ရက္ေန႔မွာလည္း မိုင္းပန္ၿမိဳ႕နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ RCSS အဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႔ RCSS ဘက္ကေျပာပါတယ္။

လက္ရွိတိုင္းရင္းသားေဒသေတြမွာ တပ္မေတာ္က ထိုးစစ္ေတြ မရပ္ဆိုင္းေသးတဲ့အတြက္ ေရာဂါတိုက္ဖ်က္ေရးမွာ ပူးေပါင္းေဆာင္ရြက္ဖို႔ ခက္ခဲေနတယ္လို႔ ဗိုလ္မွဴးၾကီးစိုင္းအုမ္းေခးကေျပာပါတယ္။

“တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္း ေဒသေတြမွာ ေၾကာက္စရာေကာင္းတဲ့ တကမၻာလုံးက COVID-19 ေရာဂါေတြ ျဖစ္တဲ့အေျခအေနအရ ပစ္ခတ္တိုက္္ခုိက္မႈ ထိုးစစ္ဆင္တာ အမွန္ဆိုရင္ ရပ္ထားဖို႔ ေကာင္းတာေပါ့ေနာ္။ တိုက္ပြဲဆိုတာကလူထုနဲ႔ ဆိုင္သြားၿပီ။ တိုက္ပြဲရွိေနရင္လူထုက ထြက္ေျပးရလႊားရ လာတဲ့အခါက်ေတာ့ ဒီေရာဂါကာကြယ္ဖို႕အသိပညာေပးဖို႕လည္း ေကာင္းေကာင္း မေဆာင္ရြက္နိုင္ဘူးေပါ့ေနာ္။ အဲဒီအခါက်ေတာ့ေရာဂါကို ပိုျပီးေတာ့ျပန္႔ပြါးနိုင္တဲ့ အေျခအေနျဖစ္သြားနိုင္တယ္ေပါ့ေနာ္။”

ကမၻာအႏွံ႔အျပား ကူးစက္ျမန္ COVID-19 ကူးစက္မႈ ျဖစ္ပြါးေနတဲ့အေျခအေနမွာ ပဋိပကၡနယ္ေျမေတြအတြင္း စစ္ရပ္စဲၾကဖို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ကလည္း တိုက္တြန္းေျပာဆိုမႈေတြရွိေနတာပါ။

ျမန္မာနိုင္ငံအတြင္း ရွမ္းျပည္နယ္နဲ႕ရခိုင္ျပည္နယ္ေဒသအတြင္းမွာ ျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြ အၾကားတိုက္ပြဲရပ္တန္႔နိုင္ျခင္း မရွိေသးဘဲ စစ္ေရးတင္းမာေနဆဲအေျခအေနမွာ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

RCSS အဖွဲ့ COVID-19 ပညာပေးလုပ်ငန်း နယ်မြေခံတပ်ရင်း ဟန့်တားကြောင်းစွပ်စွဲ

မြန်မာနိုင်ငံမှာ ကူးစက်မြန် COVID-19 ရောဂါပိုးတွေ့ရှိမှုနှုန်း များပြားလာနေလို့ စိုးရိမ်မှုတွေ ရှိလာနေချိန်မှာ ရှမ်းပြည်နယ်မှာ ဒေသအတွင်း COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်နေတဲ့ တောင်ပိုင်းရှမ်းပြည် တပ်မတော် RCSS/SSA ရဲ့ကျန်းမာရေးအဖွဲ့ကို နယ်မြေခံမြန်မာတပ်မတော်က ဟန့်တားနေတဲ့ စွပ်စွဲချက်ပေါ်ထွက်လာပြီး ဒေသအတွင်းတိုက်ပွဲဖြစ်ပွါးနေတဲ့ အခြေအနေအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်းက တင်ဆက်ပေးမှာပါ။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း NCA အပစ်ရပ်အဖွဲ့ ဖြစ်တဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/ SSA အဖွဲ့ရဲ့ COVID-19 ရောဂါကာကွယ်တားဆီးနေတဲ့ ကျန်းမာရေးအဖွဲ့ဝင်တွေကို နယ်မြေခံတပ်မတော်ကနေ တားဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ RCSS ပြောခွင့်ရဗိုလ်မှူးကြီးစိုင်းအုမ်းခေးကပြောပါတယ်။

“ခမရ(၁၅၃) ကပေါ့။ အဲဒီမိုင်းပန်မြို့နယ် နားဝန်ကျေးရွာ မိုင်းပုံနဲ့ နောင်လေရဲ့ အဲဒီကျေးရွာမှာ အဲဒီနားကရွာတွေကို သူတို့ရွာသူကြီးတွေရော ရွာသားတွေကို ပြောထားတယ်ပေါ့နော်။ RCSS က ကျန်းမာရေးကိစ္စနဲ့ COVID-19 ပညာပေးတာ။ ကာကွယ်ထောက်ပံ့ရေးပစ္စည်းတွေ လာပေးတာတွေကို လက်မခံရဘူး။ သူတို့ကလာလို့ ရွာသားတွေ လက်ခံမယ်ဆိုရင်တော့ နောက်ကျရင်ရွာသားတွေ တာဝန်ရှိပုဂ္ဂိုလ်တွေ ဖမ်းချုပ်ပြီးထောင်ထဲထည့်မယ် အဲဒီလိုပြောတယ်တဲ့။”

မိုင်းပန်မြို့နယ် နားဝန် ကျေးရွာအုပ်စုက ကျန်းမာရေးဝန်ဆောင်မှု လုပ်ဆောင်နေတဲ့ ရွာသူတဦးကလဲ တပ်မတော်က ဟန့်တားမှုပြုနေတဲ့ အကြောင်းပြောပါတယ်။

“ကျန်းမာရေးအဖွဲ့က ဒေသအတွင်း ကွင်းဆင်းတဲ့အချိန်မှာ အစိုးရတပ်မတော်က လိုက်ပြီးတော့မှ တားမြစ်တာဘာတွေ လုပ်တယ်။ လူထုကို ဆေးပေးမကုရဘူးလို့ အဲဒီလိုမျိုးသွားပြောထားတာ ရှိတယ်။ ရလခတိုင်းလက်အောက်ခံ တပ်ရင်းကပေါ့နော်။ ကျန်းမာရေးစစ်ဆေးဖို့ ဒီလိုအရေးကြီးနေတဲ့အချိန်မှာ လိုက်လံ တားမြစ်သေးတယ်ပေါ့နော်။”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်က ဟန့်တားတယ်ဆိုတာ စွပ်စွဲချက်သာဖြစ်ကြောင်း ပြောပါတယ်။

“ကျနော် ပြောနိုင်တာ အကြောင်းပြချက်ပဲ ဖြစ်မှာပါဗျာ။ တကယ်သာ အဲဒီဆေးကုနေတဲ့အဖွဲ့ကို လုပ်စရာလည်းအကြောင်း မရှိဘူး။ ကျနော်တို့တောင်အားပေးတယ်။ ခုနပြောတဲ့ဟာကစွပ်စွဲချက်လည်း ဖြစ်လိမ့်မယ်။”

မနေ့တုန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေ တပ်မတော်ရှေ့တန်းနယ်မြေတွေမှာ COVID-19 ရောဂါ ကာကွယ်ရေးလုပ်ဆောင်ဖို့ အစည်းအဝေးမှာ ညွှန်ကြားခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

"ကျနော်တို့တာင်မှ မနေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မနေ့က အစည်းဝေးလုပ်ပြီးတော့ ကျနော်တို့ ရှေ့တန်းနယ်မြေတွေမှာလည်း ဒီ COVID-19 ရောဂါနဲ့ ပတ်သက်ပြီးတော့ လူသူအရောက်ပေါက်နဲတဲ့နေရာမှာ ကုသနိုင်ဖို့ နေရာပဲ တပ်မှာရှိတဲ့ဆေးမှူးတွေ ဆေးလက်ထောက်အရာခံဗိုလ်ကနေ စစ်ဆေးပေးဖို့ အသိပညာပေးဖို့ ညွှန်ကြားထား တာရှိပါတယ်။"

ပြီးခဲ့တဲ့ဧပြီလ ၁၂ ရက်နေ့မှာလည်း မိုင်းပန်မြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ RCSS အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ RCSS ဘက်ကပြောပါတယ်။

လက်ရှိတိုင်းရင်းသားဒေသတွေမှာ တပ်မတော်က ထိုးစစ်တွေ မရပ်ဆိုင်းသေးတဲ့အတွက် ရောဂါတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ခက်ခဲနေတယ်လို့ ဗိုလ်မှူးကြီးစိုင်းအုမ်းခေးကပြောပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဒေသတွေမှာ ကြောက်စရာကောင်းတဲ့ တကမ္ဘာလုံးက COVID-19 ရောဂါတွေ ဖြစ်တဲ့အခြေအနေအရ ပစ်ခတ်တိုက်ခိုက်မှု ထိုးစစ်ဆင်တာ အမှန်ဆိုရင် ရပ်ထားဖို့ ကောင်းတာပေါ့နော်။ တိုက်ပွဲဆိုတာကလူထုနဲ့ ဆိုင်သွားပြီ။ တိုက်ပွဲရှိနေရင်လူထုက ထွက်ပြေးရလွှားရ လာတဲ့အခါကျတော့ ဒီရောဂါကာကွယ်ဖို့အသိပညာပေးဖို့လည်း ကောင်းကောင်း မဆောင်ရွက်နိုင်ဘူးပေါ့နော်။ အဲဒီအခါကျတော့ရောဂါကို ပိုပြီးတော့ပြန့်ပွါးနိုင်တဲ့ အခြေအနေဖြစ်သွားနိုင်တယ်ပေါ့နော်။”

ကမ္ဘာအနှံ့အပြား ကူးစက်မြန် COVID-19 ကူးစက်မှု ဖြစ်ပွါးနေတဲ့အခြေအနေမှာ ပဋိပက္ခနယ်မြေတွေအတွင်း စစ်ရပ်စဲကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း တိုက်တွန်းပြောဆိုမှုတွေရှိနေတာပါ။

မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ဒေသအတွင်းမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြားတိုက်ပွဲရပ်တန့်နိုင်ခြင်း မရှိသေးဘဲ စစ်ရေးတင်းမာနေဆဲအခြေအနေမှာ ရှိနေပါတယ်။

XS
SM
MD
LG