သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းေျမာက္ေျမျမဳပ္မိုင္းအႏၱရာယ္ အရပ္သားေသဆံုးမႈမ်ား


(Zawgyi / Unicode)

စစ္ေရးပဋိပကၡျပင္းထန္ေနဆဲ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမွာ လုံျခံဳေရး အေျခအေနအားနည္းေနတာေၾကာင့္ လက္သည္မေပၚဘဲ လူေသဆုံးမႈ ျဖစ္စဥ္ေတြ ဗုံးေပါက္ကြဲမႈေၾကာင့္ အရပ္သားေတြထိခိုက္မႈ မ်ားျပားလာေနတာပါ။

ဒီကေန႕ သီေပါၿမိဳ႕နယ္မွာ အမ်ိဳးသား(၂)ဦးနဲ႕အမ်ိဳးသမီးတဦး ေသနတ္နဲ႕ ပစ္သတ္ခံခဲ့ရ သလို ေက်ာက္မဲျမိဳ႕နယ္အတြင္းမွာလဲ ေျမျမဳပ္မိုင္း ေပါက္ကြဲလို႕ အရပ္သားေတြ ထိခိုက္မႈ ရွိေနတာပါ။ မျငိမ္းခ်မ္းေသးတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း အေျခအေနကိုေတာ့ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ နိုင္ကြန္းအိန္ကေန သတင္းေပးပို႕ထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္ကုံး မုံေက်းရြာအနီး ေတာအုပ္အတြင္း ဒီကေန႕မနက္မွာ အမ်ိဳးသား (၂)ဦးနဲ႕ အမ်ိဳးသမီး(၁)ဦး အေပါင္း(၃)ဦး ေသနတ္ပစ္ခံဒဏ္ရာနဲ႕ေသဆုံးေနတယ္လို႕ ကိုယ္တိုင္ အကူညီ ေပးေနတဲ့ နယ္စည္းမျခား ပရဟိတ(သီေပါ) တာ၀န္ခံ ကိုမ်ိဳးကေျပာပါတယ္။

“ကုံးမုံမွာ(၃)ေယာက္ ေသနတ္ဒဏ္ရာနဲ႕။ ကြ်န္ေတာ္တို႕ကို အေၾကာင္းၾကား တာေတာ့ (၈)နာရီခြဲေလာက္ ေပါ့ေနာ္။ ကြ်န္ ေတာ္တို႕ဒီကေနထြက္သြားတယ္။ ကုံးမုံရြာေရာက္ခါနီး ဘယ္ဘက္ေပါ့။ ေတာထဲေပါ့။ အဲဒီမွာ(၃)ေလာင္း။ မိန္းကေလး တဦးေပါ့။ အခု သီေပါေဆးရံု ရင္ခြဲရံု ပို႔ထားလိုက္ျပီး။ သူတို႕ကေတာ့ ဒီကရြာကလို႕ေတာ့ မဟုတ္ဘူးလို႕ေတာ့ ေျပာေတာ့ ေျပာတယ္။ အခုရဲေတြေရာ ပါတယ္ေလ စီစစ္ေနတယ္။”

ဘယ္သူက ပစ္ခတ္ခဲ့တယ္ဆိုတာ မသိရေသးပါဘူး။ သီေပါၿမိဳ႕နယ္ ကုံးမုံေက်းရြာဟာ လားရွိဳးၿမိဳ႕နယ္နဲ႕ အစပ္ၾကားမွာရွိၿပီး အဲဒီေဒသဟာ တရားဥပေဒစိုးမိုးမႈ သိပ္မရွိပါဘူး။ အခုလိုျဖစ္စဥ္မ်ိဳး မၾကာမၾကာ ျဖစ္ပြားေနေပမယ့္ လက္သည္ တရားခံေတြကို ဖမ္းဆီးေဖၚထုတ္နိုင္တာ မရွိခဲ့ဘူးလို႕ သီေပါၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္လွယ္ စိုင္းသန္႕ဇင္ကေျပာပါတယ္။

“အဲဒီေနရာက နယ္ေျမလုံျခံဳေရး သိပ္မရွိတာလည္းပါတယ္ေလ။ အဲဒီမွာက လက္နက္ကိုင္က အဲဒီမွာေတာ့ မရွိဘူးဗ်။ တရား ဥပေဒစိုးမိုးေရးနဲ႕ပက္သက္ၿပီးေတာ့ နည္းနည္းအဆက္ အစပ္လြတ္ေနတာ ေတာ့ရွိတာေပါ့။ ကားသမားေတြရဲ႕ေျပာဆိုမွဳအရေရာ နယ္ေျမေဒသခံေတြေျပာဆိုမွဳအရေကာ အဲဒီရြာဒီဘက္မွာ သစ္ေတာ ရွိတယ္ေလ။ အဲဒီလမ္းေဘးမွာ ညညဘက္ဆိုရင္ေလ မီးဖိုေလးေတြဖိုၿပီး တညလုံးေနေနတဲ့ လူေတြေတာ့ ရွိတယ္။ မူးယစ္ေဆး သုံးစြဲေနတဲ့ ပုံစံမ်ိဳးေတြ႕ရတာေပါ့။ ေသနတ္ဒဏ္ ရာနဲ႕ျဖစ္တာေတာ့ ဒါနဲ႕ပါဆိုလို႕ရွိရင္ ႏွစ္ခါ သုံးခါေလာက္ရွိျပီး။ ဘာေၾကာင့္ ေသတယ္ဆိုတာေတာ့မသိဘူးေလ။”

ဒါ့အျပင္ဒီရက္ပိုင္းအတြင္း ေက်ာက္မဲျမိဳ႕နယ္ မိုင္းတင္းေက်းရြာ ရပ္ေက်းစာေရးတဦးကို လက္နက္ကိုင္ အဖြဲ႕တခု ကေန ေသနတ္နဲ႕ပစ္ခတ္ခဲ့လို႕ ထိခိုက္ဒဏ္ရာရရွိသြားခဲ့ တာပါ။

ဒီလိုထိခိုက္ ေသဆုံးမႈေတြ အျပင္ ျမန္မာ့တပ္မေတာ္နဲ႕ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြအၾကား တိုက္ပြဲျဖစ္စဥ္ အတြင္း ေထာင္ထားတဲ့ေျမျမဳပ္မိုင္းေတြေၾကာင့္ အရပ္သားေတြ ထိခိုက္မႈရွိေနတာပါ။ မေန႕က ညေနပိုင္းမွာ ေက်ာက္မဲၿမိဳ႕နယ္ အာေျပာင္ေက်းရြာသား ၃ဦး ထင္းရွာရာက အျပန္လမ္းမွာ ေျမျမဳပ္မိုင္း နင္းမိ ျပီး ထိခိုက္ ဒဏ္ရာျပင္းစြာရရွိခဲ့တယ္လို႔ ေက်ာက္မဲၿမိဳ႕ ဇီ၀ိတလူမႈကူညီေရးအသင္း တာ၀န္ခံ ဦးတင္ေမာင္သိန္းက ေျပာ ပါတယ္။

“သူတို႕ရြာအနားကေနၿပီးေတာ့မွ နာရီ၀က္ေလာက္ ေျပာလို႕ရတဲ့ေနရာေပါ့။ ထင္းေခြရင္းေပါ့။ ထင္းေခြရင္း လာတဲ့အခါ မိုင္းထိတယ္။ ထိေတာ့နည္းနည္းေလးေတာ့ျပင္းတယ္ဗ်။ အဲဒီအထဲက တေယာက္က နည္းနည္းေလးေတာ့ လမ္းေလွ်ာက္နိုင္တယ္။ ႏွစ္ေယာက္ကေတာ့ ေျခေထာက္ေတြ ထိတာမ်ားေတာ့ အဲဒီေနရာမွာေနခဲ့တယ္။ အဲတာရြာသားေတြက ျဖစ္စဥ္ေနရာ သြားတာေပါ့။ ပထမ တေယာက္ကေတာ့ ေက်ာက္မဲကေန မႏၱေလးကို လႊဲလိုက္တယ္။ ဒီမွာက ခြဲစိတ္ ဆရာ၀န္ ခြင့္သြားတယ္။ ေနာက္ထပ္ႏွစ္ေယာက္လဲ လႊဲမွာပါ။”

ဇန္န၀ါရီ(၂၀) ရက္နဲ႕(၂၁) ရက္ေန႕မွာလဲ ေက်ာက္မဲၿမိဳ႕နယ္ ေတာ့ဆန္အုပ္စု ေတာင္ပို႔လို႔ေက်းရြာသူ အမ်ိဳးသမီးတဦးနဲ႕ နမ့္ဆန္ၿမိဳ႕နယ္အတြင္းက ပန္ႏွီမ္းေက်းရြာသားတစ္ဦး မိုင္းနင္းမိၿပီး ေျခေထာက္မွာ ဒဏ္ရာျပင္းထန္စြာ ရရွိခဲ့တယ္လို႕ လည္း ဦးတင္ေမာင္သိန္းကေျပာပါတယ္။ ဒီလို မိုင္းေပါက္ကြဲမွဳေတြ ရွိေနေပမယ့္ ဘယ္အဖြဲ႕ကေထာင္ ထားတဲ့မိုင္းဆိုတာ ေတာ့ ဘယ္သူကမွ ထုတ္မေျပာပါဘူး။

ျမန္မာႏိုင္ငံမွာ ေျမျမႇဳပ္မိုင္းဒဏ္ကို ရွမ္းျပည္နယ္နဲ႔ ကခ်င္ျပည္နယ္ အမ်ားဆုံးခံရတာျဖစ္ပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေဒသမွာ ျမန္မာအစိုးရနဲ႕ NCA အပစ္ရပ္ စာခ်ဳပ္ လက္မွတ္မေရးထိုး နိုင္ေသးတဲ့ TNLAတအာင္း ပေလာင္တပ္ဖြဲ႕ KIOကခ်င္လြတ္လပ္ေရးအဖြဲ႕ ကိုးကန္႕တပ္ဖြဲ႕MNDAA ေျမာက္ပိုင္းရွမ္းျပည္ တပ္မေတာ္ SSPP/SSA နဲ႕ NCAအပစ္ရပ္ ေတာင္ပိုင္းရွမ္းျပည္ တပ္မေတာ္ RCSS/SSA အဖြဲ႕တို႕ လွဳပ္ရွားေန ၾကတာ ျဖစ္ပါတယ္။

NCAလက္မွတ္ မထိုးနိုင္ေသးတဲ့ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြနဲ႕ ျမန္မာျငိမ္းခ်မ္းေရး ေကာ္မရွင္တို႕ အၾကား ျငိမ္းခ်မ္း ေရးေဆြးေႏြးမႈကို ေဖေဖၚ၀ါရီ လလယ္ ေနာက္ပိုင္းမွာ ျဖစ္ႏုိင္ဖို႔ ၿငိမ္းခ်မ္းေရး အက်ိဳးေဆာင္ ေတြက ခန္႕မွန္းေနၾက ေပမယ့္ TNLA တအာင္း ပေလာင္တပ္ဖြဲ ကေတာ့ ခန္႔မွန္းလို႔ မရေသးဘူးလို႔ အဖြဲ႔ ေျပာ ခြြင့္ရ ဗိုလ္မွဴးတာ့အိုက္ေက်ာ္က ေျပာ ပါတယ္။

“ကြ်န္ေတာ္တို႕ၾကားမွာ ျပန္ညိွမလို႕ လို႕ေတာ့ေျပာတယ္။ ဒါေပမယ့္ အခုထိေတာ့ ဘာမွထူးျခားမႈ မရွိေသးဘူး။ အရင္တုန္းက ကြ်န္ေတာ္တို႕ေဆြးေႏြးလာတယ္။ Bilateral ကြ်န္ေတာ္တို႕ မူၾကမ္းကို ညိွလာတယ္ PC နဲ႕။ ဒါေပမဲ့ ေနာက္ဆုံး က်ိဳင္းတုံမွာ ေတြ႕တဲ့အခ်ိန္တုန္းက ဒီတပ္ဘက္ကေတာ့ လက္မခံနိုင္တဲ့ ပုံစံျဖစ္သြားတယ္။ ကြ်န္ေတာ္တို႕ ညိွလာတာပ်က္သြားတဲ့ ပုံစံရွိ တာေပါ့ေနာ္။ ကူမင္းမွာေနာက္တၾကိမ္ ျပန္ေတြ႕ေတာ့ ေဆြးေႏြးပြဲ မရပ္သြားေအာင္ ေဆြးေႏြးပြဲလမ္းေၾကာင္း ဒီ Bilateral ကို ဘယ္လိုမ်ိဳးပုံစံနဲ႕ ဆက္ၿပီးမွေ ေဆြးေႏြးၾကမလဲ ကြ်န္ေတာ္တို႕အလြတ္သေဘာ ေတြ႕တာျဖစ္တယ္။ အခုတၾကိမ္ျပန္ေတြ႕ မွာလဲ အလြတ္သေဘာ ဘဲျဖစ္မွာ။ လမ္းေၾကာင္းတခု ျပန္ရွာရမယ့္ သေဘာ အေနအထားေတာ့ ရွိတယ္ေနာ။”

လက္ရွိျမန္မာနိုင္ငံကို အလည္ပတ္ေရာက္ခဲ့တဲ့ တရုတ္သမၼတရွီက်င္းဖ်င္ ျပန္သြားျပီး ေနာက္ဇန္န၀ါရီ(၂၀) (၂၁) (၂၂)ရက္ေန႕ေတြမွာျမန္မာစစ္တပ္နဲ႕ TNLAတအာင္း ပေလာင္တပ္ဖြဲ႕တို႕ အၾကား တိုက္ပြဲေတြ ဆက္လက္ ျဖစ္ပြားေနတာပါ။

တိုက္႐ိုက္ လင့္ခ္


.................

ရှမ်းမြောက်မြေမြုပ်မိုင်းအန္တရာယ် အရပ်သားသေဆုံးမှုများ

(Unicode)

စစ်ရေးပဋိပက္ခပြင်းထန်နေဆဲ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ လုံခြုံရေး အခြေအနေအားနည်းနေတာကြောင့် လက်သည်မပေါ်ဘဲ လူသေဆုံးမှု ဖြစ်စဉ်တွေ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သားတွေထိခိုက်မှု များပြားလာနေတာပါ။ ဒီကနေ့ သီပေါမြို့နယ်မှာ အမျိုးသား(၂)ဦးနဲ့အမျိုးသမီးတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရ သလို ကျောက်မဲမြို့နယ်အတွင်းမှာလဲ မြေမြုပ်မိုင်း ပေါက်ကွဲလို့ အရပ်သားတွေ ထိခိုက်မှု ရှိနေတာပါ။ မငြိမ်းချမ်းသေးတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ကုံး မုံကျေးရွာအနီး တောအုပ်အတွင်း ဒီကနေ့မနက်မှာ အမျိုးသား (၂)ဦးနဲ့ အမျိုးသမီး(၁)ဦး အပေါင်း(၃)ဦး သေနတ်ပစ်ခံဒဏ်ရာနဲ့သေဆုံးနေတယ်လို့ ကိုယ်တိုင် အကူညီ ပေးနေတဲ့ နယ်စည်းမခြား ပရဟိတ(သီပေါ) တာဝန်ခံ ကိုမျိုးကပြောပါတယ်။

“ကုံးမုံမှာ(၃)ယောက် သေနတ်ဒဏ်ရာနဲ့။ ကျွန်တော်တို့ကို အကြောင်းကြား တာတော့ (၈)နာရီခွဲလောက် ပေါ့နော်။ ကျွန် တော်တို့ဒီကနေထွက်သွားတယ်။ ကုံးမုံရွာရောက်ခါနီး ဘယ်ဘက်ပေါ့။ တောထဲပေါ့။ အဲဒီမှာ(၃)လောင်း။ မိန်းကလေး တဦးပေါ့။ အခု သီပေါဆေးရုံ ရင်ခွဲရုံ ပို့ထားလိုက်ပြီး။ သူတို့ကတော့ ဒီကရွာကလို့တော့ မဟုတ်ဘူးလို့တော့ ပြောတော့ ပြောတယ်။ အခုရဲတွေရော ပါတယ်လေ စီစစ်နေတယ်။”

ဘယ်သူက ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။ သီပေါမြို့နယ် ကုံးမုံကျေးရွာဟာ လားရှိုးမြို့နယ်နဲ့ အစပ်ကြားမှာရှိပြီး အဲဒီဒေသဟာ တရားဥပဒေစိုးမိုးမှု သိပ်မရှိပါဘူး။ အခုလိုဖြစ်စဉ်မျိုး မကြာမကြာ ဖြစ်ပွားနေပေမယ့် လက်သည် တရားခံတွေကို ဖမ်းဆီးဖေါ်ထုတ်နိုင်တာ မရှိခဲ့ဘူးလို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်လှယ် စိုင်းသန့်ဇင်ကပြောပါတယ်။

“အဲဒီနေရာက နယ်မြေလုံခြုံရေး သိပ်မရှိတာလည်းပါတယ်လေ။ အဲဒီမှာက လက်နက်ကိုင်က အဲဒီမှာတော့ မရှိဘူးဗျ။ တရား ဥပဒေစိုးမိုးရေးနဲ့ပက်သက်ပြီးတော့ နည်းနည်းအဆက် အစပ်လွတ်နေတာ တော့ရှိတာပေါ့။ ကားသမားတွေရဲ့ပြောဆိုမှုအရရော နယ်မြေဒေသခံတွေပြောဆိုမှုအရကော အဲဒီရွာဒီဘက်မှာ သစ်တော ရှိတယ်လေ။ အဲဒီလမ်းဘေးမှာ ညညဘက်ဆိုရင်လေ မီးဖိုလေးတွေဖိုပြီး တညလုံးနေနေတဲ့ လူတွေတော့ ရှိတယ်။ မူးယစ်ဆေး သုံးစွဲနေတဲ့ ပုံစံမျိုးတွေ့ရတာပေါ့။ သေနတ်ဒဏ် ရာနဲ့ဖြစ်တာတော့ ဒါနဲ့ပါဆိုလို့ရှိရင် နှစ်ခါ သုံးခါလောက်ရှိပြီး။ ဘာကြောင့် သေတယ်ဆိုတာတော့မသိဘူးလေ။”

ဒါ့အပြင်ဒီရက်ပိုင်းအတွင်း ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာ ရပ်ကျေးစာရေးတဦးကို လက်နက်ကိုင် အဖွဲ့တခု ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ တာပါ။

ဒီလိုထိခိုက် သေဆုံးမှုတွေ အပြင် မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား တိုက်ပွဲဖြစ်စဉ် အတွင်း ထောင်ထားတဲ့မြေမြုပ်မိုင်းတွေကြောင့် အရပ်သားတွေ ထိခိုက်မှုရှိနေတာပါ။ မနေ့က ညနေပိုင်းမှာ ကျောက်မဲမြို့နယ် အာပြောင်ကျေးရွာသား ၃ဦး ထင်းရှာရာက အပြန်လမ်းမှာ မြေမြုပ်မိုင်း နင်းမိ ပြီး ထိခိုက် ဒဏ်ရာပြင်းစွာရရှိခဲ့တယ်လို့ ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်း တာဝန်ခံ ဦးတင်မောင်သိန်းက ပြော ပါတယ်။

“သူတို့ရွာအနားကနေပြီးတော့မှ နာရီဝက်လောက် ပြောလို့ရတဲ့နေရာပေါ့။ ထင်းခွေရင်းပေါ့။ ထင်းခွေရင်း လာတဲ့အခါ မိုင်းထိတယ်။ ထိတော့နည်းနည်းလေးတော့ပြင်းတယ်ဗျ။ အဲဒီအထဲက တယောက်က နည်းနည်းလေးတော့ လမ်းလျှောက်နိုင်တယ်။ နှစ်ယောက်ကတော့ ခြေထောက်တွေ ထိတာများတော့ အဲဒီနေရာမှာနေခဲ့တယ်။ အဲတာရွာသားတွေက ဖြစ်စဉ်နေရာ သွားတာပေါ့။ ပထမ တယောက်ကတော့ ကျောက်မဲကနေ မန္တလေးကို လွှဲလိုက်တယ်။ ဒီမှာက ခွဲစိတ် ဆရာဝန် ခွင့်သွားတယ်။ နောက်ထပ်နှစ်ယောက်လဲ လွှဲမှာပါ။”

ဇန်နဝါရီ(၂၀) ရက်နဲ့(၂၁) ရက်နေ့မှာလဲ ကျောက်မဲမြို့နယ် တော့ဆန်အုပ်စု တောင်ပို့လို့ကျေးရွာသူ အမျိုးသမီးတဦးနဲ့ နမ့်ဆန်မြို့နယ်အတွင်းက ပန်နှီမ်းကျေးရွာသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ လည်း ဦးတင်မောင်သိန်းကပြောပါတယ်။ ဒီလို မိုင်းပေါက်ကွဲမှုတွေ ရှိနေပေမယ့် ဘယ်အဖွဲ့ကထောင် ထားတဲ့မိုင်းဆိုတာ တော့ ဘယ်သူကမှ ထုတ်မပြောပါဘူး။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းဒဏ်ကို ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် အများဆုံးခံရတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသမှာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ် စာချုပ် လက်မှတ်မရေးထိုး နိုင်သေးတဲ့ TNLAတအာင်း ပလောင်တပ်ဖွဲ့ KIOကချင်လွတ်လပ်ရေးအဖွဲ့ ကိုးကန့်တပ်ဖွဲ့MNDAA မြောက်ပိုင်းရှမ်းပြည် တပ်မတော် SSPP/SSA နဲ့ NCAအပစ်ရပ် တောင်ပိုင်းရှမ်းပြည် တပ်မတော် RCSS/SSA အဖွဲ့တို့ လှုပ်ရှားနေ ကြတာ ဖြစ်ပါတယ်။

NCAလက်မှတ် မထိုးနိုင်သေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ မြန်မာငြိမ်းချမ်းရေး ကော်မရှင်တို့ အကြား ငြိမ်းချမ်း ရေးဆွေးနွေးမှုကို ဖေဖေါ်ဝါရီ လလယ် နောက်ပိုင်းမှာ ဖြစ်နိုင်ဖို့ ငြိမ်းချမ်းရေး အကျိုးဆောင် တွေက ခန့်မှန်းနေကြ ပေမယ့် TNLA တအာင်း ပလောင်တပ်ဖွဲ ကတော့ ခန့်မှန်းလို့ မရသေးဘူးလို့ အဖွဲ့ ပြော ခွင့်ရ ဗိုလ်မှူးတာ့အိုက်ကျော်က ပြော ပါတယ်။

“ကျွန်တော်တို့ကြားမှာ ပြန်ညှိမလို့ လို့တော့ပြောတယ်။ ဒါပေမယ့် အခုထိတော့ ဘာမှထူးခြားမှု မရှိသေးဘူး။ အရင်တုန်းက ကျွန်တော်တို့ဆွေးနွေးလာတယ်။ Bilateral ကျွန်တော်တို့ မူကြမ်းကို ညှိလာတယ် PC နဲ့။ ဒါပေမဲ့ နောက်ဆုံး ကျိုင်းတုံမှာ တွေ့တဲ့အချိန်တုန်းက ဒီတပ်ဘက်ကတော့ လက်မခံနိုင်တဲ့ ပုံစံဖြစ်သွားတယ်။ ကျွန်တော်တို့ ညှိလာတာပျက်သွားတဲ့ ပုံစံရှိ တာပေါ့နော်။ ကူမင်းမှာနောက်တကြိမ် ပြန်တွေ့တော့ ဆွေးနွေးပွဲ မရပ်သွားအောင် ဆွေးနွေးပွဲလမ်းကြောင်း ဒီ Bilateral ကို ဘယ်လိုမျိုးပုံစံနဲ့ ဆက်ပြီးမှေ ဆွေးနွေးကြမလဲ ကျွန်တော်တို့အလွတ်သဘော တွေ့တာဖြစ်တယ်။ အခုတကြိမ်ပြန်တွေ့ မှာလဲ အလွတ်သဘော ဘဲဖြစ်မှာ။ လမ်းကြောင်းတခု ပြန်ရှာရမယ့် သဘော အနေအထားတော့ ရှိတယ်နော။”

လက်ရှိမြန်မာနိုင်ငံကို အလည်ပတ်ရောက်ခဲ့တဲ့ တရုတ်သမ္မတရှီကျင်းဖျင် ပြန်သွားပြီး နောက်ဇန်နဝါရီ(၂၀) (၂၁) (၂၂)ရက်နေ့တွေမှာမြန်မာစစ်တပ်နဲ့ TNLAတအာင်း ပလောင်တပ်ဖွဲ့တို့ အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

XS
SM
MD
LG