သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

RCSS/SSA ေတာင္ပိုင္းနဲ႔ တပ္မေတာ္ၾကား စစ္ေရးတင္းမာဆဲ


RCSS/SSA ၏ လိြဳင္တန္းလ်န္း ဌာနခ်ဳပ္အနီး ေလ့က်င့္ခန္း ဆင္းေနသည့္ RCSS/SSA တပ္ဖြဲ႔ဝင္မ်ား။ ၾသဂုတ္ ၁၉၊ ၂၀၁၁။

(Zawgyi/Unicode)

ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS/SSA နဲ႔ ျမန္မာ့တပ္မေတာ္တို႔ၾကား ရွမ္းျပည္ေတာင္ပိုင္း၊ မိုင္း ကိုင္ၿမိဳ႕နယ္၊ ဟမ္းငိုင္းေက်းရြာအုပ္စုဘက္မွာ မေန႔ကနဲ႔ ဒီေန႔ တိုက္ပြဲျဖစ္ေနဆဲပါပဲ။ RCSS က NCA စာခ်ဳပ္ကို မလိုက္နာဘဲ နယ္ေျမေက်ာ္ဝင္ တာေၾကာင့္ တိုက္ပြဲျဖစ္တာလို႔ တပ္မေတာ္ဘက္က စြပ္စြဲၿပီး RCSS ဘက္ကေတာ့ နယ္ေျမ တိတိက်က် သတ္မွတ္ထားတာမရွိဘူးလို႔ တံု႔ျပန္ပါတယ္။ တိုက္ပြဲေၾကာင့္ ရာနဲ႔ခ်ီတဲ့ေဒသခံေတြ စစ္ေဘး တိမ္းေရွာင္ေနၾကရပါတယ္။ ဒီအေၾကာင္း ဗီြအိုေအ သတင္းေထာက္ ႏုိင္ကြန္းအိမ္က သတင္းေပးပို႔ထားပါတယ္။

ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းကိုင္ၿမိဳ႕နယ္အတြင္းမွာ မေန႔ကနဲ႔ဒီကေန႔ ပစ္ခတ္တိုက္ခိုက္မႈေတြျဖစ္ပြါးေနတာပါ။

ဒီကေန႔မွာမိုင္းကိုင္ၿမိဳ႕နယ္ ဟမ္းငိုင္းေက်းရြာ အုပ္စုအတြင္း ပစ္ခတ္တိုက္ခိုက္သံေတြ ၾကားေနရၿပီး ဘယ္အဖြဲ႔ေတြ နဲ႔ တိုက္ပြဲျဖစ္ပြါးတယ္ဆိုတာ အတည္မျပဳနိုင္ေသးဘူးလို႔မိုင္းကိုင္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ စိုင္းပန္ ကေျပာပါတယ္။

“၁၀ နာရီ ၄၀ ေလာက္ကျဖစ္တာ။ သိပ္ေတာ့မၾကာလိုက္ပါဘူး။ ၁၀ မိနစ္ေလာက္ပစ္ခတ္ၿပီးမွ အသံျပန္တိတ္သြားတယ္။ ဗံုးသံ ေသနတ္သံေတာ့ ဒီမွာအတိုင္းသားၾကားေနရတယ္ေပါ့။ တပ္ေတြဆုတ္ထားတယ္လို႔ေျပာတယ္ ဒါေပမဲ့ အခုျဖစ္တာက ဘာနဲ႔ ဘာနဲ႔ျဖစ္မွန္းေတာင္မသိဘူး။”

မေန႔က ဟမ္းငိုင္းေက်းရြာ အုပ္စု ကုန္းေညာင္ ဖာဆားေက်းရြာ ဘက္မွာ တိုက္ပြဲမျဖစ္ဘဲ ျမန္မာစစ္တပ္ကေန လက္နက္ေတြနဲ႔ ပစ္ခတ္တာလို႔ RCS Sေျပာခြင့္ရ ဗိုလ္မွဴးစိုင္းခမ္းစံ ကေျပာပါတယ္။

“ဟမ္းငိုင္းဘက္က မေန႔ကျဖစ္တာက တိုက္ပြဲမဟုတ္ဘူးခင္ဗ်။ က်ေနာ္္တို႔လူမရွိေတာ့ဘူး။ ဟမ္းငိုင္းရဲ့ ေျမာက္ဘက္မွာ လိြဳင္တြမ္းေတာင္ေၾကာ ဆိုတာရွိတယ္။ အဲဒီေတာင္ေၾကာကို က်ေနာ္္တို႔ကခြါေပးလိုက္တယ္။ ခြါေပးလိုက္ေတာ့ တပ္မ ေတာ္ဘက္ကတက္လာတယ္။ ေနာက္ အဲဒီေတာင္ေၾကာရဲ႕ အေနာက္ဘက္ျခမ္းမွာ ရွိတဲ့ရြာ ကုန္းေညာင္ဖာဆားလို႔ေခၚတယ္။ တပ္မေတာ္ဘက္က ရြာထဲကို လက္နက္နဲ႔ပစ္တယ္ဗ်ာ။

ဒီတိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရ းအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ေမးျမန္းရာမွာ အခုလိုေျပာပါတယ္။

“အဲဒီဘက္မွာ က်ေနာ္္တို႔ RCSSနဲ ႕ျဖစ္ေနတာ ရွိတယ္။ ဒီမနက္ျဖစ္တာေတာ့ က်ေနာ္္တို ႕လည္းမသိေသး ဘူး။ သူတို႔ဘက္ ကေတာ့ ဆုတ္သြားၿပီးဆိုတာေတာ့ေျပာတယ္။ သို႔ေသာ္လည္း လက္ရွိရွိေနေသးမို႔လို႔ ျဖစ္ေနတာ ျဖစ္ပါလိမ့္မယ္။”

ေဖ ေဖၚ၀ါရီလ ၂၇ ရက္ ေန႔က မိုင္းကိုင္ၿမိဳ႕နယ္ ဟမ္းငိုင္းေက်းရြာ အုပ္စုအတြင္း ရွိ လြိဳင္တြမ္း ေတာင္ေ ၾကာမွာ ျမန္မာစစ္တပ္နဲ႔ ေတာင္ပိုင္းရွမ္းလက္နက္ကိုင္ RCSS အဖြဲ႔တို႔ တိုက္ပြဲျပင္းထန္ ခဲ့ေပမယ့္ ေနာက္ပိုင္း ၂ ဘက္ ညိွႏွိဳင္းမႈ အရ RCSS ဘက္က တပ္ျပန္ဆုတ္ေပး ခဲ့ပါတယ္။

RCSS/SSA အဖြဲ႔ဟာ ျမန္မာအစိုးရနဲ႔ NCA အပစ္ရပ္ လက္မွတ္ေရးထိုးျပီးသားအဖြဲ႔ တ ခုျဖစ္ေပမဲ့လည္း ျမန္မာစစ္တပ္နဲ႔ တိုက္ပြဲမၾကာခန ဆိုသလိုျဖစ္ပြါးေလ့ရွိၿပီး ဒီလို ျဖစ္ပြါးတာဟာ RCSS အေနနဲ႔ NCA စာခ်ဳပ္ပါ အခ်က္ကို ခ်ိဳးေဖါက္တာလို႔ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴး ခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

“အဲဒီနယ္ေျမအတြင္းမွာ RCSS/SSA အဖြဲ႔ေတြ နယ္ေျမေက်ာ္လြန္၀င္ေရာက္ေနတာရွိရင္ ဖယ္ေပးဖို႔ ဆိုၿပီး က်ေနာ္္တို႔ တရား၀င္အေၾကာင္းၾကား ခဲ့တာ။ အဲဒီလို အေၾကာင္းၾကားၿပီးေတာ့က်မွ ေဖေဖၚ၀ါရီလ ၂၇ ရက္ေန႔ က်မွ က်ေနာ္္တို႔ တပ္ေတြ စၿပီးေတာ့မွ လုံျခံဳေရးေဆာင္ရြက္တာျဖစ္တယ္။ နယ္ေျမလည္း ေက်ာ္လြန္ ၀င္ေရာက္ေန ေသးတယ္။ က်ေနာ္္တို႔ လည္း ၅ ရက္ေလာက္ ႀကိဳတင္အေၾကာင္းၾကားတယ္။ အဲဒီအေၾကာင္းၾကားတာကို အခြင့္ေကာင္း ယူၿပီး သူတို႔ကေန စတင္ ပစ္ခတ္တယ္။ က်ေနာ္္ေျပာခ်င္တာ ကေတာ့ သူတို႔အေနကေတာ့ NCA စာခ်ဳပ္ရဲ ႕ေနာက္ဆက္တြဲ မွာရွိတဲ့ ႏွစ္ဘက္တပ္ ေတြ လိုက္နာရမဲ့ က်င့္၀တ္ေတြရွိတယ္။ NCA စာခ်ဳပ္ေတြ ၂၀၁၂ ခုႏွစ္မွာ က်ေနာ္္တို႔ သေဘာတူညီထားတဲ့ bilateral ေတြ နယ္ေျမေတြ လိုက္နာဖို႔လိုတယ္လို႔ ေျပာခ်င္တယ္။”

RCSS ေျပာခြင့္ရ ဗိုလ္မွဴးစိုင္းခမ္းစံ ကေတာ့ သူတုိ႔အဖြဲ႔က နယ္ေျမေက်ာ္လြန္ ဝင္ေရာက္တာ မဟုတ္သလို ၂ ဘက္ ၾကား နယ္ေျမနယ္နမိတ္ တိတိက်က် သတ္မွတ္တာ မရွိဘူးလို႔ ေျပာပါတယ္။

“NCA က်ေတာ့ သူက အပစ္ခတ္ရပ္စဲေရးလုပ္မယ္။ အပစ္ခတ္ရပ္စဲေရး ခိုင္မာေအာင္လုပ္မယ္။ ေနာက္ နိုင္ငံေရးေဆြးေႏြး မယ္။ အဲတာပဲေလ။ အဓိက က်ေတာ့ တိုက္ပြဲျဖစ္တယ္ ဆိုတာက စြပ္စြဲခ်က္လည္း ပါတာေပါ့။ နယ္ေျမ သူ႕နယ္ေျမ ကိုယ့္ နယ္ေျမ နယ္ေျမသတ္မွတ္ခ်က္ စီမံကိန္း ရွိမရွိ မခ်ရေသးလို႔ေပါ့ေနာ။ ၿပီးေတာ့ လြိဳင္တြမ္းေ တာင္ေၾကာ တေလွ်ာက္မွာ က်ေနာ္္တို႔ရွိထားတာက ဟိုး NCA မထိုးခင္ ကတည္းက က်ေနာ္္တို႔ရွိထား တာေလ။ က်ေနာ္္တို႔နယ္ေျမေက်ာ္ လြန္ရေအာင္ သူတို႔က နယ္ေျမ သတ္မွတ္မႈက မရွိေသး ခုထိက။ သေဘာတူညီမႈက မရွိေသးဘူး။”

ခုရက္ပိုင္းအတြင္း စစ္ေရး တင္းမာမႈေၾကာင့္ မိုင္းကိုင္ၿမိဳ႕နယ္နဲ႔ ေက်းသီးၿမိဳ႕နယ္ အတြင္း စစ္ေရွာင္ဦးေရ ၃၀၀ ေက်ာ္ ရွိေနတယ္လို႔ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ စိုင္းပန္ကေျပာပါတယ္။

“ေက်းသီးဘက္မွာလည္း စစ္ေရွာင္ေတြ ရွိတယ္။ ဘုန္းၾကီးေက်ာင္းမွာ။ ၁၀၀ ေက်ာ္ေက်ာ္ေလာက္ရွိတယ္။ ၂၉ ရက္ မွာေတာ့ စစ္ေရွာင္ ၅၀၀ ေက်ာ္ ၆၀၀ ေလာက္ ရွိတယ္။ အခုျပန္ေလ်ာ့သြားၿပီး။ ဟမ္းငိုင္းရြာ ဘုန္းၾကီးေက်ာင္းမွာ အခု ၂၀၀ ေက်ာ္ ျပန္ျဖစ္ လာတယ္ေပါ့ေနာ္။ ၃၀၀၊ ၄၀၀ အဲဒီ၀န္းက်င္ေတာ့ ရွိမယ္ထင္တာပဲ။”

လက္ရွိေက်းသီး- မိုင္းေနာင္ ကားလမ္းကိုလည္း မေန႔ကစျပီး တပ္မေတာ္ကေန လုံျခံဳေရးအရ ပိတ္ပင္ထားပါတယ္။

ျမန္မာအစိုးရနဲ႔ NCA အပစ္ရပ္လက္မွတ္ေရးထိုးထားတဲ့ ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS/SSA နဲ႔ ကရင္အမ်ိဳးသား အစည္းအရံုး KNU တို႔ ဟာေဒသတခ်ိဳ႕မွာ ျမန္မာစစ္တပ္နဲ႔ စစ္ေရးပဋိပကၡေတြျဖစ္ပြါးေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

RCSS/SSA တောင်ပိုင်းနဲ့ တပ်မတော်ကြား စစ်ရေးတင်းမာဆဲ

တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ မြန်မာ့တပ်မတော်တို့ကြား ရှမ်းပြည်တောင်ပိုင်း၊ မိုင်း ကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာအုပ်စုဘက်မှာ မနေ့ကနဲ့ ဒီနေ့ တိုက်ပွဲဖြစ်နေဆဲပါပဲ။ RCSS က NCA စာချုပ်ကို မလိုက်နာဘဲ နယ်မြေကျော်ဝင် တာကြောင့် တိုက်ပွဲဖြစ်တာလို့ တပ်မတော်ဘက်က စွပ်စွဲပြီး RCSS ဘက်ကတော့ နယ်မြေ တိတိကျကျ သတ်မှတ်ထားတာမရှိဘူးလို့ တုံ့ပြန်ပါတယ်။ တိုက်ပွဲကြောင့် ရာနဲ့ချီတဲ့ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေကြရပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းမှာ မနေ့ကနဲ့ဒီကနေ့ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွါးနေတာပါ။

ဒီကနေ့မှာမိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်း ပစ်ခတ်တိုက်ခိုက်သံတွေ ကြားနေရပြီး ဘယ်အဖွဲ့တွေ နဲ့ တိုက်ပွဲဖြစ်ပွါးတယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းပန် ကပြောပါတယ်။

“၁၀ နာရီ ၄၀ လောက်ကဖြစ်တာ။ သိပ်တော့မကြာလိုက်ပါဘူး။ ၁၀ မိနစ်လောက်ပစ်ခတ်ပြီးမှ အသံပြန်တိတ်သွားတယ်။ ဗုံးသံ သေနတ်သံတော့ ဒီမှာအတိုင်းသားကြားနေရတယ်ပေါ့။ တပ်တွေဆုတ်ထားတယ်လို့ပြောတယ် ဒါပေမဲ့ အခုဖြစ်တာက ဘာနဲ့ ဘာနဲ့ဖြစ်မှန်းတောင်မသိဘူး။”

မနေ့က ဟမ်းငိုင်းကျေးရွာ အုပ်စု ကုန်းညောင် ဖာဆားကျေးရွာ ဘက်မှာ တိုက်ပွဲမဖြစ်ဘဲ မြန်မာစစ်တပ်ကနေ လက်နက်တွေနဲ့ ပစ်ခတ်တာလို့ RCS Sပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံ ကပြောပါတယ်။

“ဟမ်းငိုင်းဘက်က မနေ့ကဖြစ်တာက တိုက်ပွဲမဟုတ်ဘူးခင်ဗျ။ ကျနော်တို့လူမရှိတော့ဘူး။ ဟမ်းငိုင်းရဲ့ မြောက်ဘက်မှာ လွိုင်တွမ်းတောင်ကြော ဆိုတာရှိတယ်။ အဲဒီတောင်ကြောကို ကျနော်တို့ကခွါပေးလိုက်တယ်။ ခွါပေးလိုက်တော့ တပ်မ တော်ဘက်ကတက်လာတယ်။ နောက် အဲဒီတောင်ကြောရဲ့ အနောက်ဘက်ခြမ်းမှာ ရှိတဲ့ရွာ ကုန်းညောင်ဖာဆားလို့ခေါ်တယ်။ တပ်မတော်ဘက်က ရွာထဲကို လက်နက်နဲ့ပစ်တယ်ဗျာ။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေ းအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောပါတယ်။

“အဲဒီဘက်မှာ ကျနော်တို့ RCSSနဲ့ဖြစ်နေတာ ရှိတယ်။ ဒီမနက်ဖြစ်တာတော့ ကျနော်တို့လည်းမသိသေး ဘူး။ သူတို့ဘက် ကတော့ ဆုတ်သွားပြီးဆိုတာတော့ပြောတယ်။ သို့သော်လည်း လက်ရှိရှိနေသေးမို့လို့ ဖြစ်နေတာ ဖြစ်ပါလိမ့်မယ်။”

ဖေ ဖေါ်ဝါရီလ ၂၇ ရက် နေ့က မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်း ရှိ လွိုင်တွမ်း တောင်ေ ကြာမှာ မြန်မာစစ်တပ်နဲ့ တောင်ပိုင်းရှမ်းလက်နက်ကိုင် RCSS အဖွဲ့တို့ တိုက်ပွဲပြင်းထန် ခဲ့ပေမယ့် နောက်ပိုင်း ၂ ဘက် ညှိနှိုင်းမှု အရ RCSS ဘက်က တပ်ပြန်ဆုတ်ပေး ခဲ့ပါတယ်။

RCSS/SSA အဖွဲ့ဟာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးပြီးသားအဖွဲ့ တ ခုဖြစ်ပေမဲ့လည်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲမကြာခန ဆိုသလိုဖြစ်ပွါးလေ့ရှိပြီး ဒီလို ဖြစ်ပွါးတာဟာ RCSS အနေနဲ့ NCA စာချုပ်ပါ အချက်ကို ချိုးဖေါက်တာလို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“အဲဒီနယ်မြေအတွင်းမှာ RCSS/SSA အဖွဲ့တွေ နယ်မြေကျော်လွန်ဝင်ရောက်နေတာရှိရင် ဖယ်ပေးဖို့ ဆိုပြီး ကျနော်တို့ တရားဝင်အကြောင်းကြား ခဲ့တာ။ အဲဒီလို အကြောင်းကြားပြီးတော့ကျမှ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ ကျမှ ကျနော်တို့ တပ်တွေ စပြီးတော့မှ လုံခြုံရေးဆောင်ရွက်တာဖြစ်တယ်။ နယ်မြေလည်း ကျော်လွန် ဝင်ရောက်နေ သေးတယ်။ ကျနော်တို့ လည်း ၅ ရက်လောက် ကြိုတင်အကြောင်းကြားတယ်။ အဲဒီအကြောင်းကြားတာကို အခွင့်ကောင်း ယူပြီး သူတို့ကနေ စတင် ပစ်ခတ်တယ်။ ကျနော်ပြောချင်တာ ကတော့ သူတို့အနေကတော့ NCA စာချုပ်ရဲ့နောက်ဆက်တွဲ မှာရှိတဲ့ နှစ်ဘက်တပ် တွေ လိုက်နာရမဲ့ ကျင့်ဝတ်တွေရှိတယ်။ NCA စာချုပ်တွေ ၂၀၁၂ ခုနှစ်မှာ ကျနော်တို့ သဘောတူညီထားတဲ့ bilateral တွေ နယ်မြေတွေ လိုက်နာဖို့လိုတယ်လို့ ပြောချင်တယ်။”

RCSS ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံ ကတော့ သူတို့အဖွဲ့က နယ်မြေကျော်လွန် ဝင်ရောက်တာ မဟုတ်သလို ၂ ဘက် ကြား နယ်မြေနယ်နမိတ် တိတိကျကျ သတ်မှတ်တာ မရှိဘူးလို့ ပြောပါတယ်။

“NCA ကျတော့ သူက အပစ်ခတ်ရပ်စဲရေးလုပ်မယ်။ အပစ်ခတ်ရပ်စဲရေး ခိုင်မာအောင်လုပ်မယ်။ နောက် နိုင်ငံရေးဆွေးနွေး မယ်။ အဲတာပဲလေ။ အဓိက ကျတော့ တိုက်ပွဲဖြစ်တယ် ဆိုတာက စွပ်စွဲချက်လည်း ပါတာပေါ့။ နယ်မြေ သူ့နယ်မြေ ကိုယ့် နယ်မြေ နယ်မြေသတ်မှတ်ချက် စီမံကိန်း ရှိမရှိ မချရသေးလို့ပေါ့နော။ ပြီးတော့ လွိုင်တွမ်းေ တာင်ကြော တလျှောက်မှာ ကျနော်တို့ရှိထားတာက ဟိုး NCA မထိုးခင် ကတည်းက ကျနော်တို့ရှိထား တာလေ။ ကျနော်တို့နယ်မြေကျော် လွန်ရအောင် သူတို့က နယ်မြေ သတ်မှတ်မှုက မရှိသေး ခုထိက။ သဘောတူညီမှုက မရှိသေးဘူး။”

ခုရက်ပိုင်းအတွင်း စစ်ရေး တင်းမာမှုကြောင့် မိုင်းကိုင်မြို့နယ်နဲ့ ကျေးသီးမြို့နယ် အတွင်း စစ်ရှောင်ဦးရေ ၃၀၀ ကျော် ရှိနေတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းပန်ကပြောပါတယ်။

“ကျေးသီးဘက်မှာလည်း စစ်ရှောင်တွေ ရှိတယ်။ ဘုန်းကြီးကျောင်းမှာ။ ၁၀၀ ကျော်ကျော်လောက်ရှိတယ်။ ၂၉ ရက် မှာတော့ စစ်ရှောင် ၅၀၀ ကျော် ၆၀၀ လောက် ရှိတယ်။ အခုပြန်လျော့သွားပြီး။ ဟမ်းငိုင်းရွာ ဘုန်းကြီးကျောင်းမှာ အခု ၂၀၀ ကျော် ပြန်ဖြစ် လာတယ်ပေါ့နော်။ ၃၀၀၊ ၄၀၀ အဲဒီဝန်းကျင်တော့ ရှိမယ်ထင်တာပဲ။”

လက်ရှိကျေးသီး- မိုင်းနောင် ကားလမ်းကိုလည်း မနေ့ကစပြီး တပ်မတော်ကနေ လုံခြုံရေးအရ ပိတ်ပင်ထားပါတယ်။

မြန်မာအစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ ဟာဒေသတချို့မှာ မြန်မာစစ်တပ်နဲ့ စစ်ရေးပဋိပက္ခတွေဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG